တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံမှာ ဓါးနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ဝ ဦး သေဆုံး၊ ဒဏ်ရာရဖွယ်ရှိနေဟုဆို

 963

ဂျန်ဇက် (NP News) - မေ ၇

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆေးရုံတစ်ခုမှာ ဓါးနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၀ ဦးသေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။

တရုတ်အစိုးရတာဝန်ရှိသူတွေဟာ ဆေးရုံမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ် သတင်းထုတ်ပြန် ခြင်းမျိုးမရှိခဲ့ပေမယ့် တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၁ဝ ဦး ခန့် ဒဏ်ရာခြင်း၊ သေဆုံးခြင်းရှိနိုင်ကြောင်း ပြောပါတယ်။ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းရှိ Zhenxiong ကောင်တီဒေသရှိ ဆေးရုံမှာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ် ကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ရုပ်သံဖိုင်များထဲမှာ ဓါးကိုင်ထားသူတစ်ဦးဟာ ဆေးရုံအတွင်းလိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါ တယ်။ ဒေသခံတစ်ဦးက "မေလ ၇ ရက် နံနက်ပိုင်းမှာ ဓါးနဲ့တိုက်ခိုက်မှုဖြစ်ခဲ့တယ်။ လူပေါင်း ၁၁ ဦးခန့် သေဆုံး၊ ဒဏ်ရာရတာမျိုးဖြစ်နိုင်တယ်" လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခြင်းကို တင်းကြပ်စွာတားမြစ်ထားပေမယ့် ဓါးနဲ့တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်သြဂုတ်လက ယူနန်ပြည်နယ်မှာ စိတ်ရောဂါ ရှိနေသူတစ်ဦးက ဓါးနဲ့အခြားသူတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံရွိ ေဆး႐ုံတစ္႐ုံမွာ ဓါးနဲ႔တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ ၁ဝ ဦး ေသဆုံး၊ ဒဏ္ရာရဖြယ္ရွိေနဟုဆို
ဂ်န္ဇက္ (NP News) - ေမ ၇

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ ေဆး႐ုံတစ္ခုမွာ ဓါးနဲ႔တိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ ၁၀ ဦးေသဆုံး၊ ဒဏ္ရာရခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံပိုင္မီဒီယာေတြက ေဖာ္ျပထားပါတယ္။

တ႐ုတ္အစိုးရတာဝန္ရွိသူေတြဟာ ေဆး႐ုံမွာျဖစ္ပြားခဲ့တဲ့ တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အေသးစိတ္ သတင္းထုတ္ျပန္ ျခင္းမ်ိဳးမရွိခဲ့ေပမယ့္ တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူေပါင္း ၁ဝ ဦး ခန႔္ ဒဏ္ရာျခင္း၊ ေသဆုံးျခင္းရွိႏိုင္ေၾကာင္း ေျပာပါတယ္။ ယူနန္ျပည္နယ္ အေနာက္ေတာင္ပိုင္းရွိ Zhenxiong ေကာင္တီေဒသရွိ ေဆး႐ုံမွာ အၾကမ္းဖက္ တိုက္ခိုက္မႈျဖစ္ပြားခဲ့တာျဖစ္ၿပီး တိုက္ခိုက္မႈျဖစ္ပြားရတဲ့ အဓိကအေၾကာင္းအရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ ေၾကာင္း တ႐ုတ္အာဏာပိုင္ေတြက ေျပာပါတယ္။

႐ုပ္သံဖိုင္မ်ားထဲမွာ ဓါးကိုင္ထားသူတစ္ဦးဟာ ေဆး႐ုံအတြင္းလိုက္လံတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားပါ တယ္။ ေဒသခံတစ္ဦးက "ေမလ ၇ ရက္ နံနက္ပိုင္းမွာ ဓါးနဲ႔တိုက္ခိုက္မႈျဖစ္ခဲ့တယ္။ လူေပါင္း ၁၁ ဦးခန႔္ ေသဆုံး၊ ဒဏ္ရာရတာမ်ိဳးျဖစ္ႏိုင္တယ္" လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ေသနတ္ကိုင္ေဆာင္ျခင္းကို တင္းၾကပ္စြာတားျမစ္ထားေပမယ့္ ဓါးနဲ႔တိုက္ခိုက္မႈေတြဟာ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းအတြင္း ျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ၾသဂုတ္လက ယူနန္ျပည္နယ္မွာ စိတ္ေရာဂါ ရွိေနသူတစ္ဦးက ဓါးနဲ႔အျခားသူေတြကို လိုက္လံတိုက္ခိုက္ခဲ့ရာ ႏွစ္ဦးေသဆုံးၿပီး ၇ ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.