အပူချိန်မြင့်တက်ခြင်းများကြောင့် ထိုင်းနိုင်ငံမှာ သေဆုံးသူအရေအတွက် မြင့်တက်လာနေ

 2701

ဂျန်ဇက် (NP News) - မေ ၅

အာဆီယံဒေသအတွင်းရှိနိုင်ငံအများစုမှာ အပူချိန်မြင့်တက်ခြင်းများဖြစ်ပေါ်လျက်ရှိနေရာ အပူနဲ့ဆက်စပ်တဲ့ ရောဂါ များကြောင့် လူသေဆုံးရခြင်းများရှိနေပြီး ထိုင်းနိုင်ငံမှာ အပူဒဏ်ကြောင့် သေဆုံးသူအရေအတွက်မြင့်တက်လာနေ ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ အပူချိန်မြင့်တက်မှုနဲ့ဆက်နွယ်တဲ့ရောဂါများကြောင့် ယခုနှစ်အတွင်းလူပေါင်း အနည်းဆုံး ၄၀ နီးပါး သေဆုံးထားပြီး သေဆုံးသူအများစုက ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းကဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးတစ်ဦးကလည်း ထိုင်းနိုင်ငံရဲ့နေရာအများအပြားမှာ ဖေဖော်ဝါရီ ၂၂ ရက် နောက်ပိုင်းကတည်းက အပူချိန်မြင့်တက်ခြင်းတွေဖြစ်လာခဲ့ပြီး အပူနဲ့ဆက်စပ်တဲ့ရောဂါများကြောင့် သေဆုံးသူအရေအတွက် ၃၈ ဦးအထိ မြင့်တက်လာနေကြောင်း ပြောပါတယ်။

ထိုင်းနိုင်ငံများ အပူချိန်မြင့်တက်မှုကြောင့် လူသေဆုံးမှုအများဆုံးဖြစ်နေတဲ့အရပ်ဒေသဟာ နိုင်ငံအရှေ့မြောက်ပိုင်း ဖြစ်နေပြီး ထိုင်းအရှေ့ပိုင်းနဲ့ အလယ်ပိုင်းတို့မှာလည်း သေဆုံးခြင်းများရှိနေကြောင်း သိရပါတယ်။ သေဆုံးသူ အများစုဟာ နေပူထဲမှာ အလုပ်လုပ်ခဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အရက်ကိုအလွန် အကျွံသောက်သုံးသူတွေ ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အပူချိန်မြင့်တက်နေ ခြင်းကြောင့် ပြည်သူများအနေနဲ့ နေအလင်းရောင် တိုက်ရိုက်ရတဲ့နေရာတွေမှာ နေထိုင်ခြင်းကို ရှောင်ရှားဖို့၊ အရက်သောက်သုံးခြင်းကိုရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်သူများအနေနဲ့ ပေါ့ပါးတဲ့အဝတ်အစားတွေကို ဝတ်ဆင်ဖို့ နဲ့ ရေများများသောက်ဖို့ ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက အကြံပြုထားပါတယ်။ အာဆီယံဒေသတွင်းရှိ နိုင်ငံများအနက် မြန်မာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့မှာလည်း ပြီးခဲ့တဲ့ ဧပြီလအတွင်း အပူချိန်မြင့်တက်ခြင်းများကို ရင်ဆိုင်တွေ့ကြုံခဲ့ရကြောင်း သိရပါတယ်။

Zawgyi Version;
အပူခ်ိန္ျမင့္တက္ျခင္းမ်ားေၾကာင့္ ထိုင္းႏိုင္ငံမွာ ေသဆုံးသူအေရအတြက္ ျမင့္တက္လာေန
ဂ်န္ဇက္ (NP News) - ေမ ၅

အာဆီယံေဒသအတြင္းရွိႏိုင္ငံအမ်ားစုမွာ အပူခ်ိန္ျမင့္တက္ျခင္းမ်ားျဖစ္ေပၚလ်က္ရွိေနရာ အပူနဲ႔ဆက္စပ္တဲ့ ေရာဂါ မ်ားေၾကာင့္ လူေသဆုံးရျခင္းမ်ားရွိေနၿပီး ထိုင္းႏိုင္ငံမွာ အပူဒဏ္ေၾကာင့္ ေသဆုံးသူအေရအတြက္ျမင့္တက္လာေန ေၾကာင္း ထိုင္းသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ထိုင္းႏိုင္ငံမွာ အပူခ်ိန္ျမင့္တက္မႈနဲ႔ဆက္ႏြယ္တဲ့ေရာဂါမ်ားေၾကာင့္ ယခုႏွစ္အတြင္းလူေပါင္း အနည္းဆုံး ၄၀ နီးပါး ေသဆုံးထားၿပီး ေသဆုံးသူအမ်ားစုက ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္းကျဖစ္ေၾကာင္း ထိုင္းမိုးေလဝသဌာနက သတင္း ထုတ္ျပန္ထားပါတယ္။

ထိုင္းက်န္းမာေရးဝန္ႀကီးဌာနရဲ႕ၫႊန္ၾကားေရးမႉးတစ္ဦးကလည္း ထိုင္းႏိုင္ငံရဲ႕ေနရာအမ်ားအျပားမွာ ေဖေဖာ္ဝါရီ ၂၂ ရက္ ေနာက္ပိုင္းကတည္းက အပူခ်ိန္ျမင့္တက္ျခင္းေတြျဖစ္လာခဲ့ၿပီး အပူနဲ႔ဆက္စပ္တဲ့ေရာဂါမ်ားေၾကာင့္ ေသဆုံးသူအေရအတြက္ ၃၈ ဦးအထိ ျမင့္တက္လာေနေၾကာင္း ေျပာပါတယ္။

ထိုင္းႏိုင္ငံမ်ား အပူခ်ိန္ျမင့္တက္မႈေၾကာင့္ လူေသဆုံးမႈအမ်ားဆုံးျဖစ္ေနတဲ့အရပ္ေဒသဟာ ႏိုင္ငံအေရွ႕ေျမာက္ပိုင္း ျဖစ္ေနၿပီး ထိုင္းအေရွ႕ပိုင္းနဲ႔ အလယ္ပိုင္းတို႔မွာလည္း ေသဆုံးျခင္းမ်ားရွိေနေၾကာင္း သိရပါတယ္။ ေသဆုံးသူ အမ်ားစုဟာ ေနပူထဲမွာ အလုပ္လုပ္ခဲ့သူေတြ၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ အရက္ကိုအလြန္ အကြၽံေသာက္သုံးသူေတြ ျဖစ္ေၾကာင္း ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက အပူခ်ိန္ျမင့္တက္ေန ျခင္းေၾကာင့္ ျပည္သူမ်ားအေနနဲ႔ ေနအလင္းေရာင္ တိုက္႐ိုက္ရတဲ့ေနရာေတြမွာ ေနထိုင္ျခင္းကို ေရွာင္ရွားဖို႔၊ အရက္ေသာက္သုံးျခင္းကိုေရွာင္ရွားဖို႔ တိုက္တြန္းထားပါတယ္။

ဒါ့အျပင္ ျပည္သူမ်ားအေနနဲ႔ ေပါ့ပါးတဲ့အဝတ္အစားေတြကို ဝတ္ဆင္ဖို႔ နဲ႔ ေရမ်ားမ်ားေသာက္ဖို႔ ထိုင္းက်န္းမာေရး ဝန္ႀကီးဌာနက အႀကံျပဳထားပါတယ္။ အာဆီယံေဒသတြင္းရွိ ႏိုင္ငံမ်ားအနက္ ျမန္မာ၊ ဖိလစ္ပိုင္၊ ကေမာၻဒီးယား၊ ဗီယက္နမ္ႏိုင္ငံတို႔မွာလည္း ၿပီးခဲ့တဲ့ ဧၿပီလအတြင္း အပူခ်ိန္ျမင့္တက္ျခင္းမ်ားကို ရင္ဆိုင္ေတြ႕ႀကဳံခဲ့ရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.