မေ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများ၏ မြန်မာအမျိုးသားအလုပ်ခေါ်စာများကို ယာယီဆိုင်းငံ့လိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာန အသိပေး

 10470

မြူနစ် (NP News) - မေ ၂

ယခုလ မေ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများ၏ မြန်မာအမျိုးသားအလုပ်ခေါ်စာများကို ယာယီဆိုင်းငံ့လိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက NP News ကို ပြောသည်။

အခြေအနေအရ လိုအပ်သည့်အတွက် မြန်မာအမျိုးသားများအနေဖြင့် ပြည်ပသို့ အလုပ်ထွက်ခွာလုပ်ကိုင်ခွင့်ကို ယာယီဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ယာယီဆိုင်းငံ့တာပါ။ လောလောဆယ် demand တင်ရင်၊ အမျိုးသား demand ပါလာရင် ခွင့်မပြုဘူးပေါ့ဗျာ။ လတ်တလောခွင့်မပြုဘူးပေါ့ဗျာ။ ဒါပါပဲ။ အခြေအနေအရအပေါ့ လိုအပ်လို့ ကျွန်တော်တို့ ဆိုင်းငံ့ပါတယ်။ ဒီအစီအစဉ်ကလည်း လိုအပ်ချက်အရပါ။ အတိုင်းအတာတစ်ခုမှာ လိုအပ်ရင်လိုအပ်သလို ပြန်ပြီးတော့ပေးမှာ။ အဲဒီတော့ ပြောချင်တာက ဒါကြီးကို ဇီဇာချဲ့ပြီးတော့ ချဲ့ကားပြီးတော့ တွေးမနေဖို့ပဲ လိုပါတယ်။ လတ်တလောမှာတော့ လိုအပ်ချက်အရပဲ ယာယီဆိုင်းငံ့တယ်ဆိုတာကို ဒီစကားလုံးအသုံးအနှုန်းလေးကို အားလုံးက သဘော ပေါက်ကြမယ်လို့ ထင်ပါတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်”ဟု အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက ပြောသည်။

လတ်တလောကာလ၌ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ အများဆုံးသွားရောက်လုပ်ကိုင်မှုများရှိနေပြီး ဒုတိယအများဆုံးအနေဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြောင်း သိရသည်။

“အလုပ်သွားရောက် လုပ်ကိုင်နေမှုမှာ ထိုင်းကတော့ အများဆုံးပါ။ ဒုတိယအနေနဲ့ မလေးရှားပါ။ တတိယအနေနဲ့ ဂျပန်ပါ။ ပြီးရင်တော့ ကိုရီးယားပေါ့” ဟု အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က ဆက်လက်ပြောသည်။

နစကအစိုးရသည် ပြီးခဲ့သော လပိုင်းများအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသက်ဝင်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် ပြည်တွင်းရှိ လူငယ်များအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ရန် ပိုမိုပြင်ဆင်လာခဲ့ကြသည်ကို တွေ့ ရှိရသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်စာလက်ခံရရှိသည့် လူငယ်အချို့အနေဖြင့်လည်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ထွက်ခွာသွားမှုများလည်းနေရှိကြောင်း ကြားသိရသည်။

zawgyi version
ေမ ၁ ရက္မွစ၍ ျပည္ပႏိုင္ငံမ်ား၏ ျမန္မာအမ်ိဳးသားအလုပ္ေခၚစာမ်ားကို ယာယီဆိုင္းငံ့လိုက္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာန အသိေပး
ျမဴနစ္ (NP News) - ေမ ၂

ယခုလ ေမ ၁ ရက္မွစ၍ ျပည္ပႏိုင္ငံမ်ား၏ ျမန္မာအမ်ိဳးသားအလုပ္ေခၚစာမ်ားကို ယာယီဆိုင္းငံ့လိုက္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက NP News ကို ေျပာသည္။

အေျခအေနအရ လိုအပ္သည့္အတြက္ ျမန္မာအမ်ိဳးသားမ်ားအေနျဖင့္ ျပည္ပသို႔ အလုပ္ထြက္ခြာလုပ္ကိုင္ခြင့္ကို ယာယီဆိုင္းငံ့လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ယာယီဆိုင္းငံ့တာပါ။ ေလာေလာဆယ္ demand တင္ရင္၊ အမ်ိဳးသား demand ပါလာရင္ ခြင့္မျပဳဘူးေပါ့ဗ်ာ။ လတ္တေလာခြင့္မျပဳဘူးေပါ့ဗ်ာ။ ဒါပါပဲ။ အေျခအေနအရအေပါ့ လိုအပ္လို႔ ကြၽန္ေတာ္တို႔ ဆိုင္းငံ့ပါတယ္။ ဒီအစီအစဥ္ကလည္း လိုအပ္ခ်က္အရပါ။ အတိုင္းအတာတစ္ခုမွာ လိုအပ္ရင္လိုအပ္သလို ျပန္ၿပီးေတာ့ေပးမွာ။ အဲဒီေတာ့ ေျပာခ်င္တာက ဒါႀကီးကို ဇီဇာခ်ဲ႕ၿပီးေတာ့ ခ်ဲ႕ကားၿပီးေတာ့ ေတြးမေနဖို႔ပဲ လိုပါတယ္။ လတ္တေလာမွာေတာ့ လိုအပ္ခ်က္အရပဲ ယာယီဆိုင္းငံ့တယ္ဆိုတာကို ဒီစကားလုံးအသုံးအႏႈန္းေလးကို အားလုံးက သေဘာ ေပါက္ၾကမယ္လို႔ ထင္ပါတယ္။ ဒီေလာက္ပဲ ေျပာခ်င္ပါတယ္”ဟု အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက ေျပာသည္။

လတ္တေလာကာလ၌ ျမန္မာလုပ္သားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံသို႔ အမ်ားဆုံးသြားေရာက္လုပ္ကိုင္မႈမ်ားရွိေနၿပီး ဒုတိယအမ်ားဆုံးအေနျဖင့္ မေလးရွားႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေၾကာင္း သိရသည္။

“အလုပ္သြားေရာက္ လုပ္ကိုင္ေနမႈမွာ ထိုင္းကေတာ့ အမ်ားဆုံးပါ။ ဒုတိယအေနနဲ႔ မေလးရွားပါ။ တတိယအေနနဲ႔ ဂ်ပန္ပါ။ ၿပီးရင္ေတာ့ ကိုရီးယားေပါ့” ဟု အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္က ဆက္လက္ေျပာသည္။

နစကအစိုးရသည္ ၿပီးခဲ့ေသာ လပိုင္းမ်ားအတြင္း၌ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အာဏာသက္ဝင္ေၾကာင္း အမိန႔္ထုတ္ျပန္ၿပီးေနာက္ ျပည္တြင္းရွိ လူငယ္မ်ားအေနျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာအလုပ္လုပ္ရန္ ပိုမိုျပင္ဆင္လာခဲ့ၾကသည္ကို ေတြ႕ ရွိရသည္။

ထို႔ျပင္ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ ဆင့္ေခၚစာလက္ခံရရွိသည့္ လူငယ္အခ်ိဳ႕အေနျဖင့္လည္း ထိုင္းႏိုင္ငံဘက္သို႔ တရားမဝင္ ထြက္ခြာသြားမႈမ်ားလည္းေနရွိေၾကာင္း ၾကားသိရသည္။

Related news

© 2021. All rights reserved.