အစ္စရေးစစ်တပ်က ဂါဇာဒေသနယ်စပ်ဖြတ်ကျော် ဖြတ်သန်းခွင့်တွေကို ပိတ်ပင်

 647

ဂျန်ဇက် (NP News) - မေ ၆

အစ္စရေးဟာ ၎င်းရဲ့တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရခြင်းကို လက်တုံ့ပြန်မှုအဖြစ် ဝန်းရံပိတ်ဆို့ထားတဲ့ ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူကညီများလွှဲပြောင်းပေးရာမှာ အဓိကထား အသုံးပြုနေတဲ့ နယ်စပ်ဖြတ်ကျော်ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ကြောင်း၊ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဟားမက်စ်လက်နက် ကိုင်အုပ်စုတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ရော့ကဒ်တွေနဲ့ တုံ့ပြန်တိုက်ခိုက်လာခဲ့ပြီးနောက် အစ္စရေးစစ်တပ်က လက်တုံပြန်လိုက်တာဖြစ်ပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားသုံးဦး သေဆုံးခဲ့ပြီး အခြားစစ်သား ၁၁ဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ကုလသမဂ္ဂအပါ အဝင် နိုင်ငံတကာရဲ့ဖိအားတွေကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနေတဲ့အဓိကလမ်းကြောင်းကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါတယ်။

ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာပြုလုပ်နေတဲ့ စေ့စပ်ဆွေး နွေးရေး အစီအစဉ်လည်း ရှေ့ဆက်တိုးတက်မယ့်အခြေအနေများ ဆိုင်းငံ့သွားခဲ့ရကြောင်းသိရပါတယ်။ အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံဘရမ်းစ့်ဟာ အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားပြုလုပ်နေတဲ့ စေ့စပ်ဆွေးနွေးမှုတွေ မရပ်တန့်စေဖို့ ရည်ရွယ်ချက်နဲ့ လာမယ့်သီတင်းပတ်အတွင်း အစ္စရေးနိုင်ငံကို ထပ်သွားရောက်ဖွယ်ရှိနေပါတယ်။ အစ္စရေးဟာ ဂါဇာဒေသရှိ ရာဖယ်မြို့ကို တိုက်ခိုက်ဖို့ အစီအစဉ်တွေရှိနေပြီး မကြာမီမှာ ရာဖယ်မြို့ကိုတိုက်ခိုက်သွားမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန် ၇ လကျော်ကြာမြင့်လာပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိခြင်းမရှိသေးကြောင်းသိရပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ဖို့ အမေရိကန်၊ အီဂျစ်၊ ကာတာတို့က ကြားဝင်စေ့စပ်ပေးနေပေမယ့် နှစ်ဖက်စလုံးက ၎င်းတို့တောင်းဆိုချက်တွေကို အလျော့ပေးခြင်းမရှိတဲ့အတွက်တိုးတက်မှုမရှိဘဲဖြစ်နေပါတယ်။

zawgyi version
အစၥေရးစစ္တပ္က ဂါဇာေဒသနယ္စပ္ျဖတ္ေက်ာ္ ျဖတ္သန္းခြင့္ေတြကို ပိတ္ပင္
ဂ်န္ဇက္ (NP News) - ေမ ၆

အစၥေရးဟာ ၎ရဲ႕တပ္ဖြဲ႕ဝင္ေတြ တိုက္ခိုက္ခံရျခင္းကို လက္တုံ႔ျပန္မႈအျဖစ္ ဝန္းရံပိတ္ဆို႔ထားတဲ့ ဂါဇာေဒသကို လူသားခ်င္းဆိုင္ရာစာနာမႈအကူကညီမ်ားလႊဲေျပာင္းေပးရာမွာ အဓိကထား အသုံးျပဳေနတဲ့ နယ္စပ္ျဖတ္ေက်ာ္ျဖတ္သန္းခြင့္ပိတ္ပင္လိုက္ေၾကာင္း၊ သတင္းထုတ္ျပန္လိုက္ပါတယ္။

ဟားမက္စ္လက္နက္ ကိုင္အုပ္စုေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အစၥေရးတပ္ဖြဲ႕ဝင္ေတြကို ေရာ့ကဒ္ေတြနဲ႔ တုံ႔ျပန္တိုက္ခိုက္လာခဲ့ၿပီးေနာက္ အစၥေရးစစ္တပ္က လက္တုံျပန္လိုက္တာျဖစ္ပါတယ္။ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေၾကာင့္ အစၥေရးစစ္သားသုံးဦး ေသဆုံးခဲ့ၿပီး အျခားစစ္သား ၁၁ဦးဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးဟာ ကုလသမဂၢအပါ အဝင္ ႏိုင္ငံတကာရဲ႕ဖိအားေတြေၾကာင့္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေနတဲ့အဓိကလမ္းေၾကာင္းကို ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလမွာ ျပန္လည္ဖြင့္လွစ္ေပးခဲ့ေၾကာင္းသိရပါတယ္။

ဟားမက္စ္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕မွာျပဳလုပ္ေနတဲ့ ေစ့စပ္ေဆြး ေႏြးေရး အစီအစဥ္လည္း ေရွ႕ဆက္တိုးတက္မယ့္အေျခအေနမ်ား ဆိုင္းငံ့သြားခဲ့ရေၾကာင္းသိရပါတယ္။ အေမရိကန္ စီအိုင္ေအ ၫႊန္ၾကားေရးမႉး ဝီလီယံဘရမ္းစ့္ဟာ အစၥေရးနဲ႔ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျပဳလုပ္ေနတဲ့ ေစ့စပ္ေဆြးေႏြးမႈေတြ မရပ္တန႔္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ လာမယ့္သီတင္းပတ္အတြင္း အစၥေရးႏိုင္ငံကို ထပ္သြားေရာက္ဖြယ္ရွိေနပါတယ္။ အစၥေရးဟာ ဂါဇာေဒသရွိ ရာဖယ္ၿမိဳ႕ကို တိုက္ခိုက္ဖို႔ အစီအစဥ္ေတြရွိေနၿပီး မၾကာမီမွာ ရာဖယ္ၿမိဳ႕ကိုတိုက္ခိုက္သြားမယ္လို႔ အစၥေရး ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။ အစၥေရးနဲ႔ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ျဖစ္ပြားေနတဲ့စစ္ပြဲဟာ အခ်ိန္ ၇ လေက်ာ္ၾကာျမင့္လာေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈရရွိျခင္းမရွိေသးေၾကာင္းသိရပါတယ္။

အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္ခတ္ရပ္စဲေရးရယူႏိုင္ဖို႔ အေမရိကန္၊ အီဂ်စ္၊ ကာတာတို႔က ၾကားဝင္ေစ့စပ္ေပးေနေပမယ့္ ႏွစ္ဖက္စလုံးက ၎တို႔ေတာင္းဆိုခ်က္ေတြကို အေလ်ာ့ေပးျခင္းမရွိတဲ့အတြက္တိုးတက္မႈမရွိဘဲျဖစ္ေနပါတယ္။

Related news

© 2021. All rights reserved.