ဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ယူကရိန်းထိပ်တန်းအရာရှိနှစ်ဦး ဖမ်းဆီးခံရ

 899

Pika (NP News) - မေ ၈

ယူကရိန်းသမ္မတ နဲ့ ထိပ်တန်းစစ်ဘက်ဆိုင်ရာအရာရှိတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံတော်လုံခြုံရေးကွပ်ကဲမှုအဖွဲ့က အရာရှိနှစ်ဦးကို မေလ(၇)ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU)က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီသံသယရှိသူနှစ်ဦးဟာ ယူကရိန်းသမ္မတ ဇီလန်စကီး၊ SBU အကြီးအကဲ Vasily Malyuk နဲ့ အမျိုးသားထောက်လှမ်းရေးအကြီးအကဲ Kirill Budanov တို့အပါအဝင် အခြားလူတွေကို လုပ်ကြံသတ်ဖြတ်ဖို့စီစဉ်ခဲ့တယ်လို့ SBU ကပြောကြားခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရသူနှစ်ဦးမှာ နိုင်ငံတော်လုံခြုံရေးကွပ်ကဲမှုအဖွဲ့ အကြီးအကဲအန်ဒရေးဂတ်ခ်နဲ့ ၎င်းရဲ့လုပ်ဖော်ကိုင်ဖက် Derkach တို့ဖြစ်တယ်လို့ Strana သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးစလုံးဟာ ရုရှားက ကြိုးကိုင်ထားတယ်လို့ စွပ်စွဲခံထားရတဲ့ ကွန်ရက်တစ်ခုရဲ့ အေးဂျင့်တွေဖြစ်ပြီး ဇီလန်စကီးနဲ့အခြားအစိုးရအရာရှိတွေကို ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေ၊ ကာမီကာဇဲဒရုန်းနဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ SBU ကပြောကြားခဲ့ပါတယ်။

အန်ဒရေးဂတ်ခ်ဟာ ဇီလန်စကီးအပါအဝင် အခြားအရာရှိတွေရဲ့ အချက်အလက်တွေကို စုဆောင်းပြီး ပေးပို့မှုတွေလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာလည်းဖြစ်ပါတယ်။ ၎င်းတို့ဟာ မေလ(၅)ရက်နေ့မတိုင်ခင် ယူကရိန်းအရာရှိအချို့ကို လုပ်ကြံသတ်ဖြတ်ဖို့စီစဉ်ထားပြီး ဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်မှုကို မေလ(၇)ရက်နေ့မှာ လုပ်ဆောင်မယ့် ရုရှားသမ္မတပူတင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် လက်ဆောင်အဖြစ် ပေးဖို့စီစဉ်ခဲ့တာလို့ SBU အကြီးအကဲ Vasily Malyuk က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးစလုံးကို နိုင်ငံတော်သစ္စာ ဖောက်မှု၊ အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်မှုတို့နဲ့ စွဲချက်တင်ထားပြီး ထောင်ဒဏ်တစ် သက်တစ်ကျွန်းကျခံရနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

zawgyi version
ဇီလန္စကီးကို လုပ္ႀကံသတ္ျဖတ္ဖို႔ ပူးေပါင္းႀကံစည္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ ယူကရိန္းထိပ္တန္းအရာရွိႏွစ္ဦး ဖမ္းဆီးခံရ
Pika (NP News) - ေမ ၈

ယူကရိန္းသမၼတ နဲ႔ ထိပ္တန္းစစ္ဘက္ဆိုင္ရာအရာရွိေတြကို လုပ္ႀကံသတ္ျဖတ္ဖို႔ ပူးေပါင္းႀကံစည္မႈမွာ ပါဝင္ပတ္သက္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ ႏိုင္ငံေတာ္လုံၿခဳံေရးကြပ္ကဲမႈအဖြဲ႕က အရာရွိႏွစ္ဦးကို ေမလ(၇)ရက္ေန႔မွာ ဖမ္းဆီးခဲ့တယ္လို႔ ယူကရိန္းလုံၿခဳံေရးဝန္ေဆာင္မႈ (SBU)က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အဲဒီသံသယရွိသူႏွစ္ဦးဟာ ယူကရိန္းသမၼတ ဇီလန္စကီး၊ SBU အႀကီးအကဲ Vasily Malyuk နဲ႔ အမ်ိဳးသားေထာက္လွမ္းေရးအႀကီးအကဲ Kirill Budanov တို႔အပါအဝင္ အျခားလူေတြကို လုပ္ႀကံသတ္ျဖတ္ဖို႔စီစဥ္ခဲ့တယ္လို႔ SBU ကေျပာၾကားခဲ့ပါတယ္။ ဖမ္းဆီးခံခဲ့ရသူႏွစ္ဦးမွာ ႏိုင္ငံေတာ္လုံၿခဳံေရးကြပ္ကဲမႈအဖြဲ႕ အႀကီးအကဲအန္ဒေရးဂတ္ခ္နဲ႔ ၎ရဲ႕လုပ္ေဖာ္ကိုင္ဖက္ Derkach တို႔ျဖစ္တယ္လို႔ Strana သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ ၎တို႔ႏွစ္ဦးစလုံးဟာ ႐ုရွားက ႀကိဳးကိုင္ထားတယ္လို႔ စြပ္စြဲခံထားရတဲ့ ကြန္ရက္တစ္ခုရဲ႕ ေအးဂ်င့္ေတြျဖစ္ၿပီး ဇီလန္စကီးနဲ႔အျခားအစိုးရအရာရွိေတြကို ဒုံးက်ည္နဲ႔တိုက္ခိုက္မႈေတြ၊ ကာမီကာဇဲဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ SBU ကေျပာၾကားခဲ့ပါတယ္။

အန္ဒေရးဂတ္ခ္ဟာ ဇီလန္စကီးအပါအဝင္ အျခားအရာရွိေတြရဲ႕ အခ်က္အလက္ေတြကို စုေဆာင္းၿပီး ေပးပို႔မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ စြပ္စြဲခံထားရတာလည္းျဖစ္ပါတယ္။ ၎တို႔ဟာ ေမလ(၅)ရက္ေန႔မတိုင္ခင္ ယူကရိန္းအရာရွိအခ်ိဳ႕ကို လုပ္ႀကံသတ္ျဖတ္ဖို႔စီစဥ္ထားၿပီး ဇီလန္စကီးကို လုပ္ႀကံသတ္ျဖတ္မႈကို ေမလ(၇)ရက္ေန႔မွာ လုပ္ေဆာင္မယ့္ ႐ုရွားသမၼတပူတင္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္ခင္ လက္ေဆာင္အျဖစ္ ေပးဖို႔စီစဥ္ခဲ့တာလို႔ SBU အႀကီးအကဲ Vasily Malyuk က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ၎တို႔ႏွစ္ဦးစလုံးကို ႏိုင္ငံေတာ္သစၥာ ေဖာက္မႈ၊ အၾကမ္းဖက္တိုက္ခိုက္ဖို႔ ျပင္ဆင္မႈတို႔နဲ႔ စြဲခ်က္တင္ထားၿပီး ေထာင္ဒဏ္တစ္ သက္တစ္ကြၽန္းက်ခံရႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.