ဆော်ဒီအာရေးဗျက ရေနံဈေးတိုးမြှင့်သတ်မှတ်ခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာဖွယ်ရှိ

 646

Alynn (NP News) - မေ ၆

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ အလားအလာမှာ နည်းပါး လာသဖြင့် အစ္စရေး နှင့် ဟားမတ်စ် ပဋိပက္ခသည် ရေနံထုတ်လုပ်သည့်ဒေသများသို့ ဆက်လက်ကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ တိုးပွားလာပြီးနောက် ဆော်ဒီအာရေးဗျသည် တနင်္လာနေ့ (မေလ ၆ ရက်) တွင် ဒေသအများစုအတွက် ဇွန်လ ရေနံစိမ်းစျေးနှုန်းများ တိုးမြင့်ခဲ့ပြီး ရေနံဈေးအလားအလာကို မြင့်တက်စေခဲ့သည်။

Brent ရေနံစိမ်းဈေးခန့်မှန်းချက်သည် ၃၄ ဆင့် (သို့မဟုတ်) ဝ ဒသမ ၄ ရာခိုင်နှုန်း တက်လာကာ တစ်စည်လျှင် ၈၃ ဒသမ ၃၀ ဒေါ်လာ တန်ဖိုး ရှိလာပြီး US West Texas Intermediate ရေနံစိမ်း၏ နှုန်းထားမှာမူ တစ်စည်လျှင် ၇၈ ဒသမ ၄၅ ဒေါ်လာရှိလာသည်။

ဆော်ဒီအာရေးဗျသည် အာရှ၊ အနောက်မြောက်ဥရောပနှင့် မြေထဲပင်လယ်သို့ ဇွန်လတွင် ၎င်း၏ ရေနံစိမ်းရောင်းချ မှုအတွက် တရားဝင်ရောင်းချသည့်စျေးနှုန်းများ (OSPs) ကို မြှင့်တင်ခဲ့ပြီး ယခုနှစ်နွေရာသီတွင် ဝယ်လိုအား အားကောင်းမည်ဟု မျှော်လင့်ကြောင်း အချက်ပြခဲ့သည်။ "ပထဝီနိုင်ငံရေးတင်းမာမှုများ ဖြေလျှော့မှုကြောင့် ပြီးခဲ့သည့်အပတ်က ၇ ဒသမ ၃ ရာခိုင်နှုန်းခန့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားပြီးနောက်၊ ICE Brent သည် ပိုမိုအားကောင်းသော ခြေကုပ်ဖြင့် ကုန်သွယ်မှုရက်သတ္တပတ်အသစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း" ING ၏ ကုန်စည်သုတေသနအဖွဲ့အကြီးအကဲ Warren Patterson က မှတ်ချက်ပြုခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းတင်သွင်းသည့် တရုတ်နိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများ ၁၆ လ ဆက်တိုက် တိုးချဲ့နေပြီ ဖြစ်ရာ အမှာစာအသစ်များ ပိုမိုတိုးတက်လာကာ စီးပွားရေးဆိုင်ရာသဘောထားများ ခိုင်မာလာပြီး ရေရှည်တည်တံ့ သော စီးပွားရေးပြန်လည်ဦးမော့လာရန် မျှော်လင့်ချက်များကို မြှင့်တင်ပေးနေသည်။

ပြီးခဲ့သည့်အပတ်က Brent က ၇ ရာခိုင်နှုန်းကျော်၊ WTI က ၆ ဒသမ ၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားသဖြင့် အပတ်စဉ် အဆိုးရွားဆုံးအရှုံးပေါ်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများသည် အားနည်းသော အမေရိကန်အလုပ်အကိုင် များ နှင့် ဗဟိုဘဏ်၏ အတိုးနှုန်းဖြတ်တောက်မည့်အချိန်ကို ချင့်ချိန်နေရသည်။

Zawgyi Version;
ေဆာ္ဒီအာေရးဗ်က ေရနံေဈးတိုးျမႇင့္သတ္မွတ္ျခင္းေၾကာင့္ ကမာၻ႔ေရနံေဈးႏႈန္းမ်ား ျမင့္တက္လာဖြယ္ရွိ
Alynn (NP News) - ေမ ၆

ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္၏ အလားအလာမွာ နည္းပါး လာသျဖင့္ အစၥေရး ႏွင့္ ဟားမတ္စ္ ပဋိပကၡသည္ ေရနံထုတ္လုပ္သည့္ေဒသမ်ားသို႔ ဆက္လက္က်ယ္ျပန႔္လာမည္ကို စိုးရိမ္မႈမ်ား တိုးပြားလာၿပီးေနာက္ ေဆာ္ဒီအာေရးဗ်သည္ တနလၤာေန႔ (ေမလ ၆ ရက္) တြင္ ေဒသအမ်ားစုအတြက္ ဇြန္လ ေရနံစိမ္းေစ်းႏႈန္းမ်ား တိုးျမင့္ခဲ့ၿပီး ေရနံေဈးအလားအလာကို ျမင့္တက္ေစခဲ့သည္။

Brent ေရနံစိမ္းေဈးခန႔္မွန္းခ်က္သည္ ၃၄ ဆင့္ (သို႔မဟုတ္) ဝ ဒသမ ၄ ရာခိုင္ႏႈန္း တက္လာကာ တစ္စည္လွ်င္ ၈၃ ဒသမ ၃၀ ေဒၚလာ တန္ဖိုး ရွိလာၿပီး US West Texas Intermediate ေရနံစိမ္း၏ ႏႈန္းထားမွာမူ တစ္စည္လွ်င္ ၇၈ ဒသမ ၄၅ ေဒၚလာရွိလာသည္။

ေဆာ္ဒီအာေရးဗ်သည္ အာရွ၊ အေနာက္ေျမာက္ဥေရာပႏွင့္ ေျမထဲပင္လယ္သို႔ ဇြန္လတြင္ ၎၏ ေရနံစိမ္းေရာင္းခ် မႈအတြက္ တရားဝင္ေရာင္းခ်သည့္ေစ်းႏႈန္းမ်ား (OSPs) ကို ျမႇင့္တင္ခဲ့ၿပီး ယခုႏွစ္ေႏြရာသီတြင္ ဝယ္လိုအား အားေကာင္းမည္ဟု ေမွ်ာ္လင့္ေၾကာင္း အခ်က္ျပခဲ့သည္။ "ပထဝီႏိုင္ငံေရးတင္းမာမႈမ်ား ေျဖေလွ်ာ့မႈေၾကာင့္ ၿပီးခဲ့သည့္အပတ္က ၇ ဒသမ ၃ ရာခိုင္ႏႈန္းခန႔္ ေဈးႏႈန္းအနည္းငယ္က်ဆင္းသြားၿပီးေနာက္၊ ICE Brent သည္ ပိုမိုအားေကာင္းေသာ ေျခကုပ္ျဖင့္ ကုန္သြယ္မႈရက္သတၱပတ္အသစ္ကို စတင္လိုက္ၿပီျဖစ္ေၾကာင္း" ING ၏ ကုန္စည္သုေတသနအဖြဲ႕အႀကီးအကဲ Warren Patterson က မွတ္ခ်က္ျပဳခဲ့သည္။

ကမာၻ႔အႀကီးဆုံး ေရနံစိမ္းတင္သြင္းသည့္ တ႐ုတ္ႏိုင္ငံတြင္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ၁၆ လ ဆက္တိုက္ တိုးခ်ဲ႕ေနၿပီ ျဖစ္ရာ အမွာစာအသစ္မ်ား ပိုမိုတိုးတက္လာကာ စီးပြားေရးဆိုင္ရာသေဘာထားမ်ား ခိုင္မာလာၿပီး ေရရွည္တည္တံ့ ေသာ စီးပြားေရးျပန္လည္ဦးေမာ့လာရန္ ေမွ်ာ္လင့္ခ်က္မ်ားကို ျမႇင့္တင္ေပးေနသည္။

ၿပီးခဲ့သည့္အပတ္က Brent က ၇ ရာခိုင္ႏႈန္းေက်ာ္၊ WTI က ၆ ဒသမ ၈ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားသျဖင့္ အပတ္စဥ္ အဆိုး႐ြားဆုံးအရႈံးေပၚျခင္းေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ အားနည္းေသာ အေမရိကန္အလုပ္အကိုင္ မ်ား ႏွင့္ ဗဟိုဘဏ္၏ အတိုးႏႈန္းျဖတ္ေတာက္မည့္အခ်ိန္ကို ခ်င့္ခ်ိန္ေနရသည္။

Related news

© 2021. All rights reserved.