တရုတ်နဲ့စစ်ပွဲကာလ ၎င်းရဲ့စစ်သင်္ဘောများကို အမြန်ပြုပြင်ရန် အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား နဲ့ အခြားနိုင်ငံသင်္ဘော ကျင်းများကို အမေရိကန်ရေတပ် အသုံးပြုမည်

 1356

Htay Oung (NP News) - မေ ၇

အမေရိကန်ဟာ လာမယ့် ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်၊ တောင်ကိုရီးယား နဲ့ အိန္ဒိယ အပါအဝင် အခြားပြည်ပနိုင်ငံ သင်္ဘောကျင်းများမှာ သူ့ရဲ့ရေတပ်စစ်သင်္ဘော ၆ စင်းအထိ ပြုပြင်ထိန်းသိမ်းဖို့ကိစ္စကို စဉ်းစားနေတယ်လို့ စစ်ရေး ပထဝီနိုင်ငံရေးအခြေအနေများကို လေ့လာနေတဲ့ ယူရိုအေးရှားဝဘ်ဆိုက်က ၂ဝ၂၄ ခုနှစ် မေလ ၃ ရက်မှာ ရေးသားခဲ့ ပါတယ်။

အကယ်၍ ကွန်ဂရက်လွှတ်တော်ကသာ အတည်ပြုမယ်ဆိုရင် ဒီဆုံးဖြတ်ချက်ဟာ အမေရိကန် ရေတပ်သင်္ဘော များ ထိန်းသိမ်းမှုအတွက် ပင်လယ်ရပ်ခြား သင်္ဘောကျင်းများကို စည်းရုံးအသုံးပြုဖို့ သိသာထင်ရှားတဲ့အားထုတ်မှု တစ်ရပ်ဖြစ်လာပြီး တရုတ်ရဲ့ရေတပ်အင်အားကို တန်ပြန်ရေးမှာ အမေရိကန်အနေနဲ့ ပိုမိုအာရုံစိုက်လာကြောင်း ပေါ်လွင်လာပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အတွက် အောက်လွှတ်တော် လက်နက်ကိုင်တပ်များဆိုင် ရာဘတ်ဂျက်ငွေ ကြားနာပွဲအတွင်း ဒီအစီအစဉ်များအကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ လုပ်ငန်း လည်ပတ်မှု သွက်လက်မြန်ဆန်စေဖို့အတွက် စစ်သင်္ဘောများကို ဆီလျော်တဲ့နေရာမှာ ပြုပြင်ရန်လိုအပ်ကြောင်း အမေရိကန်ရေတပ်ဝန်ကြီး ကာလို့စ်_ဒဲလ်_တိုရိုက အလေးအနက် ထွက်ဆိုသွားပါတယ်။

ကြိုတင်ကာကွယ်မှုဆိုင်ရာအစီအမံများရဲ့အရေးပါမှုကို ရေတပ်ဝန်ကြီးက မီးမောင်းထိုးပြပြီး တကယ်လို့ စစ်တိုက် ရမယ်ဆိုရင်တော့ ဘယ်သင်္ဘောကျင်းကို သုံးနိုင်မယ်၊ ဘယ်နိုင်ငံတွေက သင်္ဘောတွေကို အမှန်တကယ်ပေးပို့မယ် ဆိုတာကို အပြည့်အစုံ သိရှိနိုင်မှာဖြစ်ကြောင်း၊ ထိုင်ဝမ် (သို့မဟုတ်) ဖိလစ်ပိုင်နဲ့ အခြားပဋိပက္ခရေပြင် ဧရိယာ တစ်နေရာရာအတွင်း အမေရိကန်စစ်သင်္ဘောတစ်စင်း ထိခိုက်ပျက်စီးသွားပါက ပြန်လည်ပြုပြင်ရန်အတွက် ပင်တာဂွန်စစ်ဌာနချုပ်အနေနဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း ဂူအမ်၊ ဟာဝိုင်အီ (သို့မဟုတ်) အမေရိကန် အနောက်ဘက် ကမ်းခြေသို့ ပြန်လည်ပို့ဆောင်ရန်သာ ရွေးချယ်စရာရှိနေခဲ့ကြောင်း၊ ဒါပေမယ့် အခင်းဖြစ်ပွားရာ ရေပြင်နဲ့ အနီးဆုံး နိုင်ငံခြားသင်္ဘောကျင်းတစ်ခုခုကို အသုံးပြုနိုင်မယ်ဆိုလျှင် ပြင်ဆင်ရေးကိစ္စများကို အချိန်တိုအတွင်း ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း၊ သင်္ဘော များကို အမြန်ပြန်လည် တာဝန်ထမ်းဆောင်စေနိုင်ရန် ရည်ရွယ်ထားကြောင်း၊ နိုင်ငံရပ်ခြားသင်္ဘောကျင်းများမှာ ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကို ပုံမှန်အားဖြင့် ရက် ၉၀ အောက် အပြီးအစီး ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ရေတပ်ဝန်ကြီးက တင်ပြပါတယ်။

အမေရိကန်ရေတပ်ဟာ သင်္ဘောပြုပြင်ခြင်း တည်ဆောက်ခြင်းကိစ္စများအတွက် အခြားနိုင်ငံများနဲ့ ပူးပေါင်းဖို့ ဆန္ဒ ရှိနေပါတယ်။ လွန်ခဲ့တဲ့ မတ်လ တောင်ကိုရီးယားသင်္ဘောကျင်းများကို သွားရောက်လေ့လာခဲ့သူ ရေတပ် ဝန်ကြီးက “ဟန်ဒေး အကြီးစားစက်မှုလုပ်ငန်း” နဲ့ “ဟန်ဝါပင်လယ်ပြင်လုပ်ငန်းကုမ္ပဏီ” တို့ဟာ တရုတ်ရေ တပ်နဲ့ ယှဉ်ပြိုင်ရာ မှာ အရေးပါတယ်လို့ ပြောပါတယ်။ အမေရိကန်ရေကြောင်းသွားလာရေးလုပ်ငန်းအပေါ် အကူအညီရရှိရေး နည်းလမ်းရှာဖွေဖို့ ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ မစ်ဆူဘီရှီကုမ္ပဏီ သင်္ဘောတည်ဆောက်ရေး အမှုဆောင်အရာရှိ တွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဒီနေရာမှာ ပစိဖတ်သမုဒ္ဒရာအနောက်ခြမ်းနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း ခုတ်မောင်းသွားလာနေကြတဲ့ အမေရိကန်ပိုင် စစ်ရေယာဉ်များကို ပြုပြင်ထိန်းသိမ်းရာမှာ အိန္ဒိယနိုင်ငံကို အဓိကအချက်အချာနေရာတစ်ခုအဖြစ် စီစဉ်ခြင်းဖြင့် အာရှတိုက် ကမ္ဘာ့လူဦးရေအများဆုံး နျူကလီယာလက်နက်ပိုင်နိုင်ငံဟာ အမေရိကန်ရေတပ် စစ်ရေး မဟာဗျူဟာ ရဲ့ အရေးပါတဲ့အစိတ်အပိုင်းဖြစ်လာပါတယ်။

အိန္ဒိယတိုက်ငယ် အနောက်ပိုင်း မွန်ဘိုင်းမြို့တော်အခြေစိုက် “မက်ဇာဂွန်သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ လီမီတက်”၊ အနောက်တောင်ဘက် ကိုချီမြို့ “ကိုချင်းသင်္ဘောကျင်းလုပ်ငန်း“ ၊ ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူ နေတဲ့ အရှေ့ပိုင်းကမ်းရိုးတန်း ချင်နိုင်း (မဒရပ်) မြို့အခြေစိုက် “လာဆင်အင်န်တူဘရို စွမ်းအင်၊ နည်း ပညာနဲ့ အကြီးစားစက်မှု လုပ်ငန်းကုမ္ပဏီ” တို့လို အိန္ဒိယ သင်္ဘောလုပ်ငန်းလုပ်ကိုင်သူတို့နဲ့ သဘောတူညီချက်များ ရရှိထား ကြောင်း၊ ကာလကတ္တားဆိပ်ကမ်းမှာလည်း လုပ်ငန်းများ တိုးချဲ့ဖို့အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံအတွက် စစ်ရေးအပြင် ဒေသတွင်း အခြားမိတ်ဖက်တိုင်းပြည်များအတွက် အလားအလာရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်မအဖြစ် အမေရိကန်က အိန္ဒိယနိုင်ငံကို ရှုမြင်ထားကြောင်း ပင်တာဂွန် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပက်ရိုင်ဒါက ပြီးခဲ့တဲ့နှစ်မှာ ပြောခဲ့ဖူးပါတယ်။

ဤသည်မှာ တရုတ်ရေတပ်အင်အား ကြီးထွားလာမှုတန်ပြန်ရေး မဟာဗျူဟာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အမေရိကန်နိုင်ငံပိုင် စစ်သင်္ဘောများကို ထိရောက်စွာ ပြုပြင်ထိန်းသိမ်းနိုင်စွမ်းရှိလာပါလိမ့်မယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ပြီးနောက် ပူးတွဲထုတ်ပြန်ချက်အရ ဒီအစီအစဉ်ဟာ လူသိရှင်ကြားဖြစ်လာပါတယ်။

ဒေလီတက္ကသိုလ် ဘွဲ့လွန် ပထဝီဝင်နိုင်ငံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူ ရှာရှန့်အက်စ်ပတေး ကတော့ အမေရိကန်ဟာ တရုတ်ရဲ့ရေတပ်အင်အားကို တန်ပြန်ဖို့အတွက် မဟာမိတ်နိုင်ငံများ၊ မဟာဗျူဟာ မြောက် မိတ်ဖက်နိုင်ငံများနဲ့ ပူးပေါင်းလုပ်ဆောင်နေတာ သေချာပါတယ်လို့ မှတ်ချက်ပေးပါတယ်။
ပိုပြီးကောင်းတဲ့ ရေကြောင်းဆိုင်ရာစွမ်းရည်များ ဖန်တီးဖို့အတွက်ဆိုရင် အမေရိကန်ရေတပ်စစ်သင်္ဘောများ ရပ် နားထားရချိန်ကို လျှော့ချရန်၊ တရုတ်နိုင်ငံကို ထိထိရောက်ရောက် လက်လှမ်းမီနိုင်တဲ့ အကွာအဝေး ပြင်ပမှာ အဆင့်မြင့် သင်္ဘောကျင်းများ ထူထောင်ရန် လိုအပ်ကြောင်း၊ လက်ရှိကာလ အဆင့်မြင့်အမေရိကန်သင်္ဘောများ ကို ပြုပြင်ထိန်းသိမ်းရန် လိုက်လျောညီထွေရှိတဲ့ သင်္ဘောကျင်းများဟာ အကန့်အသတ်များ ရှိနေကြောင်း၊ အဲဒီပြဿနာကို ဖြေရှင်းရန်အတွက် အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ ၇ နိုင်ငံကျော်နဲ့ သဘောတူညီချက်များ ကို လက်မှတ်ရေးထိုးထားတယ်လို့ ပြောပါတယ်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း သူ့ရဲ့ တည်ရှိမှုကို တိုးမြှင့်ရန်အတွက် အမေရိကန်ဟာ မိရိုးဖလာစစ်အခြေစိုက်စခန်း များကို တည်ထောင်ခြင်းထက် ယခင်စစ်ရေးဆိုင်ရာဆက်ဆံမှုမရှိခဲ့တဲ့ တိုင်းပြည်များအတွင်း ထိုးဖောက် ရှာဖွေ ဖို့အတွက် မဟာဗျူဟာချမှတ် ဆောင်ရွက်နေပါတယ်။ ဒီနည်းလမ်းအားဖြင့် တရုတ်ကို ဟန့်တားဖို့နဲ့ စစ် ဖြစ်လာခဲ့ ရင် အမြန်ဆုံးကူညီထောက့်ပံ့မှုဖြစ်လာစေဖို့ အရေးကြီးတယ်လို့ ရှုမြင်ပါတယ်။ အမေရိကန်ရဲ့ ယခုအားထုတ်မှုဟာ တရုတ်ရဲ့ “Belt and Road” “ရပ်ဝန်းနှင့်လမ်း” BRI ပရောဂျက်တို့လို နိဒါန်းပျိုးမှုများမှ တစ် ဆင့် တရုတ်နဲ့ သီရိလင်္ကာ-ပါကစ္စတန်တို့အကြား တိုးချဲ့ဆက်ဆံမှုကို တုံ့ပြန်ခြင်းလည်း ဖြစ်ပါတယ်။
တရုတ်ရဲ့ အင်အားတိုးချဲ့ခြင်းနဲ့ သြဇာနယ်ပယ်ချဲ့ထွင်ခြင်းကို ဟန့်တားဖို့အတွက် အမေရိကန်ဟာ ဒေသတွင်းနိုင်ငံ အများအပြားတို့နဲ့ လက်ရှိ ရှိပြီးသား သဘောတူညီချက်များကို အဆင့်မြှင့်တင်ခြင်း (သို့မဟုတ်) လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေပါတယ်။

လောလောဆယ် ဗီယက်နမ်၊ ဂျပန်၊ ပလော၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ ပါပူဝါနယူးဂီနီနဲ့ အိန္ဒိယစတဲ့ နိုင်ငံအသီး သီးတို့နဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ စစ်ရေယာဉ်နဲ့ ရေငုပ်သင်္ဘောများကို ပြုပြင်ခြင်း၊ အခြေခံအဆောက်အအုံ များကို အဆင့်မြှင့်တင်ခြင်းနဲ့ ရေကြောင်းသွားလာရေးအတွက် အပြည်ပြည်ဆိုင်ရာတရားဥပဒေနဲ့အညီ ကြပ်မတ် ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း စသဖြင့် ကဏ္ဍပေါင်းစုံ ပါဝင်နေပါတယ်။
အမေရိကန်ရေတပ်ထက် အရွယ်အစားပိုမိုကြီးမားလာတဲ့ တရုတ်ရေတပ်အတွက် ယခုလို အားထုတ်မှုဟာ မဖြစ်မနေ လိုအပ်ပါတယ်။ လက်ရှိ အမေရိကန်က စစ်သင်္ဘောအစီး ၂၉၀ ပိုင်ဆိုင်နေချိန် တရုတ်က အစီး ၃၅၀ ဖြစ်လာနေခြင်းကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်ရေတပ်အနေနဲ့ သူ့ရဲ့စစ်သင်္ဘောများကို အချိန်မီ ပြုပြင်ထိန်းသိမ်းရမယ့် အခက်အခဲလည်း ရှိနေပါတယ်။ ဒီအတွက် အင်ဒို-ပစိဖိတ်ဒေသတွင်း မဟာမိတ်နိုင်ငံတို့ရဲ့ သင်္ဘောကျင်းများကို အသုံးချနိုင်ဖို့ ကြိုးစားရခြင်း ဖြစ်ပါတယ်။

တရုတ်ရဲ့ရေတပ်အင်အားကို ဟန်ချက် ညီစေဖို့အတွက် မဟာမိတ်များ၊ ညွန့်ပေါင်းအဖွဲ့များကို ထူထောင်ရလိမ့် မယ်လို့ အမေရိကန် အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်း စတာဗီဒီက ဝန်ခံပါတယ်။ ရေတပ်စွမ်းရည်ကို တိုးချဲ့ရန် လိုအပ်ပြီး ဘတ်ဂျက်ကန့်သတ်ချက်များကြောင့် နိုင်ငံခြားသင်္ဘောကျင်းများကို အသုံးပြုရေးမှာ ထင်သလောက် ခရီးမတွင်ပဲဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီနေရာမှာ အမေရိကန်စစ်သင်္ဘောများပြုပြင်ထိန်း သိမ်းရေးအတွက် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့လို နိုင်ငံများနဲ့ပူးပေါင်းခြင်းဖြင့် တရုတ်နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်နေကြ တဲ့ သက်ဆိုင်ရာနိုင်ငံအသီးသီးတို့ကလည်း အားတက်သရော ပါဝင်လာကြလိမ့်မယ်လို့ သုံးသပ်ပါတယ်။

#တရုတ်နှင့်စစ်ပွဲအတွက်_အမေရိကန်ပြင်ဆင် #အင်ဒိုပစ်ဖိတ်ဒေသ #အိန္ဒိယ #အမေရိကန်စစ်ရေးမဟာဗျူဟာ
(Eurasia Times., 3 May 2024,” US Navy Eyes Indian, Japanese & Korean Shipyards To Quickly Repair Its Warships During War With China” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ် ဘာသာပြန်ဆိုသည်။)

Zawgyi Version;
တ႐ုတ္နဲ႔စစ္ပြဲကာလ ၎ရဲ႕စစ္သေဘၤာမ်ားကို အျမန္ျပဳျပင္ရန္ အိႏၵိယ၊ ဂ်ပန္၊ ကိုရီးယား နဲ႔ အျခားႏိုင္ငံသေဘၤာ က်င္းမ်ားကို အေမရိကန္ေရတပ္ အသုံးျပဳမည္
Htay Oung (NP News) - ေမ ၇

အေမရိကန္ဟာ လာမယ့္ ဘ႑ာေရးႏွစ္အတြင္း ဂ်ပန္၊ ေတာင္ကိုရီးယား နဲ႔ အိႏၵိယ အပါအဝင္ အျခားျပည္ပႏိုင္ငံ သေဘၤာက်င္းမ်ားမွာ သူ႔ရဲ႕ေရတပ္စစ္သေဘၤာ ၆ စင္းအထိ ျပဳျပင္ထိန္းသိမ္းဖို႔ကိစၥကို စဥ္းစားေနတယ္လို႔ စစ္ေရး ပထဝီႏိုင္ငံေရးအေျခအေနမ်ားကို ေလ့လာေနတဲ့ ယူ႐ိုေအးရွားဝဘ္ဆိုက္က ၂ဝ၂၄ ခုႏွစ္ ေမလ ၃ ရက္မွာ ေရးသားခဲ့ ပါတယ္။

အကယ္၍ ကြန္ဂရက္လႊတ္ေတာ္ကသာ အတည္ျပဳမယ္ဆိုရင္ ဒီဆုံးျဖတ္ခ်က္ဟာ အေမရိကန္ ေရတပ္သေဘၤာ မ်ား ထိန္းသိမ္းမႈအတြက္ ပင္လယ္ရပ္ျခား သေဘၤာက်င္းမ်ားကို စည္း႐ုံးအသုံးျပဳဖို႔ သိသာထင္ရွားတဲ့အားထုတ္မႈ တစ္ရပ္ျဖစ္လာၿပီး တ႐ုတ္ရဲ႕ေရတပ္အင္အားကို တန္ျပန္ေရးမွာ အေမရိကန္အေနနဲ႔ ပိုမိုအာ႐ုံစိုက္လာေၾကာင္း ေပၚလြင္လာပါတယ္။

မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ ၂၀၂၅ ခုႏွစ္ ဘ႑ာႏွစ္အတြက္ ေအာက္လႊတ္ေတာ္ လက္နက္ကိုင္တပ္မ်ားဆိုင္ ရာဘတ္ဂ်က္ေငြ ၾကားနာပြဲအတြင္း ဒီအစီအစဥ္မ်ားအေၾကာင္း သတင္းထြက္ေပၚလာျခင္းျဖစ္ပါတယ္။ လုပ္ငန္း လည္ပတ္မႈ သြက္လက္ျမန္ဆန္ေစဖို႔အတြက္ စစ္သေဘၤာမ်ားကို ဆီေလ်ာ္တဲ့ေနရာမွာ ျပဳျပင္ရန္လိုအပ္ေၾကာင္း အေမရိကန္ေရတပ္ဝန္ႀကီး ကာလို႔စ္_ဒဲလ္_တို႐ိုက အေလးအနက္ ထြက္ဆိုသြားပါတယ္။

ႀကိဳတင္ကာကြယ္မႈဆိုင္ရာအစီအမံမ်ားရဲ႕အေရးပါမႈကို ေရတပ္ဝန္ႀကီးက မီးေမာင္းထိုးျပၿပီး တကယ္လို႔ စစ္တိုက္ ရမယ္ဆိုရင္ေတာ့ ဘယ္သေဘၤာက်င္းကို သုံးႏိုင္မယ္၊ ဘယ္ႏိုင္ငံေတြက သေဘၤာေတြကို အမွန္တကယ္ေပးပို႔မယ္ ဆိုတာကို အျပည့္အစုံ သိရွိႏိုင္မွာျဖစ္ေၾကာင္း၊ ထိုင္ဝမ္ (သို႔မဟုတ္) ဖိလစ္ပိုင္နဲ႔ အျခားပဋိပကၡေရျပင္ ဧရိယာ တစ္ေနရာရာအတြင္း အေမရိကန္စစ္သေဘၤာတစ္စင္း ထိခိုက္ပ်က္စီးသြားပါက ျပန္လည္ျပဳျပင္ရန္အတြက္ ပင္တာဂြန္စစ္ဌာနခ်ဳပ္အေနနဲ႔ ပစိဖိတ္သမုဒၵရာအတြင္း ဂူအမ္၊ ဟာဝိုင္အီ (သို႔မဟုတ္) အေမရိကန္ အေနာက္ဘက္ ကမ္းေျခသို႔ ျပန္လည္ပို႔ေဆာင္ရန္သာ ေ႐ြးခ်ယ္စရာရွိေနခဲ့ေၾကာင္း၊ ဒါေပမယ့္ အခင္းျဖစ္ပြားရာ ေရျပင္နဲ႔ အနီးဆုံး ႏိုင္ငံျခားသေဘၤာက်င္းတစ္ခုခုကို အသုံးျပဳႏိုင္မယ္ဆိုလွ်င္ ျပင္ဆင္ေရးကိစၥမ်ားကို အခ်ိန္တိုအတြင္း ေဆာင္႐ြက္ ႏိုင္မွာျဖစ္ေၾကာင္း၊ သေဘၤာ မ်ားကို အျမန္ျပန္လည္ တာဝန္ထမ္းေဆာင္ေစႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္း၊ ႏိုင္ငံရပ္ျခားသေဘၤာက်င္းမ်ားမွာ ျပဳျပင္ထိန္းသိမ္း ျခင္းလုပ္ငန္းမ်ားကို ပုံမွန္အားျဖင့္ ရက္ ၉၀ ေအာက္ အၿပီးအစီး ေဆာင္႐ြက္ႏိုင္ဖြယ္ရွိေၾကာင္း ေရတပ္ဝန္ႀကီးက တင္ျပပါတယ္။

အေမရိကန္ေရတပ္ဟာ သေဘၤာျပဳျပင္ျခင္း တည္ေဆာက္ျခင္းကိစၥမ်ားအတြက္ အျခားႏိုင္ငံမ်ားနဲ႔ ပူးေပါင္းဖို႔ ဆႏၵ ရွိေနပါတယ္။ လြန္ခဲ့တဲ့ မတ္လ ေတာင္ကိုရီးယားသေဘၤာက်င္းမ်ားကို သြားေရာက္ေလ့လာခဲ့သူ ေရတပ္ ဝန္ႀကီးက “ဟန္ေဒး အႀကီးစားစက္မႈလုပ္ငန္း” နဲ႔ “ဟန္ဝါပင္လယ္ျပင္လုပ္ငန္းကုမၸဏီ” တို႔ဟာ တ႐ုတ္ေရ တပ္နဲ႔ ယွဥ္ၿပိဳင္ရာ မွာ အေရးပါတယ္လို႔ ေျပာပါတယ္။ အေမရိကန္ေရေၾကာင္းသြားလာေရးလုပ္ငန္းအေပၚ အကူအညီရရွိေရး နည္းလမ္းရွာေဖြဖို႔ ဂ်ပန္ႏိုင္ငံ ယိုကိုဟားမားၿမိဳ႕ မစ္ဆူဘီရွီကုမၸဏီ သေဘၤာတည္ေဆာက္ေရး အမႈေဆာင္အရာရွိ ေတြနဲ႔လည္း ေဆြးေႏြးခဲ့တယ္လို႔ ေျပာပါတယ္။

ဒီေနရာမွာ ပစိဖတ္သမုဒၵရာအေနာက္ျခမ္းနဲ႔ အိႏၵိယသမုဒၵရာအတြင္း ခုတ္ေမာင္းသြားလာေနၾကတဲ့ အေမရိကန္ပိုင္ စစ္ေရယာဥ္မ်ားကို ျပဳျပင္ထိန္းသိမ္းရာမွာ အိႏၵိယႏိုင္ငံကို အဓိကအခ်က္အခ်ာေနရာတစ္ခုအျဖစ္ စီစဥ္ျခင္းျဖင့္ အာရွတိုက္ ကမာၻ႔လူဦးေရအမ်ားဆုံး န်ဴကလီယာလက္နက္ပိုင္ႏိုင္ငံဟာ အေမရိကန္ေရတပ္ စစ္ေရး မဟာဗ်ဴဟာ ရဲ႕ အေရးပါတဲ့အစိတ္အပိုင္းျဖစ္လာပါတယ္။

အိႏၵိယတိုက္ငယ္ အေနာက္ပိုင္း မြန္ဘိုင္းၿမိဳ႕ေတာ္အေျခစိုက္ “မက္ဇာဂြန္သေဘၤာတည္ေဆာက္ေရးကုမၸဏီ လီမီတက္”၊ အေနာက္ေတာင္ဘက္ ကိုခ်ီၿမိဳ႕ “ကိုခ်င္းသေဘၤာက်င္းလုပ္ငန္း“ ၊ ဘဂၤလားပင္လယ္ေအာ္ကို မ်က္ႏွာမူ ေနတဲ့ အေရွ႕ပိုင္းကမ္း႐ိုးတန္း ခ်င္ႏိုင္း (မဒရပ္) ၿမိဳ႕အေျခစိုက္ “လာဆင္အင္န္တူဘ႐ို စြမ္းအင္၊ နည္း ပညာနဲ႔ အႀကီးစားစက္မႈ လုပ္ငန္းကုမၸဏီ” တို႔လို အိႏၵိယ သေဘၤာလုပ္ငန္းလုပ္ကိုင္သူတို႔နဲ႔ သေဘာတူညီခ်က္မ်ား ရရွိထား ေၾကာင္း၊ ကာလကတၱားဆိပ္ကမ္းမွာလည္း လုပ္ငန္းမ်ား တိုးခ်ဲ႕ဖို႔အတြက္ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။ အေမရိကန္ႏိုင္ငံအတြက္ စစ္ေရးအျပင္ ေဒသတြင္း အျခားမိတ္ဖက္တိုင္းျပည္မ်ားအတြက္ အလားအလာရွိတဲ့ ေထာက္ပံ့ပို႔ေဆာင္ေရးဗဟိုခ်က္မအျဖစ္ အေမရိကန္က အိႏၵိယႏိုင္ငံကို ရႈျမင္ထားေၾကာင္း ပင္တာဂြန္ ေျပာေရး ဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ႀကီး ပက္႐ိုင္ဒါက ၿပီးခဲ့တဲ့ႏွစ္မွာ ေျပာခဲ့ဖူးပါတယ္။

ဤသည္မွာ တ႐ုတ္ေရတပ္အင္အား ႀကီးထြားလာမႈတန္ျပန္ေရး မဟာဗ်ဴဟာရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး အေမရိကန္ႏိုင္ငံပိုင္ စစ္သေဘၤာမ်ားကို ထိေရာက္စြာ ျပဳျပင္ထိန္းသိမ္းႏိုင္စြမ္းရွိလာပါလိမ့္မယ္။ ၂၀၂၃ ခုႏွစ္ စက္တင္ဘာလ အေမရိကန္သမၼတ ဘိုင္ဒင္နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီတို႔ ေခါင္းေဆာင္ႏွစ္ဦး ေတြ႕ဆုံ ၿပီးေနာက္ ပူးတြဲထုတ္ျပန္ခ်က္အရ ဒီအစီအစဥ္ဟာ လူသိရွင္ၾကားျဖစ္လာပါတယ္။

ေဒလီတကၠသိုလ္ ဘြဲ႕လြန္ ပထဝီဝင္ႏိုင္ငံေရးနဲ႔ ကာကြယ္ေရးဆိုင္ရာ ေလ့လာသုံးသပ္သူ ရွာရွန႔္အက္စ္ပေတး ကေတာ့ အေမရိကန္ဟာ တ႐ုတ္ရဲ႕ေရတပ္အင္အားကို တန္ျပန္ဖို႔အတြက္ မဟာမိတ္ႏိုင္ငံမ်ား၊ မဟာဗ်ဴဟာ ေျမာက္ မိတ္ဖက္ႏိုင္ငံမ်ားနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနတာ ေသခ်ာပါတယ္လို႔ မွတ္ခ်က္ေပးပါတယ္။
ပိုၿပီးေကာင္းတဲ့ ေရေၾကာင္းဆိုင္ရာစြမ္းရည္မ်ား ဖန္တီးဖို႔အတြက္ဆိုရင္ အေမရိကန္ေရတပ္စစ္သေဘၤာမ်ား ရပ္ နားထားရခ်ိန္ကို ေလွ်ာ့ခ်ရန္၊ တ႐ုတ္ႏိုင္ငံကို ထိထိေရာက္ေရာက္ လက္လွမ္းမီႏိုင္တဲ့ အကြာအေဝး ျပင္ပမွာ အဆင့္ျမင့္ သေဘၤာက်င္းမ်ား ထူေထာင္ရန္ လိုအပ္ေၾကာင္း၊ လက္ရွိကာလ အဆင့္ျမင့္အေမရိကန္သေဘၤာမ်ား ကို ျပဳျပင္ထိန္းသိမ္းရန္ လိုက္ေလ်ာညီေထြရွိတဲ့ သေဘၤာက်င္းမ်ားဟာ အကန႔္အသတ္မ်ား ရွိေနေၾကာင္း၊ အဲဒီျပႆနာကို ေျဖရွင္းရန္အတြက္ အေမရိကန္ဟာ ကမာၻတစ္ဝွမ္းရွိ ႏိုင္ငံ ၇ ႏိုင္ငံေက်ာ္နဲ႔ သေဘာတူညီခ်က္မ်ား ကို လက္မွတ္ေရးထိုးထားတယ္လို႔ ေျပာပါတယ္။

အင္ဒို-ပစိဖိတ္ေဒသအတြင္း သူ႔ရဲ႕ တည္ရွိမႈကို တိုးျမႇင့္ရန္အတြက္ အေမရိကန္ဟာ မိ႐ိုးဖလာစစ္အေျခစိုက္စခန္း မ်ားကို တည္ေထာင္ျခင္းထက္ ယခင္စစ္ေရးဆိုင္ရာဆက္ဆံမႈမရွိခဲ့တဲ့ တိုင္းျပည္မ်ားအတြင္း ထိုးေဖာက္ ရွာေဖြ ဖို႔အတြက္ မဟာဗ်ဴဟာခ်မွတ္ ေဆာင္႐ြက္ေနပါတယ္။ ဒီနည္းလမ္းအားျဖင့္ တ႐ုတ္ကို ဟန႔္တားဖို႔နဲ႔ စစ္ ျဖစ္လာခဲ့ ရင္ အျမန္ဆုံးကူညီေထာက့္ပံ့မႈျဖစ္လာေစဖို႔ အေရးႀကီးတယ္လို႔ ရႈျမင္ပါတယ္။ အေမရိကန္ရဲ႕ ယခုအားထုတ္မႈဟာ တ႐ုတ္ရဲ႕ “Belt and Road” “ရပ္ဝန္းႏွင့္လမ္း” BRI ပေရာဂ်က္တို႔လို နိဒါန္းပ်ိဳးမႈမ်ားမွ တစ္ ဆင့္ တ႐ုတ္နဲ႔ သီရိလကၤာ-ပါကစၥတန္တို႔အၾကား တိုးခ်ဲ႕ဆက္ဆံမႈကို တုံ႔ျပန္ျခင္းလည္း ျဖစ္ပါတယ္။
တ႐ုတ္ရဲ႕ အင္အားတိုးခ်ဲ႕ျခင္းနဲ႔ ၾသဇာနယ္ပယ္ခ်ဲ႕ထြင္ျခင္းကို ဟန႔္တားဖို႔အတြက္ အေမရိကန္ဟာ ေဒသတြင္းႏိုင္ငံ အမ်ားအျပားတို႔နဲ႔ လက္ရွိ ရွိၿပီးသား သေဘာတူညီခ်က္မ်ားကို အဆင့္ျမႇင့္တင္ျခင္း (သို႔မဟုတ္) လုံၿခဳံေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္အသစ္မ်ားကို လက္မွတ္ေရးထိုးႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။

ေလာေလာဆယ္ ဗီယက္နမ္၊ ဂ်ပန္၊ ပေလာ၊ ဖိလစ္ပိုင္၊ ၾသစေၾတးလ်၊ ပါပူဝါနယူးဂီနီနဲ႔ အိႏၵိယစတဲ့ ႏိုင္ငံအသီး သီးတို႔နဲ႔ လက္မွတ္ေရးထိုးႏိုင္ခဲ့ပါတယ္။ စစ္ေရယာဥ္နဲ႔ ေရငုပ္သေဘၤာမ်ားကို ျပဳျပင္ျခင္း၊ အေျခခံအေဆာက္အအုံ မ်ားကို အဆင့္ျမႇင့္တင္ျခင္းနဲ႔ ေရေၾကာင္းသြားလာေရးအတြက္ အျပည္ျပည္ဆိုင္ရာတရားဥပေဒနဲ႔အညီ ၾကပ္မတ္ ေဆာင္႐ြက္ႏိုင္စြမ္းကို ျမႇင့္တင္ေပးျခင္း စသျဖင့္ က႑ေပါင္းစုံ ပါဝင္ေနပါတယ္။
အေမရိကန္ေရတပ္ထက္ အ႐ြယ္အစားပိုမိုႀကီးမားလာတဲ့ တ႐ုတ္ေရတပ္အတြက္ ယခုလို အားထုတ္မႈဟာ မျဖစ္မေန လိုအပ္ပါတယ္။ လက္ရွိ အေမရိကန္က စစ္သေဘၤာအစီး ၂၉၀ ပိုင္ဆိုင္ေနခ်ိန္ တ႐ုတ္က အစီး ၃၅၀ ျဖစ္လာေနျခင္းကို ႏႈိင္းယွဥ္ၾကည့္ႏိုင္ပါတယ္။ ဒါ့အျပင္ အေမရိကန္ေရတပ္အေနနဲ႔ သူ႔ရဲ႕စစ္သေဘၤာမ်ားကို အခ်ိန္မီ ျပဳျပင္ထိန္းသိမ္းရမယ့္ အခက္အခဲလည္း ရွိေနပါတယ္။ ဒီအတြက္ အင္ဒို-ပစိဖိတ္ေဒသတြင္း မဟာမိတ္ႏိုင္ငံတို႔ရဲ႕ သေဘၤာက်င္းမ်ားကို အသုံးခ်ႏိုင္ဖို႔ ႀကိဳးစားရျခင္း ျဖစ္ပါတယ္။

တ႐ုတ္ရဲ႕ေရတပ္အင္အားကို ဟန္ခ်က္ ညီေစဖို႔အတြက္ မဟာမိတ္မ်ား၊ ၫြန႔္ေပါင္းအဖြဲ႕မ်ားကို ထူေထာင္ရလိမ့္ မယ္လို႔ အေမရိကန္ အၿငိမ္းစား ေရတပ္ဗိုလ္ခ်ဳပ္ႀကီး ဂ်ိမ္း စတာဗီဒီက ဝန္ခံပါတယ္။ ေရတပ္စြမ္းရည္ကို တိုးခ်ဲ႕ရန္ လိုအပ္ၿပီး ဘတ္ဂ်က္ကန႔္သတ္ခ်က္မ်ားေၾကာင့္ ႏိုင္ငံျခားသေဘၤာက်င္းမ်ားကို အသုံးျပဳေရးမွာ ထင္သေလာက္ ခရီးမတြင္ပဲျဖစ္ေနတယ္လို႔ ေျပာပါတယ္။ ဒီေနရာမွာ အေမရိကန္စစ္သေဘၤာမ်ားျပဳျပင္ထိန္း သိမ္းေရးအတြက္ အိႏၵိယ၊ ဂ်ပန္၊ ေတာင္ကိုရီးယားတို႔လို ႏိုင္ငံမ်ားနဲ႔ပူးေပါင္းျခင္းျဖင့္ တ႐ုတ္နဲ႔ပတ္သက္ၿပီး စိုးရိမ္မကင္းျဖစ္ေနၾက တဲ့ သက္ဆိုင္ရာႏိုင္ငံအသီးသီးတို႔ကလည္း အားတက္သေရာ ပါဝင္လာၾကလိမ့္မယ္လို႔ သုံးသပ္ပါတယ္။

#တ႐ုတ္ႏွင့္စစ္ပြဲအတြက္_အေမရိကန္ျပင္ဆင္ #အင္ဒိုပစ္ဖိတ္ေဒသ #အိႏၵိယ #အေမရိကန္စစ္ေရးမဟာဗ်ဴဟာ
(Eurasia Times., 3 May 2024,” US Navy Eyes Indian, Japanese & Korean Shipyards To Quickly Repair Its Warships During War With China” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.