နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီကို တပ်ချုပ်ဦးဆောင် ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲမည်

 9687

မြူနစ် (NP News) - မေ ၉

နျူကလီးယားစွမ်းအင်အကောင်အထည်ဖော် ရေးဦးဆောင်ကော်မတီကို ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ဦးဆောင်နေပြီး ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နစကအစိုးရသည် အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေးဦးဆောင် ကော်မတီကို ပြီးခဲ့သည့်လပိုင်းအတွင်းက ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။အဆိုပါဦးဆောင်ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်ရယူထားပြီအတွင်းရေးမှူးအဖြစ် သိပ္ပံနှင့် နည်းပညာဝန်ကြီးက တာဝန်ယူထားသည်။

မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် မျှော်မှန်းချက်နှင့် လုပ်ထုံးလုပ်နည်းများချမှတ်နိုင်ရေးကို ဦးဆောင်မှုပေးရန်၊ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ပေးရန် အတွက် အထက်ပါဦးဆောင်ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များ တွင်ဖော်ပြထားသည်။

“လူတွေက negative view ပဲ ကြည့်နေတာ။ လက်ရှိ မီးပြတ်တယ်ဗျာ။ ကမ္ဘာကြီးမှာ sustainable development ဆိုတဲ့သူတွေတောင်မှ အကုန်လုံး ဓာတ်ပေါင်းဖို တည်နေရပြီလေ။ အနီးစပ်ဆုံး ကျွန်တော်တို့ မြန်မာပြည်ရဲ့ ဘေးပတ်ဝန်းကျင် တိုင်းပြည်တွေကိုကြည့်လိုက်။ နောက်နှစ်ဆိုရင် ဘင်္ဂလားဒေ့ရှ်က နှစ်လုံးစပြီလေ reactor တွေ။ အိန္ဒိယဆိုရင် လက်ရှိဓာတ်ပေါင်းဖို (၂၂)လုံး run နေတာ။ တရုတ်ဆိုရင်အများကြီးပဲ။ ထိုင်းဆိုရင် လည်း research နှစ်လုံး တောင်ရှိတယ်။ မြန်မာပြည်မှာ နျူက လီးယားနဲ့ပတ်သက်ပြီးတော့ negative effect ဝင်ပစ်လိုက်တော့ အရင်အစိုးရတွေတုန်းက အဲဒါကို ဘေးပုံထားတာ။ တကယ်တမ်းက ဆက်လုပ်ရမှာဗျ။ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နျူကလီးယားမပါလို့မရဘူး။ အဏုမြူစွမ်းအင်မပါဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့က မလွယ်ဘူး”ဟု အဏုမြူစွမ်းအင် ဦးစီးဌာနမှ အရာရှိတစ်ဦး NP News ကို သုံးသပ်ပြောကြားသည်။

ထို့ပြင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့်နယ်ပယ်များ အတွက် နိုင်ငံတကာနှင့်ဒေသတွင်း မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို ထူထောင်ရန်အတွက်လည်း ဦးဆောင်ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်အစိုးရက အတည်ပြုထားသော နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် နျူကလီးယား စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း နစက၏ သတင်းအချက် အလက်များက ဆိုသည်။

အလားတူ ကော်မတီအနေဖြင့် နျူကလီးယား စွမ်းအင်အစီအစဉ်ကို ရေရှည်အကောင်အထည်ဖော် နိုင်ရေးအတွက် ပံ့ပိုးနိုင်သည့် လူ့စွမ်းအားအရင်းအ မြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်း များနှင့် သုံးစွဲပြီးလောင်စာများ စီမံခန့်ခွဲရေးစသည့် ကိစ္စရပ်များဆိုင်ရာ မဟာဗျူဟာများနှင့် အစီအမံများ ရေးဆွဲရေးအပေါ် ဦးဆောင်ကာကြီးကြပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နျူကလီးယားအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် နျူကလီးယားစီမံကိန်းအတွက် ဘဏ္ဍာငွေရရှိရေးတို့ကိုလည်းဦး ဆောင်ကော်မတီအနေဖြင့် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ rule ရှိတယ်။ မြန်မာပြည်ကို နိုင်ငံခြားကသွင်းသမျှ ရေဒီယိုသတ္တိကြွ ပစ္စည်းမှန် သမျှကို မူရင်းနိုင်ငံကို ပြန်ပို့ရမယ်ဆိုတာရှိတယ်။ ဘယ် source မဆို သုံးပြီးတဲ့ ရေဒီယိုသတ္တိ ကြွစွန့်ပစ်ပစ္စည်းတွေကို ပြန်ပို့ရမှာပေါ့။ အခုလက်ရှိမှာလည်း သုံးနေတယ်။ ဆေးရုံတွေဆိုရင်လည်း သွင်းနေတာပဲ။ အဲဒါတွေကိုလည်း ပြန်ပို့နေတာပဲလေ”ဟု အဏုမြူစွမ်းအင်ဦးစီးဌာနမှအရာရှိက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန်အတွက် နစကအစိုးရက ပြင်ဆင်နေလျက်ရှိပြီး ယင်းကဲ့သို့ တည်ဆောက်ရန်အတွက် နစကအစိုးရနှင့် ရုရှား နိုင်ငံတို့အကြား နာလည်မှုစာချွန်လွှာတချို့ကို လက်မှတ်ရေးထိုးထားသည်။ '၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှာ အဏု မြူစွမ်းအင်နယ်ပယ်ဆိုင်ရာလေ့ကျင်ရေးနဲ့ ကျွမ်း ကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာအပါအဝင် နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထုရဲ့အပြု သဘောဆောင်တဲ့ သဘောထားအမြင်များရရှိရေး၊ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ နှစ်ခုကို လက်မှတ်ရေးထိုးခဲ့တယ်'ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လွန်ခဲ့သော ၂၀၂၂ ခုနှစ် အတွင်းက ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင် နစကအစိုးရအနေဖြင့် ရန်ကုန်မြို့၌ နျူကလီးယားနည်းပညာပြန်ကြားရေးဌာနကို တည်ထောင်ဖွင့်လှစ်ထားပြီးဖြစ်သည်။

zawgyi version
န်ဴကလီးယားစြမ္းအင္ အေကာင္အထည္ေဖာ္ေရး ဦးေဆာင္ေကာ္မတီကို တပ္ခ်ဳပ္ဦးေဆာင္ ေရဒီယိုသတၱိႂကြစြန႔္ပစ္ပစၥည္းမ်ားကို စီမံခန႔္ခြဲမည္
ျမဴနစ္ (NP News) - ေမ ၉

န်ဴကလီးယားစြမ္းအင္အေကာင္အထည္ေဖာ္ ေရးဦးေဆာင္ေကာ္မတီကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္က ဦးေဆာင္ေနၿပီး ေရဒီယိုသတၱိႂကြစြန႔္ပစ္ပစၥည္းမ်ားကို စီမံခန႔္ခြဲသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

နစကအစိုးရသည္ အမ်ိဳးသားအဆင့္ န်ဴကလီးယားစြမ္းအင္အေကာင္အထည္ေဖာ္ေရးဦးေဆာင္ ေကာ္မတီကို ၿပီးခဲ့သည့္လပိုင္းအတြင္းက ဥကၠ႒အပါအဝင္အဖြဲ႕ဝင္ (၁၄)ဦးျဖင့္ ဖြဲ႕စည္းခဲ့သည္။အဆိုပါဦးေဆာင္ေကာ္မတီတြင္ ဥကၠ႒ အျဖစ္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တာဝန္ရယူထားၿပီအတြင္းေရးမႉးအျဖစ္ သိပၸံႏွင့္ နည္းပညာဝန္ႀကီးက တာဝန္ယူထားသည္။

ျမန္မာႏိုင္ငံ၏ န်ဴကလီးယားစြမ္းအင္အစီအစဥ္ႏွင့္ စီမံကိန္းမ်ားအေကာင္အထည္ေဖာ္ရာတြင္ ေမွ်ာ္မွန္းခ်က္ႏွင့္ လုပ္ထုံးလုပ္နည္းမ်ားခ်မွတ္ႏိုင္ေရးကို ဦးေဆာင္မႈေပးရန္၊ òန္ၾကားခ်က္မ်ားႏွင့္ လမ္းòန္ခ်က္မ်ား ထုတ္ျပန္ေပးရန္ အတြက္ အထက္ပါဦးေဆာင္ေကာ္မတီကို ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ား တြင္ေဖာ္ျပထားသည္။

“လူေတြက negative view ပဲ ၾကည့္ေနတာ။ လက္ရွိ မီးျပတ္တယ္ဗ်ာ။ ကမာၻႀကီးမွာ sustainable development ဆိုတဲ့သူေတြေတာင္မွ အကုန္လုံး ဓာတ္ေပါင္းဖို တည္ေနရၿပီေလ။ အနီးစပ္ဆုံး ကြၽန္ေတာ္တို႔ ျမန္မာ ျပည္ရဲ႕ ေဘးပတ္ဝန္းက်င္ တိုင္းျပည္ေတြကိုၾကည့္လိုက္။ ေနာက္ႏွစ္ဆိုရင္ ဘဂၤလားေဒ့ရွ္က ႏွစ္လုံးစၿပီေလ reactor မေတြ။ အိႏၵိယဆိုရင္ လက္ရွိဓာတ္ေပါင္းဖို (၂၂)လုံး run ေနတာ။ တ႐ုတ္ဆိုရင္အမ်ားႀကီးပဲ။ ထိုင္းဆိုရင္ လည္း research ႏွစ္လုံး ေတာင္ရွိတယ္။ ျမန္မာျပည္မွာ န်ဴက လီးယားနဲ႔ပတ္သက္ၿပီးေတာ့ negative effect ဝင္ပစ္လိုက္ေတာ့ အရင္အစိုးရေတြတုန္းက အဲဒါကို ေဘးပုံထားတာ။ တကယ္တမ္းက ဆက္လုပ္ရမွာဗ်။ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ အတြက္ န်ဴကလီးယားမပါလို႔မရဘူး။ အဏုျမဴစြမ္းအင္မပါဘဲနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ဖို႔က မလြယ္ဘူး”ဟု အဏုျမဴစြမ္းအင္ ဦးစီးဌာနမွ အရာရွိတစ္ဦး NP News ကို သုံးသပ္ေျပာၾကားသည္။

ထို႔ျပင္ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းေသာ ရည္႐ြယ္ခ်က္ျဖင့္ အသုံးျပဳသည့္နယ္ပယ္မ်ား အတြက္ ႏိုင္ငံတကာႏွင့္ေဒသတြင္း မိတ္ဖက္ပူးေပါင္း ေဆာင္႐ြက္မႈမ်ားကို ထူေထာင္ရန္အတြက္လည္း ဦးေဆာင္ေကာ္မတီကို ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း သိရသည္။ ႏိုင္ငံေတာ္အစိုးရက အတည္ျပဳထားေသာ န်ဴကလီးယားစြမ္းအင္အစီအစဥ္ႏွင့္ န်ဴကလီးယား စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္းလည္း နစက၏ သတင္းအခ်က္ အလက္မ်ားက ဆိုသည္။

အလားတူ ေကာ္မတီအေနျဖင့္ န်ဴကလီးယား စြမ္းအင္အစီအစဥ္ကို ေရရွည္အေကာင္အထည္ေဖာ္ ႏိုင္ေရးအတြက္ ပံ့ပိုးႏိုင္သည့္ လူ႔စြမ္းအားအရင္းအ ျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေရဒီယိုသတၱိႂကြစြန႔္ပစ္ပစၥည္း မ်ားႏွင့္ သုံးစြဲၿပီးေလာင္စာမ်ား စီမံခန႔္ခြဲေရးစသည့္ ကိစၥရပ္မ်ားဆိုင္ရာ မဟာဗ်ဴဟာမ်ားႏွင့္ အစီအမံမ်ား ေရးဆြဲေရးအေပၚ ဦးေဆာင္ကာႀကီးၾကပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ န်ဴကလီးယားအေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးႏွင့္ န်ဴကလီးယားစီမံကိန္းအတြက္ ဘ႑ာေငြရရွိေရးတို႔ကိုလည္းဦး ေဆာင္ေကာ္မတီအေနျဖင့္ ေဆာင္႐ြက္သြားရန္ရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ဆီမွာ rule ရွိတယ္။ ျမန္မာျပည္ကို ႏိုင္ငံျခားကသြင္းသမွ် ေရဒီယိုသတၱိႂကြ ပစၥည္းမွန္ သမွ်ကို မူရင္းႏိုင္ငံကို ျပန္ပို႔ရမယ္ဆိုတာရွိတယ္။ ဘယ္ source မဆို သုံးၿပီးတဲ့ ေရဒီယိုသတၱိ ႂကြစြန႔္ပစ္ပစၥည္းေတြကို ျပန္ပို႔ရမွာေပါ့။ အခုလက္ရွိမွာလည္း သုံးေနတယ္။ ေဆး႐ုံေတြဆိုရင္လည္း သြင္းေနတာပဲ။ အဲဒါေတြကိုလည္း ျပန္ပို႔ေနတာပဲေလ”ဟု အဏုျမဴစြမ္းအင္ဦးစီးဌာနမွအရာရွိက ဆက္လက္ေျပာသည္။

ျမန္မာႏိုင္ငံတြင္ အေသးစားန်ဴကလီးယား ဓာတ္အားေပးစက္႐ုံကို တည္ေဆာက္ရန္အတြက္ နစကအစိုးရက ျပင္ဆင္ေနလ်က္ရွိၿပီး ယင္းကဲ့သို႔ တည္ေဆာက္ရန္အတြက္ နစကအစိုးရႏွင့္ ႐ုရွား ႏိုင္ငံတို႔အၾကား နာလည္မႈစာခြၽန္လႊာတခ်ိဳ႕ကို လက္မွတ္ေရးထိုးထားသည္။ '၂၀၂၂ ခုႏွစ္ ဇူလိုင္လမွာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ေမာ္စကိုၿမိဳ႕မွာ အဏု ျမဴစြမ္းအင္နယ္ပယ္ဆိုင္ရာေလ့က်င္ေရးနဲ႔ ကြၽမ္း က်င္မႈအရည္အေသြး ဖြံ႕ၿဖိဳးတိုးတက္မႈ ပူးေပါင္း ေဆာင္႐ြက္ေရးနားလည္မႈစာခြၽန္လႊာအပါအဝင္ န်ဴကလီးယားစြမ္းအင္အေပၚ ျပည္သူလူထုရဲ႕အျပဳ သေဘာေဆာင္တဲ့ သေဘာထားအျမင္မ်ားရရွိေရး၊ ပူးေပါင္းေဆာင္႐ြက္ေရး နားလည္မႈစာခြၽန္လႊာ ႏွစ္ခုကို လက္မွတ္ေရးထိုးခဲ့တယ္'ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက လြန္ခဲ့ေသာ ၂၀၂၂ ခုႏွစ္ အတြင္းက ေျပာဆိုခဲ့ဖူးသည္။

လက္ရွိတြင္ နစကအစိုးရအေနျဖင့္ ရန္ကုန္ၿမိဳ႕၌ န်ဴကလီးယားနည္းပညာျပန္ၾကားေရးဌာနကို တည္ေထာင္ဖြင့္လွစ္ထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.