တူနီးရှားရဲတပ်ဖွဲ့က မြို့လယ်ရှိ ယာယီဒုက္ခသည်စခန်းများကို ရှင်းလင်း

 442

ALynn (NP News) - မေ ၄

တူနီးရှားနိုင်ငံ၊ တူနစ်မြို့လယ်တွင် စခန်းချနေသော ရာနှင့်ချီသည့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ ပျောက်ကွယ်သွားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ၎င်းတို့အား အယ်လ်ဂျီးရီးယားအနီးရှိ သဲကန္တာရသို့ ရွှေ့ပြောင်းထားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ဒေသန္တရမီဒီယာများ၏ဖော်ပြချက်အရ လုံခြုံရေးတပ်ဖွဲ့များသည် သာယာဝပြောသော Berge de Lac စီးပွားရေးခရိုင်ရှိစခန်းများကို သောကြာနေ့ (မေလ ၃ ရက်) အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ၎င်းတို့တည်ဆောက်ထားသည့် အမိုးအကာများကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။

တူနီးရှားတွင် ဒုက္ခသည်စခန်းတစ်ခုသည် ပြည်သူ့ပန်းခြံတွင်ရှိပြီး ကျန်တစ်ခုမှာ ကုလသမဂ္ဂ ၏ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ရုံး၏ အပြင်ဘက် လမ်းကြားတွင်ရှိသည်။ အင်္ဂါနေ့ (ဧပြီလ ၃၀ ရက်) တွင် အယ်လ်ဂျာဇီးရားသတင်းဌာနက IOM စခန်းသို့ သွားရောက် လည်ပတ်စဉ် ဒုက္ခသည် သို့မဟုတ် ရွှေ့ပြောင်းမိခင်များမှ တူနီးရှားတွင် မွေးဖွားသည့် မွေးကင်းစ ကလေးငယ်အများအပြား ရှိနေကြောင်းတွေ့ရသည်။

တူနီးရှားအလယ်ပိုင်းတွင် ချတ်၊ ဆီးရီးယားလီယွန်၊ ဆူဒန်အစရှိသော နိုင်ငံများမှာ လူမျိုးပေါင်း များစွာ ခိုလှုံလာနေကြသည်။ တူနီးရှားတွင် ဒုက္ခသည်ခိုလှုံခွင့်ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိ သော်လည်း UNHCR မှ ထုတ်ပေးသော ကတ်ပြား ကိုင်ဆောင်ထားသူ အများအပြားသည် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ကြေးအနည်းငယ် ရရှိနိုင်သေးသည်။ လစ်ဗျားရှိ ဒုက္ခသည်များ မျှဝေသည့် ဗီဒီယိုတွင် ရဲတပ်ဖွဲ့က စခန်းကို ညဉ့်နက်မှ ဝင်ရောက်စီးနင်းကာ အမျိုးသမီးများနှင့် မွေးကင်းစကလေးမျာ်အပါအဝင် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများကို အယ်လ်ဂျီးရီးယားအနီးရှိ သဲကန္တာရသို့ ပို့ဆောင်ခဲ့ကြောင်း ပြသထား သည်။

ဥရောပသို့ ဝင်ရောက်ရန်အတွက် တူနီးရှားတွင်ခိုလှုံနေကြသော ဒုက္ခသည်များနှင့် ရွှေ့ ပြောင်း နေထိုင်သူများအပေါ် တူနီးရှား၏ ပြုမူဆက်ဆံပုံကို ဝေဖန်ခြင်းသည် ယခုမှကြုံဖူးသည့် အသစ် အဆန်းတော့မဟုတ်ပါ။ Human Rights Watch၊ Avocats Sans Frontieres နှင့် Amnesty International တို့က အားနည်းသော အသိုက်အဝန်းအား ၎င်းတို့၏ ပြုမူဆက်ဆံမှုအတွက် တူနီးရှားရဲများနှင့် တာဝန်ရှိသူများကို အကြိမ်ကြိမ် ရှုတ်ချခဲ့သည်။

zawgyi version
တူနီးရွားရဲတပ္ဖြဲ႕က ၿမိဳ႕လယ္ရွိ ယာယီဒုကၡသည္စခန္းမ်ားကို ရွင္းလင္း
ALynn (NP News) - ေမ ၄

တူနီးရွားႏိုင္ငံ၊ တူနစ္ၿမိဳ႕လယ္တြင္ စခန္းခ်ေနေသာ ရာႏွင့္ခ်ီသည့္ ဒုကၡသည္မ်ားႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား ေပ်ာက္ကြယ္သြားေၾကာင္း သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ ၎တို႔အား အယ္လ္ဂ်ီးရီးယားအနီးရွိ သဲကႏၲာရသို႔ ေ႐ႊ႕ေျပာင္းထားခဲ့ေၾကာင္း သတင္းမ်ားက ေဖာ္ျပသည္။

ေဒသႏၲရမီဒီယာမ်ား၏ေဖာ္ျပခ်က္အရ လုံၿခဳံေရးတပ္ဖြဲ႕မ်ားသည္ သာယာဝေျပာေသာ Berge de Lac စီးပြားေရးခ႐ိုင္ရွိစခန္းမ်ားကို ေသာၾကာေန႔ (ေမလ ၃ ရက္) အေစာပိုင္းတြင္ ဝင္ေရာက္စီးနင္းခဲ့ၿပီး ၎တို႔တည္ေဆာက္ထားသည့္ အမိုးအကာမ်ားကို ဖ်က္ဆီးခဲ့သည္ဟု သိရသည္။

တူနီးရွားတြင္ ဒုကၡသည္စခန္းတစ္ခုသည္ ျပည္သူ႔ပန္းၿခံတြင္ရွိၿပီး က်န္တစ္ခုမွာ ကုလသမဂၢ ၏ ႏိုင္ငံတကာေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအဖြဲ႕ (IOM) ႐ုံး၏ အျပင္ဘက္ လမ္းၾကားတြင္ရွိသည္။ အဂၤါေန႔ (ဧၿပီလ ၃၀ ရက္) တြင္ အယ္လ္ဂ်ာဇီးရားသတင္းဌာနက IOM စခန္းသို႔ သြားေရာက္ လည္ပတ္စဥ္ ဒုကၡသည္ သို႔မဟုတ္ ေ႐ႊ႕ေျပာင္းမိခင္မ်ားမွ တူနီးရွားတြင္ ေမြးဖြားသည့္ ေမြးကင္းစ ကေလးငယ္အမ်ားအျပား ရွိေနေၾကာင္းေတြ႕ရသည္။

တူနီးရွားအလယ္ပိုင္းတြင္ ခ်တ္၊ ဆီးရီးယားလီယြန္၊ ဆူဒန္အစရွိေသာ ႏိုင္ငံမ်ားမွာ လူမ်ိဳးေပါင္း မ်ားစြာ ခိုလႈံလာေနၾကသည္။ တူနီးရွားတြင္ ဒုကၡသည္ခိုလႈံခြင့္ဥပေဒ ျပ႒ာန္းထားျခင္း မရွိ ေသာ္လည္း UNHCR မွ ထုတ္ေပးေသာ ကတ္ျပား ကိုင္ေဆာင္ထားသူ အမ်ားအျပားသည္ အေျခခံ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ ေထာက္ပံ့ေၾကးအနည္းငယ္ ရရွိႏိုင္ေသးသည္။ လစ္ဗ်ားရွိ ဒုကၡသည္မ်ား မွ်ေဝသည့္ ဗီဒီယိုတြင္ ရဲတပ္ဖြဲ႕က စခန္းကို ညဥ့္နက္မွ ဝင္ေရာက္စီးနင္းကာ အမ်ိဳးသမီးမ်ားႏွင့္ ေမြးကင္းစကေလးမ်ာ္အပါအဝင္ ဒုကၡသည္မ်ားႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို အယ္လ္ဂ်ီးရီးယားအနီးရွိ သဲကႏၲာရသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ျပသထား သည္။

ဥေရာပသို႔ ဝင္ေရာက္ရန္အတြက္ တူနီးရွားတြင္ခိုလႈံေနၾကေသာ ဒုကၡသည္မ်ားႏွင့္ ေ႐ႊ႕ ေျပာင္း ေနထိုင္သူမ်ားအေပၚ တူနီးရွား၏ ျပဳမူဆက္ဆံပုံကို ေဝဖန္ျခင္းသည္ ယခုမွႀကဳံဖူးသည့္ အသစ္ အဆန္းေတာ့မဟုတ္ပါ။ Human Rights Watch၊ Avocats Sans Frontieres ႏွင့္ Amnesty International တို႔က အားနည္းေသာ အသိုက္အဝန္းအား ၎တို႔၏ ျပဳမူဆက္ဆံမႈအတြက္ တူနီးရွားရဲမ်ားႏွင့္ တာဝန္ရွိသူမ်ားကို အႀကိမ္ႀကိမ္ ရႈတ္ခ်ခဲ့သည္။

Related news

© 2021. All rights reserved.