အကြမ်းဖက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူ(၁၁)ဦးကို အီရတ်အစိုးရ ကြိုးပေးကွပ်မျက်

 1112

Pika (NP News) - မေ ၇

အီရတ်အာဏာပိုင်တွေဟာ အကြမ်းဖက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူ(၁၁)ဦးကို မေလ(၆)ရက်မှာ ကြိုးပေး ကွပ်မျက်ခဲ့တယ်လို့ လုံခြုံရေးနှင့်ကျန်းမာရေးသတင်းရင်းမြစ်တွေက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ပါ တယ်။ အဲဒီကြိုးပေးကွပ်မျက်မှုကို Dhi Qar ပြည်နယ် Nasiriyah မြို့တောင်ပိုင်း Al-Hut အကျဉ်းထောင်မှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့လုံခြုံရေးအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လကလည်း အကြမ်းဖက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူ(၁၁)ဦးကို အဲဒီအကျဉ်းထောင်မှာပဲ ကြိုးပေးကွပ်မျက်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ အီရတ်ဥပဒေအရ အကြမ်းဖက်မှုနဲ့ လူသတ်မှုကျူးလွန်သူတွေ ဟာ သေဒဏ်အထိ အပြစ်ပေးခံရမှာဖြစ်ပြီး သေဒဏ်စီရင်ခြင်းဆိုင်ရာအမိန့်တွေကို သမ္မတက လက်မှတ်ရေးထိုးရ တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူ(၁၁)ဦးကို ပြီးခဲ့တဲ့ဧပြီလ(၂၂)ရက်က ကြိုးပေးကွပ်မျက်တာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေကြားမှာ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း သိရပါတယ်။ Al-Hut အကျဉ်းထောင်မှာ အကျဉ်းကျသူတွေဟာ အသက်ရှင်လျက်လွတ်မြောက်လာတာမျိုးမရှိတာကြောင့် အဲဒီ အကျဉ်းထောင်ဟာ Nasiriyah မြို့မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်းထောင်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ မေလ(၆)ရက်မှာ ကြိုးပေးကွပ်မျက်ခဲ့တဲ့လူ(၁၁)ဦးကို အီရတ်အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၄) အရ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။

ကြိုးပေးကွပ်မျက်ခံရသူ(၁၁)ဦးစလုံးဟာ အီရတ်နိုင်ငံသားတွေဖြစ်ပြီး ၎င်းတို့ရဲ့ရုပ်အလောင်းတွေအားလုံးကို ဆွေမျိုးတွေဆီကို လွှဲပြောင်းပေးအပ်ဖို့အတွက် ၎င်းရဲ့ဌာနက လက်ခံရယူခဲ့တယ်လို့ ကျန်းမာရေးအရာရှိ Dhi Qar က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အၾကမ္းဖက္မႈနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ လူ(၁၁)ဦးကို အီရတ္အစိုးရ ႀကိဳးေပးကြပ္မ်က္
Pika (NP News) - ေမ ၇

အီရတ္အာဏာပိုင္ေတြဟာ အၾကမ္းဖက္မႈနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ လူ(၁၁)ဦးကို ေမလ(၆)ရက္မွာ ႀကိဳးေပး ကြပ္မ်က္ခဲ့တယ္လို႔ လုံၿခဳံေရးႏွင့္က်န္းမာေရးသတင္းရင္းျမစ္ေတြက ေအအက္ဖ္ပီသတင္းဌာနကို ေျပာၾကားခဲ့ပါ တယ္။ အဲဒီႀကိဳးေပးကြပ္မ်က္မႈကို Dhi Qar ျပည္နယ္ Nasiriyah ၿမိဳ႕ေတာင္ပိုင္း Al-Hut အက်ဥ္းေထာင္မွာ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အမည္မေဖာ္လိုတဲ့လုံၿခဳံေရးအရာရွိတစ္ဦးက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့လကလည္း အၾကမ္းဖက္မႈနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ လူ(၁၁)ဦးကို အဲဒီအက်ဥ္းေထာင္မွာပဲ ႀကိဳးေပးကြပ္မ်က္ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။ အီရတ္ဥပေဒအရ အၾကမ္းဖက္မႈနဲ႔ လူသတ္မႈက်ဴးလြန္သူေတြ ဟာ ေသဒဏ္အထိ အျပစ္ေပးခံရမွာျဖစ္ၿပီး ေသဒဏ္စီရင္ျခင္းဆိုင္ရာအမိန႔္ေတြကို သမၼတက လက္မွတ္ေရးထိုးရ တယ္လို႔လည္း သိရပါတယ္။

အၾကမ္းဖက္မႈနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ လူ(၁၁)ဦးကို ၿပီးခဲ့တဲ့ဧၿပီလ(၂၂)ရက္က ႀကိဳးေပးကြပ္မ်က္တာနဲ႔ ပတ္သက္ၿပီး လူ႔အခြင့္အေရးအဖြဲ႕ေတြၾကားမွာ စိုးရိမ္ပူပန္မႈေတြကို ျဖစ္ေပၚေစခဲ့တယ္လို႔လည္း သိရပါတယ္။ Al-Hut အက်ဥ္းေထာင္မွာ အက်ဥ္းက်သူေတြဟာ အသက္ရွင္လ်က္လြတ္ေျမာက္လာတာမ်ိဳးမရွိတာေၾကာင့္ အဲဒီ အက်ဥ္းေထာင္ဟာ Nasiriyah ၿမိဳ႕မွာ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ အက်ဥ္းေထာင္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ ေမလ(၆)ရက္မွာ ႀကိဳးေပးကြပ္မ်က္ခဲ့တဲ့လူ(၁၁)ဦးကို အီရတ္အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ (၄) အရ ျပစ္ဒဏ္ခ်မွတ္ခဲ့တယ္လို႔ လုံၿခဳံေရးအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။

ႀကိဳးေပးကြပ္မ်က္ခံရသူ(၁၁)ဦးစလုံးဟာ အီရတ္ႏိုင္ငံသားေတြျဖစ္ၿပီး ၎တို႔ရဲ႕႐ုပ္အေလာင္းေတြအားလုံးကို ေဆြမ်ိဳးေတြဆီကို လႊဲေျပာင္းေပးအပ္ဖို႔အတြက္ ၎ရဲ႕ဌာနက လက္ခံရယူခဲ့တယ္လို႔ က်န္းမာေရးအရာရွိ Dhi Qar က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.