မြန်မာ့အရေးအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့အဆိုပြုကမ်းလှမ်းချက်တွေကို တိုင်းရင်း သားလက်နက်ကိုင်အုပ်စုတွေ ငြင်းဆန်ပယ်ချခဲ့ဟုဆို

 2545

ဂျန်ဇက် (NP News) - မေ ၈

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အဆုံးသတ်နိုင်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့အဆိုပြုကမ်းလှမ်းချက်တွေကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေက ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဧပြီလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NUG အဖွဲ့ရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သက်ဆင်ဟာ ဧပြီ ၁၃ ရက်နေ့မှာ KNLA အဖွဲ့၊ KNPP အဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့ KNO အဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သလို ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS/SSA) ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်အပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် (KNU)အဖွဲ့ကိုယ်စားလှယ်တွေနဲ့ NUG အဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ နဲ့ နီးစပ်သောအရင်းမြစ်က "သက်ဆင်ဟာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးရယူနိုင်ဖို့ ကြားဝင်စေ့စပ်ပေးသူအဖြစ် သူ့ကို ခွင့်ပြုတယ်ဆိုတဲ့ စာရွက်စာတမ်းတွေကို ယူဆောင်လာခဲ့တယ်။ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီကို အဲဒီစာရွက်စာတမ်းတွေထဲမှာ လက်မှတ်ရေးထိုးဖို့ လိုလားခဲ့တယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သက်ဆင်ယူလာတဲ့ စာရွက်စာတမ်းတွေမှာလက်မှတ်ရေးထိုးတာမျိုးမရှိခဲ့ဘူး၊ လောလောဆယ်မှာတော့ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ"လို့ ပြောပါတယ်။

zawgyi version
ျမန္မာ့အေရးအတြက္ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕အဆိုျပဳကမ္းလွမ္းခ်က္ေတြကို တိုင္းရင္း သားလက္နက္ကိုင္အုပ္စုေတြ ျငင္းဆန္ပယ္ခ်ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ေမ ၈

ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္အဆုံးသတ္ႏိုင္ေအာင္ ၾကားဝင္ေဆာင္႐ြက္ေပးဖို႔ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕အဆိုျပဳကမ္းလွမ္းခ်က္ေတြကို တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕ေတြက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ဟာ ဧၿပီလအတြင္းမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ၊ NUG အဖြဲ႕ရဲ႕ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ သက္ဆင္ဟာ ဧၿပီ ၁၃ ရက္ေန႔မွာ KNLA အဖြဲ႕၊ KNPP အဖြဲ႕၊ ကခ်င္လက္နက္ကိုင္အဖြဲ႕ KNO အဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့သလို ရွမ္းလက္နက္ကိုင္အဖြဲ႕(RCSS/SSA) ေခါင္း ေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္အျပင္ အျခားတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔လည္းေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ (KNU)အဖြဲ႕ကိုယ္စားလွယ္ေတြနဲ႔ NUG အဖြဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔လည္း ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ နဲ႔ နီးစပ္ေသာအရင္းျမစ္က "သက္ဆင္ဟာ တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ျမန္မာအစိုးရၾကား ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔ ၾကားဝင္ေစ့စပ္ေပးသူအျဖစ္ သူ႔ကို ခြင့္ျပဳတယ္ဆိုတဲ့ စာ႐ြက္စာတမ္းေတြကို ယူေဆာင္လာခဲ့တယ္။ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ခ်င္းစီကို အဲဒီစာ႐ြက္စာတမ္းေတြထဲမွာ လက္မွတ္ေရးထိုးဖို႔ လိုလားခဲ့တယ္။ ဒါေပမဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြဟာ သက္ဆင္ယူလာတဲ့ စာ႐ြက္စာတမ္းေတြမွာလက္မွတ္ေရးထိုးတာမ်ိဳးမရွိခဲ့ဘူး၊ ေလာေလာဆယ္မွာေတာ့ ကြၽန္ေတာ္တို႔ ဘာလုပ္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ"လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.