အမေရိကန်သမ္မတကိုယ်တိုင်ချီးမြှင့်သော Medal of Freedom ဆုအား ကမ္ဘာကျော်မင်းသမီး မီရှဲလ်ယိုလ် လက်ခံရယူ

 342

ဂျန်ဇက် (NP News) - မေ ၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အမေရိကန်အရပ်ဘက်ဆိုင်ရာ ဆုများထဲတွင် အမြင့်ဆုံးဆုတစ်ခုဖြစ်သော Medal of Freedom ဆုအား ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်သော Michelle Yeoh မီရှဲလ်ယိုလ်ကို ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသူဖြစ်သလို အော်စကာဆုကို ရရှိထားသည့်မင်းသမီး မီရှဲလ်ယိုလ်သည် အမေရိကန်သမ္မတ ကိုယ်တိုင်ချီးမြှင့်သည့် Medal of Freedom ဆုရရှိခဲ့သူ ၁၉ ဦးထဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ အမေရိကန် သမ္မတမှ ချီးမြှင့်သော အရပ်ဘက်ဆိုင်ရာဆုများထဲတွင် အမြင့်ဆုံးဆုဖြစ်သော Medal of Freedom ကို ရရှိခဲ့သူများထဲတွင် အိုလံပစ်ချန်ပီယံ Katie Ledecky လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

မလေးရှား မင်းသမီး မီရှဲလ်ယိုလ်သည် အာရှတိုက်အတွင်းရှိ မင်းသမီးများထဲတွင် ကမ္ဘာအကောင်းဆုံးသရုပ်ဆောင် မင်းသမီးဆုကို ရရှိခဲ့သောပထမဆုံးမင်းသမီးဖြစ်သည်။ အမေရိကန်သမ္မတက "မီရှဲလ်ယိုလ်ဟာ အော်စကာဆုကို ရရှိခဲ့တဲ့ အာရှတိုက်ရဲ့ပထမဆုံး မင်းသမီးဖြစ်တယ်။ မီရှဲလ်ယိုလ်ဟာ ယာဉ်ကျေးမှုတွေ ပေါင်းစည်းပေးနိုင်ရုံ သာမက နှလုံးသားတွေ လွှတ်လပ်ပွင့်လင်းမှုဖြစ်အောင်ပေါင်းကူပေးသူဖြစ်တယ်။ အဲဒီအတွက် ဂုဏ်ယူမိပါတယ်" ဟု ပြောသည်။

အသက် ၆ဝ အရွယ်ရှိ မလေးရှားမင်းသမီး မီရှဲလ်ယိုလ်သည် ပြီးခဲ့သော ၂ဝ၂၃ ခုနှစ်က ကျင်းပခဲ့သော ကမ္ဘာ့ အကောင်းဆုံး အော်စကာဆုချီးမြှင့်ပွဲတွင် Everything Everywhere All At Once အမည်ရှိ ရုပ်ရှင် ဇာတ်ကားနှင့်ပတ်သက်ပြီး အကောင်းဆုံးမင်းသမီးဆုကို ရယူနိုင်ခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္သမၼတကိုယ္တိုင္ခ်ီးျမႇင့္ေသာ Medal of Freedom ဆုအား ကမာၻေက်ာ္မင္းသမီး မီရွဲလ္ယိုလ္ လက္ခံရယူ
ဂ်န္ဇက္ (NP News) - ေမ ၅

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္သည္ အေမရိကန္အရပ္ဘက္ဆိုင္ရာ ဆုမ်ားထဲတြင္ အျမင့္ဆုံးဆုတစ္ခုျဖစ္ေသာ Medal of Freedom ဆုအား ကမာၻေက်ာ္႐ုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ေသာ Michelle Yeoh မီရွဲလ္ယိုလ္ကို ခ်ီးျမႇင့္ ေပးခဲ့ေၾကာင္း သိရသည္။

မေလးရွားႏိုင္ငံသူျဖစ္သလို ေအာ္စကာဆုကို ရရွိထားသည့္မင္းသမီး မီရွဲလ္ယိုလ္သည္ အေမရိကန္သမၼတ ကိုယ္တိုင္ခ်ီးျမႇင့္သည့္ Medal of Freedom ဆုရရွိခဲ့သူ ၁၉ ဦးထဲတြင္ ပါဝင္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္ သမၼတမွ ခ်ီးျမႇင့္ေသာ အရပ္ဘက္ဆိုင္ရာဆုမ်ားထဲတြင္ အျမင့္ဆုံးဆုျဖစ္ေသာ Medal of Freedom ကို ရရွိခဲ့သူမ်ားထဲတြင္ အိုလံပစ္ခ်န္ပီယံ Katie Ledecky လည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။

မေလးရွား မင္းသမီး မီရွဲလ္ယိုလ္သည္ အာရွတိုက္အတြင္းရွိ မင္းသမီးမ်ားထဲတြင္ ကမာၻအေကာင္းဆုံးသ႐ုပ္ေဆာင္ မင္းသမီးဆုကို ရရွိခဲ့ေသာပထမဆုံးမင္းသမီးျဖစ္သည္။ အေမရိကန္သမၼတက "မီရွဲလ္ယိုလ္ဟာ ေအာ္စကာဆုကို ရရွိခဲ့တဲ့ အာရွတိုက္ရဲ႕ပထမဆုံး မင္းသမီးျဖစ္တယ္။ မီရွဲလ္ယိုလ္ဟာ ယာဥ္ေက်းမႈေတြ ေပါင္းစည္းေပးႏိုင္႐ုံ သာမက ႏွလုံးသားေတြ လႊတ္လပ္ပြင့္လင္းမႈျဖစ္ေအာင္ေပါင္းကူေပးသူျဖစ္တယ္။ အဲဒီအတြက္ ဂုဏ္ယူမိပါတယ္" ဟု ေျပာသည္။

အသက္ ၆ဝ အ႐ြယ္ရွိ မေလးရွားမင္းသမီး မီရွဲလ္ယိုလ္သည္ ၿပီးခဲ့ေသာ ၂ဝ၂၃ ခုႏွစ္က က်င္းပခဲ့ေသာ ကမာၻ႔ အေကာင္းဆုံး ေအာ္စကာဆုခ်ီးျမႇင့္ပြဲတြင္ Everything Everywhere All At Once အမည္ရွိ ႐ုပ္ရွင္ ဇာတ္ကားႏွင့္ပတ္သက္ၿပီး အေကာင္းဆုံးမင္းသမီးဆုကို ရယူႏိုင္ခဲ့ဖူးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.