တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဥရောပခရီးစဉ်အပေါ် သုံးသပ်ချက်များ

 583

ALynn (NP News) - မေ ၈

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများကြားတွင် နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် သုံးနိုင်ငံ ဥရောပခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသည်။ အဆိုပါခြောက်ရက်ကြာ ခရီးစဉ်သည် ၂ဝ၁၉ ခုနှစ်နောက်ပိုင်း သမ္မတရှီ၏ ပထမဆုံးသော ဥရောပခရီးစဉ်ဖြစ်သည်။ အင်္ဂါနေ့ (မေလ ၇ ရက်) တွင် ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီး ပြီးဆုံးပြီးနောက် ဆားဘီးယားနှင့် ဟန်ဂေရီ နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် ဥရောပသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒတွင် ဦးစားပေးအခန်းကဏ္ဍမှ ပါဝင်လာသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ ဗဟုဝင်ရိုးကမ္ဘာဆီ ချီတက်နေ သောတရုတ်နိုင်ငံသည် ဥရောပအား အမေရိကန်ပြည်ထောင်စု၏ အနှောင်အဖွဲ့မှလွတ်ကင်းသော ဇာတ်ကောင် တစ်ဦးအဖြစ် ရှုမြင်လျက်ရှိပါသည်။

ESSEC Business School (Asia Pacific) မှ နိုင်ငံတကာ စျေးကွက်ရှာဖွေရေးနှင့် ပထဝီဝင်နိုင်ငံရေး ပါမောက္ခ ဒေါက်တာ Cedomir Nestorovic) က သမ္မတရှီအနေဖြင့် ၎င်း၏ ဥပရောပခရီးစဉ်အတွက် ရွေးချယ်ခဲ့သည့် သုံးနိုင်ငံသည် ရုတ်တရက်ဆုံးဖြတ်ချက်မဟုတ်ဘဲ အသေအချာစီစဉ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ထား သည်။ သမ္မတရှီ၏ ပြင်သစ်ခရီးစဉ်သည် တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေပြီး ယင်းမှာ နှစ်နိုင်ငံအကြား နွေးထွေးမှုရှိကြောင်းကို ပြသနေသည်။ ထို့ပြင် ပြင်သစ်ကို လာရောက် လည်ပတ်ရန် ရွေးချယ်ခြင်းသည် ပြင်သစ်အား အရေးပါဆုံးသော ဥရောပပါဝါအဖြစ် ရှုမြင်ပြီး ပြင်သစ်သမ္မတ မက်ခရွန်၏ ရပ်တည်ချက်သည် ဥရောပသမဂ္ဂတစ်ခုလုံးကို ကိုယ်စားပြုသလို သက်ရောက်မှုရှိသည်ကို ပြသလိုခြင်း ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီလက ပြင်သစ်သမ္မတ၏ တရုတ်နိုင်ငံသို့ ခရီးစဉ်အပြီးတွင် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ အမေရိကန် နှင့် တရုတ်တို့ကြား ထိပ်တိုက်တွေ့ဆုံမှုများတွင် အီးယူသည် ကြားဝင်ခြင်းမပြုသင့်ဟု သမ္မတ မက်ခရွန်က ပြောဆိုခဲ့သည်။

အခြားရွေးချယ်ထားသောနိုင်ငံများဖြစ်သည့် ဆားဘီးယားနှင့် ဟန်ဂေရီတို့သည် တရုတ်နှင့် ရင်းနှီးမှုရှိသောနိုင်ငံ များအဖြစ် ရှုမြင်ကြပြီး ဥရောပတွင် တရုတ်၏ စီးပွားရေးရည်မှန်းချက်များ တိုးချဲ့ရန်အတွက် ခြေကုပ်ရယူခြင်း အဖြစ် ရှုမြင်သုံးသပ်ကြသည်။ ၎င်းနိုင်ငံငယ် နှစ်နိုင်ငံသည် တရုတ်၏ Belt and Road Initiative (BRI) စီမံကိန်းကို အတော်လေး လက်ခံထားပြီး စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အခြေခံအဆောက်အအုံမှ နည်းပညာ အထိ နယ်ပယ်အသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ထားကြသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုများတွင် ဟန်ဂေရီ၌ ကြီးမားသော ဘက်ထရီနှင့် လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆားဘီးယားတွင် ကြေးနီ နှင့် ရွှေလုပ်ငန်းများအထိ ပါဝင်သည်။

တနင်္လာနေ့(မေလ ၆ ရက်)က သမ္မတရှီသည် သမ္မတမက်ခရွန်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုများအတွင်း ရုရှား-ယူကရိန်းစစ်ပွဲကို အဓိကပြဿနာတစ်ခုအဖြစ် အလေးပေးဆွေးနွေးခဲ့ကြသည်။ သုံးနိုင်ငံဆွေးနွေးမှုအတွင်း Mr Macron နှင့် Dr von der Leyen တို့သည် ယူကရိန်း အပေါ် ရုရှား၏ရန်လိုမှုကို အဆုံးသတ်ရန် တရုတ်၏သြဇာလွှမ်းမိုးမှုကို အသုံးပြုပေးရန် သမ္မတရှီအား တိုက်တွန်းခဲ့ သည်။ သို့သော် ရုရှားသမ္မတပူတင်သည် ယခုလနှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်နေသဖြင့် ယင်းအခြေအနေတွင် အပြောင်းအလဲများစွာ ရှိမည်မဟုတ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

ထို့ပြင် တနင်္လာနေ့တွေ့ဆုံမှုတွင် အစ္စရေး-ဟားမက်စ်စစ်ပွဲ အပါအဝင် ကုန်သွယ်ရေး အငြင်းပွားမှုများ နှင့် ကမ္ဘာလုံး ဆိုင်ရာစိန်ခေါ်မှုများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ သမ္မတမက်ခရွန် နှင့် Dr von der Leyen တို့သည် မျှတသော ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းများကို လက်ခံလိုက်နာရန် သမ္မတရှီအား တွန်းအားပေးခဲ့သည်။ ယင်းမှာ အီးယူသည် တရုတ်၏ တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့အထများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက် အဆိုပါလုပ်ရပ်များကို အစောပိုင်းက ပြစ်တင်ရှုတ်ချခဲ့သောကြောင့် ယခုဆွေးနွေးပွဲတွင် ထည့်သွင်းညှိနှိုင်း လာခြင်းဖြစ်သည်။

Zawgyi Version;
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္၏ ဥေရာပခရီးစဥ္အေပၚ သုံးသပ္ခ်က္မ်ား
ALynn (NP News) - ေမ ၈

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္သည္ ကမာၻလုံးဆိုင္ရာ တင္းမာမႈမ်ားၾကားတြင္ ႏိုင္ငံေရးႏွင့္ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈကို ျမႇင့္တင္ရန္ ရည္႐ြယ္သည့္ သုံးႏိုင္ငံ ဥေရာပခရီးစဥ္အျဖစ္ ျပင္သစ္ႏိုင္ငံသို႔ ေရာက္ရွိေနသည္။ အဆိုပါေျခာက္ရက္ၾကာ ခရီးစဥ္သည္ ၂ဝ၁၉ ခုႏွစ္ေနာက္ပိုင္း သမၼတရွီ၏ ပထမဆုံးေသာ ဥေရာပခရီးစဥ္ျဖစ္သည္။ အဂၤါေန႔ (ေမလ ၇ ရက္) တြင္ ျပင္သစ္ႏိုင္ငံသို႔ အလည္အပတ္ခရီး ၿပီးဆုံးၿပီးေနာက္ ဆားဘီးယားႏွင့္ ဟန္ေဂရီ ႏိုင္ငံသို႔ သြားေရာက္မည္ ျဖစ္သည္။

ကိုဗစ္-၁၉ ကန႔္သတ္ခ်က္မ်ားကို ႐ုတ္သိမ္းၿပီးေနာက္ ဥေရာပသည္ တ႐ုတ္ႏိုင္ငံ၏ ႏိုင္ငံျခားေရး မူဝါဒတြင္ ဦးစားေပးအခန္းက႑မွ ပါဝင္လာသည္ဟု ေလ့လာသူမ်ားက သုံးသပ္ၾကသည္။ ဗဟုဝင္႐ိုးကမာၻဆီ ခ်ီတက္ေန ေသာတ႐ုတ္ႏိုင္ငံသည္ ဥေရာပအား အေမရိကန္ျပည္ေထာင္စု၏ အေႏွာင္အဖြဲ႕မွလြတ္ကင္းေသာ ဇာတ္ေကာင္ တစ္ဦးအျဖစ္ ရႈျမင္လ်က္ရွိပါသည္။

ESSEC Business School (Asia Pacific) မွ ႏိုင္ငံတကာ ေစ်းကြက္ရွာေဖြေရးႏွင့္ ပထဝီဝင္ႏိုင္ငံေရး ပါေမာကၡ ေဒါက္တာ Cedomir Nestorovic) က သမၼတရွီအေနျဖင့္ ၎၏ ဥပေရာပခရီးစဥ္အတြက္ ေ႐ြးခ်ယ္ခဲ့သည့္ သုံးႏိုင္ငံသည္ ႐ုတ္တရက္ဆုံးျဖတ္ခ်က္မဟုတ္ဘဲ အေသအခ်ာစီစဥ္ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း သုံးသပ္ထား သည္။ သမၼတရွီ၏ ျပင္သစ္ခရီးစဥ္သည္ တ႐ုတ္-ျပင္သစ္ သံတမန္ဆက္ဆံေရး ႏွစ္ ၆၀ ျပည့္ ႏွစ္ပတ္လည္ေန႔ႏွင့္ တိုက္ဆိုင္ေနၿပီး ယင္းမွာ ႏွစ္ႏိုင္ငံအၾကား ေႏြးေထြးမႈရွိေၾကာင္းကို ျပသေနသည္။ ထို႔ျပင္ ျပင္သစ္ကို လာေရာက္ လည္ပတ္ရန္ ေ႐ြးခ်ယ္ျခင္းသည္ ျပင္သစ္အား အေရးပါဆုံးေသာ ဥေရာပပါဝါအျဖစ္ ရႈျမင္ၿပီး ျပင္သစ္သမၼတ မက္ခ႐ြန္၏ ရပ္တည္ခ်က္သည္ ဥေရာပသမဂၢတစ္ခုလုံးကို ကိုယ္စားျပဳသလို သက္ေရာက္မႈရွိသည္ကို ျပသလိုျခင္း ျဖစ္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ ဧၿပီလက ျပင္သစ္သမၼတ၏ တ႐ုတ္ႏိုင္ငံသို႔ ခရီးစဥ္အၿပီးတြင္ ထိုင္ဝမ္အေရးႏွင့္ ပတ္သက္၍ အေမရိကန္ ႏွင့္ တ႐ုတ္တို႔ၾကား ထိပ္တိုက္ေတြ႕ဆုံမႈမ်ားတြင္ အီးယူသည္ ၾကားဝင္ျခင္းမျပဳသင့္ဟု သမၼတ မက္ခ႐ြန္က ေျပာဆိုခဲ့သည္။

အျခားေ႐ြးခ်ယ္ထားေသာႏိုင္ငံမ်ားျဖစ္သည့္ ဆားဘီးယားႏွင့္ ဟန္ေဂရီတို႔သည္ တ႐ုတ္ႏွင့္ ရင္းႏွီးမႈရွိေသာႏိုင္ငံ မ်ားအျဖစ္ ရႈျမင္ၾကၿပီး ဥေရာပတြင္ တ႐ုတ္၏ စီးပြားေရးရည္မွန္းခ်က္မ်ား တိုးခ်ဲ႕ရန္အတြက္ ေျခကုပ္ရယူျခင္း အျဖစ္ ရႈျမင္သုံးသပ္ၾကသည္။ ၎ႏိုင္ငံငယ္ ႏွစ္ႏိုင္ငံသည္ တ႐ုတ္၏ Belt and Road Initiative (BRI) စီမံကိန္းကို အေတာ္ေလး လက္ခံထားၿပီး စီးပြားေရးအရ ပူးေပါင္းေဆာင္႐ြက္မႈအေနျဖင့္ အေျခခံအေဆာက္အအုံမွ နည္းပညာ အထိ နယ္ပယ္အသီးသီးတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚထားၾကသည္။ ၎ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ ဟန္ေဂရီ၌ ႀကီးမားေသာ ဘက္ထရီႏွင့္ လွ်ပ္စစ္ကား ထုတ္လုပ္ေရး စက္႐ုံမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ဆားဘီးယားတြင္ ေၾကးနီ ႏွင့္ ေ႐ႊလုပ္ငန္းမ်ားအထိ ပါဝင္သည္။

တနလၤာေန႔(ေမလ ၆ ရက္)က သမၼတရွီသည္ သမၼတမက္ခ႐ြန္၊ ဥေရာပေကာ္မရွင္ဥကၠ႒ Ursula von der Leyen တို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။ ေဆြးေႏြးမႈမ်ားအတြင္း ႐ုရွား-ယူကရိန္းစစ္ပြဲကို အဓိကျပႆနာတစ္ခုအျဖစ္ အေလးေပးေဆြးေႏြးခဲ့ၾကသည္။ သုံးႏိုင္ငံေဆြးေႏြးမႈအတြင္း Mr Macron ႏွင့္ Dr von der Leyen တို႔သည္ ယူကရိန္း အေပၚ ႐ုရွား၏ရန္လိုမႈကို အဆုံးသတ္ရန္ တ႐ုတ္၏ၾသဇာလႊမ္းမိုးမႈကို အသုံးျပဳေပးရန္ သမၼတရွီအား တိုက္တြန္းခဲ့ သည္။ သို႔ေသာ္ ႐ုရွားသမၼတပူတင္သည္ ယခုလေႏွာင္းပိုင္းတြင္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ရန္ စီစဥ္ေနသျဖင့္ ယင္းအေျခအေနတြင္ အေျပာင္းအလဲမ်ားစြာ ရွိမည္မဟုတ္ေၾကာင္း ေလ့လာသူမ်ားက သုံးသပ္ခဲ့သည္။

ထို႔ျပင္ တနလၤာေန႔ေတြ႕ဆုံမႈတြင္ အစၥေရး-ဟားမက္စ္စစ္ပြဲ အပါအဝင္ ကုန္သြယ္ေရး အျငင္းပြားမႈမ်ား ႏွင့္ ကမာၻလုံး ဆိုင္ရာစိန္ေခၚမႈမ်ားကိုပါ ထည့္သြင္းေဆြးေႏြးခဲ့ၾကသည္။ သမၼတမက္ခ႐ြန္ ႏွင့္ Dr von der Leyen တို႔သည္ မွ်တေသာ ကမာၻ႔ကုန္သြယ္ေရးစည္းမ်ဥ္းမ်ားကို လက္ခံလိုက္နာရန္ သမၼတရွီအား တြန္းအားေပးခဲ့သည္။ ယင္းမွာ အီးယူသည္ တ႐ုတ္၏ တရားမွ်တမႈမရွိေသာ ကုန္သြယ္မႈအေလ့အထမ်ားကို စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ေနာက္ အဆိုပါလုပ္ရပ္မ်ားကို အေစာပိုင္းက ျပစ္တင္ရႈတ္ခ်ခဲ့ေသာေၾကာင့္ ယခုေဆြးေႏြးပြဲတြင္ ထည့္သြင္းညႇိႏႈိင္း လာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.