ထိုင်ဝမ်သမ္မတသစ် တက်မလာခင် ရေလက်ကြားကို အမေရိကန်စစ်သင်္ဘော ဝင်ရောက်လာမှုကို တရုတ်အစိုးရကန့်ကွက်ရှုတ်ချ

 2082

Pika (NP News) - မေ ၉

ထိုင်ဝမ်သမ္မတသစ်တက်မလာခင် သီတင်းပတ်နှစ်ပတ်အလို မေလ(၈)ရက်မှာ အမေရိကန်စစ်သင်္ဘောတစ်စီးဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောဝင်ရောက်လာမှုကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်ဝမ်ကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားတဲ့ တရုတ်အစိုးရဟာ ထိုင်ဝမ်ရေလက်ကြားကို စီမံပိုင်ခွင့်ရှိတယ်လို့ ပြောဆိုထားပေမယ့်လည်း ထိုင်ဝမ်နဲ့ အမေရိကန်တို့ကတော့ ရေလက်ကြားကို နိုင်ငံတကာရေလမ်းကြောင်းတစ်ခုလို့ပြောဆိုထားပြီး အငြင်းပွားမှုတွေဖြစ်နေတာလို့လည်း သိရပါတယ်။

အမေရိကန်စစ်သင်္ဘောတွေဟာ တစ်လလျှင်တစ်ကြိမ်ခန့် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလေ့ရှိတယ်လို့ လည်း သိရပါတယ်။ မေလ(၂၀)ရက်မှာ ပြုလုပ်မယ့် ထိုင်ဝမ်ရွေးကောက်ခံသမ္မတလိုင်ချန်တေးရဲ့ကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်ခင် ဒီလိုဖြစ်ရပ်တွေဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။ မေလ(၉)ရက်မှာ Arleigh Burke အမျိုးအစား ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Halsey ဟာ နိုင်ငံတကာဥပဒေနဲ့အညီ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့တယ်လို့ အမေရိကန်ရေတပ်ရဲ့ အမှတ်(၇)ရေတပ် က ပြောကြားခဲ့ပါတယ်။

အမေရိကန်စစ်သင်္ဘော USS Halsey ကို စောင့်ကြည့်ဖို့ နဲ့ သတိပေးမှုတွေ လုပ်ဆောင်ဖို့အတွက် ရေတပ်နဲ့လေတပ် တပ်ဖွဲ့ဝင်တွေကိ စေလွှတ်ခဲ့ပြီး ဥပဒေစည်းမျဉ်းတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောကြားခဲ့ပါတယ်။ တရုတ်စစ်တပ်ရဲ့အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်က “အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ အဆင်သင့်အနေအထားနဲ့ရှိနေပြီး ဒေသတွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးတို့အပြင် တရုတ်ရဲ့ အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသားကာကွယ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်သမ္မတသစ်တက်မလာခင် ဖြစ်ပွားလာနိုင်တဲ့ တရုတ်ဘက်ကလှုပ်ရှားမှုတွေ အားလုံးအတွက် ထိုင်ဝမ်စစ်တပ်က အဆင်သင့်ပြင်ထားတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးက Po Horng-huei က မေလ(၈)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ထိုင္ဝမ္သမၼတသစ္ တက္မလာခင္ ေရလက္ၾကားကို အေမရိကန္စစ္သေဘၤာ ဝင္ေရာက္လာမႈကို တ႐ုတ္အစိုးရကန႔္ကြက္ရႈတ္ခ်
Pika (NP News) - ေမ ၉

ထိုင္ဝမ္သမၼတသစ္တက္မလာခင္ သီတင္းပတ္ႏွစ္ပတ္အလို ေမလ(၈)ရက္မွာ အေမရိကန္စစ္သေဘၤာတစ္စီးဟာ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းသြားလာခဲ့တယ္လို႔ သိရပါတယ္။

ထိုင္ဝမ္ေရလက္ၾကားကို အေမရိကန္စစ္သေဘၤာဝင္ေရာက္လာမႈကို တ႐ုတ္အစိုးရက ျပင္းျပင္းထန္ထန္ကန႔္ကြက္ ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ထိုင္ဝမ္ကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားတဲ့ တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ေရလက္ၾကားကို စီမံပိုင္ခြင့္ရွိတယ္လို႔ ေျပာဆိုထားေပမယ့္လည္း ထိုင္ဝမ္နဲ႔ အေမရိကန္တို႔ကေတာ့ ေရလက္ၾကားကို ႏိုင္ငံတကာေရလမ္းေၾကာင္းတစ္ခုလို႔ေျပာဆိုထားၿပီး အျငင္းပြားမႈေတြျဖစ္ေနတာလို႔လည္း သိရပါတယ္။

အေမရိကန္စစ္သေဘၤာေတြဟာ တစ္လလွ်င္တစ္ႀကိမ္ခန႔္ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းသြားေလ့ရွိတယ္လို႔ လည္း သိရပါတယ္။ ေမလ(၂၀)ရက္မွာ ျပဳလုပ္မယ့္ ထိုင္ဝမ္ေ႐ြးေကာက္ခံသမၼတလိုင္ခ်န္ေတးရဲ႕က်မ္းသစၥာ က်ိန္ဆိုပြဲမတိုင္ခင္ ဒီလိုျဖစ္ရပ္ေတြျဖစ္ပြားခဲ့တာလို႔လည္း သိရပါတယ္။ ေမလ(၉)ရက္မွာ Arleigh Burke အမ်ိဳးအစား ပဲ့ထိန္းဒုံးက်ည္ဖ်က္သေဘၤာ USS Halsey ဟာ ႏိုင္ငံတကာဥပေဒနဲ႔အညီ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းသြားလာခဲ့တယ္လို႔ အေမရိကန္ေရတပ္ရဲ႕ အမွတ္(၇)ေရတပ္ က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္စစ္သေဘၤာ USS Halsey ကို ေစာင့္ၾကည့္ဖို႔ နဲ႔ သတိေပးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ေရတပ္နဲ႔ေလတပ္ တပ္ဖြဲ႕ဝင္ေတြကိ ေစလႊတ္ခဲ့ၿပီး ဥပေဒစည္းမ်ဥ္းေတြနဲ႔အညီ ကိုင္တြယ္ေျဖရွင္းခဲ့တယ္လို႔ တ႐ုတ္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္စစ္တပ္ရဲ႕အေရွ႕ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က “အေရွ႕ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္မွာရွိတဲ့ တပ္ဖြဲ႕ဝင္ေတြဟာ အဆင္သင့္အေနအထားနဲ႔ရွိေနၿပီး ေဒသတြင္းတည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးတို႔အျပင္ တ႐ုတ္ရဲ႕ အခ်ဳပ္အျခာအာဏာကို ျပတ္ျပတ္သားသားကာကြယ္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ထိုင္ဝမ္သမၼတသစ္တက္မလာခင္ ျဖစ္ပြားလာႏိုင္တဲ့ တ႐ုတ္ဘက္ကလႈပ္ရွားမႈေတြ အားလုံးအတြက္ ထိုင္ဝမ္စစ္တပ္က အဆင္သင့္ျပင္ထားတယ္လို႔ ကာကြယ္ေရးဒုဝန္ႀကီးက Po Horng-huei က ေမလ(၈)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.