မေလ၌စတင်မည့် ကော့သောင်း-ရနောင်းနယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီး လိုင်စင်ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေ

 983

ယွန်း (NP News) - မေ ၂

ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်မည့် ကော့သောင်း-ရနောင်းနယ်စပ်ကုန်သွယ်ရန် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီး လိုင်စင်ခွင့်ပြု ချက်ရရှိရေးအတွက် အခက်အခဲရှိနေကြောင်း ကော့သောင်း- ရနောင်းအခြေစိုက် သွင်းကုန်၊ ပို့ကုန်ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

မြန်မာ- ထိုင်းနယ်စပ်ကုန်သွယ်ရေး (ရန်ကုန်- ကော့သောင်း- ရနောင်း)နှင့် (ရနောင်း- ကော့သောင်း- ရန်ကုန်)ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်ခွင့်ပြု ကြောင်း ပြီးခဲ့သည့် ဧပြီ(၁၁) ရက်နေ့တွင် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့ခြင်းကို ရန်ကုန်-ကော့ သောင်း-ရနောင်းနှင့် သွင်းကုန် တင်သွင်းခြင်းကို ရနောင်း- ကော့သောင်း- ရန်ကုန် မှ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ခွင့်ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သူများက ဆောင်ရွက် လျက်ရှိပြီး လိုင်စင်ခွင့်ပြုချက် မရရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“အဓိကတော့ Official လိုင်စင်လျှောက်ပြီးသား။ အခက်အခဲကတော့ လိုင်စင်ကိုမချပေးတဲ့ အပိုင်းတွေရှိတယ်။ လိုင်စင်စောင့်ရတာတွေ၊ သင်္ဘောပေါ်ကို အလုံးအပြည့်တင်ဖို့အတွက်ကို အချိန်ပေးပြီးစောင့်ရတာတွေလည်းရှိတယ်။ မြဝတီဘက်မှာကျတော့ လမ်းခရီးအခြေအနေက မကောင်းဘူး။ တိုက်ပွဲတွေလည်းဖြစ်နေတာဆိုတော့ ကော့သောင်း- ရနောင်းဆိုတဲ့ရေလမ်းကြောင်းကတော့ အဲဒီအခြေအနေမရှိတော့ အဲဒါကြောင့် ကုန်သွယ်နိုင်ဖို့ကို တစ်ဖက်ကနေ ရွေးထားတာပေါ့။ လိုင်စင်ပိတ်ထားတော့ လိုင်စင်အခက်အခဲရှိတယ်။ အစိုးရကအခုချိန်မှာ ဘယ်လိုင်စင်မှကို မချပေး တာပါ။ မြဝတီလိုင်စင်ရှိမယ်။ တာချီလိတ် လိုင်စင်ရှိမယ်။ ရနောင်း- ကော့သောင်းလိုင်စင်၊ ကျိုင်းတုံ လိုင်စင်ရှိမယ်။ နယ်စပ်ဝင်ပေါက်တွေ အကုန်လုံးက အခက်အခဲတွေရှိတယ်။ Export ထွက်နိုင်တဲ့ ကုမ္ပဏီတွေမှ Import လိုင်စင် ကျတာပေါ့။ အဲဒီလို အခက်အခဲတွေရှိတော့ ဒီလိုင်စင်နဲ့ ဒီလမ်းကြောင်းက နေလာနိုင်ဖို့ကို လုပ်နေတာပါ”ဟု အထက်ပါ လုပ် ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

အဆိုပါစနစ်ဆောင်ရွက်မှုမှာ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ လာမည့် မေလအတွင်း စတင်နိုင်ရန် လျာထားကြောင်းသိရသည်။

“လောလောဆယ်တော့ confirm တော့မဖြစ်သေးဘူး။ နောက်လထဲမှာလောက် ဒါမှမဟုတ်ရင် မေလအကုန် လောက်မှာတော့ လုပ်နိုင်ဖို့လျာထားပါတယ်။ လက်ရှိကတော့ ၈၀ ရာခိုင်နှုန်း လောက်တော့ ပြီးနေပါပြီ” ဟု အထက်ပါ လုပ်ငန်းရှင်က ဆက်လက်ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး တွင် အ‌ရေးပါသည့် မြဝတီကုန်သွယ်ရေးလမ်းကြောင်း သည်လည်း မြန်မာတစ်နိုင်ငံလုံးမှ ဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ်ရေးပမာဏ၏ ၂၅ ရာခိုင်နှုန်း ကျော်ရှိပြီး လက်ရှိတွင် တိုက်ပွဲများကြောင့် ကုန်သွယ်မှုများသည် ရပ်နားလျက်ရှိသည်။

ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်အတွင်း၌ တပ်မတော်နှင့် KNU, KNLA, PDF ပူးပေါင်းအဖွဲ့များကြားတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ထိုင်း- မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

zawgyi version
ေမလ၌စတင္မည့္ ေကာ့ေသာင္း-ရေနာင္းနယ္စပ္ ကုန္သြယ္ေရးလုပ္ငန္း ၈၀ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီး လိုင္စင္ခြင့္ျပဳခ်က္ရရွိရန္ ေစာင့္ဆိုင္းေန
ယြန္း (NP News) - ေမ ၂

ကြန္တိန္နာစနစ္ျဖင့္ ကုန္သြယ္မႈေဆာင္႐ြက္မည့္ ေကာ့ေသာင္း-ရေနာင္းနယ္စပ္ကုန္သြယ္ရန္ ၈၀ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီး လိုင္စင္ခြင့္ျပဳ ခ်က္ရရွိေရးအတြက္ အခက္အခဲရွိေနေၾကာင္း ေကာ့ေသာင္း- ရေနာင္းအေျခစိုက္ သြင္းကုန္၊ ပို႔ကုန္ဝန္ေဆာင္မႈ လုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

ျမန္မာ- ထိုင္းနယ္စပ္ကုန္သြယ္ေရး (ရန္ကုန္- ေကာ့ေသာင္း- ရေနာင္း)ႏွင့္ (ရေနာင္း- ေကာ့ေသာင္း- ရန္ကုန္)ကို ကမ္း႐ိုးတန္းဆိပ္ကမ္းမွ ကြန္တိန္နာစနစ္ျဖင့္ ကုန္သြယ္မႈေဆာင္႐ြက္ခြင့္ျပဳ ေၾကာင္း ၿပီးခဲ့သည့္ ဧၿပီ(၁၁) ရက္ေန႔တြင္ စီးပြားေရး ႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ ေရးဦးစီးဌာနက ထုတ္ျပန္ခဲ့သည္။

အဆိုပါ ထုတ္ျပန္ခ်က္အရ ပို႔ကုန္သြင္း ကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ ပို႔ကုန္တင္ပို႔ျခင္းကို ရန္ကုန္-ေကာ့ ေသာင္း-ရေနာင္းႏွင့္ သြင္းကုန္ တင္သြင္းျခင္းကို ရေနာင္း- ေကာ့ေသာင္း- ရန္ကုန္ မွ နယ္စပ္ကုန္သြယ္ေရးနည္းလမ္းျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ကြန္တိန္နာစနစ္ျဖင့္ ကုန္သြယ္ခြင့္ရရွိေရးအတြက္ သက္ဆိုင္ရာတာဝန္ရွိ သူမ်ားက ေဆာင္႐ြက္ လ်က္ရွိၿပီး လိုင္စင္ခြင့္ျပဳခ်က္ မရရွိသည့္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

“အဓိကေတာ့ Official လိုင္စင္ေလွ်ာက္ၿပီးသား။ အခက္အခဲကေတာ့ လိုင္စင္ကိုမခ်ေပးတဲ့ အပိုင္းေတြရွိတယ္။ လိုင္စင္ေစာင့္ရတာေတြ၊ သေဘၤာေပၚကို အလုံးအျပည့္တင္ဖို႔အတြက္ကို အခ်ိန္ေပးၿပီးေစာင့္ရတာေတြလည္းရွိတယ္။ ျမဝတီဘက္မွာက်ေတာ့ လမ္းခရီးအေျခအေနက မေကာင္းဘူး။ တိုက္ပြဲေတြလည္းျဖစ္ေနတာဆိုေတာ့ ေကာ့ေသာင္း- ရေနာင္းဆိုတဲ့ေရလမ္းေၾကာင္းကေတာ့ အဲဒီအေျခအေနမရွိေတာ့ အဲဒါေၾကာင့္ ကုန္သြယ္ႏိုင္ဖို႔ကို တစ္ဖက္ကေန ေ႐ြးထားတာေပါ့။ လိုင္စင္ပိတ္ထားေတာ့ လိုင္စင္အခက္အခဲရွိတယ္။ အစိုးရကအခုခ်ိန္မွာ ဘယ္လိုင္စင္မွကို မခ်ေပး တာပါ။ ျမဝတီလိုင္စင္ရွိမယ္။ တာခ်ီလိတ္ လိုင္စင္ရွိမယ္။ ရေနာင္း- ေကာ့ေသာင္းလိုင္စင္၊ က်ိဳင္းတုံ လိုင္စင္ရွိမယ္။ နယ္စပ္ဝင္ေပါက္ေတြ အကုန္လုံးက အခက္အခဲေတြရွိတယ္။ Export ထြက္ႏိုင္တဲ့ ကုမၸဏီေတြမွ Import လိုင္စင္ က်တာေပါ့။ အဲဒီလို အခက္အခဲေတြရွိေတာ့ ဒီလိုင္စင္နဲ႔ ဒီလမ္းေၾကာင္းက ေနလာႏိုင္ဖို႔ကို လုပ္ေနတာပါ”ဟု အထက္ပါ လုပ္ ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

အဆိုပါစနစ္ေဆာင္႐ြက္မႈမွာ လက္ရွိတြင္ ၈၀ ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္၍ လာမည့္ ေမလအတြင္း စတင္ႏိုင္ရန္ လ်ာထားေၾကာင္းသိရသည္။

“ေလာေလာဆယ္ေတာ့ confirm ေတာ့မျဖစ္ေသးဘူး။ ေနာက္လထဲမွာေလာက္ ဒါမွမဟုတ္ရင္ ေမလအကုန္ ေလာက္မွာေတာ့ လုပ္ႏိုင္ဖို႔လ်ာထားပါတယ္။ လက္ရွိကေတာ့ ၈၀ ရာခိုင္ႏႈန္း ေလာက္ေတာ့ ၿပီးေနပါၿပီ” ဟု အထက္ပါ လုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

ထို႔ျပင္ ထိုင္းႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရး တြင္ အ‌ေရးပါသည့္ ျမဝတီကုန္သြယ္ေရးလမ္းေၾကာင္း သည္လည္း ျမန္မာတစ္ႏိုင္ငံလုံးမွ ေဆာင္႐ြက္ေနသည့္ နယ္စပ္ကုန္သြယ္ေရးပမာဏ၏ ၂၅ ရာခိုင္ႏႈန္း ေက်ာ္ရွိၿပီး လက္ရွိတြင္ တိုက္ပြဲမ်ားေၾကာင့္ ကုန္သြယ္မႈမ်ားသည္ ရပ္နားလ်က္ရွိသည္။

ကရင္ျပည္နယ္ရွိ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္း၌ တပ္မေတာ္ႏွင့္ KNU, KNLA, PDF ပူးေပါင္းအဖြဲ႕မ်ားၾကားတြင္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလမွစ၍ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိရာ ထိုင္း- ျမန္မာႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးအတြက္ အေရးပါသည့္ အာရွလမ္းမႀကီးကို ျဖတ္သန္းသြားလာခြင့္ ပိတ္ထားခဲ့ျခင္းျဖစ္သည္။

Picture

My Mine

04/05/2024 17:53

နယ်စပ်စခန်း လူမချိန်းရ...လာဘ်စားရင်.. သက်ဆိုင်သူ၏..အိုးအိမ်ပါသိမ်းစည်းခံရမည်.. တရုတ်ထက်ပို တင်းကြပ်သင့်ပါတယ်

Related news

© 2021. All rights reserved.