ရုရှားသမ္မတအဖြစ် (၅)ကြိမ်မြောက်သက်တမ်းအတွက် ပူတင်ကျမ်းသစ္စာကျိန်ဆို

 495

Pika (NP News) - မေ ၈

ရုရှားသမ္မတပူတင်ဟာ သမ္မတအဖြစ် ငါးကြိမ်မြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာခံကြောင်း ကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် သမ္မတအဖြစ် အာဏာကိုဆက်လက်ရယူထားမှုနဲ့အတူ ရုရှားနိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ ခက်ခဲတဲ့ကာလကို ကျော်ဖြတ်ပြီး ပိုမိုကောင်းမွန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာလိမ့်မယ်လို့ ပူတင်ကပြောဆိုခဲ့ပါတယ်။ ယူကရိန်းနဲ့စစ်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန် နဲ့ ဥရောပသမဂ္ဂထဲမှာပါဝင်တဲ့ အခြားနိုင်ငံအများအပြားဟာ မေလ(၇)ရက်နေ့က ကရင်မလင်နန်းတော်မှာပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို သပိတ်မှောက်ခဲ့တယ်လို့ သိရပါတယ်။

ပူတင်က 'ကျွန်တော်တို့နိုင်ငံဟာ စည်းလုံးညီညွတ်ပြီး ကြီးမြတ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အတားအဆီးတွေအားလုံးကို ကျွန်တော်တို့အားလုံး အတူတကွဖြတ်ကျော်ပြီး စီစဉ်ထားတဲ့အရာအားလုံးကို အောင်မြင်စွာရရှိဖို့အတွက် အတူတကွအနိုင်ယူကြမယ်။”လို့ ပြောဆိုခဲ့ပါတယ်။

အသက်(၇၁)နှစ်အရွယ် ပူတင်ဟာ ပြီးခဲ့တဲ့မတ်လက ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲပေးမှုရဲ့(၈၇ ဒသမ ၂၈)ရာခိုင်နှုန်းအထိရရှိခဲ့ပြီး အနိုင်ရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ရုရှားသမ္မတပူတင်ရဲ့ပြိုင်ဘက်ဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် Alexey Navalny ထောင်ထဲမှာသေဆုံးပြီးနောက် သီတင်းပတ်များစွာအကြာမှာ ၎င်းရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားနိုင်ငံက အခြားသောထိပ်တန်းဝေဖန်ရေးသမားတွေဟာ ထောင်ချခံရခြင်း ဒါမှမဟုတ် ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့လည်း သိရပါတယ်။

zawgyi version
႐ုရွားသမၼတအျဖစ္ (၅)ႀကိမ္ေျမာက္သက္တမ္းအတြက္ ပူတင္က်မ္းသစၥာက်ိန္ဆို
Pika (NP News) - ေမ ၈

႐ုရွားသမၼတပူတင္ဟာ သမၼတအျဖစ္ ငါးႀကိမ္ေျမာက္သက္တမ္းအတြက္ က်မ္းသစၥာက်ိန္ဆိုပြဲမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို သစၥာခံေၾကာင္း က်ိန္ဆိုခဲ့တယ္လို႔ သိရပါတယ္။

ဒါ့ျပင္ သမၼတအျဖစ္ အာဏာကိုဆက္လက္ရယူထားမႈနဲ႔အတူ ႐ုရွားႏိုင္ငံဟာ လက္ရွိျဖစ္ပြားေနတဲ့ ခက္ခဲတဲ့ကာလကို ေက်ာ္ျဖတ္ၿပီး ပိုမိုေကာင္းမြန္တဲ့ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာလိမ့္မယ္လို႔ ပူတင္ကေျပာဆိုခဲ့ပါတယ္။ ယူကရိန္းနဲ႔စစ္ပြဲျဖစ္ပြားေနတာနဲ႔ပတ္သက္ၿပီး အေမရိကန္၊ ၿဗိတိန္ နဲ႔ ဥေရာပသမဂၢထဲမွာပါဝင္တဲ့ အျခားႏိုင္ငံအမ်ားအျပားဟာ ေမလ(၇)ရက္ေန႔က ကရင္မလင္နန္းေတာ္မွာျပဳလုပ္ခဲ့တဲ့ က်မ္းသစၥာက်ိန္ဆိုပြဲအခမ္းအနားကို သပိတ္ေမွာက္ခဲ့တယ္လို႔ သိရပါတယ္။

ပူတင္က 'ကြၽန္ေတာ္တို႔ႏိုင္ငံဟာ စည္းလုံးညီၫြတ္ၿပီး ႀကီးျမတ္တဲ့ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။အတားအဆီးေတြအားလုံးကို ကြၽန္ေတာ္တို႔အားလုံး အတူတကြျဖတ္ေက်ာ္ၿပီး စီစဥ္ထားတဲ့အရာအားလုံးကို ေအာင္ျမင္စြာရရွိဖို႔အတြက္ အတူတကြအႏိုင္ယူၾကမယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

အသက္(၇၁)ႏွစ္အ႐ြယ္ ပူတင္ဟာ ၿပီးခဲ့တဲ့မတ္လက ျပဳလုပ္တဲ့ ေ႐ြးေကာက္ပြဲမွာ မဲေပးမႈရဲ႕(၈၇ ဒသမ ၂၈)ရာခိုင္ႏႈန္းအထိရရွိခဲ့ၿပီး အႏိုင္ရရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။႐ုရွားသမၼတပူတင္ရဲ႕ၿပိဳင္ဘက္ျဖစ္တဲ့ အတိုက္အခံေခါင္းေဆာင္ Alexey Navalny ေထာင္ထဲမွာေသဆုံးၿပီးေနာက္ သီတင္းပတ္မ်ားစြာအၾကာမွာ ၎ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲထြက္ေပၚလာတာျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံက အျခားေသာထိပ္တန္းေဝဖန္ေရးသမားေတြဟာ ေထာင္ခ်ခံရျခင္း ဒါမွမဟုတ္ ျပည္ပကို ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.