ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးရဲ့နုတ်ထွက်စာတင်သွင်းမှုကို ပြန်စဉ်းစားဖို့ ထိုင်းဝန်ကြီးချုပ် တောင်းဆို

 639

ဂျန်ဇက် (NP News) - မေ ၉

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ဟာ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကရီဆာဒါ ချီနာဗီချာရာနာရဲ့ နုတ်ထွက်စာတင်သွင်းမှုကို ပြန်လည် စဉ်းစားဖို့ တောင်းဆိုခဲ့ကြောင်းသိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့ကို ပြင်ဆင်ပြောင်းလဲမယ်လို့သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အစိုးရအဖွဲ့မှာတာဝန်ယူနေတဲ့ ဝန်ကြီးနဲ့ဒုတိယဝန်ကြီးအချို့ဟာ နုတ်ထွက်စာတင်သွင်းခဲ့ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယဝန် ကြီးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရာထူးတွေက နုတ်ထွက်စာတင်သွင်းခဲ့ပြီး ဝန်ကြီးချုပ်က လက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒုတိယဝန်ကြီး ကရီဆာဒါ ချီနာဗီချာရာနာဟာ သူရဲ့နုတ်ထွက်စာကို ထိုင်းဘဏ္ဍာရေးဝန်ကြီးထံတင်သွင်းခဲ့ကြောင်းသိရပါတယ်။ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးနှစ်ဦးရှိနေပြီး ကရီဆာဒါဟာ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ Revenue and Excise Department ရုံး၊ Comptroller General Department and Government Lottery ရုံးအပါအဝင် အဓိက ရုံးတွေကို ကြီးကြပ်ရသူဖြစ်ပါတယ်။ ထိုင်း United Thai Nation ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူက ကရီဆာဒါဟာ ပါတီကလည်း နုတ်ထွက်ခဲ့သလို ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးရာထူးကနုတ်ထွက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ပြောပါတယ်။

ကရီဆာဒါဟာ သူရဲ့စီးပွားရေးလုပ်ငန်းတွေကို အာရုံစိုက်ပိုမိုလုပ်ကိုင်ဖို့ ဆန္ဒရှိနေတဲ့အတွက် ဘဏ္ဍာရေးဒုတိယဝန်ကြီးရာထူးအပြင် United Thai Nation ပါတီတာဝန်ရှိသူရာထူးကနုတ်ထွက်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ ဆာရက်သာ တာဗီဆင်ဟာ ပြီးခဲ့တဲ့နှစ်မှာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာမှာပဲ အစိုးရအဖွဲ့အတွင်းပြုပြင်ပြောင်း လဲမှုတွေကို လုပ်ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

zawgyi version
ထိုင္းဘ႑ာေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးရဲ႕ႏုတ္ထြက္စာတင္သြင္းမႈကို ျပန္စဥ္းစားဖို႔ ထိုင္းဝန္ႀကီးခ်ဳပ္ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ေမ ၉

ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္ဟာ ထိုင္းဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ကရီဆာဒါ ခ်ီနာဗီခ်ာရာနာရဲ႕ ႏုတ္ထြက္စာတင္သြင္းမႈကို ျပန္လည္ စဥ္းစားဖို႔ ေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ဟာ အစိုးရအဖြဲ႕ကို ျပင္ဆင္ေျပာင္းလဲမယ္လို႔သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အစိုးရအဖြဲ႕မွာတာဝန္ယူေနတဲ့ ဝန္ႀကီးနဲ႔ဒုတိယဝန္ႀကီးအခ်ိဳ႕ဟာ ႏုတ္ထြက္စာတင္သြင္းခဲ့ေၾကာင္းသိရပါတယ္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ဒုတိယဝန္ ႀကီးတို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ရာထူးေတြက ႏုတ္ထြက္စာတင္သြင္းခဲ့ၿပီး ဝန္ႀကီးခ်ဳပ္က လက္ခံခဲ့တယ္လို႔ သိရပါတယ္။

ဒုတိယဝန္ႀကီး ကရီဆာဒါ ခ်ီနာဗီခ်ာရာနာဟာ သူရဲ႕ႏုတ္ထြက္စာကို ထိုင္းဘ႑ာေရးဝန္ႀကီးထံတင္သြင္းခဲ့ေၾကာင္းသိရပါတယ္။ ထိုင္းဘ႑ာေရးဝန္ႀကီးဌာနမွာ ဒုတိယဝန္ႀကီးႏွစ္ဦးရွိေနၿပီး ကရီဆာဒါဟာ ထိုင္းဘ႑ာေရးဝန္ႀကီးဌာနရဲ႕ Revenue and Excise Department ႐ုံး၊ Comptroller General Department and Government Lottery ႐ုံးအပါအဝင္ အဓိက ႐ုံးေတြကို ႀကီးၾကပ္ရသူျဖစ္ပါတယ္။ ထိုင္း United Thai Nation ပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူက ကရီဆာဒါဟာ ပါတီကလည္း ႏုတ္ထြက္ခဲ့သလို ဘ႑ာေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးရာထူးကႏုတ္ထြက္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ေျပာပါတယ္။

ကရီဆာဒါဟာ သူရဲ႕စီးပြားေရးလုပ္ငန္းေတြကို အာ႐ုံစိုက္ပိုမိုလုပ္ကိုင္ဖို႔ ဆႏၵရွိေနတဲ့အတြက္ ဘ႑ာေရးဒုတိယဝန္ႀကီးရာထူးအျပင္ United Thai Nation ပါတီတာဝန္ရွိသူရာထူးကႏုတ္ထြက္ဖို႔ ႀကိဳးပမ္းလာတာျဖစ္ပါတယ္။ ဆာရက္သာ တာဗီဆင္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အစိုးရအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္းခဲ့ၿပီးေနာက္ တစ္ႏွစ္ေက်ာ္အၾကာမွာပဲ အစိုးရအဖြဲ႕အတြင္းျပဳျပင္ေျပာင္း လဲမႈေတြကို လုပ္ေဆာင္ဖို႔ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.