ကမ္ဘာတစ်ဝှမ်းမှာ ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေ မြင့်တက်လာတာနဲ့ပတ်သက်ပြီး အသရေဖျက်မှုတိုက်ဖျက်ရေးအဖွဲ့ချုပ် ADL သတိပေး

 815

Pika (NP News) - မေ ၆

အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ကမ္ဘာတစ်ဝှမ်းမှာ ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေ မြင့်တက်လာခဲ့ပြီး အနောက်အုပ်စုနိုင်ငံတွေမှာရှိတဲ့ ဂျူးလူမျိုးတွေရဲ့အနာဂတ်ဘဝတွေဟာ ခြိမ်းခြောက်ခံနေရတယ်လို့ အသေရဖျက်မှုတိုက်ဖျက်ရေးအဖွဲ့ချုပ်(ADL)က မေလ(၅)ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေဟာ အစ္စရေး-ဟားမက်စစ်ပွဲမဖြစ်ပွားခင်အချိန်ကတည်းက တိုးမြင့်လာခဲ့တာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခက ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေကို ယခင်ထက်ပိုမိုများပြားလာအောင် လှုံ့ဆော်ပေးခဲ့ခြင်းမျိုးဖြစ်တယ်လို့ (ADL) ရဲ့ နှစ်စဉ်အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

၂ဝ၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေဟာ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ဩစတြေးလျ၊ အီတလီ၊ ဘရာဇီးလ် နဲ့ မက္ကဆီကိုနိုင်ငံတို့ အပါအဝင် ဂျူးလူမျိုးတွေ နေထိုင်တဲ့ နိုင်ငံအများစုမှာ ၂ဝ၂၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဂျူးဆန့်ကျင်ရေးဖြစ်ရပ်ကိန်းဂဏန်းတွေထက် အများကြီးကျော်လွန်ခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

နယူးယောက်မြို့အခြေစိုက် ADL အကြီးအကဲ ဂျော်နသန်ဂရင်းဘလတ်က "ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်မှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေး-ဟားမက်စစ်ပွဲရဲ့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဂျူးအသိုင်းအဝိုင်းတွေအပေါ် မုန်းတီးမှုတွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။ ၂ဝ၂၃ ခုနှစ်က အမေရိကန်မှာဖြစ်ပွားခဲ့တဲ့ ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေဟာ (ADL) က မှတ်တမ်းတင်ထားတဲ့ ကာလတစ်လျှောက်လုံး အမြင့်ဆုံးဖြစ်ခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေကြောင့် အရပ်သားအများအပြား သေဆုံးနေရတာကို စိတ်ဆိုးဒေါသဖြစ်မှုတွေ မြင့်တက်လာမှုနဲ့အတူ အမေရိကန်မှာရှိတဲ့ တက္ကသိုလ်ကျောင်းဝင်းတွေမှာ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲ အများအပြား ပေါ်ပေါက်လာခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ကမာၻတစ္ဝွမ္းမွာ ဂ်ဴးဆန႔္က်င္ေရးျဖစ္ရပ္ေတြ ျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး အသေရဖ်က္မႈတိုက္ဖ်က္ေရးအဖြဲ႕ခ်ဳပ္ ADL သတိေပး
Pika (NP News) - ေမ ၆

အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ပိုင္းကတည္းက ကမာၻတစ္ဝွမ္းမွာ ဂ်ဴးဆန႔္က်င္ေရးျဖစ္ရပ္ေတြ ျမင့္တက္လာခဲ့ၿပီး အေနာက္အုပ္စုႏိုင္ငံေတြမွာရွိတဲ့ ဂ်ဴးလူမ်ိဳးေတြရဲ႕အနာဂတ္ဘဝေတြဟာ ၿခိမ္းေျခာက္ခံေနရတယ္လို႔ အေသရဖ်က္မႈတိုက္ဖ်က္ေရးအဖြဲ႕ခ်ဳပ္(ADL)က ေမလ(၅)ရက္မွာ သတိေပးေျပာဆိုလိုက္ပါတယ္။

ဂ်ဴးဆန႔္က်င္ေရးျဖစ္ရပ္ေတြဟာ အစၥေရး-ဟားမက္စစ္ပြဲမျဖစ္ပြားခင္အခ်ိန္ကတည္းက တိုးျမင့္လာခဲ့တာျဖစ္ၿပီး လက္ရွိျဖစ္ပြားေနတဲ့ပဋိပကၡက ဂ်ဴးဆန႔္က်င္ေရးျဖစ္ရပ္ေတြကို ယခင္ထက္ပိုမိုမ်ားျပားလာေအာင္ လႈံ႕ေဆာ္ေပးခဲ့ျခင္းမ်ိဳးျဖစ္တယ္လို႔ (ADL) ရဲ႕ ႏွစ္စဥ္အစီရင္ခံစာမွာ ေရးသားေဖာ္ျပထားပါတယ္။

၂ဝ၂၃ ခုႏွစ္အတြင္းျဖစ္ပြားခဲ့တဲ့ ဂ်ဴးဆန႔္က်င္ေရးျဖစ္ရပ္ေတြဟာ အေမရိကန္၊ ျပင္သစ္၊ ၿဗိတိန္၊ဩစေၾတးလ်၊ အီတလီ၊ ဘရာဇီးလ္ နဲ႔ မကၠဆီကိုႏိုင္ငံတို႔ အပါအဝင္ ဂ်ဴးလူမ်ိဳးေတြ ေနထိုင္တဲ့ ႏိုင္ငံအမ်ားစုမွာ ၂ဝ၂၂ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ဂ်ဴးဆန႔္က်င္ေရးျဖစ္ရပ္ကိန္းဂဏန္းေတြထက္ အမ်ားႀကီးေက်ာ္လြန္ခဲ့တယ္လို႔ အဲဒီအစီရင္ခံစာမွာ ေရးသားေဖာ္ျပထားပါတယ္။

နယူးေယာက္ၿမိဳ႕အေျခစိုက္ ADL အႀကီးအကဲ ေဂ်ာ္နသန္ဂရင္းဘလတ္က "ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ ျဖစ္ပြားခဲ့တဲ့ အစၥေရး-ဟားမက္စစ္ပြဲရဲ႕ေနာက္ဆက္တြဲအက်ိဳးဆက္အေနနဲ႔ ကမာၻတစ္ဝွမ္းမွာရွိတဲ့ ဂ်ဴးအသိုင္းအဝိုင္းေတြအေပၚ မုန္းတီးမႈေတြ ပိုမိုႀကီးထြားလာခဲ့ပါတယ္။ ၂ဝ၂၃ ခုႏွစ္က အေမရိကန္မွာျဖစ္ပြားခဲ့တဲ့ ဂ်ဴးဆန႔္က်င္ေရးျဖစ္ရပ္ေတြဟာ (ADL) က မွတ္တမ္းတင္ထားတဲ့ ကာလတစ္ေလွ်ာက္လုံး အျမင့္ဆုံးျဖစ္ခဲ့ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ အစၥေရးရဲ႕ထိုးစစ္ဆင္မႈေတြေၾကာင့္ အရပ္သားအမ်ားအျပား ေသဆုံးေနရတာကို စိတ္ဆိုးေဒါသျဖစ္မႈေတြ ျမင့္တက္လာမႈနဲ႔အတူ အေမရိကန္မွာရွိတဲ့ တကၠသိုလ္ေက်ာင္းဝင္းေတြမွာ ပါလက္စတိုင္းလိုလားတဲ့ဆႏၵျပပြဲ အမ်ားအျပား ေပၚေပါက္လာခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.