မြန်မာနိုင်ငံရှိ အိမ်၊ ခြံ၊ မြေနှင့်ပတ်သက်သောအချက်အလက်များကို တစ်နေရာထဲတွင် ရောင်းချ၊ ဝယ်ယူနိုင်မည့် MPD App မိတ်ဆက်

 1150

စော (NP News) - မေ ၅

မြန်မာနိုင်ငံရှိ အိမ်၊ ခြံ၊ မြေနှင့်ပတ်သက်သော အချက်အလက်များကို တစ်နေရာထဲတွင် ရောင်းချ၊ ဝယ်ယူနိုင်မည့် MPD App မိတ်ဆက်ပွဲကို ယနေ့ (မေလ ၅ ရက်) တွင် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်တံတားအဆင်းရှိ HOTEL KBA ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားကို Myanmar Property Dealer က ကျင်းပခဲ့ခြင်းဖြစ်ပြီး အိမ်၊ ခြံ၊ မြေလုပ်ငန်းရှင်များနှင့် တာဝန်ယူမှု တာဝန်ခံမှု အခန်းကဏ္ဍစကားဝိုင်းကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

“Myanmar Property Dealerက ဘာတွေရှိလဲဆိုရင် websiteရှိတယ်။ youtube ရှိတယ်။ app တွေ ရှိတယ်။ အဓိက က app ကို လူသိစေချင်တာ ကျွန်တော်တို့သည် Myanmar Property App ဟာဆိုရင် ရောင်းသူကော၊ ဝယ်သူကော ဘယ်သူမဆို ဒီထဲမှာ ထည့်ပြီးတော့ စိတ်ကြိုက် ကိုယ်ရဲ့ရောင်းမဲ့ဟာကိုထည့် ရောင်းလို့ ရတယ်။ အဲဒီ အတွက် ကျွန်တော်တို့ကို တစ်ပြားတစ်ချပ်မှ အခကြေးငွေပေးစရာမလိုဘူး” ဟု ဟု Myanmar Property Dealer မှ တာဝန်ရှိသူ ကိုဆလိုင်းကျော်မျိုးထွန်းက ပြောသည်။

ထို့ပြင် အဆိုပါအပလီကေးရှင်၌ မိမိရောင်းချလိုသည့် Properties’ Information နှင့် Activity, History Records များကို တစ်နေရာတည်းတွင် လုံခြုံစွာ သိမ်းထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အက်ပလီကေးရှင်းကို အသုံးပြုချင်သူများအနေဖြင့် Playstore တွင် အလွယ်တကူ ဒေါင်းလုပ်ပြုလုပ်နိုင်ပြီး IOS၊ Android မည်သည့်ဖုန်းအမျိုးအစားမဆို အခမဲ့ အသုံးပြုနိုင်ကြောင်း သိရသည်။

အဆိုပါ အက်ပလီကေးရှင်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် တရုတ်ဘာသာစကားများ ထည့်သွင်းထားသောကြောင့် အိမ်၊ ခြံ၊ မြေ ရှာဖွေနေသည့် နိုင်ငံခြားသားများအတွက်လည်း လွယ်ကူစွာ တိုက်ရိုက်ရှာဖွေနိုင်ကြောင်း သိရသည်။

ထို့ပြင် အိမ်၊ ခြံ၊ မြေလုပ်ငန်းရှင်များနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အခန်းကဏ္ဍ စကားဝိုင်းတွင် ဥပဒေပညာရှင်၊ ဥပဒေ စာရေးဆရာ၊ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဋ္ဌ ဒေါ်မို့မို့အောင်တို့က ပါဝင် ဆွေးနွေးပေးခဲ့ပြီး အခမ်းအနားကို လူဦးရေ(၁၀၀)နီးပါး တက်ရောက်ခဲ့သည်။

Zawgyi Version;
ျမန္မာႏိုင္ငံရွိ အိမ္၊ ၿခံ၊ ေျမႏွင့္ပတ္သက္ေသာအခ်က္အလက္မ်ားကို တစ္ေနရာထဲတြင္ ေရာင္းခ်၊ ဝယ္ယူႏိုင္မည့္ MPD App မိတ္ဆက္
ေစာ (NP News) - ေမ ၅

ျမန္မာႏိုင္ငံရွိ အိမ္၊ ၿခံ၊ ေျမႏွင့္ပတ္သက္ေသာ အခ်က္အလက္မ်ားကို တစ္ေနရာထဲတြင္ ေရာင္းခ်၊ ဝယ္ယူႏိုင္မည့္ MPD App မိတ္ဆက္ပြဲကို ယေန႔ (ေမလ ၅ ရက္) တြင္ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊဂုံတိုင္တံတားအဆင္းရွိ HOTEL KBA ၌ က်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါ အခမ္းအနားကို Myanmar Property Dealer က က်င္းပခဲ့ျခင္းျဖစ္ၿပီး အိမ္၊ ၿခံ၊ ေျမလုပ္ငန္းရွင္မ်ားႏွင့္ တာဝန္ယူမႈ တာဝန္ခံမႈ အခန္းက႑စကားဝိုင္းကိုလည္း ထည့္သြင္းက်င္းပခဲ့သည္။

“Myanmar Property Dealerက ဘာေတြရွိလဲဆိုရင္ websiteရွိတယ္။ youtube ရွိတယ္။ app ေတြ ရွိတယ္။ အဓိက က app ကို လူသိေစခ်င္တာ ကြၽန္ေတာ္တို႔သည္ Myanmar Property App ဟာဆိုရင္ ေရာင္းသူေကာ၊ ဝယ္သူေကာ ဘယ္သူမဆို ဒီထဲမွာ ထည့္ၿပီးေတာ့ စိတ္ႀကိဳက္ ကိုယ္ရဲ႕ေရာင္းမဲ့ဟာကိုထည့္ ေရာင္းလို႔ ရတယ္။ အဲဒီ အတြက္ ကြၽန္ေတာ္တို႔ကို တစ္ျပားတစ္ခ်ပ္မွ အခေၾကးေငြေပးစရာမလိုဘူး” ဟု ဟု Myanmar Property Dealer မွ တာဝန္ရွိသူ ကိုဆလိုင္းေက်ာ္မ်ိဳးထြန္းက ေျပာသည္။

ထို႔ျပင္ အဆိုပါအပလီေကးရွင္၌ မိမိေရာင္းခ်လိုသည့္ Properties’ Information ႏွင့္ Activity, History Records မ်ားကို တစ္ေနရာတည္းတြင္ လုံၿခဳံစြာ သိမ္းထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အက္ပလီေကးရွင္းကို အသုံးျပဳခ်င္သူမ်ားအေနျဖင့္ Playstore တြင္ အလြယ္တကူ ေဒါင္းလုပ္ျပဳလုပ္ႏိုင္ၿပီး IOS၊ Android မည္သည့္ဖုန္းအမ်ိဳးအစားမဆို အခမဲ့ အသုံးျပဳႏိုင္ေၾကာင္း သိရသည္။

အဆိုပါ အက္ပလီေကးရွင္းတြင္ ျမန္မာစာ၊ အဂၤလိပ္စာ ႏွင့္ တ႐ုတ္ဘာသာစကားမ်ား ထည့္သြင္းထားေသာေၾကာင့္ အိမ္၊ ၿခံ၊ ေျမ ရွာေဖြေနသည့္ ႏိုင္ငံျခားသားမ်ားအတြက္လည္း လြယ္ကူစြာ တိုက္႐ိုက္ရွာေဖြႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ အိမ္၊ ၿခံ၊ ေျမလုပ္ငန္းရွင္မ်ားႏွင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈ အခန္းက႑ စကားဝိုင္းတြင္ ဥပေဒပညာရွင္၊ ဥပေဒ စာေရးဆရာ၊ ျမန္မာႏိုင္ငံ အိမ္၊ ၿခံ၊ ေျမဝန္ေဆာင္မႈအသင္း ဗဟိုဥကၠ႒ ေဒၚမို႔မို႔ေအာင္တို႔က ပါဝင္ ေဆြးေႏြးေပးခဲ့ၿပီး အခမ္းအနားကို လူဦးေရ(၁၀၀)နီးပါး တက္ေရာက္ခဲ့သည္။

Related news

© 2021. All rights reserved.