တရားမျှတတဲ့ပြိုင်ဆိုင်မှုတွေရှိစေဖို့အတွက် တရုတ်သမ္မတကို တိုက်တွန်းသွားမယ်လို့ ဥရောပသမဂ္ဂအကြီးအကဲပြော

 139

Pika (NP News) - မေ ၆

ပြင်သစ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ရာမှာ တရားမျှတတဲ့ ပြိုင်ဆိုင်မှုတွေရှိစေဖို့ ဖိအားပေးသွားမယ်လို့ ဥရောပသမဂ္ဂအကြီးအကဲ ဗွန်ဒါလီယန်က မေလ(၆)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဗွန်ဒါလီယန်က 'ဆွေးနွေးမှုတွေလုပ်ဆောင်ရာမှာ ယှဉ်ပြိုင်မှုတွေဟာ တရားမျှတမှုရှိစေဖို့အတွက် သေချာအောင် ကျွန်မတို့လုပ်ဆောင်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်၊ ပြင်သစ်သမ္မတမက်ခရွန်တို့နဲ့ တွေ့ဆုံမှုတွေ မလုပ်ဆောင်ခင်နာရီပိုင်းအလိုမှာ ဗွန်ဒါလီယန်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ၎င်းက 'ဈေးကွက်မှာ လက်ရှိအချိန်မှာဖြစ်ပွားနေတဲ့ မညီမျှမှုတွေဟာ ရေရှည်တည်တံ့တာမျိုးမရှိကြောင်းနဲ့ ဖြေရှင်းဖို့လိုအပ်တယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပါပြီ' လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်းမှာ ဥရောပကော်မရှင်ဟာ တရုတ်နိုင်ငံကိုပစ်မှတ်ထားတဲ့ ယှဉ်ပြိုင်မှုအချို့ကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းဈေးကွက်အတွင်းကို မမျှတတဲ့ဝင်ရောက်ခွင့်တွေရှိနေတယ်ဆိုတဲ့ ဥရောပသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုတွေကို တရုတ်ဘက်က စိတ်ဆိုးဒေါသဖြစ်ပြီး တုံ့ပြန်ခဲ့တာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဥရောပဈေးကွက်အတွက် တရုတ်ရဲ့ လေအားလျှပ်စစ်ပစ္စည်း ထောက်ပံ့ပေးသူတွေကို ဥရောပသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုတွေအပေါ် တရုတ်ဘက်က စိတ်ဆိုးဒေါသဖြစ်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဆိုလာပြားတွေ၊ လျှပ်စစ်ကားတွေနဲ့ ရထားတွေအတွက် တရုတ်ရဲ့ထောက်ပံ့မှုတွေကို ဥရောပသမဂ္ဂက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဗွန်ဒါလီယန်က 'ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကျွန်မ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ ဥရောပသမဂ္ဂ-တရုတ်ဆက်ဆံရေး၊ ကုန်သွယ်မှု၊ ရာသီဥတုပြောင်းလဲမှုတွေ၊ကမ္ဘာ့ရေးရာတွေကနေ ဒစ်ဂျစ်တယ်ပြဿနာတွေအထိ ဆွေးနွေးဖို့အတွက် အချိန်နည်းနည်းတော့ကြာခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဥရောပကုမ္ပဏီတွေနဲ့ယှဉ်ပြိုင်ဖို့အတွက် တရုတ်ကုန်ပစ္စည်းတွေက ဥရောပသမဂ္ဂကို အလွန်နည်းတဲ့ဈေးနှုန်းနဲ့ဝင်ရောက်လာတာကိုလည်း ဗွန်ဒါလီယန်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၎င်းက 'ဥရောပမှာ စက်မှုလက်မှုပျက်ပြားမှုတွေကို ဖြစ်စေနိုင်တဲ့ ဒီလိုမှားယွင်းတဲ့ဈေးကွက် အလေ့အကျင့်တွေကို ဥရောပက လက်မခံနိုင်ပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
တရားမွ်တတဲ့ၿပိဳင္ဆိုင္မႈေတြရွိေစဖို႔အတြက္ တ႐ုတ္သမၼတကို တိုက္တြန္းသြားမယ္လို႔ ဥေရာပသမဂၢအႀကီးအကဲေျပာ
Pika (NP News) - ေမ ၆

ျပင္သစ္ႏိုင္ငံကို အလည္အပတ္ေရာက္ရွိေနတဲ့ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ရာမွာ တရားမွ်တတဲ့ ၿပိဳင္ဆိုင္မႈေတြရွိေစဖို႔ ဖိအားေပးသြားမယ္လို႔ ဥေရာပသမဂၢအႀကီးအကဲ ဗြန္ဒါလီယန္က ေမလ(၆)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဗြန္ဒါလီယန္က 'ေဆြးေႏြးမႈေတြလုပ္ေဆာင္ရာမွာ ယွဥ္ၿပိဳင္မႈေတြဟာ တရားမွ်တမႈရွိေစဖို႔အတြက္ ေသခ်ာေအာင္ ကြၽန္မတို႔လုပ္ေဆာင္သြားမွာပါ'လို႔ ေျပာဆိုခဲ့ပါတယ္။ တ႐ုတ္သမၼတရွီက်င့္ဖ်င္၊ ျပင္သစ္သမၼတမက္ခ႐ြန္တို႔နဲ႔ ေတြ႕ဆုံမႈေတြ မလုပ္ေဆာင္ခင္နာရီပိုင္းအလိုမွာ ဗြန္ဒါလီယန္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ ၎က 'ေဈးကြက္မွာ လက္ရွိအခ်ိန္မွာျဖစ္ပြားေနတဲ့ မညီမွ်မႈေတြဟာ ေရရွည္တည္တံ့တာမ်ိဳးမရွိေၾကာင္းနဲ႔ ေျဖရွင္းဖို႔လိုအပ္တယ္ဆိုတာကို ကြၽန္မ ရွင္းရွင္းလင္းလင္းေျပာခဲ့ၿပီးပါၿပီ' လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့လေတြအတြင္းမွာ ဥေရာပေကာ္မရွင္ဟာ တ႐ုတ္ႏိုင္ငံကိုပစ္မွတ္ထားတဲ့ ယွဥ္ၿပိဳင္မႈအခ်ိဳ႕ကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ ေဆးဘက္ဆိုင္ရာ ပစၥည္းေဈးကြက္အတြင္းကို မမွ်တတဲ့ဝင္ေရာက္ခြင့္ေတြရွိေနတယ္ဆိုတဲ့ ဥေရာပသမဂၢရဲ႕ စုံစမ္းစစ္ေဆးမႈေတြကို တ႐ုတ္ဘက္က စိတ္ဆိုးေဒါသျဖစ္ၿပီး တုံ႔ျပန္ခဲ့တာေတြရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဥေရာပေဈးကြက္အတြက္ တ႐ုတ္ရဲ႕ ေလအားလွ်ပ္စစ္ပစၥည္း ေထာက္ပံ့ေပးသူေတြကို ဥေရာပသမဂၢရဲ႕ စုံစမ္းစစ္ေဆးမႈေတြအေပၚ တ႐ုတ္ဘက္က စိတ္ဆိုးေဒါသျဖစ္မႈေတြလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။ ဆိုလာျပားေတြ၊ လွ်ပ္စစ္ကားေတြနဲ႔ ရထားေတြအတြက္ တ႐ုတ္ရဲ႕ေထာက္ပံ့မႈေတြကို ဥေရာပသမဂၢက စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဗြန္ဒါလီယန္က 'ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ ကြၽန္မ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ ႏွစ္ႀကိမ္ေတြ႕ဆုံခဲ့ပါတယ္။ ၿပီးေတာ့ ဥေရာပသမဂၢ-တ႐ုတ္ဆက္ဆံေရး၊ ကုန္သြယ္မႈ၊ ရာသီဥတုေျပာင္းလဲမႈေတြ၊ကမာၻ႔ေရးရာေတြကေန ဒစ္ဂ်စ္တယ္ျပႆနာေတြအထိ ေဆြးေႏြးဖို႔အတြက္ အခ်ိန္နည္းနည္းေတာ့ၾကာခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဥေရာပကုမၸဏီေတြနဲ႔ယွဥ္ၿပိဳင္ဖို႔အတြက္ တ႐ုတ္ကုန္ပစၥည္းေတြက ဥေရာပသမဂၢကို အလြန္နည္းတဲ့ေဈးႏႈန္းနဲ႔ဝင္ေရာက္လာတာကိုလည္း ဗြန္ဒါလီယန္က ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ ၎က 'ဥေရာပမွာ စက္မႈလက္မႈပ်က္ျပားမႈေတြကို ျဖစ္ေစႏိုင္တဲ့ ဒီလိုမွားယြင္းတဲ့ေဈးကြက္ အေလ့အက်င့္ေတြကို ဥေရာပက လက္မခံႏိုင္ပါဘူး'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.