၂၀၂၃ ခုနှစ်အတွင်း ယူကရိန်းစစ်သားအရေအတွက် (၁)သိန်းကျော် ကျဆုံးခဲ့ဟု ရုရှားစစ်ဘက် အကြီးအကဲပြော

 524

ဂျန်ဇက် (NP News) - မေ ၄

ရုရှားကာကွယ်ရေးဝန်ကြီး ရှိုဂူးက ၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ယူကရိန်းစစ်သားအနည်းဆုံး ၁၁၁၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရာ ၂၀၂၃ ခုနှစ်အတွင်း ယူကရိန်းစစ်သား ၁၁၁၀၀၀ သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားစစ်ဘက်အကြီးတန်းအရာရှိတွေနဲ့ ပြုလုပ်တဲ့အစည်းအဝေးမှာထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးက အမေရိကန် နဲ့ အနောက်အုပ်စုဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးပြီး ယူကရိန်းစစ်သားတွေ ပိုမိုသေဆုံးအောင်လုပ်ဆောင်နေတဲ့အတွက် ဧပြီလအတွင်း တစ်ရက်ကို ယူကရိန်းစစ်သား အနည်းဆုံး ၁၀၀၀ ကျော်သေဆုံးနေကြောင်း ပြောပါတယ်။ ယူကရိန်းစစ်သားတွေဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲတွေတိုက်ခိုက်ဖို့ ဆန္ဒမရှိတော့ကြောင်း၊ ယူကရိန်းစစ်သားတွေဟာ သေဆုံးမှာကို ကောင်းကောင်းသိနေကြောင်း၊
ယူကရိန်းခေါင်းဆောင်တွေဟာ အနောက်အုပ်စုနိုင်ငံတွေထံကနေ စစ်ရေးနဲ့ဘဏ္ဍာရေးအကူအညီတွေရယူနိုင်ဖို့ ကိုယ်နိုင်ငံသားတွေကို သေဆုံးအောင်လုပ်ဆောင်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒါ့ပြင် ယူကရိန်းကို အနောက်အုပ်စုနိုင်ငံတွေ ကူညီပံ့ပိုးပေးထားတဲ့ စစ်လက်နက်ပစ္စည်းအများအပြားပျက်စီးခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ယူကရိန်းတို့အသုံးပြုနေတဲ့အနောက်အုပ်စုရဲ့လက်နက်အရေအတွက်၂၁၀၀၀ ဆုံးရှုံးခဲ့ကြောင်း ၎င်းကပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲစတင်ချိန်ကနေ ၂၀၂၄ ခုနှစ်ဧပြီလအထိ ယူကရိန်းစစ်သား ၅သိန်းခန့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲကအချိန် (၂)နှစ်ကျော်ကြာမြင့်နေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။

zawgyi version
၂၀၂၃ ခုႏွစ္အတြင္း ယူကရိန္းစစ္သားအေရအတြက္ (၁)သိန္းေက်ာ္ က်ဆုံးခဲ့ဟု ႐ုရွားစစ္ဘက္ အႀကီးအကဲေျပာ
ဂ်န္ဇက္ (NP News) - ေမ ၄

႐ုရွားကာကြယ္ေရးဝန္ႀကီး ရႈိဂူးက ၂၀၂၃ ခုႏွစ္အတြင္းျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြအတြင္း ယူကရိန္းစစ္သားအနည္းဆုံး ၁၁၁၀၀၀ ေက်ာ္ေသဆုံးခဲ့တယ္လို႔ ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။

႐ုရွားနဲ႔ ယူကရိန္းတို႔ဟာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္အထိ တိုက္ပြဲေတြဆက္လက္ျဖစ္ပြားေနရာ ၂၀၂၃ ခုႏွစ္အတြင္း ယူကရိန္းစစ္သား ၁၁၁၀၀၀ ေသဆုံးခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးက ႐ုရွားစစ္ဘက္အႀကီးတန္းအရာရွိေတြနဲ႔ ျပဳလုပ္တဲ့အစည္းအေဝးမွာထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးက အေမရိကန္ နဲ႔ အေနာက္အုပ္စုဟာ ယူကရိန္းကို ကူညီေထာက္ပံ့ေပးၿပီး ယူကရိန္းစစ္သားေတြ ပိုမိုေသဆုံးေအာင္လုပ္ေဆာင္ေနတဲ့အတြက္ ဧၿပီလအတြင္း တစ္ရက္ကို ယူကရိန္းစစ္သား အနည္းဆုံး ၁၀၀၀ ေက်ာ္ေသဆုံးေနေၾကာင္း ေျပာပါတယ္။ ယူကရိန္းစစ္သားေတြဟာ ေရွ႕တန္းစစ္မ်က္ႏွာျပင္မွာ တိုက္ပြဲေတြတိုက္ခိုက္ဖို႔ ဆႏၵမရွိေတာ့ေၾကာင္း၊ ယူကရိန္းစစ္သားေတြဟာ ေသဆုံးမွာကို ေကာင္းေကာင္းသိေနေၾကာင္း၊
ယူကရိန္းေခါင္းေဆာင္ေတြဟာ အေနာက္အုပ္စုႏိုင္ငံေတြထံကေန စစ္ေရးနဲ႔ဘ႑ာေရးအကူအညီေတြရယူႏိုင္ဖို႔ ကိုယ္ႏိုင္ငံသားေတြကို ေသဆုံးေအာင္လုပ္ေဆာင္ေနေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။ ဒါ့ျပင္ ယူကရိန္းကို အေနာက္အုပ္စုႏိုင္ငံေတြ ကူညီပံ့ပိုးေပးထားတဲ့ စစ္လက္နက္ပစၥည္းအမ်ားအျပားပ်က္စီးခဲ့ၿပီး ၂၀၂၃ ခုႏွစ္အတြင္းမွာ ယူကရိန္းတို႔အသုံးျပဳေနတဲ့အေနာက္အုပ္စုရဲ႕လက္နက္အေရအတြက္၂၁၀၀၀ ဆုံးရႈံးခဲ့ေၾကာင္း ၎ကေျပာပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲစတင္ခ်ိန္ကေန ၂၀၂၄ ခုႏွစ္ဧၿပီလအထိ ယူကရိန္းစစ္သား ၅သိန္းခန႔္ ထိခိုက္ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးကေျပာပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲကအခ်ိန္ (၂)ႏွစ္ေက်ာ္ၾကာျမင့္ေနေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.