လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် F-16 တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်ပျံသန်းမှုကို စင်ကာပူအစိုးရ ရပ်ဆိုင်း

 1908

Pika (NP News) - မေ ၉

စင်ကာပူနိုင်ငံမှာ မေလ(၉)ရက်က လုပ်ဆောင်ခဲ့တဲ့ ပုံမှန်လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်း F-16 တိုက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ပြီးနောက် ၎င်းရဲ့ F-16 တိုက်လေယာဉ်တွေအတွက် လေ့ကျင့်မှုကို ယာယီဆိုင်းငံ့လိုက်တယ်လို့ စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

F-16 တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်မှုတွေ ပြန်လည်လုပ်ဆောင်ဖို့ ဘေးအန္တရာယ်ကင်းရှင်းကြောင်း စုံစမ်းစစ်ဆေး မှုတွေက သက်သေမပြနိုင်မချင်း ဒီယာယီဆိုင်းငံ့မှုဟာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြိုတင်ကာကွယ်မှု တစ်ခုသာဖြစ်တယ်လို့ စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ပျက်ကျသွားတဲ့လေယာဉ်ရဲ့တိုက်လေယာဉ်မှူးဟာ F-16 တိုက်လေယာဉ်နဲ့ နာရီပေါင်း(၂)ထောင်ကျော်ကြာ ပျံသန်း ဖူးတဲ့သူဖြစ်ပြီး ပျက်ကျမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက မေလ(၉)ရက် ညမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ လေ့ကျင့်ပျံသန်းမှုတွေအတွက် Tengah လေတပ်အခြေစိုက်စခန်း ပြေးလမ်းမကနေ ဝေဟင်ပေါ်ကိုတက်ပြီးနောက်ပိုင်း ပျံသန်းမှု ထိန်းချုပ်ရေး ဆိုင်ရာပြဿနာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ လေယာဉ်မှူးက ပြောဆိုထားပါတယ်။

စင်ကာပူဟာ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်တွေကို နှစ်ပေါင်း(၃၀)ကြာ အသုံးပြုခဲ့ပြီး နောက်ဆုံး အကြိမ် တိုက်လေယာဉ်ပျက်ကျမှုမှာ (၂၀၀၄)ခုနှစ် မေလကဖြစ်တယ်လို့ CNA သတင်းဌာနက ရေးသားဖော်ပြထားပါ တယ်။ မေလ(၉)ရက်က ဖြစ်ပွားခဲ့တဲ့ F-16 တိုက်လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး တကယ်ကို စိတ်ပျက်မိ တယ်လို့ ကာကွယ်ရေးဝန်ကြီး Ng Eng Hen က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပျက်ကျရတဲ့အကြောင်းအရင်းတွေကို တိတိကျကျသိရှိရဖို့အတွက် နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Ng Eng Hen က ထပ်မံပြောခဲ့ပါတယ်။

Zawgyi Version;
ေလ့က်င့္ပ်ံသန္းမႈတစ္ခုအတြင္း ပ်က္က်မႈျဖစ္ပြားခဲ့ၿပီးေနာက္ F-16 တိုက္ေလယာဥ္ေတြနဲ႔ ေလ့က်င့္ပ်ံသန္းမႈကို စင္ကာပူအစိုးရ ရပ္ဆိုင္း
Pika (NP News) - ေမ ၉

စင္ကာပူႏိုင္ငံမွာ ေမလ(၉)ရက္က လုပ္ေဆာင္ခဲ့တဲ့ ပုံမွန္ေလ့က်င့္ပ်ံသန္းမႈတစ္ခုအတြင္း F-16 တိုက္ေလယာဥ္ တစ္စင္း ပ်က္က်ခဲ့ၿပီးေနာက္ ၎ရဲ႕ F-16 တိုက္ေလယာဥ္ေတြအတြက္ ေလ့က်င့္မႈကို ယာယီဆိုင္းငံ့လိုက္တယ္လို႔ စင္ကာပူကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

F-16 တိုက္ေလယာဥ္ေတြနဲ႔ ေလ့က်င့္မႈေတြ ျပန္လည္လုပ္ေဆာင္ဖို႔ ေဘးအႏၲရာယ္ကင္းရွင္းေၾကာင္း စုံစမ္းစစ္ေဆး မႈေတြက သက္ေသမျပႏိုင္မခ်င္း ဒီယာယီဆိုင္းငံ့မႈဟာ ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္ ႀကိဳတင္ကာကြယ္မႈ တစ္ခုသာျဖစ္တယ္လို႔ စင္ကာပူကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

ပ်က္က်သြားတဲ့ေလယာဥ္ရဲ႕တိုက္ေလယာဥ္မႉးဟာ F-16 တိုက္ေလယာဥ္နဲ႔ နာရီေပါင္း(၂)ေထာင္ေက်ာ္ၾကာ ပ်ံသန္း ဖူးတဲ့သူျဖစ္ၿပီး ပ်က္က်မႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ စင္ကာပူ ကာကြယ္ေရးဝန္ႀကီးဌာနက ေမလ(၉)ရက္ ညမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ေလ့က်င့္ပ်ံသန္းမႈေတြအတြက္ Tengah ေလတပ္အေျခစိုက္စခန္း ေျပးလမ္းမကေန ေဝဟင္ေပၚကိုတက္ၿပီးေနာက္ပိုင္း ပ်ံသန္းမႈ ထိန္းခ်ဳပ္ေရး ဆိုင္ရာျပႆနာေတြကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ ေလယာဥ္မႉးက ေျပာဆိုထားပါတယ္။

စင္ကာပူဟာ အေမရိကန္ထုတ္ F-16 တိုက္ေလယာဥ္ေတြကို ႏွစ္ေပါင္း(၃၀)ၾကာ အသုံးျပဳခဲ့ၿပီး ေနာက္ဆုံး အႀကိမ္ တိုက္ေလယာဥ္ပ်က္က်မႈမွာ (၂၀၀၄)ခုႏွစ္ ေမလကျဖစ္တယ္လို႔ CNA သတင္းဌာနက ေရးသားေဖာ္ျပထားပါ တယ္။ ေမလ(၉)ရက္က ျဖစ္ပြားခဲ့တဲ့ F-16 တိုက္ေလယာဥ္ပ်က္က်မႈနဲ႔ပတ္သက္ၿပီး တကယ္ကို စိတ္ပ်က္မိ တယ္လို႔ ကာကြယ္ေရးဝန္ႀကီး Ng Eng Hen က ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ပ်က္က်ရတဲ့အေၾကာင္းအရင္းေတြကို တိတိက်က်သိရွိရဖို႔အတြက္ ေနာက္ထပ္စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ Ng Eng Hen က ထပ္မံေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.