ရာဖဲလ်မြို့ကနေ ဘေးလွတ်ကင်းရာကို ချက်ချင်းပြောင်းရွှေ့ကြဖို့ အစ္စရေးစစ်တပ် အမိန့်ထုတ်ပြန်

 1480

Pika (NP News) - မေ ၇

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖဲလ်မြို့မှာရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်မှာဖြစ်တဲ့အတွက် ပါလက်စတိုင်းပြည်သူတွေအနေနဲ့ ရာဖဲလ်မြို့ကနေ ဘေးလွတ်ရာကို ချက်ချင်း ပြောင်းရွှေ့ကြဖို့ အစ္စရေးအစိုးရက တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ ကုလသမဂ္ဂတို့ရဲ့သတိပေးမှုတွေရှိနေပေမယ့်လည်း အစ္စရေးအစိုးရဟာ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုတွေလုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ အစ္စရေးတပ်ဖွဲ့ရဲ့ အာရပ်မီဒီယာ ဌာနအကြီးအကဲ Avichay Adraee က “ရာဖဲလ်မြို့ရဲ့ ရပ်ကွက်အများအပြားမှာ နေထိုင်တဲ့ဒေသခံတွေနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို ဘေးလွတ်ရာကို ချက်ချင်းပြောင်းရွှေ့ကြဖို့ တိုက်တွန်းချက်တစ်ခုကို အစ္စရေးစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။ အစ္စရေးစစ်တပ်ဟာ ရာဖဲလ်မြို့မှာရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်တော့မှာပါ” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အစ္စရေးစစ်တပ်ဟာ မည်သည့်အချိန်မှာ စစ်ရေးလှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်မှာလဲဆိုတဲ့ အချက်ကိုတော့ Avichay Adraee က ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ ရာဖဲလ်မြို့ကနေ ဘေးလွတ်ရာကို ချက်ချင်းပြောင်းရွှေ့ကြဖို့ အမိန့်ထုတ်ပြန်လိုက်တာဟာ အကျိုးဆက်တွေရှိလာစေမယ့် အန္တရာယ် တွေကို တိုးမြင့်လာစေတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးပို့ရာမှာအသုံးပြုတဲ့ အဓိက နယ်စပ်ကို အစ္စရေးဘက်က ပိတ်ပြီးတဲ့နောက် တစ်ရက်အကြာမှာ ဘေးလွတ်ကင်းရာကိုပြောင်းရွှေ့ဖို့ ဒီလို အမိန့်ပေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version;
ရာဖဲလ္ၿမိဳ႕ကေန ေဘးလြတ္ကင္းရာကို ခ်က္ခ်င္းေျပာင္းေ႐ႊ႕ၾကဖို႔ အစၥေရးစစ္တပ္ အမိန႔္ထုတ္ျပန္
Pika (NP News) - ေမ ၇

ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္း ရာဖဲလ္ၿမိဳ႕မွာရွိတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ထိုးစစ္ဆင္မႈေတြ လုပ္ေဆာင္မွာျဖစ္တဲ့အတြက္ ပါလက္စတိုင္းျပည္သူေတြအေနနဲ႔ ရာဖဲလ္ၿမိဳ႕ကေန ေဘးလြတ္ရာကို ခ်က္ခ်င္း ေျပာင္းေ႐ႊ႕ၾကဖို႔ အစၥေရးအစိုးရက တိုက္တြန္းလိုက္တယ္လို႔ သိရပါတယ္။

အေမရိကန္၊ ဥေရာပသမဂၢ နဲ႔ ကုလသမဂၢတို႔ရဲ႕သတိေပးမႈေတြရွိေနေပမယ့္လည္း အစၥေရးအစိုးရဟာ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔လည္း သိရပါတယ္။ အစၥေရးတပ္ဖြဲ႕ရဲ႕ အာရပ္မီဒီယာ ဌာနအႀကီးအကဲ Avichay Adraee က “ရာဖဲလ္ၿမိဳ႕ရဲ႕ ရပ္ကြက္အမ်ားအျပားမွာ ေနထိုင္တဲ့ေဒသခံေတြနဲ႔ ေ႐ႊ႕ေျပာင္း ေနထိုင္သူေတြကို ေဘးလြတ္ရာကို ခ်က္ခ်င္းေျပာင္းေ႐ႊ႕ၾကဖို႔ တိုက္တြန္းခ်က္တစ္ခုကို အစၥေရးစစ္တပ္က ထုတ္ျပန္လိုက္ပါတယ္။ အစၥေရးစစ္တပ္ဟာ ရာဖဲလ္ၿမိဳ႕မွာရွိတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ထိုးစစ္ဆင္မႈေတြ လုပ္ေဆာင္ေတာ့မွာပါ” လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း အစၥေရးစစ္တပ္ဟာ မည္သည့္အခ်ိန္မွာ စစ္ေရးလႈပ္ရွားမႈေတြကို စတင္လုပ္ေဆာင္မွာလဲဆိုတဲ့ အခ်က္ကိုေတာ့ Avichay Adraee က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။ ရာဖဲလ္ၿမိဳ႕ကေန ေဘးလြတ္ရာကို ခ်က္ခ်င္းေျပာင္းေ႐ႊ႕ၾကဖို႔ အမိန႔္ထုတ္ျပန္လိုက္တာဟာ အက်ိဳးဆက္ေတြရွိလာေစမယ့္ အႏၲရာယ္ ေတြကို တိုးျမင့္လာေစတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြ ေပးပို႔ရာမွာအသုံးျပဳတဲ့ အဓိက နယ္စပ္ကို အစၥေရးဘက္က ပိတ္ၿပီးတဲ့ေနာက္ တစ္ရက္အၾကာမွာ ေဘးလြတ္ကင္းရာကိုေျပာင္းေ႐ႊ႕ဖို႔ ဒီလို အမိန႔္ေပးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.