အစ္စရေးက ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မယ်ဆိုရင် စစ်လက်နက်ပစ္စည်းပေးပို့မှုကို ရပ်ဆိုင်းသွားမယ်လို့ အမေရိကန်သမ္မတခြိမ်းခြောက်

 661

Pika (NP News) - မေ ၉

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာရှိတဲ့ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် အစ္စရေးကို စစ်လက်နက်ပစ္စည်းပေးပို့မှုတွေ ရပ်ဆိုင်းသွားမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မေလ(၉)ရက်နေ့မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ အစ္စရေးကို ဗုံးတွေပေးပို့မှုကို အမေရိကန်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်မှာ ရပ်ဆိုင်းခဲ့ပြီးနောက် ဂျိုးဘိုင်ဒန်ရဲ့သတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်က 'အစ္စရေးက ရာဖဲလ်မြို့ကို ထိုးစစ်ဆင်ခဲ့မယ်ဆိုရင် သူတို့အသုံးပြုဖို့အတွက် စစ်လက်နက်ပစ္စည်းတွေကို ကျွန်တော်ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ အစ္စရေးက ရာဖဲလ်မြို့ကို ထိုးစစ်ဆင်ရာမှာအသုံးပြုဖို့အတွက် စစ်လက်နက် ပစ္စည်းတွေနဲ့ အမြောက်ကျည်ဆန်တွေကို ကျွန်တော်တို့ ထောက်ပံ့ပေးသွားမှာမဟုတ်ပါဘူး' လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ အမေရိကန်အစိုးရဟာ အစ္စရေးကို အလေးချိန်(၉၀၇)ကီလိုဂရမ်ရှိတဲ့ ဗုံးတွေနဲ့ အလေးချိန်(၂၂၆)ကီလိုဂရမ်ရှိတဲ့ ဗုံးတွေ ပေးပို့မှုကို ယာယီရပ်ဆိုင်းခဲ့တယ်လို့လည်း သိရပါတယ်။ဂျိုးဘိုင်ဒန်က 'ကျွန်တော်တို့ဟာ အစ္စရေးရဲ့ လုံခြုံရေးနဲ့ အဝေးကို ထွက်သွားနေတာမဟုတ်ပါဘူး။ ဂါဇာကမ်းမြောင်ဒေသကို စစ်ပွဲတွေဆင်နွှဲနေတဲ့ အစ္စရေးရဲ့စွမ်းရည်တွေဆီကနေ အဝေးကို ကျွန်တော်တို့ထွက်သွားနေတာပါ။”လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော်သေဆုံးခဲ့ပြီး ပါလက်စတိုင်းလူမျိုး (၃)သောင်းကျော်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရပါတယ်။

zawgyi version
အစၥေရးက ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မယ္ဆိုရင္ စစ္လက္နက္ပစၥည္းေပးပို႔မႈကို ရပ္ဆိုင္းသြားမယ္လို႔ အေမရိကန္သမၼတၿခိမ္းေျခာက္
Pika (NP News) - ေမ ၉

ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းမွာရွိတဲ့ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ အစၥေရးကို စစ္လက္နက္ပစၥည္းေပးပို႔မႈေတြ ရပ္ဆိုင္းသြားမယ္လို႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ေမလ(၉)ရက္ေန႔မွာ သတိေပးေျပာဆိုလိုက္ပါတယ္။

ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈေတြ လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတဲ့ အစၥေရးကို ဗုံးေတြေပးပို႔မႈကို အေမရိကန္အစိုးရက ၿပီးခဲ့တဲ့သီတင္းပတ္မွာ ရပ္ဆိုင္းခဲ့ၿပီးေနာက္ ဂ်ိဳးဘိုင္ဒန္ရဲ႕သတိေပးခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဂ်ိဳးဘိုင္ဒန္က 'အစၥေရးက ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္ခဲ့မယ္ဆိုရင္ သူတို႔အသုံးျပဳဖို႔အတြက္ စစ္လက္နက္ပစၥည္းေတြကို ကြၽန္ေတာ္ေထာက္ပံ့ေပးမွာ မဟုတ္ပါဘူး။ အစၥေရးက ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္ရာမွာအသုံးျပဳဖို႔အတြက္ စစ္လက္နက္ ပစၥည္းေတြနဲ႔ အေျမာက္က်ည္ဆန္ေတြကို ကြၽန္ေတာ္တို႔ ေထာက္ပံ့ေပးသြားမွာမဟုတ္ပါဘူး' လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္မွာ အေမရိကန္အစိုးရဟာ အစၥေရးကို အေလးခ်ိန္(၉၀၇)ကီလိုဂရမ္ရွိတဲ့ ဗုံးေတြနဲ႔ အေလးခ်ိန္(၂၂၆)ကီလိုဂရမ္ရွိတဲ့ ဗုံးေတြ ေပးပို႔မႈကို ယာယီရပ္ဆိုင္းခဲ့တယ္လို႔လည္း သိရပါတယ္။ဂ်ိဳးဘိုင္ဒန္က 'ကြၽန္ေတာ္တို႔ဟာ အစၥေရးရဲ႕ လုံၿခဳံေရးနဲ႔ အေဝးကို ထြက္သြားေနတာမဟုတ္ပါဘူး။ ဂါဇာကမ္းေျမာင္ေဒသကို စစ္ပြဲေတြဆင္ႏႊဲေနတဲ့ အစၥေရးရဲ႕စြမ္းရည္ေတြဆီကေန အေဝးကို ကြၽန္ေတာ္တို႔ထြက္သြားေနတာပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အစၥေရးႏိုင္ငံသား(၁၂၀၀)ေက်ာ္ေသဆုံးခဲ့ၿပီး ပါလက္စတိုင္းလူမ်ိဳး (၃)ေသာင္းေက်ာ္ေသဆုံးခဲ့တယ္လို႔ ထုတ္ျပန္ထားတဲ့အခ်က္အလက္ေတြအရသိရပါတယ္။

Related news

© 2021. All rights reserved.