ဂျာမနီရှိ IRIS-T လေကြောင်းရန်ကာကွယ်ရေးစနစ် ထုတ်လုပ်တဲ့ စက်ရုံမှာ မီးလောင်မှုဖြစ်ပွား

 614

ဂျန်ဇက် (NP News) - မေ ၄

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ မေလ ၄ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

အဆိုပါ လက်နက်စက်ရုံဟာ ယူကရိန်းကို ဂျာမနီအစိုးရက ကူညီထောက့်ပံ့ပေးနေတဲ့ IRIS-T အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ် ထုတ်လုပ်တဲ့စက်ရုံဖြစ်ကြောင်သိရပါတယ်။
ဂျာမနီမီးသတ်ဌာနက အဆိုပါလက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံအတွင်းရှိ ဓါတုပစ္စည်းများသိုလှောင်ရာနေရာမှာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်သမား ၂၀၀ နီးပါးနဲ့ မီးငြိမ်းသတ်နိုင်အောင် ကြိုးပမ်းခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါစစ်လက်နက်ပစ္စည်းစက်ရုံမှာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီးနောက် ငါးနာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ မီးငြိမ်းသတ်နိုင်ပြီဖြစ်ကြောင်းသိရပါတယ်။

မီးလောင်မှုဖြစ်ကြောင့် ၂၀၀၀ စတုရန်းမီတာရှိ အဆောက်ဦးအချို့မှာမီးလောင်ပျက်စီးခဲ့ပြီး မီးခိုးငွေ့များ ဆိုးရွားစွာထွက်ပေါ်နေတဲ့အတွက် မီးသတ်သမားတွေဟာ မီးလောင်ရာနေရာကို ဝင်ရောက်ဖို့ ခက်ခဲခဲ့ပြီး စက်ရုံအပြင်ဘက်ကနေ မီးငြိမ်းသတ်နိုင်အောင် ကြိုးပမ်းခဲ့ရကြောင်းသိရပါတယ်။ ဂျာမနီအစိုးရဟာ မီးလောင်မှုဖြစ်ပွားရတဲ့အဓိကအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကို သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်းသိရပါတယ်။ အဆိုပါလက်နက်ကုမ္ပဏီဟာ ၁၉၉၆ ခုနှစ်မှာ IRIS-T အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို စမ်းသပ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ ဂျာမနီ အပါအဝင် ကမ္ဘာနိုင်ငံအများအပြားကို ရောင်းချပေးထားကြောင်းသိရပါတယ်။

zawgyi version
ဂ်ာမနီရွိ IRIS-T ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ ထုတ္လုပ္တဲ့ စက္႐ုံမွာ မီးေလာင္မႈျဖစ္ပြား
ဂ်န္ဇက္ (NP News) - ေမ ၄

ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕ရွိ စစ္လက္နက္ပစၥည္းထုတ္လုပ္တဲ့ စက္႐ုံမွာ ေမလ ၄ရက္ေန႔က ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါ လက္နက္စက္႐ုံဟာ ယူကရိန္းကို ဂ်ာမနီအစိုးရက ကူညီေထာက့္ပံ့ေပးေနတဲ့ IRIS-T အမည္ရွိ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ ထုတ္လုပ္တဲ့စက္႐ုံျဖစ္ေၾကာင္သိရပါတယ္။
ဂ်ာမနီမီးသတ္ဌာနက အဆိုပါလက္နက္ပစၥည္းထုတ္လုပ္တဲ့ စက္႐ုံအတြင္းရွိ ဓါတုပစၥည္းမ်ားသိုေလွာင္ရာေနရာမွာ မီးေလာင္ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မီးသတ္သမား ၂၀၀ နီးပါးနဲ႔ မီးၿငိမ္းသတ္ႏိုင္ေအာင္ ႀကိဳးပမ္းခဲ့ရေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ အဆိုပါစစ္လက္နက္ပစၥည္းစက္႐ုံမွာ မီးေလာင္မႈစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ ငါးနာရီေက်ာ္ၾကာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ မီးၿငိမ္းသတ္ႏိုင္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

မီးေလာင္မႈျဖစ္ေၾကာင့္ ၂၀၀၀ စတုရန္းမီတာရွိ အေဆာက္ဦးအခ်ိဳ႕မွာမီးေလာင္ပ်က္စီးခဲ့ၿပီး မီးခိုးေငြ႕မ်ား ဆိုး႐ြားစြာထြက္ေပၚေနတဲ့အတြက္ မီးသတ္သမားေတြဟာ မီးေလာင္ရာေနရာကို ဝင္ေရာက္ဖို႔ ခက္ခဲခဲ့ၿပီး စက္႐ုံအျပင္ဘက္ကေန မီးၿငိမ္းသတ္ႏိုင္ေအာင္ ႀကိဳးပမ္းခဲ့ရေၾကာင္းသိရပါတယ္။ ဂ်ာမနီအစိုးရဟာ မီးေလာင္မႈျဖစ္ပြားရတဲ့အဓိကအေၾကာင္းအရင္းနဲ႔ ပ်က္စီးဆုံးရႈံးမႈအေျခအေနကို သတင္းထုတ္ျပန္ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရပါတယ္။ အဆိုပါလက္နက္ကုမၸဏီဟာ ၁၉၉၆ ခုႏွစ္မွာ IRIS-T အမည္ရွိ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို စမ္းသပ္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ ဂ်ာမနီ အပါအဝင္ ကမာၻႏိုင္ငံအမ်ားအျပားကို ေရာင္းခ်ေပးထားေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.