၂ဝ၂ဝ ပြည့်နှစ်အတွင်း အမေရိကန်မှာ မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှု (သို့မဟုတ်) သေနတ်နဲ့ အကြမ်းဖက်မှုကြောင့် ကလေးအယောက် ၁ဝဝ,ဝဝဝ နီးပါး မိဘဆုံးရှုံးနေရ

 390

ရောင်နီ (NP News) - မေ ၅

ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်မှာ မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုနဲ့ သေနတ်ကိုင်အကြမ်းဖက်မှုကြောင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့ပြီး ကလေးတွေမှာ မိဘဆုံးရှုံးရမှု ပိုများလာခဲ့တယ်လို့ သုတေသီတွေရဲ့လေ့လာမှုတစ်ခုအရ သိရပါတယ်။

ယေဘုယျအားဖြင့် လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှု သို့မဟုတ် သေနတ်နဲ့ အကြမ်းဖက်မှုကြောင့် ကလေး ၁ သန်းကျော်လောက် မိဘတစ်ဦးစီ ဆုံးရှုံးခဲ့ရတယ်လို့ စနေနေ့(မေလ ၄ ရက်) က ထုတ်ဝေတဲ့ ဆေးပညာဂျာနယ် JAMA မှ ဖော်ပြခဲ့တဲ့လေ့လာမှုအရ သိရပါတယ်။

၂ဝ၂ဝ ပြည့်နှစ်တစ်ခုတည်းမှာပဲ ကလေးဦးရေ ၁၀၀,၀၀၀ ခန့်ရဲ်မိဘတွေဟာ မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှု (သို့မဟုတ်) သေနတ်အကြမ်းဖက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်ထက် မိဘဆုံးရှုံးမှု သုံးဆနီးပါး ပိုများလာတယ်လို့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုမှာ မူးယစ်ဆေးဝါး (သို့မဟုတ်) သေနတ်ကြောင့် မိဘသေဆုံးသွားတဲ့ ကလေးအရေအတွက် တိုက်ရိုက်ဒေတာ မရရှိနိုင်တာကြောင့် သုတေသီတွေက ဖက်ဒရယ် သေဆုံးမှုဒေတာ၊ မွေးဖွားမှုဒေတာ၊ လူဦးရေစာရင်း၊ မူးယစ်ဆေးဝါး (သို့မဟုတ်) သေနတ်ခဲ့သူ အရေအတွက်တို့ကို ခွဲခြမ်းစိတ်ဖြာပြီး ခန့်မှန်းခဲ့တယ်လို့ သိရပါတယ်။

၂ဝ၂ဝ ျပည့္ႏွစ္အတြင္း အေမရိကန္မွာ မူးယစ္ေဆး အလြန္အကြၽံသုံးစြဲမႈ (သို႔မဟုတ္) ေသနတ္နဲ႔ အၾကမ္းဖက္မႈေၾကာင့္ ကေလးအေယာက္ ၁ဝဝ,ဝဝဝ နီးပါး မိဘဆုံးရႈံးေနရ
ေရာင္နီ (NP News) - ေမ ၅

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အေမရိကန္မွာ မူးယစ္ေဆးအလြန္အကြၽံသုံးစြဲမႈနဲ႔ ေသနတ္ကိုင္အၾကမ္းဖက္မႈေၾကာင့္ ေသဆုံးမႈ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး ကေလးေတြမွာ မိဘဆုံးရႈံးရမႈ ပိုမ်ားလာခဲ့တယ္လို႔ သုေတသီေတြရဲ႕ေလ့လာမႈတစ္ခုအရ သိရပါတယ္။

ေယဘုယ်အားျဖင့္ လြန္ခဲ့တဲ့ဆယ္စုႏွစ္ႏွစ္ခုအတြင္း မူးယစ္ေဆး အလြန္အကြၽံသုံးစြဲမႈ သို႔မဟုတ္ ေသနတ္နဲ႔ အၾကမ္းဖက္မႈေၾကာင့္ ကေလး ၁ သန္းေက်ာ္ေလာက္ မိဘတစ္ဦးစီ ဆုံးရႈံးခဲ့ရတယ္လို႔ စေနေန႔(ေမလ ၄ ရက္) က ထုတ္ေဝတဲ့ ေဆးပညာဂ်ာနယ္ JAMA မွ ေဖာ္ျပခဲ့တဲ့ေလ့လာမႈအရ သိရပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္တစ္ခုတည္းမွာပဲ ကေလးဦးေရ ၁၀၀,၀၀၀ ခန္႔ရဲ္မိဘေတြဟာ မူးယစ္ေဆးအလြန္အကြၽံသုံးစြဲမႈ (သို႔မဟုတ္) ေသနတ္အၾကမ္းဖက္မႈနဲ႔ ေသဆုံးမႈေတြ ရွိခဲ့ၿပီး ၁၉၉၉ ခုႏွစ္ထက္ မိဘဆုံးရႈံးမႈ သုံးဆနီးပါး ပိုမ်ားလာတယ္လို႔ ေလ့လာမႈက ေတြ႕ရွိခဲ့ပါတယ္။

ဒီေလ့လာမႈမွာ မူးယစ္ေဆးဝါး (သို႔မဟုတ္) ေသနတ္ေၾကာင့္ မိဘေသဆုံးသြားတဲ့ ကေလးအေရအတြက္ တိုက္႐ိုက္ေဒတာ မရရွိႏိုင္တာေၾကာင့္ သုေတသီေတြက ဖက္ဒရယ္ ေသဆုံးမႈေဒတာ၊ ေမြးဖြားမႈေဒတာ၊ လူဦးေရစာရင္း၊ မူးယစ္ေဆးဝါး (သို႔မဟုတ္) ေသနတ္ခဲ့သူ အေရအတြက္တို႔ကို ခြဲျခမ္းစိတ္ျဖာၿပီး ခန္႔မွန္းခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.