၂၀၃၀ ခုနှစ်မှာ လကမ္ဘာပေါ်မှာ အမေရိကန်စစ်အခြေစိုက်စခန်းရှိလာနိုင်တယ်လို့ ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်တစ်ဦး ခန့်မှန်းပြောဆို

 401

Pika (NP News) - မေ ၈

အမေရိကန်စစ်တပ်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်း လကမ္ဘာပေါ်မှာ အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်နိုင်မယ်လို့ အကြီးတန်း ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်တစ်ဦးက ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ရုရှားနဲ့တရုတ်တို့ဟာ အာကာသကို အနောက်အုပ်စုနိုင်ငံတွေနဲ့ စစ်မြေပြင်အသစ်အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြောဆိုမှုတွေရှိနေချိန်မှာပဲ ယခုလိုပြောဆိုမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှုတွေမှာ အာကာသဟာ စစ်မြေပြင်အသစ်ဖြစ်လာနိုင်တယ်လို့ ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် Ken Calvert ကပြောဆိုခဲ့ပါတယ်။ Ken Calvert က 'နောက်ဆုံးအနေနဲ့ကတော့ ဒီလိုကိစ္စတွေမှာ ကျွန်တော်တို့က ဦးဆောင်နေတယ်ဆိုတာ သေချာဖို့ လိုအပ်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရုရှားကအာကာသမှာ နျူကလီးယားလက်နက်တွေ ထားရှိဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ Ken Calvert က ထပ်မံပြောဆိုခဲ့ပါတယ်။အာကာသမှာ နျူကလီးယားလက်နက်တွေထားရှိဖို့ စီစဉ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ရုရှားအစိုးရက ငြင်းဆန်ပယ်ချထားတယ်လို့လည်းသိရပါတယ်။ ဒီလိုမျိုးစွပ်စွဲပြောဆိုချက်တွေဟာ ယူကရိန်းအတွက် ရန်ပုံငွေတွေပိုမိုရရှိနိုင်ဖို့ အမေရိကန်အစိုးရက လိမ်ညာပြောဆိုထားတာတွေသာဖြစ်တယ်လို့ ရုရှားအစိုးရကပြောဆိုထားပါတယ်။ အာကာသပြိုင်ပွဲအသစ်ကို အနိုင်ရရှိဖို့အတွက် အမေရိကန်က ဘာတွေလုပ်နေလဲဆိုတဲ့ မေးခွန်းတွေကို Ken Calvert ကတုံ့ပြန်ဖြေဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Ken Calvert က'NASA ဟာ ၂၀၂၅ ခုနှစ် ဒါမှမဟုတ် ၂၀၂၆ ခုနှစ်မှာ လကမ္ဘာကို ပြန်သွားဖို့အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ထက်ပိုပြီးနောက်ကျနိုင်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ အာကာသမှာ လက်ဦးမှုတွေ ရယူနိုင်ဖို့အတွက် အမေရိကန်စစ်တပ်ဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ တက်ကြွစွာပါဝင်လှုပ်ရှားရမယ်လို့လည်း ၎င်းကပြောဆိုခဲ့ပါတယ်။

zawgyi version
၂၀၃၀ ခုႏွစ္မွာ လကမာၻေပၚမွာ အေမရိကန္စစ္အေျခစိုက္စခန္းရွိလာႏိုင္တယ္လို႔ ရီပတ္ဘလစ္ကန္လႊတ္ေတာ္အမတ္တစ္ဦး ခန႔္မွန္းေျပာဆို
Pika (NP News) - ေမ ၈

အေမရိကန္စစ္တပ္ဟာ လာမယ့္ႏွစ္အနည္းငယ္အတြင္း လကမာၻေပၚမွာ အေျခစိုက္စခန္းတစ္ခုကို တည္ေဆာက္ႏိုင္မယ္လို႔ အႀကီးတန္း ရီပတ္ဘလစ္ကန္လႊတ္ေတာ္အမတ္တစ္ဦးက ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။

႐ုရွားနဲ႔တ႐ုတ္တို႔ဟာ အာကာသကို အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ စစ္ေျမျပင္အသစ္အျဖစ္ ေျပာင္းလဲဖို႔ ႀကိဳးပမ္းေနတယ္လို႔ စြပ္စြဲေျပာဆိုမႈေတြရွိေနခ်ိန္မွာပဲ ယခုလိုေျပာဆိုမႈေတြထြက္ေပၚလာတာျဖစ္ပါတယ္။ အင္အားႀကီးႏိုင္ငံေတြၾကား ၿပိဳင္ဆိုင္မႈေတြမွာ အာကာသဟာ စစ္ေျမျပင္အသစ္ျဖစ္လာႏိုင္တယ္လို႔ ရီပတ္ဘလစ္ကန္လႊတ္ေတာ္အမတ္ Ken Calvert ကေျပာဆိုခဲ့ပါတယ္။ Ken Calvert က 'ေနာက္ဆုံးအေနနဲ႔ကေတာ့ ဒီလိုကိစၥေတြမွာ ကြၽန္ေတာ္တို႔က ဦးေဆာင္ေနတယ္ဆိုတာ ေသခ်ာဖို႔ လိုအပ္ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွားကအာကာသမွာ န်ဴကလီးယားလက္နက္ေတြ ထားရွိဖို႔စီစဥ္ေနတယ္ဆိုတဲ့ သတင္းေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔ Ken Calvert က ထပ္မံေျပာဆိုခဲ့ပါတယ္။အာကာသမွာ န်ဴကလီးယားလက္နက္ေတြထားရွိဖို႔ စီစဥ္ေနတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကို ႐ုရွားအစိုးရက ျငင္းဆန္ပယ္ခ်ထားတယ္လို႔လည္းသိရပါတယ္။ ဒီလိုမ်ိဳးစြပ္စြဲေျပာဆိုခ်က္ေတြဟာ ယူကရိန္းအတြက္ ရန္ပုံေငြေတြပိုမိုရရွိႏိုင္ဖို႔ အေမရိကန္အစိုးရက လိမ္ညာေျပာဆိုထားတာေတြသာျဖစ္တယ္လို႔ ႐ုရွားအစိုးရကေျပာဆိုထားပါတယ္။ အာကာသၿပိဳင္ပြဲအသစ္ကို အႏိုင္ရရွိဖို႔အတြက္ အေမရိကန္က ဘာေတြလုပ္ေနလဲဆိုတဲ့ ေမးခြန္းေတြကို Ken Calvert ကတုံ႔ျပန္ေျဖဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Ken Calvert က'NASA ဟာ ၂၀၂၅ ခုႏွစ္ ဒါမွမဟုတ္ ၂၀၂၆ ခုႏွစ္မွာ လကမာၻကို ျပန္သြားဖို႔အစီအစဥ္ရွိပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္ထက္ပိုၿပီးေနာက္က်ႏိုင္တယ္လို႔လည္း ကြၽန္ေတာ္ထင္ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။ အာကာသမွာ လက္ဦးမႈေတြ ရယူႏိုင္ဖို႔အတြက္ အေမရိကန္စစ္တပ္ဟာ အေရးႀကီးတဲ့အခန္းက႑ကေန တက္ႂကြစြာပါဝင္လႈပ္ရွားရမယ္လို႔လည္း ၎ကေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.