လှိုင်သာယာမြို့နယ်တွင် ရပ်ထားသည့် (၁၂)ဘီးကားကို Light Truck ကားမှဝင်တိုက်မိခဲ့ရာ (၂)ဦး ထိခိုက်ဒဏ်ရာရ

 419

သန့်ဇင် (NP News) - မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ရပ်ထားသည့် (၁၂)ဘီးကားကို Light Truck ကားမှ ဝင်တိုက်မိခဲ့ ရာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(မေလ ၅ ရက်)၊ နံနက် ၄ နာရီ ၅ဝ မိနစ်အချိန်ခန့်က လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ တပင်ရွှေထီးလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“Light Truck ကားက ထမင်းဆိုင်ကလူတွေ ဒညင်းကုန်းကို ဈေးသွားကြိုတာ။ အဲဒီမှာ ကွေ့လေးဖြစ်နေတော့ မှောင်ကလည်း မှောင်နေတာနဲ့ အရှိန်ပါပြီး ကုန်ကားကို ဝင်တိုက်မိတာ။ မမြင်လို့ဝင်တိုက်မိတယ်လို့တော့ ယူဆ ရပါတယ်” ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် Light Truck ကားပေါ်မှ အသက်(၃၀)နှစ်အရွယ် အမျိုးသား(၂)ဦးတွင် ထိခိုက် ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

“ဝင်တိုက်မိတဲ့ Light Truck ကားက အမျိုးသား(၂)ယောက် ဒဏ်ရာရတယ်။ ယာဉ်မောင်းက ညာဘက်ခြမ်းက ခြေထောက်ကော လက်ကောကျိုးတယ်။ ဘေးကထိုင်လိုက်တဲ့ တစ်ယောက်တော့ လက်ပြတ်လုနီးပါးဖြစ်သွား တယ်။ ယာဉ်မောင်းက စိုးရိမ်ရတယ်။ အောက်စီဂျင်တောင် ပေးရတယ်။ အဲဒီနားက ဖြစ်လေ့မရှိပေမယ့် အရင်တစ်ခါကတော့ ကုန်ကားတစ်စီးအကွေ့မှာ မကွေ့နိုင်ဖြစ်ပြီး ကွင်းဘက်ကို ထိုးကျသွားခဲ့ဖူးတယ်။ အကြံပြုချင်တာကတော့ ယာဉ်မောင်းတွေက သေချာသတိထားပြီး မောင်းစေချင်တယ်” ဟု ၎င်းက ဆက်ပြော သည်။

ထိခိုက်ဒဏ်ရာရှိသူအမျိုးသား(၂)ဦးကို သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းက လှိုင်သာယာမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မေလ ၄ ရက်၊ ည ၇ နာရီအချိန်တွင်လည်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပုဇွန်တောင် လမ်းမကြီးပေါ်၌ ကား(၂)စီးတိုက်မိခဲ့ရာ လဲသွားသည့်ကားမှ စက်ဘီးအား ထပ်မံဝင်တိုက်မှုကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
လႈိင္သာယာၿမိဳ႕နယ္တြင္ ရပ္ထားသည့္ (၁၂)ဘီးကားကို Light Truck ကားမွဝင္တိုက္မိခဲ့ရာ (၂)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ေမ ၅

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္တြင္ ရပ္ထားသည့္ (၁၂)ဘီးကားကို Light Truck ကားမွ ဝင္တိုက္မိခဲ့ ရာ (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ေမလ ၅ ရက္)၊ နံနက္ ၄ နာရီ ၅ဝ မိနစ္အခ်ိန္ခန႔္က လႈိင္သာယာ(အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ ေ႐ႊလင္ဗန္းေက်း႐ြာ၊ တပင္ေ႐ႊထီးလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“Light Truck ကားက ထမင္းဆိုင္ကလူေတြ ဒညင္းကုန္းကို ေဈးသြားႀကိဳတာ။ အဲဒီမွာ ေကြ႕ေလးျဖစ္ေနေတာ့ ေမွာင္ကလည္း ေမွာင္ေနတာနဲ႔ အရွိန္ပါၿပီး ကုန္ကားကို ဝင္တိုက္မိတာ။ မျမင္လို႔ဝင္တိုက္မိတယ္လို႔ေတာ့ ယူဆ ရပါတယ္” ဟု ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ Light Truck ကားေပၚမွ အသက္(၃၀)ႏွစ္အ႐ြယ္ အမ်ိဳးသား(၂)ဦးတြင္ ထိခိုက္ ဒဏ္ရာမ်ားျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။

“ဝင္တိုက္မိတဲ့ Light Truck ကားက အမ်ိဳးသား(၂)ေယာက္ ဒဏ္ရာရတယ္။ ယာဥ္ေမာင္းက ညာဘက္ျခမ္းက ေျခေထာက္ေကာ လက္ေကာက်ိဳးတယ္။ ေဘးကထိုင္လိုက္တဲ့ တစ္ေယာက္ေတာ့ လက္ျပတ္လုနီးပါးျဖစ္သြား တယ္။ ယာဥ္ေမာင္းက စိုးရိမ္ရတယ္။ ေအာက္စီဂ်င္ေတာင္ ေပးရတယ္။ အဲဒီနားက ျဖစ္ေလ့မရွိေပမယ့္ အရင္တစ္ခါကေတာ့ ကုန္ကားတစ္စီးအေကြ႕မွာ မေကြ႕ႏိုင္ျဖစ္ၿပီး ကြင္းဘက္ကို ထိုးက်သြားခဲ့ဖူးတယ္။ အႀကံျပဳခ်င္တာကေတာ့ ယာဥ္ေမာင္းေတြက ေသခ်ာသတိထားၿပီး ေမာင္းေစခ်င္တယ္” ဟု ၎က ဆက္ေျပာ သည္။

ထိခိုက္ဒဏ္ရာရွိသူအမ်ိဳးသား(၂)ဦးကို ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းက လႈိင္သာယာၿမိဳ႕နယ္ျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔ ေမလ ၄ ရက္၊ ည ၇ နာရီအခ်ိန္တြင္လည္း မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္၊ အထက္ပုဇြန္ေတာင္ လမ္းမႀကီးေပၚ၌ ကား(၂)စီးတိုက္မိခဲ့ရာ လဲသြားသည့္ကားမွ စက္ဘီးအား ထပ္မံဝင္တိုက္မႈေၾကာင့္ အမ်ိဳးသား တစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.