ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၅၆ ဦးအထိ မြင့်တက်လာ

 111

ALynn (NP News) - မေ ၅

ဘရာဇီးနိုင်ငံ တောင်ဘက်စွန်း Rio Grande do Sul တွင် ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၅၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက စနေနေ့ (မေလ ၄ ရက်) ညနေပိုင်းတွင် ပြောကြားခဲ့သည်။

Rio Grande do Sul ၏ အရပ်ဘက် ကာကွယ်ရေးအာဏာပိုင်များက ဥရုဂွေး နှင့် အာဂျင်တီးနားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်ရှိ မြို့ပေါင်း ၄၉၇ ခု၏ သုံးပုံနှစ်ပုံနီးပါးတွင် မုန်တိုင်းကြောင့် လူ ၇၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး လူပေါင်း ၆၉,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

နောက်ထပ်သေဆုံးသူ ခုနစ်ဦးလည်းရှိနေပြီး ၎င်းတို့သည် မုန်တိုင်းကြောင့် သေဆုံးမှုနှင့် ဆက်နွယ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့ပြီး အဆိုပါနေ့ အစောပိုင်းတွင်ပင် သေဆုံးသူ စုစုပေါင်း ၅၅ ဦးထက်မနည်း ရှိလာကြောင်း သိရသည်။

ရေကြီးမှုကြောင့် နိုင်ငံ၏ ဒေသအသီးသီးရှိ လမ်းတံတားများ ပျက်စီးခဲ့ရသည်။ မုန်တိုင်းကြောင့် မြေပြိုမှုများနှင့် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိသော ရေကာတာမှာ တစ်စိတ်တစ်ပိုင်းပြိုကျမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် Bento Goncalves မြို့ရှိ ဒုတိယဆည်တစ်ခုလည်း ပြိုကျနိုင်ခြေရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဘရာဇီးတောင်ပိုင်းရှိ Rio Grande do Sul ဒေသ၏ Porto Alegre မြို့တွင် Guaiba ရေကန်မှာ ကမ်းပါးများပြိုကျပြီး လမ်းများပေါ်သို့ ရေများလျှံလာခဲ့သည်။ Porto Alegre ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်သည်လည်း ပျံသန်းမှုအားလုံးကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားရသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Eduardo Leite က Rio Grande do Sul ဒေသသည် မုန်တိုင်းများနှင့် ၎င်း၏ အကျိုးသက်ရောက်မှုများကို ကုစားရန် ဒုတိယကမ္ဘာစစ်ပြီးနောက် ဥရောပစီးပွားရေးကို ပြန်လည်နာလန်ထူစေခဲ့သည့် "Marshall Plan" အစီအစဉ်မျိုးကို လိုအပ်မည်ဖြစ်ကြောင်း စနေနေ့ ညနေပိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဘရာဇီးသမ္မတ Lula က ၎င်း၏ အစိုးရသည် ဒေသဆိုင်ရာ လိုအပ်မှုမှန်သမျှကို ပံ့ပိုးပေးရန်အတွက် ပြည်နယ်နှင့် မြို့များရှိ အာဏာပိုင်များနှင့် အဆက်မပြတ်ဆက်သွယ်နေကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့အထိ ပြည်နယ်မြောက်ပိုင်း နှင့် အရှေ့မြောက်ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသော်လည်း မိုးရွာသွန်းမှုပမာဏမှာ ကျဆင်းသွားမည်ဖြစ်ကြောင်း ပြည်နယ်မိုးလေဝသဌာနမှ ဖော်ပြထားသည်။

Zawgyi Version;
ဘရာဇီးႏိုင္ငံ ေတာင္ပိုင္းတြင္ မိုး႐ြာသြန္းမႈေၾကာင့္ ေသဆုံးသူ ၅၆ ဦးအထိ ျမင့္တက္လာ
ALynn (NP News) - ေမ ၅

ဘရာဇီးႏိုင္ငံ ေတာင္ဘက္စြန္း Rio Grande do Sul တြင္ ယခုသီတင္းပတ္အတြင္း မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ လူ ၅၅ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း ေဒသဆိုင္ရာအာဏာပိုင္မ်ားက စေနေန႔ (ေမလ ၄ ရက္) ညေနပိုင္းတြင္ ေျပာၾကားခဲ့သည္။

Rio Grande do Sul ၏ အရပ္ဘက္ ကာကြယ္ေရးအာဏာပိုင္မ်ားက ဥ႐ုေဂြး ႏွင့္ အာဂ်င္တီးနားႏိုင္ငံတို႔ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ ျပည္နယ္ရွိ ၿမိဳ႕ေပါင္း ၄၉၇ ခု၏ သုံးပုံႏွစ္ပုံနီးပါးတြင္ မုန္တိုင္းေၾကာင့္ လူ ၇၄ ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ၿပီး လူေပါင္း ၆၉,၀၀၀ ေက်ာ္ ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္း ေျပာၾကားခဲ့သည္။

ေနာက္ထပ္ေသဆုံးသူ ခုနစ္ဦးလည္းရွိေနၿပီး ၎တို႔သည္ မုန္တိုင္းေၾကာင့္ ေသဆုံးမႈႏွင့္ ဆက္ႏြယ္မႈ ရွိ၊ မရွိ စုံစမ္းစစ္ေဆးေနေၾကာင္း ေဒသဆိုင္ရာအာဏာပိုင္မ်ားက ေျပာၾကားခဲ့ၿပီး အဆိုပါေန႔ အေစာပိုင္းတြင္ပင္ ေသဆုံးသူ စုစုေပါင္း ၅၅ ဦးထက္မနည္း ရွိလာေၾကာင္း သိရသည္။

ေရႀကီးမႈေၾကာင့္ ႏိုင္ငံ၏ ေဒသအသီးသီးရွိ လမ္းတံတားမ်ား ပ်က္စီးခဲ့ရသည္။ မုန္တိုင္းေၾကာင့္ ေျမၿပိဳမႈမ်ားႏွင့္ အေသးစားေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံရွိေသာ ေရကာတာမွာ တစ္စိတ္တစ္ပိုင္းၿပိဳက်မႈမ်ားလည္း ျဖစ္ေပၚခဲ့သည္။

ထို႔ျပင္ Bento Goncalves ၿမိဳ႕ရွိ ဒုတိယဆည္တစ္ခုလည္း ၿပိဳက်ႏိုင္ေျခရွိေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ ဘရာဇီးေတာင္ပိုင္းရွိ Rio Grande do Sul ေဒသ၏ Porto Alegre ၿမိဳ႕တြင္ Guaiba ေရကန္မွာ ကမ္းပါးမ်ားၿပိဳက်ၿပီး လမ္းမ်ားေပၚသို႔ ေရမ်ားလွ်ံလာခဲ့သည္။ Porto Alegre ၏ အျပည္ျပည္ဆိုင္ရာေလဆိပ္သည္လည္း ပ်ံသန္းမႈအားလုံးကို ရက္အကန႔္အသတ္မရွိ ဆိုင္းငံ့ထားရသည္။

ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Eduardo Leite က Rio Grande do Sul ေဒသသည္ မုန္တိုင္းမ်ားႏွင့္ ၎၏ အက်ိဳးသက္ေရာက္မႈမ်ားကို ကုစားရန္ ဒုတိယကမာၻစစ္ၿပီးေနာက္ ဥေရာပစီးပြားေရးကို ျပန္လည္နာလန္ထူေစခဲ့သည့္ "Marshall Plan" အစီအစဥ္မ်ိဳးကို လိုအပ္မည္ျဖစ္ေၾကာင္း စေနေန႔ ညေနပိုင္းတြင္ သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။

ဘရာဇီးသမၼတ Lula က ၎၏ အစိုးရသည္ ေဒသဆိုင္ရာ လိုအပ္မႈမွန္သမွ်ကို ပံ့ပိုးေပးရန္အတြက္ ျပည္နယ္ႏွင့္ ၿမိဳ႕မ်ားရွိ အာဏာပိုင္မ်ားႏွင့္ အဆက္မျပတ္ဆက္သြယ္ေနေၾကာင္း ေျပာၾကားခဲ့သည္။

တနလၤာေန႔အထိ ျပည္နယ္ေျမာက္ပိုင္း ႏွင့္ အေရွ႕ေျမာက္ပိုင္းေဒသမ်ားတြင္ မိုး႐ြာသြန္းႏိုင္သည္ဟု ခန႔္မွန္းထားေသာ္လည္း မိုး႐ြာသြန္းမႈပမာဏမွာ က်ဆင္းသြားမည္ျဖစ္ေၾကာင္း ျပည္နယ္မိုးေလဝသဌာနမွ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.