ပြန်ပေးဆွဲခံရသူတွေ ပြန်လွတ်မြောက်မယ်ဆိုရင်လည်း အစ္စရေးစစ်တပ်က ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်

 2334

ဂျန်ဇက် (NP News) - မေ ၅

အစ္စရေးအစိုးရအနေနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ရယူနိုင်ခဲ့ရင်လည်း စစ်ပွဲကိုအဆုံးသတ်မှာ မဟုတ်သေးဘဲရာဖယ်မြို့ကို ဝင်ရောက်ကာ ဟားမက်စ်အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက် ခြင်းတွေ ဆက်လက်လုပ်ကိုင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးကို ရုတ်တရက်တိုက်ခိုက်ချိန်အတွင်း ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးမယ်ဆိုရင်လည်း အစ္စရေးစစ်တပ်က ဂါဇာဒေသနဲ့ပတ်သက်ပြီး ပြုလုပ်မယ့် စစ်ရေးအစီအစဉ်တွေ အပြောင်းအလဲဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Suleiman Maswadeh က အစ္စရေးဟာ ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွှတ်ပေးမယ် ဆိုရင်လည်း ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်တန့်သွားမှာမဟုတ်ကြောင်း ပြောပါတယ်။ အစ္စရေး အစိုးရတာဝန်ရှိသူတစ်ဦးကလည်း "အစ္စရေး တပ်ဖွဲ့တွေဟာ ရာဖယ်မြို့ကို ဝင်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီမြို့ အတွင်းမှာရှိနေတဲ့ ဟားမက်စ်လက်ကိုင်အုပ်စုရဲ့လက်ကျန်အဖွဲ့တွေကို ဖျက်ဆီးသွားမယ်" လို့ ပြောပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဂါဇာဒေသမှာ နေထိုင်နေတဲ့ ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၄ သန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ကိုယ်တိုင်က ဂါဇာဒေသနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေကို အပြည့်အ၀ အကောင်အထည်မဖော်နိုင်သေးဘူးဆိုရင် ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ရပ်တန့်မှာ မဟုတ်ဘူး လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့လက်ထဲမှာ ဖမ်းဆီးခံထားရသူ အနည်းဆုံး လူပေါင်း ၁၃ဝ ကျော် ဆက်လက် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးဟာ နိုင်ငံတကာဖိအား မျိုးစုံရင်ဆိုင်ခဲ့ရပေမယ့် ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်တန့်ခြင်းမျိုး မရှိသေးဘဲ စစ်ပွဲကို ဆက်လက်တိုက်ခိုက်ဖို့ ရည်ရွယ်နေကြောင်း သိရပါတယ်။

Zawgyi Version;
ျပန္ေပးဆြဲခံရသူေတြ ျပန္လြတ္ေျမာက္မယ္ဆိုရင္လည္း အစၥေရးစစ္တပ္က ဂါဇာေဒသကို ထိုးစစ္ဆင္တိုက္ခိုက္မႈေတြ ဆက္လုပ္မယ္

ဂ်န္ဇက္ (NP News) - ေမ ၅

အစၥေရးအစိုးရအေနနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕နဲ႔ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္ရယူႏိုင္ခဲ့ရင္လည္း စစ္ပြဲကိုအဆုံးသတ္မွာ မဟုတ္ေသးဘဲရာဖယ္ၿမိဳ႕ကို ဝင္ေရာက္ကာ ဟားမက္စ္အဖြဲ႕ေတြကို ပစ္မွတ္ထားတိုက္ခိုက္ ျခင္းေတြ ဆက္လက္လုပ္ကိုင္သြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးကို ႐ုတ္တရက္တိုက္ခိုက္ခ်ိန္အတြင္း ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ ေပးမယ္ဆိုရင္လည္း အစၥေရးစစ္တပ္က ဂါဇာေဒသနဲ႔ပတ္သက္ၿပီး ျပဳလုပ္မယ့္ စစ္ေရးအစီအစဥ္ေတြ အေျပာင္း အလဲျဖစ္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ Suleiman Maswadeh က အစၥေရးဟာ ဖမ္းဆီးခံထားရတဲ့သူေတြ ျပန္လႊတ္ေပးမယ္ ဆိုရင္လည္း ဂါဇာေဒသကို ထိုးစစ္ဆင္တိုက္ခိုက္မႈေတြကို ရပ္တန႔္သြားမွာမဟုတ္ေၾကာင္း ေျပာပါတယ္။ အစၥေရး အစိုးရတာဝန္ရွိသူတစ္ဦးကလည္း "အစၥေရး တပ္ဖြဲ႕ေတြဟာ ရာဖယ္ၿမိဳ႕ကို ဝင္ေရာက္မွာ ျဖစ္ပါတယ္။ အဲဒီၿမိဳ႕ အတြင္းမွာရွိေနတဲ့ ဟားမက္စ္လက္ကိုင္အုပ္စုရဲ႕လက္က်န္အဖြဲ႕ေတြကို ဖ်က္ဆီးသြားမယ္" လို႔ ေျပာပါတယ္။

အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အုပ္စုၾကား စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း ဂါဇာေဒသမွာ ေနထိုင္ေနတဲ့ ပါလက္စတိုင္းျပည္သူ ၁ ဒသမ ၄ သန္းေက်ာ္ ေနရပ္စြန႔္ခြာခဲ့ရေၾကာင္း သိရပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ကိုယ္တိုင္က ဂါဇာေဒသနဲ႔ပတ္သက္ၿပီး ရည္မွန္းခ်က္ေတြကို အျပည့္အ၀ အေကာင္အထည္မေဖာ္ႏိုင္ေသးဘူးဆိုရင္ ဂါဇာေဒသကို ထိုးစစ္ဆင္တိုက္ခိုက္ေနတာေတြ ရပ္တန႔္မွာ မဟုတ္ဘူး လို႔ ေျပာဆိုခဲ့ဖူးပါတယ္။

ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ရဲ႕လက္ထဲမွာ ဖမ္းဆီးခံထားရသူ အနည္းဆုံး လူေပါင္း ၁၃ဝ ေက်ာ္ ဆက္လက္ က်န္ရွိေနဆဲျဖစ္ေၾကာင္း သိရပါတယ္။ အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း အစၥေရးဟာ ႏိုင္ငံတကာဖိအား မ်ိဳးစုံရင္ဆိုင္ခဲ့ရေပမယ့္ ဂါဇာေဒသကို ထိုးစစ္ဆင္တိုက္ခိုက္မႈေတြ ရပ္တန႔္ျခင္းမ်ိဳး မရွိေသးဘဲ စစ္ပြဲကို ဆက္လက္တိုက္ခိုက္ဖို႔ ရည္႐ြယ္ေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.