ခရိုင်းမီးယားတံတားကို ယူကရိန်းကတိုက်ခိုက်မယ်ရင် ဆိုးရွားတဲ့လက်တုံ့ပြန်မှုတွေရှိလာမယ်လို့ ရုရှားအစိုးရသတိပေး

 1179

Pika (NP News) - မေ ၄

အနောက်အုပ်စုကျောထောက်နောက်ခံပြု ယူကရိန်းဟာ ခရိုင်းမီးယားတံတားကို ထပ်မံတိုက်ခိုက်ခဲ့မယ်ဆိုရင် ဆိုးရွားတဲ့လက်တုံ့ပြန် တိုက်ခိုက်မှုတွေရှိလာမယ်လို့ ရုရှားအစိုးရက မေလ(၃)ရက်နေ့မှာ သတိပေးပြောဆိုခဲ့ပါတယ်။

မကြာသေးခင်က အမေရိကန်ထံကနေ တာဝေးပစ် ATACM ဒုံးကျည်စနစ်တွေရရှိထားတဲ့ ယူကရိန်းဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ဖြစ်တဲ့ မေလ(၉)ရက်နေ့မတိုင်ခင် ဒါမှမဟုတ် မေလ(၉)ရက်နေ့မှာ ခရိုင်းမီးယားတံတားကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ ရုရှားဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ရုရှားဟာ ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူခဲ့တာဖြစ်ပြီး ယူကရိန်းဘက်ကလည်း ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လိုချင်နေတာလည်းဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး Sergiy Kyslytsya ဟာ “2024 list of 6 Main Types of Bridges” လို့ ပြောဆိုထားတဲ့ ဓါတ်ပုံတွေကို မေလ(၁)ရက်နေ့က တွစ်တာမှာတင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အရှေ့ဥရောပသံတမန်တွေနဲ့အရာရှိအချို့ကလည်း အလားတူအကြောင်းအရာတွေကို တင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမာရီယာဇာခါရိုဗာက 'ခရိုင်းမီးယားတံတားဟာ နောက်တစ်ကြိမ်တိုက်ခိုက်ခံရမယ့် အခြေအနေမှာရှိနေပါတယ်။ ခရိုင်းမီးယားကို ရန်လိုတဲ့လုပ်ရပ်မှန်သမျှဟာ ကျရှုံးရုံသာမက ဆိုးရွားတဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာကို သတိပေးချင်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

ခရိုင်းမီးယားတံတားဟာ ယခင်ကတိုက်ခိုက်ခံရဖူးပြီး ပြင်ဆင်တည်ဆောက်မှုတွေ လုပ် ဆောင်ပြီးတဲ့နောက်မှာတော့ ပြီးခဲ့တဲ့နှစ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာလို့လည်းသိရပါတယ်။

zawgyi version
ခ႐ိုင္းမီးယားတံတားကို ယူကရိန္းကတိုက္ခိုက္မယ္ရင္ ဆိုး႐ြားတဲ့လက္တုံ႔ျပန္မႈေတြရွိလာမယ္လို႔ ႐ုရွားအစိုးရသတိေပး
Pika (NP News) - ေမ ၄

အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံျပဳ ယူကရိန္းဟာ ခ႐ိုင္းမီးယားတံတားကို ထပ္မံတိုက္ခိုက္ခဲ့မယ္ဆိုရင္ ဆိုး႐ြားတဲ့လက္တုံ႔ျပန္ တိုက္ခိုက္မႈေတြရွိလာမယ္လို႔ ႐ုရွားအစိုးရက ေမလ(၃)ရက္ေန႔မွာ သတိေပးေျပာဆိုခဲ့ပါတယ္။

မၾကာေသးခင္က အေမရိကန္ထံကေန တာေဝးပစ္ ATACM ဒုံးက်ည္စနစ္ေတြရရွိထားတဲ့ ယူကရိန္းဟာ ဆိုဗီယက္ျပည္ေထာင္စုရဲ႕ ဒုတိယကမာၻစစ္ေအာင္ပြဲေန႔ျဖစ္တဲ့ ေမလ(၉)ရက္ေန႔မတိုင္ခင္ ဒါမွမဟုတ္ ေမလ(၉)ရက္ေန႔မွာ ခ႐ိုင္းမီးယားတံတားကို တိုက္ခိုက္ဖို႔ ႀကံစည္ေနတယ္လို႔ ႐ုရွားဘက္က ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ ႐ုရွားဟာ ၂၀၁၄ ခုႏွစ္မွာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို သိမ္းယူခဲ့တာျဖစ္ၿပီး ယူကရိန္းဘက္ကလည္း ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ျပန္လိုခ်င္ေနတာလည္းျဖစ္ပါတယ္။ ယူကရိန္းႏိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီး Sergiy Kyslytsya ဟာ “2024 list of 6 Main Types of Bridges” လို႔ ေျပာဆိုထားတဲ့ ဓါတ္ပုံေတြကို ေမလ(၁)ရက္ေန႔က တြစ္တာမွာတင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေရွ႕ဥေရာပသံတမန္ေတြနဲ႔အရာရွိအခ်ိဳ႕ကလည္း အလားတူအေၾကာင္းအရာေတြကို တင္ခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူမာရီယာဇာခါ႐ိုဗာက 'ခ႐ိုင္းမီးယားတံတားဟာ ေနာက္တစ္ႀကိမ္တိုက္ခိုက္ခံရမယ့္ အေျခအေနမွာရွိေနပါတယ္။ ခ႐ိုင္းမီးယားကို ရန္လိုတဲ့လုပ္ရပ္မွန္သမွ်ဟာ က်ရႈံး႐ုံသာမက ဆိုး႐ြားတဲ့လက္တုံ႔ျပန္တိုက္ခိုက္မႈေတြနဲ႔ ႀကဳံေတြ႕ရမယ္ဆိုတာကို သတိေပးခ်င္ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

ခ႐ိုင္းမီးယားတံတားဟာ ယခင္ကတိုက္ခိုက္ခံရဖူးၿပီး ျပင္ဆင္တည္ေဆာက္မႈေတြ လုပ္ ေဆာင္ၿပီးတဲ့ေနာက္မွာေတာ့ ၿပီးခဲ့တဲ့ႏွစ္မွာ ျပန္လည္ဖြင့္လွစ္ခဲ့တာလို႔လည္းသိရပါတယ္။

Related news

© 2021. All rights reserved.