ဧဝရတ်တောင်တက်ခွင့် ခွင့်ပြုမိန့်ကို နီပေါတရားရုံးက ကန့်သတ်

 931

ALynn (NP News) - မေ ၄

နီပေါတောင်တက်ခွင့်ကို ကန့်သတ်ရန် နီပေါတရားရုံးချုပ်က အစိုးရကို အမိန့်ပေးခဲ့သည်ဟု ရှေ့နေတစ်ဦးက သောကြာနေ့ (မေလ ၃ ရက်) တွင် အတည်ပြုခဲ့သည်။

နီပေါနိုင်ငံတွင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် ၁၀ ခုအနက် ရှစ်ခုတည်ရှိပြီး အပူချိန်ပူနွေး၍ လေတိုက်နှုန်းများပုံမှန်အားဖြင့် ငြိမ်သက်လျက်ရှိသော နွေဦးပေါက်တိုင်းတွင် စွန့်စားသူရာပေါင်းများစွာဖြင့် စည်ကားလျက်ရှိသည်။

ဧပြီလနှောင်းပိုင်းတွင် စီရင်ချက်ချခဲ့သော်လည်း အကျဉ်းချုပ်ကို ယခုအပတ်တွင်မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ တောင်တက်ခွင့် ခွင့်ပြုချက်များကို လျှော့ချရန် တိုက်တွန်းသည့် အသနားခံစာ တင်သွင်းခဲ့သည့် ရှေ့နေ Deepak Bikram Mishra က “တရားရုံးသည် နီပေါနိုင်ငံ၏ တောင်များနှင့် ၎င်း၏ပတ်ဝန်းကျင်နှင့် ပတ်သက်၍ လူအများ၏စိုးရိမ်မှုများကို အသေအချာတုံ့ပြန်ခဲ့ကြောင်း” AFP သို့ ပြောကြားခဲ့သည်။ "တောင်တက်သမားအရေအတွက်ကို ကန့်သတ်ဖို့ အမိန့်ထုတ်ထားပြီး အမှိုက်စီမံခန့်ခွဲမှုနှင့် တောင်ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အစီအမံများ ချမှတ်ပေးထားပါတယ်" ဟု Mishra က ပြောကြားခဲ့သည်။

စီရင်ချက်၏အကျဉ်းချုပ်တွင် တောင်များ၏ခံနိုင်ရည်ကို လေးစားရမည်ဖြစ်ကြောင်းနှင့် သင့်လျော် သော အများဆုံးခွင့်ပြုမိန့်ကို ဆုံးဖြတ်သင့်သည်ဟု ဖော်ပြထားသည်။ စီရင်ချက်၏ စာသား အပြည့်အစုံကို ထုတ်ပြန်ခြင်းမရှိသေးဘဲ အကျဉ်းချုပ်တွင် ခွင့်ပြုချက်ထုတ်ပေးသည့် အရေ အတွက်အတွက် သီးခြားကန့်သတ်ချက်တစ်စုံတစ်ရာကို ဖော်ပြထားခြင်းမရှိပေ။

ပြီးခဲ့သည်နှစ်တွင် နီပေါအစိုးရက ဧဝရတ်တောင်သို့ တက်ရောက်ခွင့်ပါမစ် ၄၇၈ ခုထုတ်ပေးခဲ့ပြီး စံချိန်တင်မြင့်မားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဧဝရတ်တောင်ပေါ်တွင် ကြီးမားသော လူပြည့်သိပ် မှုကြောင့် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီး ဖျားနာမှုနှင့် ပင်ပန်းနွမ်းနယ်မှုများဖြစ်ကြကာ အောက်ဆီဂျင်ပမာဏများ လျော့နည်းသွားစေသည့် အန္တရာယ်ရှိခဲ့သည်။ ထိုနှစ်အတွင်း တောင်ထိပ်၌ သေဆုံးသူ ၁၁ ဦးအနက် အနည်းဆုံး ၄ ဦးသည် လူပြည့်ကျပ်မှု၏ အကျိုးဆက်ကြောင့်ဟု ဝေဖန်ပြစ်တင်ခဲ့ကြသည်။

zawgyi version
ဧဝရတ္ေတာင္တက္ခြင့္ ခြင့္ျပဳမိန႔္ကို နီေပါတရား႐ုံးက ကန႔္သတ္
ALynn (NP News) - ေမ ၄

နီေပါေတာင္တက္ခြင့္ကို ကန႔္သတ္ရန္ နီေပါတရား႐ုံးခ်ဳပ္က အစိုးရကို အမိန႔္ေပးခဲ့သည္ဟု ေရွ႕ေနတစ္ဦးက ေသာၾကာေန႔ (ေမလ ၃ ရက္) တြင္ အတည္ျပဳခဲ့သည္။

နီေပါႏိုင္ငံတြင္ ကမာၻ႔အျမင့္ဆုံးေတာင္ထိပ္ ၁၀ ခုအနက္ ရွစ္ခုတည္ရွိၿပီး အပူခ်ိန္ပူေႏြး၍ ေလတိုက္ႏႈန္းမ်ားပုံမွန္အားျဖင့္ ၿငိမ္သက္လ်က္ရွိေသာ ေႏြဦးေပါက္တိုင္းတြင္ စြန႔္စားသူရာေပါင္းမ်ားစြာျဖင့္ စည္ကားလ်က္ရွိသည္။

ဧၿပီလေႏွာင္းပိုင္းတြင္ စီရင္ခ်က္ခ်ခဲ့ေသာ္လည္း အက်ဥ္းခ်ဳပ္ကို ယခုအပတ္တြင္မွ ထုတ္ျပန္ခဲ့ ျခင္းျဖစ္သည္။ ေတာင္တက္ခြင့္ ခြင့္ျပဳခ်က္မ်ားကို ေလွ်ာ့ခ်ရန္ တိုက္တြန္းသည့္ အသနားခံစာ တင္သြင္းခဲ့သည့္ ေရွ႕ေန Deepak Bikram Mishra က “တရား႐ုံးသည္ နီေပါႏိုင္ငံ၏ ေတာင္မ်ားႏွင့္ ၎၏ပတ္ဝန္းက်င္ႏွင့္ ပတ္သက္၍ လူအမ်ား၏စိုးရိမ္မႈမ်ားကို အေသအခ်ာတုံ႔ျပန္ခဲ့ေၾကာင္း” AFP သို႔ ေျပာၾကားခဲ့သည္။ "ေတာင္တက္သမားအေရအတြက္ကို ကန႔္သတ္ဖို႔ အမိန႔္ထုတ္ထားၿပီး အမႈိက္စီမံခန႔္ခြဲမႈႏွင့္ ေတာင္ပတ္ဝန္းက်င္ကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔အတြက္ အစီအမံမ်ား ခ်မွတ္ေပးထားပါတယ္" ဟု Mishra က ေျပာၾကားခဲ့သည္။

စီရင္ခ်က္၏အက်ဥ္းခ်ဳပ္တြင္ ေတာင္မ်ား၏ခံႏိုင္ရည္ကို ေလးစားရမည္ျဖစ္ေၾကာင္းႏွင့္ သင့္ေလ်ာ္ ေသာ အမ်ားဆုံးခြင့္ျပဳမိန႔္ကို ဆုံးျဖတ္သင့္သည္ဟု ေဖာ္ျပထားသည္။ စီရင္ခ်က္၏ စာသား အျပည့္အစုံကို ထုတ္ျပန္ျခင္းမရွိေသးဘဲ အက်ဥ္းခ်ဳပ္တြင္ ခြင့္ျပဳခ်က္ထုတ္ေပးသည့္ အေရ အတြက္အတြက္ သီးျခားကန႔္သတ္ခ်က္တစ္စုံတစ္ရာကို ေဖာ္ျပထားျခင္းမရွိေပ။

ၿပီးခဲ့သည္ႏွစ္တြင္ နီေပါအစိုးရက ဧဝရတ္ေတာင္သို႔ တက္ေရာက္ခြင့္ပါမစ္ ၄၇၈ ခုထုတ္ေပးခဲ့ၿပီး စံခ်ိန္တင္ျမင့္မားခဲ့သည္။ ၂၀၁၉ ခုႏွစ္တြင္ ဧဝရတ္ေတာင္ေပၚတြင္ ႀကီးမားေသာ လူျပည့္သိပ္ မႈေၾကာင့္ နာရီေပါင္းမ်ားစြာ ေစာင့္ဆိုင္းခဲ့ရၿပီး ဖ်ားနာမႈႏွင့္ ပင္ပန္းႏြမ္းနယ္မႈမ်ားျဖစ္ၾကကာ ေအာက္ဆီဂ်င္ပမာဏမ်ား ေလ်ာ့နည္းသြားေစသည့္ အႏၲရာယ္ရွိခဲ့သည္။ ထိုႏွစ္အတြင္း ေတာင္ထိပ္၌ ေသဆုံးသူ ၁၁ ဦးအနက္ အနည္းဆုံး ၄ ဦးသည္ လူျပည့္က်ပ္မႈ၏ အက်ိဳးဆက္ေၾကာင့္ဟု ေဝဖန္ျပစ္တင္ခဲ့ၾကသည္။

Related news

© 2021. All rights reserved.