ဘူးသီးတောင်မြို့ပေါ်မှ စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းအတွင်းသို့ AA အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ (၂)ဦးသေဆုံး၍ (၁၅)ဦး ထိခိုက်ဒဏ်ရာရ

 811

NP News - မေ ၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်မှ စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းအတွင်းသို့ AA အဖွဲ့က ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ (၂)ဦးသေဆုံး၍ (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၄ ရက်)၊ နံနက် ၁ နာရီအချိန်ခန့်က ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့အတွင်းသို့ AA လက်နက်ကိုင်အဖွဲ့က မြို့၏တောင်ဘက် မီတာ(၄၀၀၀)ခန့်အကွာ ဘဂုံးနား တောင်ရွာဘက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစကမှ ဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်(၂)လုံးမှာ ယာယီနေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင်များ နေထိုင် ရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူ(၂)ဦးသေဆုံးကာ အသက်တစ်နှစ်ခွဲ၊ အသက်(၃)နှစ် နှင့် အသက်(၅)နှစ်အရွယ် ကလေးငယ်(၄)ဦး အပါအဝင် (၁၅)ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လူနေရပ်ကွက်နှင့် ကျေးရွာများအတွင်းသို့ AA အဖွဲ့မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၃)ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ(၅၇)ဦးသေဆုံးကာ (၁ဝ၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင် နစက၏ ထုတ်ပြန်ချက် များအရ သိရသည်။

Zawgyi Version;
ဘူးသီးေတာင္ၿမိဳ႕ေပၚမွ စစ္ေဘးေရွာင္မ်ားေနထိုင္သည့္ စာသင္ေက်ာင္းအတြင္းသို႔ AA အဖြဲ႕က ပစ္ခတ္သည့္ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ရာ (၂)ဦးေသဆုံး၍ (၁၅)ဦး ထိခိုက္ဒဏ္ရာရ
NP News - ေမ ၅

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕ေပၚမွ စစ္ေဘးေရွာင္မ်ားေနထိုင္သည့္ စာသင္ေက်ာင္းအတြင္းသို႔ AA အဖြဲ႕က ပစ္ခတ္သည့္လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ရာ (၂)ဦးေသဆုံး၍ (၁၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၄ ရက္)၊ နံနက္ ၁ နာရီအခ်ိန္ခန႔္က ဘူးသီးေတာင္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၊ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္းတြင္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘူးသီးေတာင္ၿမိဳ႕အတြင္းသို႔ AA လက္နက္ကိုင္အဖြဲ႕က ၿမိဳ႕၏ေတာင္ဘက္ မီတာ(၄၀၀၀)ခန႔္အကြာ ဘဂုံးနား ေတာင္႐ြာဘက္မွေန၍ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း နစကမွ ဆိုသည္။

အဆိုပါပစ္ခတ္မႈေၾကာင့္ လက္နက္ႀကီးက်ည္(၂)လုံးမွာ ယာယီေနရပ္စြန႔္ခြာလာသည့္ စစ္ေဘးေရွာင္မ်ား ေနထိုင္ ရာ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္းအတြင္းသို႔ က်ေရာက္ေပါက္ကြဲသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ လူ(၂)ဦးေသဆုံးကာ အသက္တစ္ႏွစ္ခြဲ၊ အသက္(၃)ႏွစ္ ႏွင့္ အသက္(၅)ႏွစ္အ႐ြယ္ ကေလးငယ္(၄)ဦး အပါအဝင္ (၁၅)ဦး ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ လူမႈကယ္ဆယ္ေရးအသင္းအဖြဲ႕မ်ားက ဘူးသီးေတာင္ၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္တြင္ လူေနရပ္ကြက္ႏွင့္ ေက်း႐ြာမ်ားအတြင္းသို႔ AA အဖြဲ႕မွလက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ (၁၃)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ျပည္သူ(၅၇)ဦးေသဆုံးကာ (၁ဝ၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္ နစက၏ ထုတ္ျပန္ခ်က္ မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.