သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့မှာ ဓားနဲ့ ရမ်းကားမှုပြုလုပ်နေတဲ့ ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်

 503

ရောင်နီ (NP News) - မေ ၆

ဩစတြေးလျ အနောက်ပိုင်း၊ ပါ့သ်မြို့မှာ ဓားနဲ့ရမ်းကားမှုပြုလုပ်ခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပါတယ်။

ပါ့သ်မြို့ တောင်ဘက်၊ ဝီလီတန်အသိုင်းအဝိုင်းရှိ ဒေသခံ သတင်းပလက်ဖောင်းတွေပေါ်မှာ အဆိုပါ သတင်းဟာ ပြန့်နှံ့နေခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ မေလ ၄ ရက်နေ့ ည ၁၁ နာရီ ၃ဝ မိနစ်ခန့်က High Street မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ ဓားကိုင်ဆောင်ထားတဲ့လူငယ်တစ်ဦးဟာ လမ်းပေါ်မှာ အခြားလူတစ်ဦးကို လိုက်ဖမ်းကာ ဓားနဲ့ခြိမ်းခြောက်နေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ News.com.au ရဲ့ဖော်ပြချက်အရ အသက် ၁၆ နှစ်အရွယ် သံသယရှိသူဟာ အရှည် ၃၀ စင်တီမီတာရှိ မီးဖိုချောင်သုံးလို့ ယူဆရတဲ့ ဓားတစ်လက်နဲ့ လူတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲအရာရှိတွေက ဆယ်ကျော်သက်ကို လက်ထဲက ဓား ချလိုက်ဖို့ ညွှန်ကြားခဲ့ပေမယ့် ၎င်းက ငြင်းဆန်ပြီး ဓားကို ရဲတပ်ဖွဲ့ဆီ ပစ်ပေါက်လိုက်ချိန်မှာ ရဲအရာရှိနှစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခဲ့ပါတယ်။ အဆိုပါ ဆယ်ကျော်သက်ဟာ သေနတ်ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ၎င်းကို "စိတ်ကျန်းမာရေးပြဿနာ" ရှိသူအဖြစ် ယူဆထားပါတယ်။

ဧပြီ ၁၃ ရက်ကလည်း ဆစ်ဒနီမြို့ ကုန်တိုက်တစ်ခုမှာ ဓားနဲ့ တိုက်ခိုက်ခံရမှုကြောင့် လူခြောက်ဦး သေဆုံးပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်ကလည်း ဘုရားကျောင်းတစ်ခုမှာ ဓားနဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဘုန်းတော်ကြီးတစ်ဦး အပါအဝင် လူလေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ၾသစေၾတးလ်ႏိုင္ငံ၊ ပါ့သ္ၿမိဳ႕မွာ ဓားနဲ႔ ရမ္းကားမႈျပဳလုပ္ေနတဲ့ ၁၆ ႏွစ္အ႐ြယ္ လူငယ္တစ္ဦးကို ရဲတပ္ဖြဲ႕က ပစ္သတ္
ေရာင္နီ (NP News) - ေမ ၆

ဩစေၾတးလ် အေနာက္ပိုင္း၊ ပါ့သ္ၿမိဳ႕မွာ ဓားနဲ႔ရမ္းကားမႈျပဳလုပ္ခဲ့တဲ့ ဆယ္ေက်ာ္သက္တစ္ဦးကို ရဲတပ္ဖြဲ႕က ပစ္သတ္ခဲ့ပါတယ္။

ပါ့သ္ၿမိဳ႕ ေတာင္ဘက္၊ ဝီလီတန္အသိုင္းအဝိုင္းရွိ ေဒသခံ သတင္းပလက္ေဖာင္းေတြေပၚမွာ အဆိုပါ သတင္းဟာ ျပန္႔ႏွံ႔ေနခဲ့ပါတယ္။ အဆိုပါျဖစ္စဥ္ကေတာ့ ေမလ ၄ ရက္ေန႔ ည ၁၁ နာရီ ၃ဝ မိနစ္ခန႔္က High Street မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

မ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္အရ ဓားကိုင္ေဆာင္ထားတဲ့လူငယ္တစ္ဦးဟာ လမ္းေပၚမွာ အျခားလူတစ္ဦးကို လိုက္ဖမ္းကာ ဓားနဲ႔ၿခိမ္းေျခာက္ေနခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ News.com.au ရဲ႕ေဖာ္ျပခ်က္အရ အသက္ ၁၆ ႏွစ္အ႐ြယ္ သံသယရွိသူဟာ အရွည္ ၃၀ စင္တီမီတာရွိ မီးဖိုေခ်ာင္သုံးလို႔ ယူဆရတဲ့ ဓားတစ္လက္နဲ႔ လူတစ္ဦးကို သတ္ျဖတ္ခဲ့တယ္လို႔ ဆိုပါတယ္။

ရဲအရာရွိေတြက ဆယ္ေက်ာ္သက္ကို လက္ထဲက ဓား ခ်လိုက္ဖို႔ ၫႊန္ၾကားခဲ့ေပမယ့္ ၎က ျငင္းဆန္ၿပီး ဓားကို ရဲတပ္ဖြဲ႕ဆီ ပစ္ေပါက္လိုက္ခ်ိန္မွာ ရဲအရာရွိႏွစ္ေယာက္က သူ႔ကို ေသနတ္နဲ႔ပစ္ခဲ့ပါတယ္။ အဆိုပါ ဆယ္ေက်ာ္သက္ဟာ ေသနတ္ဒဏ္ရာနဲ႔ ေဆး႐ုံမွာ ေသဆုံးသြားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က ၎ကို "စိတ္က်န္းမာေရးျပႆနာ" ရွိသူအျဖစ္ ယူဆထားပါတယ္။

ဧၿပီ ၁၃ ရက္ကလည္း ဆစ္ဒနီၿမိဳ႕ ကုန္တိုက္တစ္ခုမွာ ဓားနဲ႔ တိုက္ခိုက္ခံရမႈေၾကာင့္ လူေျခာက္ဦး ေသဆုံးပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ရက္ကလည္း ဘုရားေက်ာင္းတစ္ခုမွာ ဓားနဲ႔ တိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး ဘုန္းေတာ္ႀကီးတစ္ဦး အပါအဝင္ လူေလးဦးထက္မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.