မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်အောင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နဲ့ မြန်မာလက်နက်ကိုင်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့ဟု သတင်းများထွက်ပေါ်

 1360

ဂျန်ဇက် (NP News) - မေ ၇

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင်ကူညီပေးဖို့ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့သတင်းများထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရကတော့ ၎င်းတို့ဟာ မြန်မာလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ဆွေးနွေးမှုအစီအစဉ်တွေကိုမသိရှိသလို ပါဝင်ပတ်သက်တာမျိုးလည်းမရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ထိုင်းနိုင်ငံခြား ရေးဝန်ကြီးအသစ်ဖြစ်သူ Maris Sangiampongsa က ၎င်းတို့အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးမယ့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့အစီအစဉ်များကို မသိကြောင်း ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ကချင်လက်နက်ကိုင်အုပ်စုတွေအပြင် NUG အဖွဲ့တာဝန်ရှိသူတွေ၊ ရှမ်းလက်နက်ကိုင်အုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက"ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လူသိများပြီး ဆက်သွယ်မှုတွေရှိကြမှာပါ၊ မြန်မာနိုင်ငံသားတွေကလည်း သက်ဆင်ဟာ မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင်ကူညီပေးနိုင်မယ်လို့ယုံကြည်တာတွေရှိနေပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေက အချိန်ကြာလာမယ်ဆိုရင် ထိုင်းနိုင်ငံကိုလည်း သက်ရောက်မှုတွေရှိလာမှာပါ"လို့ ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့အာဆီယံအဖွဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းသဘောတူညီချက်များအတိုင်း မြန်မာနိုင်ငံမှာအမျိုးသားပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးပြန်လည်ရရှိခြင်းကိုတွေ့မြင်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်ကပြောပါတယ်။

zawgyi version
ျမန္မာႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ေအာင္ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ နဲ႔ ျမန္မာလက္နက္ကိုင္အဖြဲ႕အစည္းေတြ ေတြ႕ဆုံေဆြးေႏြးခဲ့ဟု သတင္းမ်ားထြက္ေပၚ
ဂ်န္ဇက္ (NP News) - ေမ ၇

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ဟာ ျမန္မာႏိုင္ငံေရးအခက္အခဲကို ေျဖရွင္းႏိုင္ေအာင္ကူညီေပးဖို႔ ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးေနတယ္လို႔သတင္းမ်ားထြက္ေပၚေနပါတယ္။

ဒါေပမဲ့ ထိုင္းအစိုးရကေတာ့ ၎တို႔ဟာ ျမန္မာလက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕ေဆြးေႏြးမႈအစီအစဥ္ေတြကိုမသိရွိသလို ပါဝင္ပတ္သက္တာမ်ိဳးလည္းမရွိဘူးလို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ ထိုင္းႏိုင္ငံျခား ေရးဝန္ႀကီးအသစ္ျဖစ္သူ Maris Sangiampongsa က ၎တို႔အစိုးရအဖြဲ႕အေနနဲ႔ ျမန္မာႏိုင္ငံကို ကူညီေထာက္ပံ့ေပးမယ့္ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕အစီအစဥ္မ်ားကို မသိေၾကာင္း ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ဟာ ကခ်င္လက္နက္ကိုင္အုပ္စုေတြအျပင္ NUG အဖြဲ႕တာဝန္ရွိသူေတြ၊ ရွမ္းလက္နက္ကိုင္အုပ္စုေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာသတင္းေတြထြက္ေပၚခဲ့ပါတယ္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက"ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ကို လူသိမ်ားၿပီး ဆက္သြယ္မႈေတြရွိၾကမွာပါ၊ ျမန္မာႏိုင္ငံသားေတြကလည္း သက္ဆင္ဟာ ျမန္မာႏိုင္ငံေရးအခက္အခဲကို ေျဖရွင္းႏိုင္ေအာင္ကူညီေပးႏိုင္မယ္လို႔ယုံၾကည္တာေတြရွိေနပါတယ္။ ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ စစ္ပြဲေတြက အခ်ိန္ၾကာလာမယ္ဆိုရင္ ထိုင္းႏိုင္ငံကိုလည္း သက္ေရာက္မႈေတြရွိလာမွာပါ"လို႔ ေျပာပါတယ္။

ထိုင္းအစိုးရအေနနဲ႔အာဆီယံအဖြဲ႕က သတ္မွတ္ထားတဲ့ စည္းကမ္းသေဘာတူညီခ်က္မ်ားအတိုင္း ျမန္မာႏိုင္ငံမွာအမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ တည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးျပန္လည္ရရွိျခင္းကိုေတြ႕ျမင္လိုတယ္လို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးအသစ္ကေျပာပါတယ္။

Related news

© 2021. All rights reserved.