အစ္စရေးရဲ့ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို ဘယ်အရာကမှ တားဆီးနိုင်မည်မဟုတ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်ပြော

 1273

Pika (NP News) - မေ ၆

ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ကို ဘယ်လိုဖိအားမျိုးကမှ တားဆီးနိုင်မှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက မေလ(၅)ရက်မှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှာ ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေ မြင့်တက်လာတာတွေနဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေအပေါ် နိုင်ငံတကာပြစ်တင်ဝေဖန်မှုတွေကို နေတန်ရာဟုက ပြစ်တင်ရှုတ်ချခဲ့တယ်လို့ လည်း သိရပါတယ်။

နေတန်ရာဟုက “အစ္စရေးကို တစ်နိုင်ငံတည်း ရပ်တည်ဖို့ တွန်းအားပေးမယ်ဆိုရင် အစ္စရေးက တစ်နိုင်ငံတည်း ရပ်တည်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူးလူမျိုးခြောက်သန်းကို သတ်ဖြတ်တဲ့အချိန်မှာ ဂျူးပြည်သူတွေဟာ လုံးဝ အကာအကွယ်မဲ့ဖြစ်ခဲ့ရတယ်လို့ နေတန်ရာဟုက ထပ်မံပြောဆိုခဲ့ပါတယ်။

နေတန်ရာဟုက “ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို အကူအညီပေးဖို့ မလာခဲ့ကြပါဘူး။ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ ပျက်စီးမှုကို လိုလားတဲ့ ရန်သူတွေနဲ့ ထပ်မံရင်ဆိုင်နေရတာပါ” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတကာဖိုရမ်တွေမှာ ချမှတ်တဲ့ဆုံးဖြတ်ချက်တွေက အစ္စရေးရဲ့ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို တားဆီးနိုင်မှာ မဟုတ်ဘူးဆိုတာကို ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောချင်ပါတယ်လို့ နေတန်ရာဟု က ပြောခဲ့ပါတယ်။

အစ္စရေး-ဟားမက် စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာတစ်ဝှမ်းမှာ ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေ တိုးမြင့်လာတာကို နေတန်ရာဟုက ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တက္ကသိုလ်တွေမှာ ဂျူးလူမျိုးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ အမေရိကန်တက္ကသိုလ်တွေမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို နေတန်ရာဟုက နှိုင်းယှဉ်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

၎င်း က “ဒီလုပ်ရပ်တွေဟာ တရားမျှတမှုနဲ့သမိုင်းကို ကမောက်ကမဖြစ်စေတဲ့လုပ်ရပ်တွေပါပဲ။ ကျွန်တော်လုပ်နေ တဲ့လုပ်ရပ်တွေကြောင့် ဒီလိုတွေဖြစ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဂျူးလူမျိုးတွေဖြစ်နေလို့ကို ဒီလိုတွေ ဖြစ်နေတာပါ။ အစ္စရေးကနိုင်ပွဲရတဲ့အထိ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ အဲဒီလိုဖြစ်ရပ်တွေ ဘယ်တော့မှ ထပ်မဖြစ်ရအောင် ကျွန်တော်တို့ရဲ့ ရန်သူတွေကို အနိုင်ယူသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အစၥေရးရဲ႕ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ပိုင္ခြင့္ကို ဘယ္အရာကမွ တားဆီးႏိုင္မည္မဟုတ္ေၾကာင္း အစၥေရး ဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ေမ ၆

ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး အစၥေရးရဲ႕ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ပိုင္ခြင့္ ကို ဘယ္လိုဖိအားမ်ိဳးကမွ တားဆီးႏိုင္မွာမဟုတ္ဘူးလို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေမလ(၅)ရက္မွာ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ကမာၻတစ္ဝွမ္းမွာ ဂ်ဴးဆန႔္က်င္ေရးျဖစ္ရပ္ေတြ ျမင့္တက္လာတာေတြနဲ႔ ဂါဇာကမ္းေျမာင္ေဒသကို အစၥေရးရဲ႕ထိုးစစ္ဆင္မႈေတြအေပၚ ႏိုင္ငံတကာျပစ္တင္ေဝဖန္မႈေတြကို ေနတန္ရာဟုက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ လည္း သိရပါတယ္။

ေနတန္ရာဟုက “အစၥေရးကို တစ္ႏိုင္ငံတည္း ရပ္တည္ဖို႔ တြန္းအားေပးမယ္ဆိုရင္ အစၥေရးက တစ္ႏိုင္ငံတည္း ရပ္တည္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

ဒုတိယကမာၻစစ္အတြင္း နာဇီေတြက ဂ်ဴးလူမ်ိဳးေျခာက္သန္းကို သတ္ျဖတ္တဲ့အခ်ိန္မွာ ဂ်ဴးျပည္သူေတြဟာ လုံးဝ အကာအကြယ္မဲ့ျဖစ္ခဲ့ရတယ္လို႔ ေနတန္ရာဟုက ထပ္မံေျပာဆိုခဲ့ပါတယ္။

ေနတန္ရာဟုက “ဘယ္ႏိုင္ငံကမွ ကြၽန္ေတာ္တို႔ကို အကူအညီေပးဖို႔ မလာခဲ့ၾကပါဘူး။ ဒီေန႔ဟာ ကြၽန္ေတာ္တို႔ရဲ႕ ပ်က္စီးမႈကို လိုလားတဲ့ ရန္သူေတြနဲ႔ ထပ္မံရင္ဆိုင္ေနရတာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့အျပင္ ႏိုင္ငံတကာဖိုရမ္ေတြမွာ ခ်မွတ္တဲ့ဆုံးျဖတ္ခ်က္ေတြက အစၥေရးရဲ႕ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ပိုင္ခြင့္ကို တားဆီးႏိုင္မွာ မဟုတ္ဘူးဆိုတာကို ကမာၻ႔ေခါင္းေဆာင္ေတြကို ေျပာခ်င္ပါတယ္လို႔ ေနတန္ရာဟု က ေျပာခဲ့ပါတယ္။

အစၥေရး-ဟားမက္ စတင္ျဖစ္ပြားၿပီးေနာက္ပိုင္း ကမာၻတစ္ဝွမ္းမွာ ဂ်ဴးဆန႔္က်င္ေရးျဖစ္ရပ္ေတြ တိုးျမင့္လာတာကို ေနတန္ရာဟုက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒုတိယကမာၻစစ္အတြင္း ဂ်ာမန္တကၠသိုလ္ေတြမွာ ဂ်ဴးလူမ်ိဳးေတြအေပၚ ခြဲျခားဆက္ဆံမႈေတြနဲ႔ အေမရိကန္တကၠသိုလ္ေတြမွာျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြကို ေနတန္ရာဟုက ႏႈိင္းယွဥ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

၎ က “ဒီလုပ္ရပ္ေတြဟာ တရားမွ်တမႈနဲ႔သမိုင္းကို ကေမာက္ကမျဖစ္ေစတဲ့လုပ္ရပ္ေတြပါပဲ။ ကြၽန္ေတာ္လုပ္ေန တဲ့လုပ္ရပ္ေတြေၾကာင့္ ဒီလိုေတြျဖစ္ေနတာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က ဂ်ဴးလူမ်ိဳးေတြျဖစ္ေနလို႔ကို ဒီလိုေတြ ျဖစ္ေနတာပါ။ အစၥေရးကႏိုင္ပြဲရတဲ့အထိ တိုက္ခိုက္မႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာပါ။ အဲဒီလိုျဖစ္ရပ္ေတြ ဘယ္ေတာ့မွ ထပ္မျဖစ္ရေအာင္ ကြၽန္ေတာ္တို႔ရဲ႕ ရန္သူေတြကို အႏိုင္ယူသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.