MNDAA ၏ လက်ရှိ အုပ်ချုပ်သည့် ပုံစံမှာ တစ်ယောက်လာတစ်မျိုးဖြစ်နေပြီး မည်သည့် စည်းကမ်းဖြင့် ထိန်းချုပ်နေသည်ကိုပင် မသိနိုင်သည့် အခြေအနေဖြစ်နေ

 5822

သုတကျော် (NP News) - မေ ၄

MNDAA ၏ လက်ရှိ အုပ်ချုပ်သည့်ပုံစံမှာ တစ်ယောက်လာ တစ်မျိုးဖြစ်နေပြီး မည်သည့် စည်း ကမ်းဖြင့် ထိန်းချုပ်နေသည်ကိုပင် မသိနိုင်သည့် အခြေအနေဖြစ်နေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဒေသခံတစ်ဦးက NP News သို့ ပြောသည်။

လက်ရှိ အနေအထားတွင် MNDAA က အုပ်ချုပ်ရေးပိုင်းကို အကောင်အထည်ဖော်နေသည်ဟု ဆိုသော်လည်း မည်သည့်ပုံစံဖြင့် အုပ်ချုပ်နေသည်ကိုပင်မသိရပဲ အုပ်ချုပ်သည့်စနစ်ပုံစံကိုပင် မှန်းဆရခက်နေကြောင်း ၎င်းကဆိုသည်။

MNDAA အနေဖြင့် လက်ရှိတွင် သိန္ဒီမြို့၊ ကွမ်းလုံမြို့ ၊ လောက်ကိုင်မြို့ စသည်ဖြင့် ရှမ်းပြည် နယ်မြောက်ပိုင်းက မြို့အချို့ကို ထိန်းချုပ်ထားခြင်းဖြစ်ကာ ၎င်းတို့အုပ်ချုပ်သည့် ဒေသတွင် ယခုထက်တိုင် အခြေတကျ အုပ်ချုပ်မှုကို မပြုနိုင်သေးခြင်းဖြစ်သည်။

“အခုအနေအထားက ဘယ်လိုလဲဆိုတော့ ဘယ်လို အုပ်ချုပ်နေသလဲ ဆိုတာကို မသိဘူး။ တစ်ယောက်လာ တစ်ပုံစံမျိုး ဖြစ်နေတယ်။ ဆိုပါတော့ဗျာ။ တစ်ယောက်က ဒါလုပ်မယ် ဒီလို ဖြစ်တယ် ပြောတယ်ဆို နောက်တစ်ယောက်လာရင်ကျ မဟုတ်တော့ဘူး။ ဒါက အုပ်ချုပ်ရေးမှာကော တရားစီရင်ရေးမှာကော ဖြစ်နေတာ။ တရားစီရင်ရေး ဆိုရင်လည်း ဘာမှစည်းကမ်းတွေ မဟုတ်ဘူး။ ပါးစပ်ပြော တရားစီရင်ရေးလို ဖြစ်နေတယ်။ ပြောရမယ်ဆို အရင်ခေတ်က သူကြီးတွေ အုပ်ချုပ်သလိုပေါ့။ နောက်ပြီး စည်းကမ်းချက်တွေ ဘာတွေလည်း စာနဲ့ ထုတ်ပြန်တယ် ဆိုတာမျိုး မရှိဘူး။ မြို့တွေမှာ အုပ်ချုပ်ရေး အဖွဲ့တွေ ရှိတာ မှန်တယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအတွက် အသက်ဖြစ်တဲ့ ဘယ်လိုပုံစံ အုပ်ချုပ်မယ်ဆိုတာကို ကောင်းကောင်းမလုပ်ဖြစ်သေးတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မလည်ပတ်သေးတာလည်း ဖြစ်နိုင်တယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

လက်ရှိတွင် MNDAA က ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များသို့ ဗမာ ပေးမဝင်ဟု ဆိုခြင်းမှာလည်း မည်သည့် စည်းကမ်းချက်ကြောင့် ပေးမဝင်သနည်း ဆိုသော အချက်ကို တိကျစွာ သိရခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

“နောက်ပြီး လက်ရှိ အခြေအနေရ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ခန့်တာကလည်း ကိုးကန့်တွေပဲ များနေတယ်။ နောက်ပြီးတော့ လက်ရှိမှာ အသွားအလာတွေ အထူးသဖြင့် မြို့ဝင် ကန့်သတ်ချက်တွေကလည်းများတယ်။ တခါတလေကျရင် တစ်ယောက်တစ်မျိုး ကန့်သတ်ချက်တွေ ပြောင်းနေတာပဲ။ နောက်ပြီး စစ်မှုထမ်း ကိစ္စလည်း ပြဿနာရှိတယ်။ ဘာလို့လည်း ဆိုတော့ သတ်မှတ်အသက် မပြည့်ပဲ ခေါ်ချင်လည်း ခေါ်သွားတယ်။ ပြည့်တဲ့သူ ကျတော့လည်း ခေါ်ချင်မှ ခေါ်တယ် ဒီလိုမျိုး တစ်ယောက်တစ်ပေါက်ပုံစံ က အများကြီးပဲ။ ဘယ်လို ပုံစံ အုပ်ချုပ်မလဲ မသိဘူး။ အရပ်ဖက် အုပ်ချုပ်ရေးပုံတော့ မပေါက်ပါဘူး ဒါကို နားလည်ပေမယ့် မှန်းဆ မရဘူး ဆိုတာတော့ မကောင်းဘူး” ဟု အထက်ပါ ဒေသခံက ဆိုသည်။

zawgyi version
MNDAA ၏ လက္ရွိ အုပ္ခ်ဳပ္သည့္ ပုံစံမွာ တစ္ေယာက္လာတစ္မ်ိဳးျဖစ္ေနၿပီး မည္သည့္ စည္း ကမ္းျဖင့္ ထိန္းခ်ဳပ္ေနသည္ကိုပင္ မသိႏိုင္သည့္ အေျခအေနျဖစ္ေန
သုတေက်ာ္ (NP News) - ေမ ၄

MNDAA ၏ လက္ရွိ အုပ္ခ်ဳပ္သည့္ပုံစံမွာ တစ္ေယာက္လာ တစ္မ်ိဳးျဖစ္ေနၿပီး မည္သည့္ စည္း ကမ္းျဖင့္ ထိန္းခ်ဳပ္ေနသည္ကိုပင္ မသိႏိုင္သည့္ အေျခအေနျဖစ္ေနေၾကာင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။

လက္ရွိ အေနအထားတြင္ MNDAA က အုပ္ခ်ဳပ္ေရးပိုင္းကို အေကာင္အထည္ေဖာ္ေနသည္ဟု ဆိုေသာ္လည္း မည္သည့္ပုံစံျဖင့္ အုပ္ခ်ဳပ္ေနသည္ကိုပင္မသိရပဲ အုပ္ခ်ဳပ္သည့္စနစ္ပုံစံကိုပင္ မွန္းဆရခက္ေနေၾကာင္း ၎ကဆိုသည္။

MNDAA အေနျဖင့္ လက္ရွိတြင္ သိႏၵီၿမိဳ႕၊ ကြမ္းလုံၿမိဳ႕ ၊ ေလာက္ကိုင္ၿမိဳ႕ စသည္ျဖင့္ ရွမ္းျပည္ နယ္ေျမာက္ပိုင္းက ၿမိဳ႕အခ်ိဳ႕ကို ထိန္းခ်ဳပ္ထားျခင္းျဖစ္ကာ ၎တို႔အုပ္ခ်ဳပ္သည့္ ေဒသတြင္ ယခုထက္တိုင္ အေျခတက် အုပ္ခ်ဳပ္မႈကို မျပဳႏိုင္ေသးျခင္းျဖစ္သည္။

“အခုအေနအထားက ဘယ္လိုလဲဆိုေတာ့ ဘယ္လို အုပ္ခ်ဳပ္ေနသလဲ ဆိုတာကို မသိဘူး။ တစ္ေယာက္လာ တစ္ပုံစံမ်ိဳး ျဖစ္ေနတယ္။ ဆိုပါေတာ့ဗ်ာ။ တစ္ေယာက္က ဒါလုပ္မယ္ ဒီလို ျဖစ္တယ္ ေျပာတယ္ဆို ေနာက္တစ္ေယာက္လာရင္က် မဟုတ္ေတာ့ဘူး။ ဒါက အုပ္ခ်ဳပ္ေရးမွာေကာ တရားစီရင္ေရးမွာေကာ ျဖစ္ေနတာ။ တရားစီရင္ေရး ဆိုရင္လည္း ဘာမွစည္းကမ္းေတြ မဟုတ္ဘူး။ ပါးစပ္ေျပာ တရားစီရင္ေရးလို ျဖစ္ေနတယ္။ ေျပာရမယ္ဆို အရင္ေခတ္က သူႀကီးေတြ အုပ္ခ်ဳပ္သလိုေပါ့။ ေနာက္ၿပီး စည္းကမ္းခ်က္ေတြ ဘာေတြလည္း စာနဲ႔ ထုတ္ျပန္တယ္ ဆိုတာမ်ိဳး မရွိဘူး။ ၿမိဳ႕ေတြမွာ အုပ္ခ်ဳပ္ေရး အဖြဲ႕ေတြ ရွိတာ မွန္တယ္။ ဒါေပမဲ့ အုပ္ခ်ဳပ္ေရးအတြက္ အသက္ျဖစ္တဲ့ ဘယ္လိုပုံစံ အုပ္ခ်ဳပ္မယ္ဆိုတာကို ေကာင္းေကာင္းမလုပ္ျဖစ္ေသးတာလည္း ျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ မလည္ပတ္ေသးတာလည္း ျဖစ္ႏိုင္တယ္” ဟု ေဒသခံ တစ္ဦးက ဆိုသည္။

လက္ရွိတြင္ MNDAA က ၎တို႔ ထိန္းခ်ဳပ္ထားသည့္ ၿမိဳ႕မ်ားသို႔ ဗမာ ေပးမဝင္ဟု ဆိုျခင္းမွာလည္း မည္သည့္ စည္းကမ္းခ်က္ေၾကာင့္ ေပးမဝင္သနည္း ဆိုေသာ အခ်က္ကို တိက်စြာ သိရျခင္း မရွိေသးေၾကာင္း ၎က ဆိုသည္။

“ေနာက္ၿပီး လက္ရွိ အေျခအေနရ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးေတြ ခန႔္တာကလည္း ကိုးကန႔္ေတြပဲ မ်ားေနတယ္။ ေနာက္ၿပီးေတာ့ လက္ရွိမွာ အသြားအလာေတြ အထူးသျဖင့္ ၿမိဳ႕ဝင္ ကန႔္သတ္ခ်က္ေတြကလည္းမ်ားတယ္။ တခါတေလက်ရင္ တစ္ေယာက္တစ္မ်ိဳး ကန႔္သတ္ခ်က္ေတြ ေျပာင္းေနတာပဲ။ ေနာက္ၿပီး စစ္မႈထမ္း ကိစၥလည္း ျပႆနာရွိတယ္။ ဘာလို႔လည္း ဆိုေတာ့ သတ္မွတ္အသက္ မျပည့္ပဲ ေခၚခ်င္လည္း ေခၚသြားတယ္။ ျပည့္တဲ့သူ က်ေတာ့လည္း ေခၚခ်င္မွ ေခၚတယ္ ဒီလိုမ်ိဳး တစ္ေယာက္တစ္ေပါက္ပုံစံ က အမ်ားႀကီးပဲ။ ဘယ္လို ပုံစံ အုပ္ခ်ဳပ္မလဲ မသိဘူး။ အရပ္ဖက္ အုပ္ခ်ဳပ္ေရးပုံေတာ့ မေပါက္ပါဘူး ဒါကို နားလည္ေပမယ့္ မွန္းဆ မရဘူး ဆိုတာေတာ့ မေကာင္းဘူး” ဟု အထက္ပါ ေဒသခံက ဆိုသည္။

Related news

© 2021. All rights reserved.