အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးကြတဲ့နေရာတွေမှာ ကျန်ခဲ့တဲ့ အိမ်မွေး တိရစ္ဆာန်တွေ ပြန်လည်ကယ်ဆယ်ခံရ

 82

ရောင်နီ (NP News) - မေ ၆

ဧပြီလ ၁၆ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ရူအန် မီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနီးဝန်းကျင် နေထိုင်သူများ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

အခုအချိန်မှာတော့ အဆိုပါနေရာတွေမှာ ကျန်ရစ်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စေတနာ့ဝန်ထမ်းအဖွဲ့တွေက ပြန်လည်ကယ်ဆယ်ရေးတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် အိမ်မွေးတိရိစ္ဆာန်တွေ အသက်ရှင်၊ မရှင် သေချာမပြောနိုင်ပေမယ့် အသက်ရှင်ခဲ့တယ်ဆိုရင် ကယ်ဆယ်နိုင်အောင် ရည်ရွယ်တယ်လို့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကယ်ဆယ်ရေး ပထမ မစ်ရှင်မှာ ရေမြောင်းထဲ ပုန်းအောင်းနေုခင်းကြောင့် အသက်ရှင်ခဲ့တဲ့ ခွေးကလေးတစ်ကောင်၊ ကြောင်ဖြူတစ်ကောင်နဲ့ စိမ်းပြာရောင်၊ အဖြူရောင် ရောထားတဲ့ အပူပိုင်းဒေသ ငှက်တစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်အချို့ကလည်း ၎င်းတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ လူမှုမီဒီယာမှာ အပြင်းအထန်တောင်းဆိုခဲ့ကြတာကြောင့် တိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းများနဲ့ ဖွဲ့စည်းထားတဲ့အဆိုပါအဖွဲ့က မေလ ၃ ရက်မှာ ဒုတိယအကြိမ်အဖြစ် တပ်ဖြန့်ရှာဖွေခဲ့ပါတယ်။
မေလ ၃ ရက်က တပ်ဖြန့်ရှာဖွေရာမှာ တိရစ္ဆာန် တစ်ဒါဇင်ကျော် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


မေလ ၄ ရက်အထိအတွင်း အဆိုပါမီးတောင်ပေါက်ကွဲမှုနေရာမှ လူပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး နေထိုင်သူ ၈၀၀ ကျော်ကတော့ မူရင်းနေရပ်ကိုပြန်လာလို့ ရတော့မှာ မဟုတ်ဘဲ အမြဲတမ်းနေရမယ့်နေရာသစ်ကို ရွှေ့ပြောင်းရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ပင်လယ်ထဲ ပြိုကျလာတဲ့ မီးတောင်ပေါက်ကွဲမှုအပျက်အစီးများကြောင့် ဆူနာမီများ ဖြစ်နိုင်ကြောင်းလည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

Zawgyi Version;
အင္ဒိုနီးရွား မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေနအိမ္စြန႔္ခြာ ထြက္ေျပးၾကတဲ့ေနရာေတြမွာ က်န္ခဲ့တဲ့ အိမ္ေမြး တိရစာၦန္ေတြ ျပန္လည္ကယ္ဆယ္ခံရ
ေရာင္နီ (NP News) - ေမ ၆

ဧၿပီလ ၁၆ ရက္က အင္ဒိုနီးရွားႏိုင္ငံ၊ ႐ူအန္ မီးေတာင္ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး အနီးဝန္းက်င္ ေနထိုင္သူမ်ား ေနအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရပါတယ္။

အခုအခ်ိန္မွာေတာ့ အဆိုပါေနရာေတြမွာ က်န္ရစ္ခဲ့တဲ့ အိမ္ေမြးတိရစာၦန္ေတြကို ေစတနာ့ဝန္ထမ္းအဖြဲ႕ေတြက ျပန္လည္ကယ္ဆယ္ေရးေတြ လုပ္ေပးေနတယ္လို႔ သိရပါတယ္။ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ အိမ္ေမြးတိရိစာၦန္ေတြ အသက္ရွင္၊ မရွင္ ေသခ်ာမေျပာႏိုင္ေပမယ့္ အသက္ရွင္ခဲ့တယ္ဆိုရင္ ကယ္ဆယ္ႏိုင္ေအာင္ ရည္႐ြယ္တယ္လို႔ ေစတနာ့ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

ကယ္ဆယ္ေရး ပထမ မစ္ရွင္မွာ ေရေျမာင္းထဲ ပုန္းေအာင္းေနုခင္းေၾကာင့္ အသက္ရွင္ခဲ့တဲ့ ေခြးကေလးတစ္ေကာင္၊ ေၾကာင္ျဖဴတစ္ေကာင္နဲ႔ စိမ္းျပာေရာင္၊ အျဖဴေရာင္ ေရာထားတဲ့ အပူပိုင္းေဒသ ငွက္တစ္ေကာင္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အိမ္ေမြးတိရစာၦန္ ပိုင္ရွင္အခ်ိဳ႕ကလည္း ၎တို႔ရဲ႕အိမ္ေမြးတိရစာၦန္ေတြကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေပးဖို႔ လူမႈမီဒီယာမွာ အျပင္းအထန္ေတာင္းဆိုခဲ့ၾကတာေၾကာင့္ တိရစာၦန္ ေစာင့္ေရွာက္ေရးအဖြဲ႕အစည္းမ်ားမွ ေစတနာ့ဝန္ထမ္းမ်ားနဲ႔ ဖြဲ႕စည္းထားတဲ့အဆိုပါအဖြဲ႕က ေမလ ၃ ရက္မွာ ဒုတိယအႀကိမ္အျဖစ္ တပ္ျဖန႔္ရွာေဖြခဲ့ပါတယ္။
ေမလ ၃ ရက္က တပ္ျဖန႔္ရွာေဖြရာမွာ တိရစာၦန္ တစ္ဒါဇင္ေက်ာ္ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ေမလ ၄ ရက္အထိအတြင္း အဆိုပါမီးေတာင္ေပါက္ကြဲမႈေနရာမွ လူေပါင္း ၅၀၀၀ ေက်ာ္ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရၿပီး ေနထိုင္သူ ၈၀၀ ေက်ာ္ကေတာ့ မူရင္းေနရပ္ကိုျပန္လာလို႔ ရေတာ့မွာ မဟုတ္ဘဲ အၿမဲတမ္းေနရမယ့္ေနရာသစ္ကို ေ႐ႊ႕ေျပာင္းရေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။ ပင္လယ္ထဲ ၿပိဳက်လာတဲ့ မီးေတာင္ေပါက္ကြဲမႈအပ်က္အစီးမ်ားေၾကာင့္ ဆူနာမီမ်ား ျဖစ္ႏိုင္ေၾကာင္းလည္း အာဏာပိုင္ေတြက သတိေပးထားပါတယ္။

Related news

© 2021. All rights reserved.