အာဂျင်တီးနားသမ္မတ၏ စပိန်ခရီးစဉ်မတိုင်မီ အာဂျင်တီးနား နှင့် စပိန်အကြား သံတမန်ရေး ကတောက်ကဆ ဖြစ်ပွားလာ

 206

ALynn (NP News) - မေ ၅

စပိန်နှင့် အာဂျင်တီးနားတို့သည် ၎င်းတို့၏ သံတမန်ရေးအရ တင်းမာမှုများကို ဦးတည်စေမည့် မူးယစ်ဆေးဝါး သုံးစွဲမှု နှင့် စီးပွားရေးကျဆင်းမှုတို့ကို စောင်းမြောင်းပြောဆိုခဲ့ကြသည်။
သောကြာနေ့ (မေလ ၃ ရက်) က Salamanca တွင် ကျင်းပသော ဆွေးနွေးပွဲတစ်ခုအတွင်း စပိန်သယ်ယူ ပို့ဆောင်ရေးဝန်ကြီး Oscar Puente က ပြီးခဲ့သောနှစ် ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အာဂျင်တီးနားသမ္မတ Javier Milei သည် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း ပြောဆိုပြီးနောက် နှစ်နိုင်ငံ အချင်းများမှု စတင်ခဲ့သည်။

မဲဆွယ်စည်းရုံးစဉ်အတွင်း "Milei ကိုရုပ်မြင်သံကြားတွင်မြင်ခဲ့ကြောင်း၊ ထိုအချိန်က Milei သည် မူးယစ်ဆေးကို သုံးစွဲပြီးချိန်လား မသုံးစွဲရသေးချိန်လားတော့ အသေအချာမသိပါကြောင်း" Puente က ဆိုရှယ်လစ်ပါတီ ညီလာခံတွင်ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက Milei အား ရာထူးမြင့် ပုဂ္ဂိုလ်များထဲ၌ “အလွန်ဆိုးသောလူများ” စာရင်းတွင် ထည့်သွင်းခဲ့သည်။ Milei ၏ ရုံးသည် အဆိုပါမှတ်ချက်ကို ရှုတ်ချကြောင်း နှင့် စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်ကိုလည်း စနေနေ့ (မေလ ၄ ရက်) က တုံ့ပြန်ခဲ့သည်။
“ဆန်းချက်ဇ်သည် တရားမ၀င်လူဝင်မှုကြီးကြပ်ရေးကို ခွင့်ပြုခြင်းဖြင့် စပိန်အမျိုးသမီးများကို အန္တရာယ်ဖြစ်စေ ကြောင်း၊ ခွဲထွက်ရေးသမားများ နှင့် သဘောတူညီချက်များပြုလုပ်ခြင်းဖြင့် စပိန်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ၎င်း၏ လက်ဝဲယိမ်းမူဝါဒများက သေဆုံးမှုနှင့် ဆင်းရဲမွဲတေမှုကိုသာ ယူဆောင်လာကြောင်း” တုံ့ပြန်ဖော်ပြခဲ့သည်။

“စပိန်အစိုးရက အခြေအမြစ်မရှိသော စကားလုံးများသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ထင်ဟပ်ခြင်း မရှိကြောင်း” စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ "အစိုးရ နှင့် စပိန်ပြည်သူများသည် အာဂျင်တီးနားလူမျိုးများ နှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပြီး ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေလိုကြောင်း" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ကောင်းမွန်သောဆက်ဆံရေး မရှိခဲ့ပါ။ ဆန်းချက်ဇ်သည် အာဂျင်တီးနား ရွေးကောက်ပွဲကာလအတွင်း Milei ၏ ပြိုင်ဘက် Sergio Massa ကို ထောက်ခံအားပေးခဲ့ပြီး Milei အနိုင်ရခဲ့ချိန်တွင် လည်း နှစ်နိုင်ငံအကြားထိတွေ့ဆက်ဆံမှုမရှိခဲ့ပေ။ Milei သည် စပိန်တွင်ကျင်းပမည့် လက်ယာစွန်း Vox party ၏ အခမ်းအနားသို့တက်ရောက်မည်ဖြစ်သော်လည်း ဝန်ကြီးချုပ်ဆန်းချက်ဇ် နှင့် တွေ့ဆုံသွားမည် မဟုတ်ပါ။

Zawgyi Version;
အာဂ်င္တီးနားသမၼတ၏ စပိန္ခရီးစဥ္မတိုင္မီ အာဂ်င္တီးနား ႏွင့္ စပိန္အၾကား သံတမန္ေရး ကေတာက္ကဆ ျဖစ္ပြားလာ
ALynn (NP News) - ေမ ၅

စပိန္ႏွင့္ အာဂ်င္တီးနားတို႔သည္ ၎တို႔၏ သံတမန္ေရးအရ တင္းမာမႈမ်ားကို ဦးတည္ေစမည့္ မူးယစ္ေဆးဝါး သုံးစြဲမႈ ႏွင့္ စီးပြားေရးက်ဆင္းမႈတို႔ကို ေစာင္းေျမာင္းေျပာဆိုခဲ့ၾကသည္။
ေသာၾကာေန႔ (ေမလ ၃ ရက္) က Salamanca တြင္ က်င္းပေသာ ေဆြးေႏြးပြဲတစ္ခုအတြင္း စပိန္သယ္ယူ ပို႔ေဆာင္ေရးဝန္ႀကီး Oscar Puente က ၿပီးခဲ့ေသာႏွစ္ ေ႐ြးေကာက္ပြဲမဲဆြယ္ကာလအတြင္း အာဂ်င္တီးနားသမၼတ Javier Milei သည္ မူးယစ္ေဆးဝါး သုံးစြဲထားေၾကာင္း ေျပာဆိုၿပီးေနာက္ ႏွစ္ႏိုင္ငံ အခ်င္းမ်ားမႈ စတင္ခဲ့သည္။

မဲဆြယ္စည္း႐ုံးစဥ္အတြင္း "Milei ကို႐ုပ္ျမင္သံၾကားတြင္ျမင္ခဲ့ေၾကာင္း၊ ထိုအခ်ိန္က Milei သည္ မူးယစ္ေဆးကို သုံးစြဲၿပီးခ်ိန္လား မသုံးစြဲရေသးခ်ိန္လားေတာ့ အေသအခ်ာမသိပါေၾကာင္း" Puente က ဆိုရွယ္လစ္ပါတီ ညီလာခံတြင္ေျပာၾကားခဲ့သည္။
ထို႔ျပင္ ၎က Milei အား ရာထူးျမင့္ ပုဂၢိဳလ္မ်ားထဲ၌ “အလြန္ဆိုးေသာလူမ်ား” စာရင္းတြင္ ထည့္သြင္းခဲ့သည္။ Milei ၏ ႐ုံးသည္ အဆိုပါမွတ္ခ်က္ကို ရႈတ္ခ်ေၾကာင္း ႏွင့္ စပိန္ဝန္ႀကီးခ်ဳပ္ ဆန္းခ်က္ဇ္ကိုလည္း စေနေန႔ (ေမလ ၄ ရက္) က တုံ႔ျပန္ခဲ့သည္။
“ဆန္းခ်က္ဇ္သည္ တရားမ၀င္လူဝင္မႈႀကီးၾကပ္ေရးကို ခြင့္ျပဳျခင္းျဖင့္ စပိန္အမ်ိဳးသမီးမ်ားကို အႏၲရာယ္ျဖစ္ေစ ေၾကာင္း၊ ခြဲထြက္ေရးသမားမ်ား ႏွင့္ သေဘာတူညီခ်က္မ်ားျပဳလုပ္ျခင္းျဖင့္ စပိန္၏ ဂုဏ္သိကၡာကို ထိခိုက္ေစၿပီး ၎၏ လက္ဝဲယိမ္းမူဝါဒမ်ားက ေသဆုံးမႈႏွင့္ ဆင္းရဲမြဲေတမႈကိုသာ ယူေဆာင္လာေၾကာင္း” တုံ႔ျပန္ေဖာ္ျပခဲ့သည္။

“စပိန္အစိုးရက အေျခအျမစ္မရွိေသာ စကားလုံးမ်ားသည္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို ထင္ဟပ္ျခင္း မရွိေၾကာင္း” စပိန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ "အစိုးရ ႏွင့္ စပိန္ျပည္သူမ်ားသည္ အာဂ်င္တီးနားလူမ်ိဳးမ်ား ႏွင့္ ေဆြမ်ိဳးေပါက္ေဖာ္ ဆက္ဆံေရးကို ထိန္းသိမ္းထားလိုၿပီး ခ်စ္ၾကည္ရင္းႏွီးမႈ ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုခိုင္မာေစလိုေၾကာင္း" ဟု ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

သို႔ေသာ္ ႏွစ္ႏိုင္ငံ ေခါင္းေဆာင္မ်ားအၾကား ေကာင္းမြန္ေသာဆက္ဆံေရး မရွိခဲ့ပါ။ ဆန္းခ်က္ဇ္သည္ အာဂ်င္တီးနား ေ႐ြးေကာက္ပြဲကာလအတြင္း Milei ၏ ၿပိဳင္ဘက္ Sergio Massa ကို ေထာက္ခံအားေပးခဲ့ၿပီး Milei အႏိုင္ရခဲ့ခ်ိန္တြင္ လည္း ႏွစ္ႏိုင္ငံအၾကားထိေတြ႕ဆက္ဆံမႈမရွိခဲ့ေပ။ Milei သည္ စပိန္တြင္က်င္းပမည့္ လက္ယာစြန္း Vox party ၏ အခမ္းအနားသို႔တက္ေရာက္မည္ျဖစ္ေသာ္လည္း ဝန္ႀကီးခ်ဳပ္ဆန္းခ်က္ဇ္ ႏွင့္ ေတြ႕ဆုံသြားမည္ မဟုတ္ပါ။

Related news

© 2021. All rights reserved.