ကာကွယ်ရေးကဏ္ဍ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ နှင့် ပါကစ္စတန်နိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေး

 205

Pearl (NP News) - မေ ၉

ကာကွယ်ရေးကဏ္ဍ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရန်အတွက် နစကဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

ယမန်နေ့ (မေလ ၈ ရက်)တွင် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့် အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အင်မရန်ဟိုက်ဒါသည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့ကြောင်းသည်။

ထိုသို့ပေးအပ်ပြီးနောက် နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးဆိုင်ရာများ၊ ကာကွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ခရီးသွားကဏ္ဍများအပါအဝင် အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ အထည်အလိပ်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ အပြန်အလှန် ကုန်သွယ်မှုများတိုးမြှင့်ဆောင်ရွက်နိုင်သည့် အခြေအနေများ ၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါနေ့၊ နေ့လည်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အင်မရန်ဟိုက်ဒါတို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ထပ်မံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းအပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyi version
ကာကြယ္ေရးက႑၌ ပိုမိုပူးေပါင္းေဆာင္႐ြက္ရန္ နစက ဥကၠ႒ ႏွင့္ ပါကစၥတန္ႏိုင္ငံသံအမတ္ ႀကီးတို႔ ေဆြးေႏြး
Pearl (NP News) - ေမ ၉

ကာကြယ္ေရးက႑၌ ပိုမိုပူးေပါင္းေဆာင္႐ြက္ရန္အတြက္ နစကဥကၠ႒ ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ပါကစၥတန္ႏိုင္ငံသံအမတ္ႀကီးတို႔ ေဆြးေႏြးခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

ယမန္ေန႔ (ေမလ ၈ ရက္)တြင္ ျမန္မာႏိုင္ငံဆိုင္ရာ ပါကစၥတန္ႏိုင္ငံသံအမတ္ႀကီးအျဖစ္ ခန႔္ အပ္ရန္ သေဘာတူညီၿပီးျဖစ္ေသာ သံအမတ္ႀကီး မစၥတာ အင္မရန္ဟိုက္ဒါသည္ ၎၏ သံအမတ္ခန႔္အပ္လႊာကို နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံ ေပးအပ္ခဲ့ေၾကာင္းသည္။

ထိုသို႔ေပးအပ္ၿပီးေနာက္ ႏွစ္ႏိုင္ငံအၾကားသံတမန္ဆက္ဆံေရးဆိုင္ရာမ်ား၊ ကာကြယ္ေရးက႑၊ ပညာေရးက႑၊ ယဥ္ေက်းမႈက႑၊ စက္မႈက႑၊ စိုက္ပ်ိဳးေရးက႑၊ ခရီးသြားက႑မ်ားအပါအဝင္ အစိုးရအခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အလားတူ အထည္အလိပ္လုပ္ငန္းမ်ား၊ ေဆးဝါးထုတ္လုပ္မႈလုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္သည့္အေျခအေနမ်ား၊ အျပန္အလွန္ ကုန္သြယ္မႈမ်ားတိုးျမႇင့္ေဆာင္႐ြက္ႏိုင္သည့္ အေျခအေနမ်ား ၊ ႏွစ္ႏိုင္ငံအၾကားခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးတက္ေကာင္းမြန္ေရး ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါေန႔၊ ေန႔လည္ပိုင္းတြင္ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြ ႏွင့္ ပါကစၥတန္သံအမတ္ႀကီး မစၥတာ အင္မရန္ဟိုက္ဒါတို႔ ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ ထပ္မံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာ-ပါကစၥတန္ ႏွစ္ႏိုင္ငံအၾကား ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးေသာ ဆက္ဆံေရးကို ပိုမိုတိုးတက္ခိုင္မာေရး၊ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ခရီးသြားလုပ္ငန္း၊ စိုက္ပ်ိဳးေရးႏွင့္ စက္မႈလုပ္ငန္းအပါအဝင္ အျပန္အလွန္ အက်ိဳးျဖစ္ထြန္းေစမည့္ က႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားျမႇင့္တင္ေရးတို႔အတြက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.