ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကြောင့် အစ္စရေးသို့ စစ်လက်နက် ပစ္စည်းပေးပို့မှုကို အမေရိကန်အစိုးရရပ်ဆိုင်း

 703

Pika (NP News) - မေ ၈

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာရှိတဲ့ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် အစ္စရေးသို့ စစ်လက်နက် ပစ္စည်းပေးပို့မှုကို ရပ်ဆိုင်းခဲ့တယ်လို့ အမေရိကန်အစိုးရအကြီးတန်းအရာရှိတစ်ဦးက မေလ(၇)ရက်နေ့ နှောင်းပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရာဖဲလ်မြို့မှာရှိတဲ့ ပါလက်စတိုင်းပြည်သူ(၁)သိန်းနီးပါးကို ဘေးလွတ်ကင်းရာကို ချက်ချင်းပြောင်းရွှေ့ကြဖို့ ယခုသီတင်းပတ်အစောပိုင်းမှာ အစ္စရေးစစ်တပ်က အမိန့်ပေးပြီးတဲ့နောက်မှာတော့ ယခုလိုပေးပို့မှု ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုနဲ့ပတ်သက်ပြီး အရပ်သားတွေ ဘေးကင်းရေးအစီအစဉ်မရှိသရွေ့ အဆိုပါစစ်ဆင်ရေးကို ဆန့်ကျင်တယ်လို့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့အစ္စရေး အရာရှိတွေဟာ ရာဖဲလ်မြို့မှာရှိတဲ့ အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့အချက်တွေကို ဆွေးနွေးနေကြတယ်လို့ အမေရိကန်အစိုးရအကြီးတန်းအရာရှိတစ်ဦးက မေလ(၇)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့ ဒါမှမဟုတ် ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ တိကျတဲ့တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့လိုအပ်တယ်လို့ အမေရိကန်အရာရှိတွေက အစ္စရေးအရာရှိတွေကို ပြောကြားထားပါတယ်။ အမေရိကန်အစိုးရအကြီးတန်းအရာရှိတစ်ဦးက 'ဒီဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပေမယ့် ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အပြည့်အဝဖြေရှင်းနိုင်တာမျိုးတော့ မရှိသေးပါဘူး။ ဒါကြောင့်မလို့ အစ္စရေးကို စစ်လက်နက်ပစ္စည်းပေးပို့တာတွေကို ရပ်ဆိုင်းခဲ့တာပါ'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြေၾကာင့္ အစၥေရးသို႔ စစ္လက္နက္ ပစၥည္းေပးပို႔မႈကို အေမရိကန္အစိုးရရပ္ဆိုင္း
Pika (NP News) - ေမ ၈

ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းမွာရွိတဲ့ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈနဲ႔ပတ္သက္ၿပီး အေမရိကန္ရဲ႕ စိုးရိမ္မႈေတြကို ေျဖရွင္းဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ အစၥေရးသို႔ စစ္လက္နက္ပစၥည္းေပးပို႔မႈကို ရပ္ဆိုင္းခဲ့တယ္လို႔ အေမရိကန္အစိုးရအႀကီးတန္းအရာရွိတစ္ဦးက ေမလ(၇)ရက္ေန႔ ေႏွာင္းပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ရာဖဲလ္ၿမိဳ႕မွာရွိတဲ့ ပါလက္စတိုင္းျပည္သူ(၁)သိန္းနီးပါးကို ေဘးလြတ္ကင္းရာကို ခ်က္ခ်င္းေျပာင္းေ႐ႊ႕ၾကဖို႔ ယခုသီတင္းပတ္အေစာပိုင္းမွာ အစၥေရးစစ္တပ္က အမိန႔္ေပးၿပီးတဲ့ေနာက္မွာေတာ့ ယခုလိုေပးပို႔မႈ ရပ္ဆိုင္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈနဲ႔ပတ္သက္ၿပီး အရပ္သားေတြ ေဘးကင္းေရးအစီအစဥ္မရွိသေ႐ြ႕ အဆိုပါစစ္ဆင္ေရးကို ဆန႔္က်င္တယ္လို႔ အေမရိကန္အစိုးရက ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ေျပာဆိုခဲ့ပါတယ္။ အေမရိကန္နဲ႔အစၥေရး အရာရွိေတြဟာ ရာဖဲလ္ၿမိဳ႕မွာရွိတဲ့ အရပ္သားေတြအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔နဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ဘယ္လိုကိုင္တြယ္ရမယ္ဆိုတဲ့အခ်က္ေတြကို ေဆြးေႏြးေနၾကတယ္လို႔ အေမရိကန္အစိုးရအႀကီးတန္းအရာရွိတစ္ဦးက ေမလ(၇)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ ဒါမွမဟုတ္ ပစ္မွတ္ေတြကို တိုက္ခိုက္ရာမွာ တိက်တဲ့တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ဖို႔လိုအပ္တယ္လို႔ အေမရိကန္အရာရွိေတြက အစၥေရးအရာရွိေတြကို ေျပာၾကားထားပါတယ္။ အေမရိကန္အစိုးရအႀကီးတန္းအရာရွိတစ္ဦးက 'ဒီေဆြးေႏြးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ စိုးရိမ္ပူပန္မႈေတြကို အျပည့္အဝေျဖရွင္းႏိုင္တာမ်ိဳးေတာ့ မရွိေသးပါဘူး။ ဒါေၾကာင့္မလို႔ အစၥေရးကို စစ္လက္နက္ပစၥည္းေပးပို႔တာေတြကို ရပ္ဆိုင္းခဲ့တာပါ'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.