‘‘ထမင်းဝဝစားရတော့မယ်ဟေ့လို့ အမ်းပြည်သူတွေ ပြောကြတယ် ” (အမ်ကို ကုန်ကား ၂၇ စီး ဘယ်လိုရောက်သွားသလဲ) (သီးသန့်ဆက်သွယ်မေးမြန်းချက်)
18095
ကျော်နု၊ Pearl (NP News) - မေ ၁၆
ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ဒေသခံပြည်သူများထံ တပ်မတော်က ကုန်ကား (၂၇)စီးဖြင့် စားနပ်ရိက္ခာများ ပို့ဆောင်စဉ်လမ်း၌ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ ကိုယ်တိုင်လိုက်ပါသွားခဲ့သူတစ်ဦးအား NP News က ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။
မေး - အမ်းကိုသွားဖို့ အစီအစဉ်ပေါ့၊ ပစ္စည်းတွေသွားပို့တဲ့အစီအစဉ်က ဘယ်ကနေ ဘယ်လိုစဖြစ်လာတာလဲ။ အဲဒါလေးကိုအရင် အစ်ကိုသိရသလောက် ပြောပြပေးပါလား။
ဖြေ - ပထမက မြို့နယ်အုပ်ချုပ်ရေးနဲ့ မြို့နယ်ရဲမှူးက ကျွန်တော်တို့ကို အစည်းအဝေးခေါ်တယ်လေ။ အစည်း အဝေးခေါ်တော့ ကျွန်တော်တို့ကို ဒီက အခကြေးငွေနဲ့ သွားမလားဆိုပြီး သူတို့က အရင်မေးတာပဲလေ။ မခေါ်ခင်ကိုလေ။ ကျွန်တော်တို့ကလည်း ဒီကလမ်းကြောင်းအခြေအနေအရ မသွားရဲဘူးလို့ပြောပါတယ်။ မသွားရဲဘူးဆိုတော့ သူက အခ ကြေးငွေနဲ့မှ မလုပ်ရင်တော့၊ ဘယ်လိုပြောရမလဲ မသွားလို့တော့ မရဘူးပေါ့လေ။ သူတို့ ဒီတိုင်း အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ သွားပေးရမယ်လို့ ပြောပါတယ်ဗျ။
မေး - ဘယ်ရက်လောက်က အစ်ကိုတို့ကို သွားမယ်ဆိုတာ လှမ်းအသိပေးလဲ။
ဖြေ - ဘယ်ရက်လောက်က အသိပေးလဲဆိုရင် ကျွန်တော်တို့ကို (၄)လပိုင်း (၂၇)ရက်လောက်က အသိပေးတာပါဗျ။ အဲဒါနဲ့ ကျွန်တော်တို့ကသွားမယ့်ကားမရှိတော့ နောက်တစ်ခါ (၂၈)ရက်နေ့လောက်က နောက်အစည်းအဝေးထပ်ခေါ် တယ်ဗျ။ အစည်းအဝေးထပ်ခေါ်တော့ သူကအခကြေးငွေနဲ့မှ မသွားဘူးဆိုရင် ဒီကမြို့နယ်အဆင့်ကို ကားတွေရံထား တယ် ဆိုပြီးတော့မှပြောပါတယ်။ အဲဒါဆိုတော့ ဘယ်လိုပြောရမလဲဆိုတော့ ကျွန်တော်တို့က မဲနှိုက်လိုက်တာ။ ကျွန်တော်တို့က သူမသွားချင် ငါမသွားချင်ဆိုတော့ မဲပေါက်တဲ့ကားတွေက သွားရတာပေါ့ဗျာ။ မဲပေါက်တဲ့ကားတွေ သွား၊ သွားပြီးလို့ရှိရင် မကွေးကားကွင်းထဲကို သွားပြီးတော့မှ ဆန်တွေ၊ ရိက္ခာတွေ ဘာတွေ သွားသယ်ပေါ့ဗျာ ပြည်သူတွေ အတွက်ကိုး။ အဲဒါကို (၃၀) ရက်နေ့လောက်ကျတော့ ကျွန်တော်တို့ ထွက်ရတယ်ဗျာ။
မေး - ကျွန်တော်တစ်ခု သိချင်တာလေ (၃၀)ရက်နေ့ တက်တာတော့ ထားပါတော့။ ကုန်ကားတွေပေါ်တင်တဲ့ ပစ္စည်းတွေက အမ်းမှာရှိတဲ့ စစ်တပ်ကို ထောက်ပံ့ဖို့ပစ္စည်းလား။ ဒါမှမဟုတ် အမ်းမှာရှိတဲ့ ဒေသခံ ပြည်သူတွေကိုပေးတဲ့ ပစ္စည်းလား။
ဖြေ - ဒေသခံပြည်သူတွေကို ပေးတဲ့ပစ္စည်းပါဗျ။ ကျွန်တော်တို့ မြို့နယ်ထွေအုပ်ရုံးခန်းမှာကတည်းက တစ်ခါတည်းချ တယ်ဗျ။ ချပြီးတော့ ကျွန်တော်တို့ ရှေ့မှာကိုပဲ အိမ်ထောင်စုတွေကို တစ်ခါတည်း တန်းဝေပေးတယ်ဗျ။ ဆီ၊ ဆန်၊ ဆား၊ ငရုတ်သီး၊ ကြက်သွန်၊ ဟင်းချိုမှုန့် ၊ အဲဒီလို ကျွန်တော်တို့ရှေ့မှာ အကုန်ဝေပေးတာဗျ။
မေး - စထွက်တော့ လုံခြုံရေးအခြေအနေ ဘယ်လို ကားတွေက ထွက်ရလဲ။ ကားက ဘယ်နှစ်စီးလဲ။ ကားအစီးရေ၊ အရွယ်အစားတွေက ဘယ်အမျိုးအစားတွေလဲ။
ဖြေ - ကားက အကုန်လုံး (၂၇)စီးဗျ ။(၂၇)စီးထဲမှာ (၁၂)ဘီးက အစီး (၂၀)လောက်ပါမယ်။ (၆)ဘီးက (၇)စီးလောက်တော့ ပါမယ်ဗျ။
မေး - ဟုတ်ကဲ့။ လုံခြုံရေးတွေ ဘာတွေကော လိုက်ပေးလားဗျ။
ဖြေ - လုံခြုံရေးတွေ လိုက်ပါတယ်ဗျ။ လုံခြုံရေးက ရှေ့ကလည်း လိုက်တယ်။ နောက်ကလည်း လိုက်တယ်။ ပြီးရင် တချို့မထင်မှတ်ထားတဲ့ နေရာလေးတွေလည်း လုံခြုံရေးတွေ စောင့်ပေးနေပါတယ်ဗျ။
မေး - အမ်းနဲ့ ပဒါန်းက တကယ်တမ်း ကားမောင်းရင် ဘယ်လောက်ကြာလဲ။ ကြားထဲမှာ ဘာတွေ တွေ့လဲ။ ဘာတွေ ရင်ဆိုင်ရလဲဗျ။
ဖြေ - တကယ်တမ်း ကုန်နဲ့မောင်းမယ်ဆိုရင် (၄)နာရီလောက်ပဲ ကြာပါတယ်ဗျ။ ကြားထဲမှာ ပဒါန်းကနေ စထွက်ပြီ ဆိုတာနဲ့ ဘယ်လိုပြောရမလဲ။ မဲပေါက်လို့သာလိုက်ရတဲ့ကားတွေလေ။ တချို့ရခိုင်လမ်းကို မသွားဖူးတဲ့ လူတွေလည်း ရှိတာပေါ့ဗျာ။ နွေရာသီဆိုတော့ ခါတိုင်း လမ်းကြောင်းကောင်းသလို ပုံမှန်သွားနေရင်တော့ ညမှတတ်တာလေ။ တောင် ပေါ်ကြောက အတက်အဆင်းတွေရှိတော့ အင်ဂျင်တွေ အေးအောင်လို့။ အခုကကျတော့ ဘာပြောမလဲဆိုတော့ လမ်းကြောင်းနဲ့သွားရတာဆိုတော့ နေ့သွားရတာလေ။ နေ့သွားတာဆိုတော့ ရခိုင်လမ်းကြောကို မရောက်ဖူးတဲ့ကားတွေ ရှိတော့ အတက်အဆင်းတွေမှန်းမသိ ကားတွေကပျက်၊ ရေတွေကဆူ။ အဲဒီလို အခက်အခဲတွေရှိပါတယ်ဗျာ။ အဲဒါဆို တော့ ကျွန်တော်တို့ တုံးကြီးအရောက်မှာ ညအိပ်ကြတယ်ဗျာ။ နောက်ကကားတွေက ပျက်တဲ့ကားတွေက ပျက်ပြီးတော့ ပြင်တဲ့ကားတွေက ပြင်နေတယ်ဆိုတော့လေ။ တုံးကြီးမှာ တစ်ခါ(၂၇)စီးလုံး ပြည့်အောင်တစ်ခါ ကားတွေ ရပ်စောင့်တယ်။ ရပ်စောင့်ရင်းနဲ့ မှောင် သွားတာနဲ့ အဲဒီမှာညအိပ်လိုက်တယ်။ လုံခြုံရေးတွေ က။ (၂၇) စီးလုံးပြည့်တော့ (၁)ရက်နေ့က တစ်နေ့ကုန်နေပြီး ညနေ (၄)နာရီမှာ စထွက်ပါတယ်။
မေး - ဟုတ်ကဲ့ဗျ။ ကျွန်တော်ကြားတာတော့ မကွေးကနေပြီးတော့စထွက်တဲ့ ရခိုင်အစပ်အထိကို လုံခြုံရေးတပ်ဖွဲ့ဝင် တွေ လိုက်ပေးတယ်လို့ကြားတယ်။ အဲဒါက ဘယ်လိုပုံစံမျိုးလေးလဲဗျ။ လုံခြုံရေး ဘယ်လိုယူကြလဲ။
ဖြေ - လုံခြုံရေးကတော့ မကွေးတိုင်းအစပ်ကတော့ ဒီလုံခြုံရေးလိုက်တာတော့ အယောက် (၂၀)လောက်ပဲရှိတယ်။ ဒီလုံခြုံရေး လိုက်တယ်ဗျ။ အရပ်ကား တစ်စီးနဲ့လုံခြုံရေးလိုက်တယ်။ ပြီးရင် သူက ကားတန်းနဲ့လိုက်တဲ့ဟာကို ပြောတာ နော်။ လမ်းမှာ စောင့်တဲ့အဖွဲ့လည်းရှိပါတယ်ဗျ။ ဘယ်လိုပြောရမလဲ။ မထင်မှတ်တဲ့နေရာမှာ (၃)ယောက်၊ (၅)ယောက်၊ (၁၀)ယောက် အဲဒီလိုမျိုးလေးတွေ စောင့်နေပါတယ်ဗျ လုံခြုံရေးအဖွဲ့တွေက။ ရခိုင်ပြည်ဘက် ခြမ်းရောက်တဲ့အခါမှာ သူက လုံခြုံရေးကားက နောက်က (၂) စီး၊ ရှေ့က (၂) စီး ၊ (၄)စီး လိုက်ပါတယ်ဗျ။
မေး - ဟုတ်ကဲ့။ မောင်းရတဲ့ ကားသမားတွေကကော မကြောက်ကြဘူးလား။ ဆိုလိုတာက ဒီ အမ်း-ပဒါန်း လမ်းကြော တစ်လျှောက်နဲ့ ဟိုဘက် ရခိုင်ဘက်ခြမ်းမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေတယ်။ အမ်းနား တစ်ဝိုက်မှာ AA အဖွဲ့ တွေ ရှိနေတယ်။ ကားမောင်းတဲ့ လူတွေက သူတို့ရဲ့သဘောထားတွေက ဘာတွေ ကြားရလဲ။
ဖြေ - အခုက နောက်အခေါက်တွေ မမောင်းရဲ တော့ဘူးလို့ကြားကြပါတယ်ဗျ။ ကျွန်တော်တို့ မကွေးက ထွက်ပြီးတော့ နောက်ရက်မှာ ရခိုင်ပြည်ဘက်ခြမ်း၊ ကုလားနှစ်ကောင်ကွေ့လို့ခေါ်တာပေါ့ဗျာ။ အဲဒီ ကုလားနှစ်ကောင်ကွေ့ရဲ့ အောက် ကွေ့မှာတိုက်ပွဲ ဖြစ်ပါတယ်ဗျ။ ဘယ်လိုပြောရမလဲ။ ကံကောင်းတယ်လို့ပဲ ပြောရမလား။ ကျွန်တော်တို့ အထိအခိုက် တော့ မရှိလိုက်ပါဘူးဗျ။ လမ်းမှာ AA မိုင်းထောင်ထားတာက တစ်ဖက်စီကို (၃) လုံးစီလောက် ထောင်ထားတာဗျ။ အဲဒါကို စစ်တပ်က တောင်ကြားထဲက ထွက်လာတဲ့ လမ်းကြောင်းလေးကို စစ်တပ်ကလည်းပြန်ပြီး မိုင်းထောင် ထားတယ်။ စစ်တပ်ထောင်ထားတာတွေကို မသိဘဲနဲ့ သူတို့က ရိက္ခာကားတန်းတွေ လာပြီဆိုတော့ သူတို့က (AA က) မိုင်းဆွဲရအောင် တောင်ပေါ်ကို ပြေးတက်လာတယ်ပေါ့ဗျာ။ ပြေးထွက်လာတဲ့အချိန်မှာ စစ်တပ်က ထောင်ထားတဲ့မိုင်းကို သူတို့တွေက အရင်မိလိုက်တော့ ကျွန်တော်တို့တွေ အန္တရာယ် ကင်းသွားတာပေါ့ဗျာ။ အဲဒီမှာ တိုက်ပွဲ(၂)နာရီကျော် လောက်တော့ ဖြစ်လိုက်တယ်ဗျာ။
မေး - ဒါဆို အမ်းနဲ့ ပဒါန်းကြားထဲမှာ ကြီးကြီးမားမား AA ရဲ့နှောင့်ယှက်မှုဟာ အဲဒီတစ်နေရာပဲလား။ ဘယ်နေရာဖြစ် သေးလဲဗျ။
ဖြေ - ကျွန်တော်တို့ ကားတွေ စုံအောင်လို့ နောက်ကားတွေ မလာလို့ ညအိပ်တယ်လို့ ပြောတယ်လေ။ တုံးကြီးထိပ်မှာ အိပ်ရတာ။ အဲဒီမှာ ဘယ်လိုပြောရမလဲ မှန်ပြောင်းတွေဘာတွေနဲ့ ကြည့်တယ်ထင်ပါတယ်ဗျာ။ AA တွေ ထွက်လာတယ် ဆိုပြီး သူတို့တွေက ပြောတယ်။ အဲဒီမှာ တောင်ကြောကို လက်နက်ကြီးနဲ့ (၁၀)ချက်လောက်လှမ်းပစ်တယ်ဗျ။ အဲဒါက မကွေး တိုင်းထဲမှာလေ။ ဒါပေမဲ့ သူတို့ကသာ လှမ်းပစ်တာ။ AA တွေ ထွက်လာတယ်ဆိုတော့ ကျွန်တော်တို့က မမြင်ရ ဘူး။ သူတို့ကတော့ မြင်ရတယ်။ မြင်ရလို့ သူတို့လှမ်းပစ်တယ်။ အဲဒီတစ်ကြောလုံး ပစ်နေတာ။ ပစ်နေပြီးတော့ ညနေ လောက်မှာ ကျွန်တော်တို့ ခွာရတယ်။
မေး - တုံးကြီးမှာ တစ်နေ့နီးပါး နေလိုက်ရတဲ့သဘောပေါ့။
ဖြေ - ဟုတ်တယ်။ ညနေ (၄)နာရီလောက်မှ ထွက်ရတယ် အဲဒီနေရာကနေ။ နောက်ကားတွေက မြေပြန့်မှာ မောင်းတဲ့ ကားတွေဆိုတော့ ရခိုင်လမ်းကြောကို မရောက်ဖူးတော့ ကားတွေက ပျက်တဲ့ကားက ပျက်ဆိုတော့ အဲဒီကားတွေကို အဲဒီတုံးကြီးထိပ်မှာ စောင့်တယ်။ စောင်းရင်းနဲ့ကို ဟိုဘက်တောင်ကြောက AA တွေ တက်လာတာမြင်လို့ စစ်တပ်က ပစ်တယ်။ ရှင်းလင်းရေးတွေ သွားလုပ်တယ်။ လမ်းပေါ်တွေမှာလည်း AA က ထောင်ထားတဲ့ မိုင်းတွေရှိတယ်။ မကွဲ သေးတဲ့ မိုင်းတွေရှိတယ်။ အဲဒါနေရာမှာ စစ်တပ်က ကျောက်ခဲလေးတွေ သုံးထားတယ်။ ကားဆရာတွေကို ကျောက်ခဲ လေးတွေကိုရှောင်ပြီး မောင်းပါလို့ပြောထားတယ်။ မောင်းပြီးတော့ ရခိုင်ပြည်နယ် အစပ်ကျတော့ သူတို့ လုံခြုံရေး အလွှဲအပြောင်းလုပ်တယ်။ နာရီဝက်လောက်တော့ကြာတယ်။ အဲဒါပြီး ဆက် မောင်းသွားတယ်။ ဆက်မောင်းသွားတဲ့အခါ ခုနက ပြောတဲ့ ကုလားနှစ်ကောင်အောက်ကွေ့မှာတော့ မိုင်း ဆွဲဖို့စောင့်နေတယ်။ စောင့်နေတဲ့အချိန်မှာ မိုင်းဆွဲ မယ့် နေရာမရောက်ခင်မှာ အဲဒီမှာ စစ်သားတွေက ကားတွေရပ်လိုက်တယ်။ ရပ်လိုက်တော့ AA တွေက ရှင်းလင်းရေး လုပ်မယ်ထင်လို့ တောင်အောက်ကို ပြန် ဆင်းသွားတယ်။ အဲဒီမှာ စစ်သားတွေက ရှင်းလင်းရေး မလုပ်ဘဲနဲ့ ကားလည်း ဆက်မောင်းဖို့လည်း လုပ်ရော တောင်ပေါ်ကို ပြေးတက်လာရော။ ပြေးတက်လာတော့ စစ်တပ်က ထောင်ထားတဲ့မိုင်းကို သူတို့က အရင်မိသွားတာ။
မေး - သဘောကတော့ AA တွေ မိုင်းဆွဲမယ့်နေရာမှာ စစ်တပ်က မိုင်းပြန်ထောင်ပြီးတော့ ထောင်ချောက် ပြန်ဆင်တာ လား။ အဲဒီသဘောပေါ့။
ဖြေ - ဟုတ်တယ်။ သိလို့ထောင်တာတော့မဟုတ်ဘူး။ ဒါပေမဲ့လို့ အောက်ကတက်လာတဲ့ အဲဒီလမ်းက တောင်ကြားထဲက တက်လာတဲ့လမ်းမို့ အန္တရာယ်ရှိ တယ်ထင်လို့ထောင်ထားတာ။ ဒါ AA တွေရှိလို့ ထောင်ထားတာလည်း မဟုတ်ဘူး။ သူတို့က။ AA တွေ မိုင်းထောင်ထားမှန်းလည်း မသိဘူး။ အဲဒါကြောင့်မို့ ဒီနေရာလေးက တိုက်ပွဲမကြာခဏဖြစ်တဲ့ နေရာဆိုပြီးတော့ လမ်းကြောင်းလည်းရှိတယ်ဆိုတော့ ထောင်ထားတာ။
မေး - AA တွေ မိုင်းထိတယ်ဆိုတော့ ဘယ်လောက် လောက်သေတယ်၊ ဘာညာကြားလားဗျ။ အဲဒီ တက်တဲ့နားမှာ။
ဖြေ - လုံခြုံရေးကားက ရှေ့မှာ (၂)စီး၊ နောက်မှာ (၂)စီးပါတယ်။ အဲဒီနောက်ဆုံးကားက ပြောကြား ချက်ကတော့ AA တွေ (၄၊ ၅၊ ၆)ယောက်လောက် ထိတယ်လို့ ကြားပါတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့တွေကတော့ မမြင်ရဘူး။ သူတို့တွေက တော့ မြင်ရတယ်ဗျ။
မေး - အဲဒီတောင်ကြားပြီးတော့ ရှေ့ခရီးဆက်တဲ့ အခါကျတော့ ဘာတွေ ရင်ဆိုင်ရသေးလဲ။
ဖြေ- ရှေ့ခရီးဆက်တဲ့အခါ ဘယ်လိုပြောမလဲ။ စစ်သားတွေက ကားတွေနဲ့ မသွားတော့ဘဲနဲ့ အောက်က နေ မိုင်းရှာရင်း ခြေကျင်သွားကြတာပေါ့ဗျာ။ အဲဒါကြောင့် (၄)နာရီနဲ့ ရောက်မယ့်ခရီးကို ကျွန်တော်တို့ (၂)ည (၃)ရက်လောက် ကြာသွား တာပေါ့ဗျာ။
မေး - ဟုတ်ကဲ့ ။ (၄)နာရီ ကြာမယ့်ခရီးဟာ (၂)ညအိပ် (၃)ရက် ခရီးတော့ ဖြစ်သွားတောပေါ့။
ဖြေ - ဟုတ်ကဲ့ ။ ကားနဲ့သွားရင် မိုင်းဆွဲခံရမှာစိုးတာနဲ့ ခြေကျင်လျှောက်တော့ ကြာသွားတာပေါ့ဗျာ။
မေး - ဒါဆို အဖွဲ့တွေက ခြေကျင်လျှောက်ပြီးတော့ လုံခြုံရေးလိုက်ပေးတယ်ပေါ့။
ဖြေ - တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းကို စစ်သားတွေက ကားတွေနဲ့ မလိုက်တော့ဘူး။ အမ်း မရောက်မချင်းကို သူတို့တွေက အောက်ကနေခြေကျင်ပဲ သွားတော့တာ။ ခြေကျင်သွားပြီးတော့ တစ်မိုင်လောက်ရောက်ပြီဆိုတာနဲ့ ရိက္ခာကားတွေ လာဖို့ တစ်ခါလှမ်းခေါ်တယ်။ ကျွန်တော်တို့က လုံခြုံရေးသမားနားရောက်ရင် တစ်ခါရပ်နေခဲ့။ ရပ်နေခဲ့ရင် သူတို့က တစ်ခါ ခြေကျင်ထပ်သွား။ အဲဒီလို လုပ်ရတာ။
မေး - ကြားထဲမှာ စစ်သားတွေက လမ်းတစ်လျှောက် လုံးမှာ ၊ အမ်း- ပဒါန်းလမ်းတစ်လျှောက်မှာ စစ်သား တွေက ဘယ်လိုတွေ òန်ကြားလဲ။ ဥပမာ ဆိုပါစို့။ ကားသမားတွေကို ဘယ်လိုနေ ဘယ်လိုထိုင်ဆိုပြီး òန်ကြားတာမျိုးရှိလား။ နောက်တစ်ခုက ကားသမား တွေကို ပြုမူပြောဆိုဆက်ဆံတဲ့ ပုံစံတွေကကော။ ဘယ်လိုပုံစံမျိုးရှိလဲ။
ဖြေ - ကားသမားတွေကို ဆက်ဆံတဲ့ပုံစံက သူတို့က ကောင်းပါတယ်ဗျ။ တကယ့် လူမှုရေးမပါဘဲ ကောင်းပါတယ်ဗျ။ ပြီးရင် ကားဆရာတို့ ညကို အိပ်တဲ့နေရာတွေမှာ မီးကိုမထွန်းပါနဲ့။ ဖုန်းမီးလည်း မထွန်းပါနဲ့။ ကားမီးလည်း မထွန်းပါနဲ့။ အဲဒါမျိုးလေးတွေ အဓိကပါပဲဗျ။ ပြီးရင် ကတ္တရာလမ်းပေါ်ကနေ လမ်းဘေးချပြီးတော့ ကားတွေကို မမောင်းပါနဲ့ဗျ။ ကားတွေကို လမ်းအလယ်ကောင်ကပဲ မောင်းပါ။ အဲဒါမျိုးတွေ òန်ကြားပါတယ်။ လမ်းခရီးမှာ မိုင်းတွေရှိနေမှာစိုးလို့ ကျွန်တော်တို့အတွက် စိုးရိမ်လို့ အဓိက ညွှန်ကြားတာပါဗျ။
မေး - ဟုတ်ပြီ။ လမ်းတစ်လျှောက်လုံးမှာကော ကားတွေပေါ်မှာ စစ်သားတွေ လိုက်လာတာရှိလား။ ကုန်ကားတွေ ပေါ်မှာ စစ်သားတွေရှိလား။ ဒါမှမဟုတ် သူတို့ကားတွေနဲ့လိုက်တာလား။ ကုန်ကားပေါ်မှာ လိုက်တာလား။
ဖြေ - သူတို့ကားနဲ့ သူတို့လိုက်တာပါ။ ကုန်ကားတွေပေါ်မှာ လိုက်တာမရှိပါဘူး။
မေး - ဟုတ်ကဲ့။ AA က ကြေညာချက် တစ်စောင်ထွက်ထားတာရှိတယ်။ သူတို့က အမ်းဘက်ကိုလာတဲ့ ပြည်သူကို ကူတဲ့ကားတွေကို AA ရဲ့ ဂိတ်တွေကို ဖြတ်ပြီးတော့မှ AA ခွင့်ပြုပေးလို့ လာရတာပါလို့ သူတို့က ပြောထားတယ်။ AA က တက်လာပြီးတော့ ခွင့်ပြုပေးတာမျိုးရှိလား။ ဂိတ်တွေကော တွေ့မိလား။ AA ဂိတ်တွေလမ်းမှာ။
ဖြေ - AA ဂိတ်တစ်ဂိတ်မှလည်း မတွေ့ပါဘူးဗျ။ သူတို့က ဂိတ်လည်းမရှိဘူး။ အစောက ပြောသလို သူတို့တွေက သူတို့ မိုင်းတောင်မှပဲ ထောင်သေးတာကိုး။ ဘယ်ခွင့်ပြုမလဲ။
မေး - အမ်းကို ရောက်သွားတာက ဘယ်နေ့ဘယ်ရက် ဘယ်လိုရောက်လဲ။
ဖြေ - ၅လပိုင်း (၂)ရက်နေ့လောက်ရောက်တယ်။ ညနေ မှောင်စပျိုး (၆)နာရီလောက်ရောက်သွားပါတယ်။ ရောက်သွားပြီး တော့ အမ်းအဝင်မှာ တံတားရှိပါတယ်ဗျ။ အဲဒီမှာ ပြည်သူတွေအများကြီး ကြိုနေပြီးတော့ ကျွန်တော်တို့ကို ကားသမား တွေ သက်တော် ရာကျော်ရှည်ပါစေ။ အန္တရာယ်ကင်းပါစေ။ ပြီးရင် ထမင်းဝဝစားရတော့မယ်ဟေ့ဆိုပြီး သူတို့ပါးစပ်တွေ က အဲဒီလိုတွေ ပြောကြတာ။
မေး - အမ်းဒေသခံ ပြည်သူတွေက ပြောတာပေါ့။ ထမင်းဝဝစားရတော့မယ်ဆိုတာ။
ဖြေ - ဟုတ်တယ်။ ကျွန်တော်တို့တောင်မှပဲ လမ်းမှာ ဒုက္ခရောက်ခဲ့သမျှ အဲဒီစကားနဲ့တင် အားတက်ပါတယ်ဗျ။ အဲဒီလိုကို သူတို့ အော်တာပါဗျာ။ ထမင်းဝ၀ စားရတော့မယ်။ ကားဆရာတွေ ကျေးဇူးတင်ပါတယ်ပေါ့လေ။
မေး- ပြည်သူတွေ ဖြစ်မလား။ စစ်သားတွေ ခေါ်ထားတဲ့ လူတွေဖြစ်မလား ။ အဲဒါကို ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။
ဖြေ - ပြည်သူတွေပါဗျ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ရခိုင်လမ်းကြောကို ရောက်ဖူးတဲ့အတွက် ကြောင့်မို့ ဒါဘယ်သူတွေက ပြည်သူတွေဆိုတာခွဲခြား နိုင်ပါတယ်ဗျ။
မေး - ကားတွေရောက်တဲ့အခါ ပစ္စည်းတွေ နောက်နေ့မှဝေတာလား။ အဲဒီနေ့ ညချင်းဝေတာလား။ ပိုက်ဆံပေးရ သလား။ သူတို့ ဘယ်လိုဝေလဲ။ ဘယ်လိုမျိုးလဲ။
ဖြေ - ကျွန်တော်တို့ ရောက်ရောက်ချင်းကို ပစ္စည်းတွေချလိုက်တယ်။ ကျန်တဲ့ကားတွေက နောက်နေ့မှ ချလိုက်တယ်။ ချရင်းတန်းလန်းကို ပြည်သူတွေက ရောက်လာတာနဲ့ တစ်ဝက်တစ်ပျက်နဲ့ ရပ်ပြီးတော့ သူတို့ကို အရင်ဝေပေး လိုက် တယ်။ ချက်ချိန်၊ ပြုတ်ချိန်မီအောင်လို့။ သူတို့တွေကို ဝေပေးပြီးသွားပြီဆိုမှ လူကုန်သွားပြီဆိုမှ ကျွန်တော်တို့ တစ်ခါ ထပ်ချတယ်။
မေး - ဟုတ်ကဲ့။ သူတို့ကို ဝေတဲ့အခါ ပြည်သူတွေက ပိုက်ဆံပေးရလား။ ဒါမှမဟုတ် အခမဲ့လား။ အချိုးအစား ဘယ်လို ဝေတာတွေ့ရလဲ။
ဖြေ - အဲဒါ ကျွန်တော်က ကျန်တာတော့ မသိဘူးဗျ။ ဆန်တွေကတော့ ပိုက်ဆံပေးရတယ်ဗျ။ ဒါပေမဲ့လို့ ဘယ်လို ပြောရမလဲ၊ အမ်းမှာ လက်ရှိပေါက်ဈေး တစ်ပြည်ကို ၉၅၀ဝ ပေါက်တယ်။ ဆန်ကြမ်းကိုပဲ။ အဲဒီ ဆန်ကြမ်းတောင်မှပဲ ဝယ်ချင်တိုင်းဝယ်လို့ မရဘူး။ ပြီးရင် သူတို့ပြည်သူလူထုတွေရဲ့ ပြောစကားအရဆိုရင် (၂)မိုင်၊ (၃)မိုင်ခွဲလောက်ကို လမ်းလျှောက်ပြီးတော့ ဆန်တွေကို သွားရှာပြီးမှ ရတာလို့ ပြောပါတယ်။ အဲဒါကို ဒီကမြို့နယ်ကယူတာ ဆန်တစ်ပြည်ကို (၃၆၀ဝ)နဲ့ ရောင်းတယ်လို့ ကြားပါတယ်ဗျ။ ဆီတွေကတော့ ဘယ်ဈေးနဲ့ရောင်းလဲတော့ ကျွန်တော်တို့ မသိဘူးပေါ့ဗျာ။ ကျွန်တော်တို့က လုံခြုံရေးအရ အနားကပ်လို့ မရဘူးဗျ။ ဝေတဲ့အခါမှာလေ သူတို့တွေ ပိုက်ဆံရှိတိုင်းကို အဝယ်လက်မ ခံဘူးလေ။ အဲဒီမှာ ဆန်တစ်ပြည်ကို (၃၆၀ဝ) နဲ့ဆိုတာလေ။ သူက လူတန်းစေ့ဝယ်နိုင်အောင်၊ နှစ်ရက်တစ်ခါမှ တစ်အိမ်ကို မိသားစု (၅)ယောက်ရှိတယ်ဆိုရင် (၅)ယောက်ရဲ့ ကုန်ကျစရိတ်နှုန်းကို တွက်ပြီးတော့မှ အဲဒီလိုမျိုး ရောင်းပေးတာဗျ။ သူတို့ ပိုက်ဆံ (၁)သိန်းရှိတိုင်း (၂)သိန်းရှိတိုင်း တစ်အိတ်ဝယ်ချင်တယ်။ နှစ်အိတ်ဝယ်ချင်တယ်ဆို မရောင်းပါဘူးဗျ။ ဘယ်သူကို မဆိုလေ။ တစ်အိမ်ထောင်မှာ မိသားစု (၅)ယောက်ရှိတယ်ဆိုရင် (၅)ယောက်ကို တစ်ရက် (၄)ဘူး ကုန်မလား၊ ၅ ဘူး ကုန်မလား အဲဒီလိုမျိုး အစိုးရက တွက်ပြီးတော့မှ ရောင်းပေးတာဗျ။ အဲဒါမျိုး (၂)ရက် တစ်ခါ ရောင်းပေးတာဗျ။
မေး - အစ်ကိုတို့ကိုဝေပြီးတာနဲ့ နောက်နေ့မှာ ပြန်လွှတ်တာပေါ့လေ။
ဖြေ - ဝေပြီးတာနဲ့ လမ်းကြောင်းတွေ ဘာတွေပိုရှင်း ဖို့ဆိုပြီးတော့ အဲဒီမှာ (၄)ညလောက် အိပ်ရသေးတယ်။ ဆန်တွေချပြီး တော့ မပြန်ရသေးပါဘူး။ ခန်းမ ရဲ့ရှေ့မှာ ဘောလုံးကွင်းရှိတယ်။ အဲဒီဘောလုံးကွင်းမှာ အိပ်ရပါသေးတယ်။
မေး -အမ်းမြို့ကို ရောက်တဲ့အခါမှာ မြင်ကွင်း အခြေအနေက ဘယ်လိုရှိလဲ။ ဒေသခံပြည်သူတွေရဲ့ အခြေအနေတွေနဲ့၊ တပ်ရဲ့အခြေအနေ။ ဆိုလိုတာက တိုက်ပွဲတွေကို ဖြစ်လာမှာ စိုးရိမ်နေကြတာလား။ ဒါမှမဟုတ် သူတို့က အေးအေး ချမ်းချမ်း ဖြစ်နေလား။ ဘယ်လိုပုံစံမျိုးလဲ။ အဲဒါမျိုးကို သိချင်တယ်။
ဖြေ - အခု လက်ရှိကတော့ လုံခြုံရေးတွေကအား လည်းကောင်းပါတယ်။ ပြီးရင် အေးအေးချမ်းချမ်းလည်း ရှိပါတယ်ဗျ။ စာနပ်ရိက္ခာတစ်ခုတည်းပဲ သူတို့က ဒုက္ခရောက်နေရတာ။ ကျန်တာတွေက တိုက်ပွဲတွေ ဘာတွေတော့ မရှိပါဘူး။ အမ်းဘက်က တောင်ကုန်းပေါ်တွေမှာ လုံခြုံရေးတွေ ချထားတယ်ထင်ပါတယ်ဗျ။
မေး - ဟုတ်ကဲ့။ အပြန်လမ်းကကော ဘယ်လောက်ကြာလဲ။ ဘယ်လိုပုံစံမျိုး ရင်ဆိုင်ရသေးလဲ။
ဖြေ - အပြန်လမ်းကြောင်းကျတော့ အမ်းကနေ ကျွန်တော်တို့ မနက် (၇)နာရီလောက်ထွက်တယ်။ ထွက်ခဲ့ပြီးတော့ ပဒန်းကို ညနေ (၆)နာရီလောက်မှာ ရောက်တယ်။ လမ်းကြောင်းကတော့ အသွားတုန်း ကလိုပဲ သူတို့ရှင်းလင်းရေးတွေ လုပ်တယ်။ ရှင်းလင်း ရေးတွေလုပ်ပြီးတော့ ကားတွေ မောင်းခိုင်းတယ်။ အပြန်လမ်းမှာတော့ တိုက်ပွဲဘာညာတော့ မဖြစ်ပါဘူးဗျ။ အပြန်လမ်းကြောင်းက ဖြောင့်ဖြောင့်ဖြူးဖြူးပဲ ရှိပါတယ်ဗျ။ တိုက်ပွဲတွေ ဘာတွေလည်းမရှိဘူး။ ဗုံး ကွဲတာ တွေလည်း မရှိဘူး။
မေး - ဘယ်နေ့က ပြန်လာတာလဲ။ ပြန်ရောက်တာ ဘယ်နေ့က ဖြစ်မလဲဗျ။
ဖြေ - မနေ့က(မေလ ၇ ရက်) ညနေက (၆)နာရီမှ ရောက်တယ်ဗျ။ မနေ့က မနက်အစောကြီး (၇)နာရီ လောက်ပြန် လာတာပါ။
မေး - နောက်တစ်ခုကသွားပို့တဲ့ ကားသမားတွေကရော ပြန်လာတဲ့အခါမှာ သွားတုန်းက အခြေအနေနဲ့၊ ပြန်လာတဲ့အခြေ အနေ။ သွားတုန်းက ကားသမားတွေက စိုးရိမ်စိတ်နဲ့သွားကြတယ်။ ကြောက်တာပေါ့ဗျာ။ အပြန်ကျတော့ သူတို့ကောင်း ကောင်းမွန်မွန် ပြန်လာတယ်။ သူတို့ သဘောထားတွေ အချင်းချင်းကြားမှာ ဘာတွေပြောကြလဲပေါ့ဗျာ။ ကားသမား အချင်းချင်းကြားမှာ။
ဖြေ - ကားသမားအချင်းချင်းကြားမှာ ဒါမျိုးလေး အသွားတုန်းကတော့ ကြောက်တာပေါ့။ တစ်ဖက်တစ် လမ်းကပြန် ကြည့်ရင် ပြည်သူတွေကို ဝေပေးတော့ ပျော်တဲ့ကားသမားလည်း ပျော်တာပေါ့။ ကားသမားတော်တော်များများရဲ့ ရင်ထဲမှာ အဲဒါမျိုးလေးတွေတော့ ဖြစ်တာပေါ့။ စောနက ထမင်းဝ၀ စားရပြီဆိုတဲ့ အသံနဲ့တင် ကျွန်တော်တို့ အားရပါ တယ်။ လမ်းမှာ တိုက်ပွဲဖြစ်သမျှတွေကို အဲဒီနေရာမှာတင် ကျေသွားပါတယ်။ ကားသမားတွေကလည်း ကြောက်တော့ ကြောက်တာပေါ့။ ဒါပေမဲ့လို့ ပြည်သူတွေရဲ့ ဒီလို အသံကြားလိုက်ရတော့ ရင်ထဲတော့ ပျော်သွားတာ ပေါ့နော်။ အဲဒီမှာ ဆန်တွေချပြီးလို့ (၄)ရက်အိပ်ရတဲ့ အနေအထားမှာလည်း မြို့နယ်ရုံးက လူတွေက ကားသမားတွေကို ဆန်၊ ဆီ၊ ဆား အကုန်လုံး ယူပေးထားပါတယ်။ ချက်ဖို့၊ ပြုတ်ဖို့လေ။ ရိက္ခာတွေ ဘာတွေလေ။ အဆင်ပြေပါတယ်ဗျ။ ကားသမားတွေက လည်း ဝမ်းသာပါတယ်။
မေး - ကားသမားတွေကိုကော သွားတဲ့အတွက် ပိုက်ဆံတွေ ဘာတွေကော၊ သွားခကုန်သွယ်ခပေးလား အစိုးရက။
ဖြေ - ဆန်အိတ်တွေကို မကွေးကနေ အမ်းကို (၅၀ဝဝ)ပေးပါတယ်ဗျ။ ကားခနှုန်းထား။ အစိုးရကနေမှ ကျွန်တော်တို့ကို အိတ် (၂၀ဝ)နိုင်တဲ့ ကားကို (၁၀)သိန်းပေးတယ်။ အိတ် (၃၀ဝ)နိုင်တဲ့ကားကို (၁၅)သိန်းပေးတယ်။ ဆန်အိတ်သယ်ခ။ တစ်အိတ် ကို ၅၀ဝ၀ ပေးတယ်။ အုံနာတွေက ဆန်အိတ်သယ်တဲ့ အဖိုးအခကို သူ့ကားပေါ်မှာ ဆန်အိတ် ၃၀ဝ ပါရင် (၁၅)သိန်းပေါ့။ ဒရိုင်ဘာနဲ့ စပါယ်ယာ ခွဲယူလိုက်ကြဆိုပြီးတော့ အုံနာတွေက အဲဒီလိုပေးတယ်။ မင်းတို့ သက်စွန့်ဆံဖျား သွားရတာ ဆိုပြီးတော့။
မေး - ဟုတ်ကဲ့။ စစ်တပ်နဲ့ အစိုးရကတော့ ဆိုလိုတာ က ကားသမားတွေကို အလကားခိုင်းတာတော့ မဟုတ်ဘူးပေါ့။ ပိုက်ဆံတော့ပေးတယ်။
ဖြေ - အလကားခိုင်းတာမဟုတ်ပါဘူး။ နိုင်ငံရေးကောင်းတုန်းက ဆန်အိတ်တွေသယ်ရင် (၄၀ဝဝ)၊ (၅၀ဝဝ)ပေါက်ပါ တယ်၊ ဆန်အိတ်တွေကိုလေ။ ပေးတာတော့ အဲဒီနှုန်းထားအတိုင်းပဲပေးတာဗျ။ အလကားခိုင်းတာတော့ မဟုတ်ပါဘူး။
မေး - အစ်ကိုလည်း ကိုယ်တိုင်သွားခဲ့တာဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း ဒီခရီးကို သွားရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် အသက်စွန့်သွားရသလိုပဲဗျ။ ကျွန်တော်နားလည်ရတာတော့လေ။ တိုက်ပွဲတွေ ကြားမှာညပ်ပြီး သေသွားနိုင် တယ်။ အသက်စွန့်သွားခဲ့ တဲ့ကြားက အခုအောင်မြင်တယ်၊ ပြန်လာနိုင်ခဲ့တယ်။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဒီအခင်း အကျင်းကြီးကို ကြုံပြီးတော့ ကိုယ်တိုင်လူတွေကို ပြောချင်တာ ဘာရှိမလဲ။
ဖြေ - ကျွန်တော်က ရခိုင်ပြည်ကို ကားဆွဲနေတာ နှစ် (၂၀) ရှိနေပြီမို့ အေးအေးချမ်းချမ်းလေး ဖြစ်စေချင်တာပေါ့ဗျာ။ ပြည်သူတွေလည်း အရင်တုန်းက ကိုယ်နဲ့သိခဲ့တဲ့ ပြည်သူတွေ ငတ်ပြတ်နေတာတွေ မြင် တော့ စိတ်မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်က အုံနာတစ်ယောက်ပါ။ ကိုယ့်ကားနဲ့ကိုယ် မောင်းပြီးသွားတာ။ ဒရိုင်ဘာကို အငှားထည့်လိုက်လို့ ကျွန်တော်ရပါတယ်။ ဒါပေမဲ့လို့ တစ်ချိန်တုန်းက ကိုယ်နဲ့ရင်းနှီးခဲ့တဲ့လူတွေငတ်ပြတ်ပြီး ဘယ်လိုပြောမလဲ စားဖို့ သောက်ဖို့ မလုံလောက်တဲ့အခါမှာ သူတို့အတွက် စိတ်မကောင်းလို့၊ ကိုယ်တိုင်သွားပြီးတော့ ကျွန်တော်သူတို့နဲ့လည်း တွေ့ချင်လို့၊ ပြီးတော့ အားပေးစကားတွေလည်း ပြောချင်လို့ ကျွန်တော်ကိုယ်တိုင်မောင်းပြီးတော့ ကျွန်တော် သက်စွန့် ဆံဖျား သွားလိုက်တာပါ။
zawgyi version
‘‘ထမင္းဝဝစားရေတာ့မယ္ေဟ့လို႔ အမ္းျပည္သူေတြ ေျပာၾကတယ္ ”
(အမ္ကို ကုန္ကား ၂၇ စီး ဘယ္လိုေရာက္သြားသလဲ)
(သီးသန႔္ဆက္သြယ္ေမးျမန္းခ်က္)
ေက်ာ္ႏု၊ Pearl (NP News) - ေမ ၁၆
ၿပီးခဲ့သည့္ရက္ပိုင္းက ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕ရွိ ေဒသခံျပည္သူမ်ားထံ တပ္မေတာ္က ကုန္ကား (၂၇)စီးျဖင့္ စားနပ္ရိကၡာမ်ား ပို႔ေဆာင္စဥ္လမ္း၌ ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ားႏွင့္ ပတ္သက္၍ ကိုယ္တိုင္လိုက္ပါသြားခဲ့သူတစ္ဦးအား NP News က ဆက္သြယ္ေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါသည္။
ေမး - အမ္းကိုသြားဖို႔ အစီအစဥ္ေပါ့၊ ပစၥည္းေတြသြားပို႔တဲ့အစီအစဥ္က ဘယ္ကေန ဘယ္လိုစျဖစ္လာတာလဲ။ အဲဒါေလးကိုအရင္ အစ္ကိုသိရသေလာက္ ေျပာျပေပးပါလား။
ေျဖ - ပထမက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးနဲ႔ ၿမိဳ႕နယ္ရဲမႉးက ကြၽန္ေတာ္တို႔ကို အစည္းအေဝးေခၚတယ္ေလ။ အစည္း အေဝးေခၚေတာ့ ကြၽန္ေတာ္တို႔ကို ဒီက အခေၾကးေငြနဲ႔ သြားမလားဆိုၿပီး သူတို႔က အရင္ေမးတာပဲေလ။ မေခၚခင္ကိုေလ။ ကြၽန္ေတာ္တို႔ကလည္း ဒီကလမ္းေၾကာင္းအေျခအေနအရ မသြားရဲဘူးလို႔ေျပာပါတယ္။ မသြားရဲဘူးဆိုေတာ့ သူက အခ ေၾကးေငြနဲ႔မွ မလုပ္ရင္ေတာ့၊ ဘယ္လိုေျပာရမလဲ မသြားလို႔ေတာ့ မရဘူးေပါ့ေလ။ သူတို႔ ဒီတိုင္း အစည္းအေဝးရဲ႕ ဆုံးျဖတ္ခ်က္အရ သြားေပးရမယ္လို႔ ေျပာပါတယ္ဗ်။
ေမး - ဘယ္ရက္ေလာက္က အစ္ကိုတို႔ကို သြားမယ္ဆိုတာ လွမ္းအသိေပးလဲ။
ေျဖ - ဘယ္ရက္ေလာက္က အသိေပးလဲဆိုရင္ ကြၽန္ေတာ္တို႔ကို (၄)လပိုင္း (၂၇)ရက္ေလာက္က အသိေပးတာပါဗ်။ အဲဒါနဲ႔ ကြၽန္ေတာ္တို႔ကသြားမယ့္ကားမရွိေတာ့ ေနာက္တစ္ခါ (၂၈)ရက္ေန႔ေလာက္က ေနာက္အစည္းအေဝးထပ္ေခၚ တယ္ဗ်။ အစည္းအေဝးထပ္ေခၚေတာ့ သူကအခေၾကးေငြနဲ႔မွ မသြားဘူးဆိုရင္ ဒီကၿမိဳ႕နယ္အဆင့္ကို ကားေတြရံထား တယ္ ဆိုၿပီးေတာ့မွေျပာပါတယ္။ အဲဒါဆိုေတာ့ ဘယ္လိုေျပာရမလဲဆိုေတာ့ ကြၽန္ေတာ္တို႔က မဲႏႈိက္လိုက္တာ။ ကြၽန္ေတာ္တို႔က သူမသြားခ်င္ ငါမသြားခ်င္ဆိုေတာ့ မဲေပါက္တဲ့ကားေတြက သြားရတာေပါ့ဗ်ာ။ မဲေပါက္တဲ့ကားေတြ သြား၊ သြားၿပီးလို႔ရွိရင္ မေကြးကားကြင္းထဲကို သြားၿပီးေတာ့မွ ဆန္ေတြ၊ ရိကၡာေတြ ဘာေတြ သြားသယ္ေပါ့ဗ်ာ ျပည္သူေတြ အတြက္ကိုး။ အဲဒါကို (၃၀) ရက္ေန႔ေလာက္က်ေတာ့ ကြၽန္ေတာ္တို႔ ထြက္ရတယ္ဗ်ာ။
ေမး - ကြၽန္ေတာ္တစ္ခု သိခ်င္တာေလ (၃၀)ရက္ေန႔ တက္တာေတာ့ ထားပါေတာ့။ ကုန္ကားေတြေပၚတင္တဲ့ ပစၥည္းေတြက အမ္းမွာရွိတဲ့ စစ္တပ္ကို ေထာက္ပံ့ဖို႔ပစၥည္းလား။ ဒါမွမဟုတ္ အမ္းမွာရွိတဲ့ ေဒသခံ ျပည္သူေတြကိုေပးတဲ့ ပစၥည္းလား။
ေျဖ - ေဒသခံျပည္သူေတြကို ေပးတဲ့ပစၥည္းပါဗ်။ ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္ေထြအုပ္႐ုံးခန္းမွာကတည္းက တစ္ခါတည္းခ် တယ္ဗ်။ ခ်ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေရွ႕မွာကိုပဲ အိမ္ေထာင္စုေတြကို တစ္ခါတည္း တန္းေဝေပးတယ္ဗ်။ ဆီ၊ ဆန္၊ ဆား၊ င႐ုတ္သီး၊ ၾကက္သြန္၊ ဟင္းခ်ိဳမႈန႔္ ၊ အဲဒီလို ကြၽန္ေတာ္တို႔ေရွ႕မွာ အကုန္ေဝေပးတာဗ်။
ေမး - စထြက္ေတာ့ လုံၿခဳံေရးအေျခအေန ဘယ္လို ကားေတြက ထြက္ရလဲ။ ကားက ဘယ္ႏွစ္စီးလဲ။ ကားအစီးေရ၊ အ႐ြယ္အစားေတြက ဘယ္အမ်ိဳးအစားေတြလဲ။
ေျဖ - ကားက အကုန္လုံး (၂၇)စီးဗ် ။(၂၇)စီးထဲမွာ (၁၂)ဘီးက အစီး (၂၀)ေလာက္ပါမယ္။ (၆)ဘီးက (၇)စီးေလာက္ေတာ့ ပါမယ္ဗ်။
ေမး - ဟုတ္ကဲ့။ လုံၿခဳံေရးေတြ ဘာေတြေကာ လိုက္ေပးလားဗ်။
ေျဖ - လုံၿခဳံေရးေတြ လိုက္ပါတယ္ဗ်။ လုံၿခဳံေရးက ေရွ႕ကလည္း လိုက္တယ္။ ေနာက္ကလည္း လိုက္တယ္။ ၿပီးရင္ တခ်ိဳ႕မထင္မွတ္ထားတဲ့ ေနရာေလးေတြလည္း လုံၿခဳံေရးေတြ ေစာင့္ေပးေနပါတယ္ဗ်။
ေမး - အမ္းနဲ႔ ပဒါန္းက တကယ္တမ္း ကားေမာင္းရင္ ဘယ္ေလာက္ၾကာလဲ။ ၾကားထဲမွာ ဘာေတြ ေတြ႕လဲ။ ဘာေတြ ရင္ဆိုင္ရလဲဗ်။
ေျဖ - တကယ္တမ္း ကုန္နဲ႔ေမာင္းမယ္ဆိုရင္ (၄)နာရီေလာက္ပဲ ၾကာပါတယ္ဗ်။ ၾကားထဲမွာ ပဒါန္းကေန စထြက္ၿပီ ဆိုတာနဲ႔ ဘယ္လိုေျပာရမလဲ။ မဲေပါက္လို႔သာလိုက္ရတဲ့ကားေတြေလ။ တခ်ိဳ႕ရခိုင္လမ္းကို မသြားဖူးတဲ့ လူေတြလည္း ရွိတာေပါ့ဗ်ာ။ ေႏြရာသီဆိုေတာ့ ခါတိုင္း လမ္းေၾကာင္းေကာင္းသလို ပုံမွန္သြားေနရင္ေတာ့ ညမွတတ္တာေလ။ ေတာင္ ေပၚေၾကာက အတက္အဆင္းေတြရွိေတာ့ အင္ဂ်င္ေတြ ေအးေအာင္လို႔။ အခုကက်ေတာ့ ဘာေျပာမလဲဆိုေတာ့ လမ္းေၾကာင္းနဲ႔သြားရတာဆိုေတာ့ ေန႔သြားရတာေလ။ ေန႔သြားတာဆိုေတာ့ ရခိုင္လမ္းေၾကာကို မေရာက္ဖူးတဲ့ကားေတြ ရွိေတာ့ အတက္အဆင္းေတြမွန္းမသိ ကားေတြကပ်က္၊ ေရေတြကဆူ။ အဲဒီလို အခက္အခဲေတြရွိပါတယ္ဗ်ာ။ အဲဒါဆို ေတာ့ ကြၽန္ေတာ္တို႔ တုံးႀကီးအေရာက္မွာ ညအိပ္ၾကတယ္ဗ်ာ။ ေနာက္ကကားေတြက ပ်က္တဲ့ကားေတြက ပ်က္ၿပီးေတာ့ ျပင္တဲ့ကားေတြက ျပင္ေနတယ္ဆိုေတာ့ေလ။ တုံးႀကီးမွာ တစ္ခါ(၂၇)စီးလုံး ျပည့္ေအာင္တစ္ခါ ကားေတြ ရပ္ေစာင့္တယ္။ ရပ္ေစာင့္ရင္းနဲ႔ ေမွာင္ သြားတာနဲ႔ အဲဒီမွာညအိပ္လိုက္တယ္။ လုံၿခဳံေရးေတြ က။ (၂၇) စီးလုံးျပည့္ေတာ့ (၁)ရက္ေန႔က တစ္ေန႔ကုန္ေနၿပီး ညေန (၄)နာရီမွာ စထြက္ပါတယ္။
ေမး - ဟုတ္ကဲ့ဗ်။ ကြၽန္ေတာ္ၾကားတာေတာ့ မေကြးကေနၿပီးေတာ့စထြက္တဲ့ ရခိုင္အစပ္အထိကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ေတြ လိုက္ေပးတယ္လို႔ၾကားတယ္။ အဲဒါက ဘယ္လိုပုံစံမ်ိဳးေလးလဲဗ်။ လုံၿခဳံေရး ဘယ္လိုယူၾကလဲ။
ေျဖ - လုံၿခဳံေရးကေတာ့ မေကြးတိုင္းအစပ္ကေတာ့ ဒီလုံၿခဳံေရးလိုက္တာေတာ့ အေယာက္ (၂၀)ေလာက္ပဲရွိတယ္။ ဒီလုံၿခဳံေရး လိုက္တယ္ဗ်။ အရပ္ကား တစ္စီးနဲ႔လုံၿခဳံေရးလိုက္တယ္။ ၿပီးရင္ သူက ကားတန္းနဲ႔လိုက္တဲ့ဟာကို ေျပာတာ ေနာ္။ လမ္းမွာ ေစာင့္တဲ့အဖြဲ႕လည္းရွိပါတယ္ဗ်။ ဘယ္လိုေျပာရမလဲ။ မထင္မွတ္တဲ့ေနရာမွာ (၃)ေယာက္၊ (၅)ေယာက္၊ (၁၀)ေယာက္ အဲဒီလိုမ်ိဳးေလးေတြ ေစာင့္ေနပါတယ္ဗ် လုံၿခဳံေရးအဖြဲ႕ေတြက။ ရခိုင္ျပည္ဘက္ ျခမ္းေရာက္တဲ့အခါမွာ သူက လုံၿခဳံေရးကားက ေနာက္က (၂) စီး၊ ေရွ႕က (၂) စီး ၊ (၄)စီး လိုက္ပါတယ္ဗ်။
ေမး - ဟုတ္ကဲ့။ ေမာင္းရတဲ့ ကားသမားေတြကေကာ မေၾကာက္ၾကဘူးလား။ ဆိုလိုတာက ဒီ အမ္း-ပဒါန္း လမ္းေၾကာ တစ္ေလွ်ာက္နဲ႔ ဟိုဘက္ ရခိုင္ဘက္ျခမ္းမွာ တိုက္ပြဲေတြ အႀကီးအက်ယ္ျဖစ္ေနတယ္။ အမ္းနား တစ္ဝိုက္မွာ AA အဖြဲ႕ ေတြ ရွိေနတယ္။ ကားေမာင္းတဲ့ လူေတြက သူတို႔ရဲ႕သေဘာထားေတြက ဘာေတြ ၾကားရလဲ။
ေျဖ - အခုက ေနာက္အေခါက္ေတြ မေမာင္းရဲ ေတာ့ဘူးလို႔ၾကားၾကပါတယ္ဗ်။ ကြၽန္ေတာ္တို႔ မေကြးက ထြက္ၿပီးေတာ့ ေနာက္ရက္မွာ ရခိုင္ျပည္ဘက္ျခမ္း၊ ကုလားႏွစ္ေကာင္ေကြ႕လို႔ေခၚတာေပါ့ဗ်ာ။ အဲဒီ ကုလားႏွစ္ေကာင္ေကြ႕ရဲ႕ ေအာက္ ေကြ႕မွာတိုက္ပြဲ ျဖစ္ပါတယ္ဗ်။ ဘယ္လိုေျပာရမလဲ။ ကံေကာင္းတယ္လို႔ပဲ ေျပာရမလား။ ကြၽန္ေတာ္တို႔ အထိအခိုက္ ေတာ့ မရွိလိုက္ပါဘူးဗ်။ လမ္းမွာ AA မိုင္းေထာင္ထားတာက တစ္ဖက္စီကို (၃) လုံးစီေလာက္ ေထာင္ထားတာဗ်။ အဲဒါကို စစ္တပ္က ေတာင္ၾကားထဲက ထြက္လာတဲ့ လမ္းေၾကာင္းေလးကို စစ္တပ္ကလည္းျပန္ၿပီး မိုင္းေထာင္ ထားတယ္။ စစ္တပ္ေထာင္ထားတာေတြကို မသိဘဲနဲ႔ သူတို႔က ရိကၡာကားတန္းေတြ လာၿပီဆိုေတာ့ သူတို႔က (AA က) မိုင္းဆြဲရေအာင္ ေတာင္ေပၚကို ေျပးတက္လာတယ္ေပါ့ဗ်ာ။ ေျပးထြက္လာတဲ့အခ်ိန္မွာ စစ္တပ္က ေထာင္ထားတဲ့မိုင္းကို သူတို႔ေတြက အရင္မိလိုက္ေတာ့ ကြၽန္ေတာ္တို႔ေတြ အႏၲရာယ္ ကင္းသြားတာေပါ့ဗ်ာ။ အဲဒီမွာ တိုက္ပြဲ(၂)နာရီေက်ာ္ ေလာက္ေတာ့ ျဖစ္လိုက္တယ္ဗ်ာ။
ေမး - ဒါဆို အမ္းနဲ႔ ပဒါန္းၾကားထဲမွာ ႀကီးႀကီးမားမား AA ရဲ႕ေႏွာင့္ယွက္မႈဟာ အဲဒီတစ္ေနရာပဲလား။ ဘယ္ေနရာျဖစ္ ေသးလဲဗ်။
ေျဖ - ကြၽန္ေတာ္တို႔ ကားေတြ စုံေအာင္လို႔ ေနာက္ကားေတြ မလာလို႔ ညအိပ္တယ္လို႔ ေျပာတယ္ေလ။ တုံးႀကီးထိပ္မွာ အိပ္ရတာ။ အဲဒီမွာ ဘယ္လိုေျပာရမလဲ မွန္ေျပာင္းေတြဘာေတြနဲ႔ ၾကည့္တယ္ထင္ပါတယ္ဗ်ာ။ AA ေတြ ထြက္လာတယ္ ဆိုၿပီး သူတို႔ေတြက ေျပာတယ္။ အဲဒီမွာ ေတာင္ေၾကာကို လက္နက္ႀကီးနဲ႔ (၁၀)ခ်က္ေလာက္လွမ္းပစ္တယ္ဗ်။ အဲဒါက မေကြး တိုင္းထဲမွာေလ။ ဒါေပမဲ့ သူတို႔ကသာ လွမ္းပစ္တာ။ AA ေတြ ထြက္လာတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔က မျမင္ရ ဘူး။ သူတို႔ကေတာ့ ျမင္ရတယ္။ ျမင္ရလို႔ သူတို႔လွမ္းပစ္တယ္။ အဲဒီတစ္ေၾကာလုံး ပစ္ေနတာ။ ပစ္ေနၿပီးေတာ့ ညေန ေလာက္မွာ ကြၽန္ေတာ္တို႔ ခြာရတယ္။
ေမး - တုံးႀကီးမွာ တစ္ေန႔နီးပါး ေနလိုက္ရတဲ့သေဘာေပါ့။
ေျဖ - ဟုတ္တယ္။ ညေန (၄)နာရီေလာက္မွ ထြက္ရတယ္ အဲဒီေနရာကေန။ ေနာက္ကားေတြက ေျမျပန႔္မွာ ေမာင္းတဲ့ ကားေတြဆိုေတာ့ ရခိုင္လမ္းေၾကာကို မေရာက္ဖူးေတာ့ ကားေတြက ပ်က္တဲ့ကားက ပ်က္ဆိုေတာ့ အဲဒီကားေတြကို အဲဒီတုံးႀကီးထိပ္မွာ ေစာင့္တယ္။ ေစာင္းရင္းနဲ႔ကို ဟိုဘက္ေတာင္ေၾကာက AA ေတြ တက္လာတာျမင္လို႔ စစ္တပ္က ပစ္တယ္။ ရွင္းလင္းေရးေတြ သြားလုပ္တယ္။ လမ္းေပၚေတြမွာလည္း AA က ေထာင္ထားတဲ့ မိုင္းေတြရွိတယ္။ မကြဲ ေသးတဲ့ မိုင္းေတြရွိတယ္။ အဲဒါေနရာမွာ စစ္တပ္က ေက်ာက္ခဲေလးေတြ သုံးထားတယ္။ ကားဆရာေတြကို ေက်ာက္ခဲ ေလးေတြကိုေရွာင္ၿပီး ေမာင္းပါလို႔ေျပာထားတယ္။ ေမာင္းၿပီးေတာ့ ရခိုင္ျပည္နယ္ အစပ္က်ေတာ့ သူတို႔ လုံၿခဳံေရး အလႊဲအေျပာင္းလုပ္တယ္။ နာရီဝက္ေလာက္ေတာ့ၾကာတယ္။ အဲဒါၿပီး ဆက္ ေမာင္းသြားတယ္။ ဆက္ေမာင္းသြားတဲ့အခါ ခုနက ေျပာတဲ့ ကုလားႏွစ္ေကာင္ေအာက္ေကြ႕မွာေတာ့ မိုင္း ဆြဲဖို႔ေစာင့္ေနတယ္။ ေစာင့္ေနတဲ့အခ်ိန္မွာ မိုင္းဆြဲ မယ့္ ေနရာမေရာက္ခင္မွာ အဲဒီမွာ စစ္သားေတြက ကားေတြရပ္လိုက္တယ္။ ရပ္လိုက္ေတာ့ AA ေတြက ရွင္းလင္းေရး လုပ္မယ္ထင္လို႔ ေတာင္ေအာက္ကို ျပန္ ဆင္းသြားတယ္။ အဲဒီမွာ စစ္သားေတြက ရွင္းလင္းေရး မလုပ္ဘဲနဲ႔ ကားလည္း ဆက္ေမာင္းဖို႔လည္း လုပ္ေရာ ေတာင္ေပၚကို ေျပးတက္လာေရာ။ ေျပးတက္လာေတာ့ စစ္တပ္က ေထာင္ထားတဲ့မိုင္းကို သူတို႔က အရင္မိသြားတာ။
ေမး - သေဘာကေတာ့ AA ေတြ မိုင္းဆြဲမယ့္ေနရာမွာ စစ္တပ္က မိုင္းျပန္ေထာင္ၿပီးေတာ့ ေထာင္ေခ်ာက္ ျပန္ဆင္တာ လား။ အဲဒီသေဘာေပါ့။
ေျဖ - ဟုတ္တယ္။ သိလို႔ေထာင္တာေတာ့မဟုတ္ဘူး။ ဒါေပမဲ့လို႔ ေအာက္ကတက္လာတဲ့ အဲဒီလမ္းက ေတာင္ၾကားထဲက တက္လာတဲ့လမ္းမို႔ အႏၲရာယ္ရွိ တယ္ထင္လို႔ေထာင္ထားတာ။ ဒါ AA ေတြရွိလို႔ ေထာင္ထားတာလည္း မဟုတ္ဘူး။ သူတို႔က။ AA ေတြ မိုင္းေထာင္ထားမွန္းလည္း မသိဘူး။ အဲဒါေၾကာင့္မို႔ ဒီေနရာေလးက တိုက္ပြဲမၾကာခဏျဖစ္တဲ့ ေနရာဆိုၿပီးေတာ့ လမ္းေၾကာင္းလည္းရွိတယ္ဆိုေတာ့ ေထာင္ထားတာ။
ေမး - AA ေတြ မိုင္းထိတယ္ဆိုေတာ့ ဘယ္ေလာက္ ေလာက္ေသတယ္၊ ဘာညာၾကားလားဗ်။ အဲဒီ တက္တဲ့နားမွာ။
ေျဖ - လုံၿခဳံေရးကားက ေရွ႕မွာ (၂)စီး၊ ေနာက္မွာ (၂)စီးပါတယ္။ အဲဒီေနာက္ဆုံးကားက ေျပာၾကား ခ်က္ကေတာ့ AA ေတြ (၄၊ ၅၊ ၆)ေယာက္ေလာက္ ထိတယ္လို႔ ၾကားပါတယ္။ ဒါေပမဲ့လို႔ ကြၽန္ေတာ္တို႔ေတြကေတာ့ မျမင္ရဘူး။ သူတို႔ေတြက ေတာ့ ျမင္ရတယ္ဗ်။
ေမး - အဲဒီေတာင္ၾကားၿပီးေတာ့ ေရွ႕ခရီးဆက္တဲ့ အခါက်ေတာ့ ဘာေတြ ရင္ဆိုင္ရေသးလဲ။
ေျဖ- ေရွ႕ခရီးဆက္တဲ့အခါ ဘယ္လိုေျပာမလဲ။ စစ္သားေတြက ကားေတြနဲ႔ မသြားေတာ့ဘဲနဲ႔ ေအာက္က ေန မိုင္းရွာရင္း ေျခက်င္သြားၾကတာေပါ့ဗ်ာ။ အဲဒါေၾကာင့္ (၄)နာရီနဲ႔ ေရာက္မယ့္ခရီးကို ကြၽန္ေတာ္တို႔ (၂)ည (၃)ရက္ေလာက္ ၾကာသြား တာေပါ့ဗ်ာ။
ေမး - ဟုတ္ကဲ့ ။ (၄)နာရီ ၾကာမယ့္ခရီးဟာ (၂)ညအိပ္ (၃)ရက္ ခရီးေတာ့ ျဖစ္သြားေတာေပါ့။
ေျဖ - ဟုတ္ကဲ့ ။ ကားနဲ႔သြားရင္ မိုင္းဆြဲခံရမွာစိုးတာနဲ႔ ေျခက်င္ေလွ်ာက္ေတာ့ ၾကာသြားတာေပါ့ဗ်ာ။
ေမး - ဒါဆို အဖြဲ႕ေတြက ေျခက်င္ေလွ်ာက္ၿပီးေတာ့ လုံၿခဳံေရးလိုက္ေပးတယ္ေပါ့။
ေျဖ - တိုက္ပြဲျဖစ္ၿပီးတဲ့ ေနာက္ပိုင္းကို စစ္သားေတြက ကားေတြနဲ႔ မလိုက္ေတာ့ဘူး။ အမ္း မေရာက္မခ်င္းကို သူတို႔ေတြက ေအာက္ကေနေျခက်င္ပဲ သြားေတာ့တာ။ ေျခက်င္သြားၿပီးေတာ့ တစ္မိုင္ေလာက္ေရာက္ၿပီဆိုတာနဲ႔ ရိကၡာကားေတြ လာဖို႔ တစ္ခါလွမ္းေခၚတယ္။ ကြၽန္ေတာ္တို႔က လုံၿခဳံေရးသမားနားေရာက္ရင္ တစ္ခါရပ္ေနခဲ့။ ရပ္ေနခဲ့ရင္ သူတို႔က တစ္ခါ ေျခက်င္ထပ္သြား။ အဲဒီလို လုပ္ရတာ။
ေမး - ၾကားထဲမွာ စစ္သားေတြက လမ္းတစ္ေလွ်ာက္ လုံးမွာ ၊ အမ္း- ပဒါန္းလမ္းတစ္ေလွ်ာက္မွာ စစ္သား ေတြက ဘယ္လိုေတြ òန္ၾကားလဲ။ ဥပမာ ဆိုပါစို႔။ ကားသမားေတြကို ဘယ္လိုေန ဘယ္လိုထိုင္ဆိုၿပီး òန္ၾကားတာမ်ိဳးရွိလား။ ေနာက္တစ္ခုက ကားသမား ေတြကို ျပဳမူေျပာဆိုဆက္ဆံတဲ့ ပုံစံေတြကေကာ။ ဘယ္လိုပုံစံမ်ိဳးရွိလဲ။
ေျဖ - ကားသမားေတြကို ဆက္ဆံတဲ့ပုံစံက သူတို႔က ေကာင္းပါတယ္ဗ်။ တကယ့္ လူမႈေရးမပါဘဲ ေကာင္းပါတယ္ဗ်။ ၿပီးရင္ ကားဆရာတို႔ ညကို အိပ္တဲ့ေနရာေတြမွာ မီးကိုမထြန္းပါနဲ႔။ ဖုန္းမီးလည္း မထြန္းပါနဲ႔။ ကားမီးလည္း မထြန္းပါနဲ႔။ အဲဒါမ်ိဳးေလးေတြ အဓိကပါပဲဗ်။ ၿပီးရင္ ကတၱရာလမ္းေပၚကေန လမ္းေဘးခ်ၿပီးေတာ့ ကားေတြကို မေမာင္းပါနဲ႔ဗ်။ ကားေတြကို လမ္းအလယ္ေကာင္ကပဲ ေမာင္းပါ။ အဲဒါမ်ိဳးေတြ òန္ၾကားပါတယ္။ လမ္းခရီးမွာ မိုင္းေတြရွိေနမွာစိုးလို႔ ကြၽန္ေတာ္တို႔အတြက္ စိုးရိမ္လို႔ အဓိက ၫႊန္ၾကားတာပါဗ်။
ေမး - ဟုတ္ၿပီ။ လမ္းတစ္ေလွ်ာက္လုံးမွာေကာ ကားေတြေပၚမွာ စစ္သားေတြ လိုက္လာတာရွိလား။ ကုန္ကားေတြ ေပၚမွာ စစ္သားေတြရွိလား။ ဒါမွမဟုတ္ သူတို႔ကားေတြနဲ႔လိုက္တာလား။ ကုန္ကားေပၚမွာ လိုက္တာလား။
ေျဖ - သူတို႔ကားနဲ႔ သူတို႔လိုက္တာပါ။ ကုန္ကားေတြေပၚမွာ လိုက္တာမရွိပါဘူး။
ေမး - ဟုတ္ကဲ့။ AA က ေၾကညာခ်က္ တစ္ေစာင္ထြက္ထားတာရွိတယ္။ သူတို႔က အမ္းဘက္ကိုလာတဲ့ ျပည္သူကို ကူတဲ့ကားေတြကို AA ရဲ႕ ဂိတ္ေတြကို ျဖတ္ၿပီးေတာ့မွ AA ခြင့္ျပဳေပးလို႔ လာရတာပါလို႔ သူတို႔က ေျပာထားတယ္။ AA က တက္လာၿပီးေတာ့ ခြင့္ျပဳေပးတာမ်ိဳးရွိလား။ ဂိတ္ေတြေကာ ေတြ႕မိလား။ AA ဂိတ္ေတြလမ္းမွာ။
ေျဖ - AA ဂိတ္တစ္ဂိတ္မွလည္း မေတြ႕ပါဘူးဗ်။ သူတို႔က ဂိတ္လည္းမရွိဘူး။ အေစာက ေျပာသလို သူတို႔ေတြက သူတို႔ မိုင္းေတာင္မွပဲ ေထာင္ေသးတာကိုး။ ဘယ္ခြင့္ျပဳမလဲ။
ေမး - အမ္းကို ေရာက္သြားတာက ဘယ္ေန႔ဘယ္ရက္ ဘယ္လိုေရာက္လဲ။
ေျဖ - ၅လပိုင္း (၂)ရက္ေန႔ေလာက္ေရာက္တယ္။ ညေန ေမွာင္စပ်ိဳး (၆)နာရီေလာက္ေရာက္သြားပါတယ္။ ေရာက္သြားၿပီး ေတာ့ အမ္းအဝင္မွာ တံတားရွိပါတယ္ဗ်။ အဲဒီမွာ ျပည္သူေတြအမ်ားႀကီး ႀကိဳေနၿပီးေတာ့ ကြၽန္ေတာ္တို႔ကို ကားသမား ေတြ သက္ေတာ္ ရာေက်ာ္ရွည္ပါေစ။ အႏၲရာယ္ကင္းပါေစ။ ၿပီးရင္ ထမင္းဝဝစားရေတာ့မယ္ေဟ့ဆိုၿပီး သူတို႔ပါးစပ္ေတြ က အဲဒီလိုေတြ ေျပာၾကတာ။
ေမး - အမ္းေဒသခံ ျပည္သူေတြက ေျပာတာေပါ့။ ထမင္းဝဝစားရေတာ့မယ္ဆိုတာ။
ေျဖ - ဟုတ္တယ္။ ကြၽန္ေတာ္တို႔ေတာင္မွပဲ လမ္းမွာ ဒုကၡေရာက္ခဲ့သမွ် အဲဒီစကားနဲ႔တင္ အားတက္ပါတယ္ဗ်။ အဲဒီလိုကို သူတို႔ ေအာ္တာပါဗ်ာ။ ထမင္းဝ၀ စားရေတာ့မယ္။ ကားဆရာေတြ ေက်းဇူးတင္ပါတယ္ေပါ့ေလ။
ေမး- ျပည္သူေတြ ျဖစ္မလား။ စစ္သားေတြ ေခၚထားတဲ့ လူေတြျဖစ္မလား ။ အဲဒါကို ရွင္းရွင္းလင္းလင္း သိခ်င္ပါတယ္။
ေျဖ - ျပည္သူေတြပါဗ်။ ဘာျဖစ္လို႔လဲဆိုရင္ ကြၽန္ေတာ္တို႔က ရခိုင္လမ္းေၾကာကို ေရာက္ဖူးတဲ့အတြက္ ေၾကာင့္မို႔ ဒါဘယ္သူေတြက ျပည္သူေတြဆိုတာခြဲျခား ႏိုင္ပါတယ္ဗ်။
ေမး - ကားေတြေရာက္တဲ့အခါ ပစၥည္းေတြ ေနာက္ေန႔မွေဝတာလား။ အဲဒီေန႔ ညခ်င္းေဝတာလား။ ပိုက္ဆံေပးရ သလား။ သူတို႔ ဘယ္လိုေဝလဲ။ ဘယ္လိုမ်ိဳးလဲ။
ေျဖ - ကြၽန္ေတာ္တို႔ ေရာက္ေရာက္ခ်င္းကို ပစၥည္းေတြခ်လိုက္တယ္။ က်န္တဲ့ကားေတြက ေနာက္ေန႔မွ ခ်လိုက္တယ္။ ခ်ရင္းတန္းလန္းကို ျပည္သူေတြက ေရာက္လာတာနဲ႔ တစ္ဝက္တစ္ပ်က္နဲ႔ ရပ္ၿပီးေတာ့ သူတို႔ကို အရင္ေဝေပး လိုက္ တယ္။ ခ်က္ခ်ိန္၊ ျပဳတ္ခ်ိန္မီေအာင္လို႔။ သူတို႔ေတြကို ေဝေပးၿပီးသြားၿပီဆိုမွ လူကုန္သြားၿပီဆိုမွ ကြၽန္ေတာ္တို႔ တစ္ခါ ထပ္ခ်တယ္။
ေမး - ဟုတ္ကဲ့။ သူတို႔ကို ေဝတဲ့အခါ ျပည္သူေတြက ပိုက္ဆံေပးရလား။ ဒါမွမဟုတ္ အခမဲ့လား။ အခ်ိဳးအစား ဘယ္လို ေဝတာေတြ႕ရလဲ။
ေျဖ - အဲဒါ ကြၽန္ေတာ္က က်န္တာေတာ့ မသိဘူးဗ်။ ဆန္ေတြကေတာ့ ပိုက္ဆံေပးရတယ္ဗ်။ ဒါေပမဲ့လို႔ ဘယ္လို ေျပာရမလဲ၊ အမ္းမွာ လက္ရွိေပါက္ေဈး တစ္ျပည္ကို ၉၅၀ဝ ေပါက္တယ္။ ဆန္ၾကမ္းကိုပဲ။ အဲဒီ ဆန္ၾကမ္းေတာင္မွပဲ ဝယ္ခ်င္တိုင္းဝယ္လို႔ မရဘူး။ ၿပီးရင္ သူတို႔ျပည္သူလူထုေတြရဲ႕ ေျပာစကားအရဆိုရင္ (၂)မိုင္၊ (၃)မိုင္ခြဲေလာက္ကို လမ္းေလွ်ာက္ၿပီးေတာ့ ဆန္ေတြကို သြားရွာၿပီးမွ ရတာလို႔ ေျပာပါတယ္။ အဲဒါကို ဒီကၿမိဳ႕နယ္ကယူတာ ဆန္တစ္ျပည္ကို (၃၆၀ဝ)နဲ႔ ေရာင္းတယ္လို႔ ၾကားပါတယ္ဗ်။ ဆီေတြကေတာ့ ဘယ္ေဈးနဲ႔ေရာင္းလဲေတာ့ ကြၽန္ေတာ္တို႔ မသိဘူးေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔က လုံၿခဳံေရးအရ အနားကပ္လို႔ မရဘူးဗ်။ ေဝတဲ့အခါမွာေလ သူတို႔ေတြ ပိုက္ဆံရွိတိုင္းကို အဝယ္လက္မ ခံဘူးေလ။ အဲဒီမွာ ဆန္တစ္ျပည္ကို (၃၆၀ဝ) နဲ႔ဆိုတာေလ။ သူက လူတန္းေစ့ဝယ္ႏိုင္ေအာင္၊ ႏွစ္ရက္တစ္ခါမွ တစ္အိမ္ကို မိသားစု (၅)ေယာက္ရွိတယ္ဆိုရင္ (၅)ေယာက္ရဲ႕ ကုန္က်စရိတ္ႏႈန္းကို တြက္ၿပီးေတာ့မွ အဲဒီလိုမ်ိဳး ေရာင္းေပးတာဗ်။ သူတို႔ ပိုက္ဆံ (၁)သိန္းရွိတိုင္း (၂)သိန္းရွိတိုင္း တစ္အိတ္ဝယ္ခ်င္တယ္။ ႏွစ္အိတ္ဝယ္ခ်င္တယ္ဆို မေရာင္းပါဘူးဗ်။ ဘယ္သူကို မဆိုေလ။ တစ္အိမ္ေထာင္မွာ မိသားစု (၅)ေယာက္ရွိတယ္ဆိုရင္ (၅)ေယာက္ကို တစ္ရက္ (၄)ဘူး ကုန္မလား၊ ၅ ဘူး ကုန္မလား အဲဒီလိုမ်ိဳး အစိုးရက တြက္ၿပီးေတာ့မွ ေရာင္းေပးတာဗ်။ အဲဒါမ်ိဳး (၂)ရက္ တစ္ခါ ေရာင္းေပးတာဗ်။
ေမး - အစ္ကိုတို႔ကိုေဝၿပီးတာနဲ႔ ေနာက္ေန႔မွာ ျပန္လႊတ္တာေပါ့ေလ။
ေျဖ - ေဝၿပီးတာနဲ႔ လမ္းေၾကာင္းေတြ ဘာေတြပိုရွင္း ဖို႔ဆိုၿပီးေတာ့ အဲဒီမွာ (၄)ညေလာက္ အိပ္ရေသးတယ္။ ဆန္ေတြခ်ၿပီး ေတာ့ မျပန္ရေသးပါဘူး။ ခန္းမ ရဲ႕ေရွ႕မွာ ေဘာလုံးကြင္းရွိတယ္။ အဲဒီေဘာလုံးကြင္းမွာ အိပ္ရပါေသးတယ္။
ေမး -အမ္းၿမိဳ႕ကို ေရာက္တဲ့အခါမွာ ျမင္ကြင္း အေျခအေနက ဘယ္လိုရွိလဲ။ ေဒသခံျပည္သူေတြရဲ႕ အေျခအေနေတြနဲ႔၊ တပ္ရဲ႕အေျခအေန။ ဆိုလိုတာက တိုက္ပြဲေတြကို ျဖစ္လာမွာ စိုးရိမ္ေနၾကတာလား။ ဒါမွမဟုတ္ သူတို႔က ေအးေအး ခ်မ္းခ်မ္း ျဖစ္ေနလား။ ဘယ္လိုပုံစံမ်ိဳးလဲ။ အဲဒါမ်ိဳးကို သိခ်င္တယ္။
ေျဖ - အခု လက္ရွိကေတာ့ လုံၿခဳံေရးေတြကအား လည္းေကာင္းပါတယ္။ ၿပီးရင္ ေအးေအးခ်မ္းခ်မ္းလည္း ရွိပါတယ္ဗ်။ စာနပ္ရိကၡာတစ္ခုတည္းပဲ သူတို႔က ဒုကၡေရာက္ေနရတာ။ က်န္တာေတြက တိုက္ပြဲေတြ ဘာေတြေတာ့ မရွိပါဘူး။ အမ္းဘက္က ေတာင္ကုန္းေပၚေတြမွာ လုံၿခဳံေရးေတြ ခ်ထားတယ္ထင္ပါတယ္ဗ်။
ေမး - ဟုတ္ကဲ့။ အျပန္လမ္းကေကာ ဘယ္ေလာက္ၾကာလဲ။ ဘယ္လိုပုံစံမ်ိဳး ရင္ဆိုင္ရေသးလဲ။
ေျဖ - အျပန္လမ္းေၾကာင္းက်ေတာ့ အမ္းကေန ကြၽန္ေတာ္တို႔ မနက္ (၇)နာရီေလာက္ထြက္တယ္။ ထြက္ခဲ့ၿပီးေတာ့ ပဒန္းကို ညေန (၆)နာရီေလာက္မွာ ေရာက္တယ္။ လမ္းေၾကာင္းကေတာ့ အသြားတုန္း ကလိုပဲ သူတို႔ရွင္းလင္းေရးေတြ လုပ္တယ္။ ရွင္းလင္း ေရးေတြလုပ္ၿပီးေတာ့ ကားေတြ ေမာင္းခိုင္းတယ္။ အျပန္လမ္းမွာေတာ့ တိုက္ပြဲဘာညာေတာ့ မျဖစ္ပါဘူးဗ်။ အျပန္လမ္းေၾကာင္းက ေျဖာင့္ေျဖာင့္ျဖဴးျဖဴးပဲ ရွိပါတယ္ဗ်။ တိုက္ပြဲေတြ ဘာေတြလည္းမရွိဘူး။ ဗုံး ကြဲတာ ေတြလည္း မရွိဘူး။
ေမး - ဘယ္ေန႔က ျပန္လာတာလဲ။ ျပန္ေရာက္တာ ဘယ္ေန႔က ျဖစ္မလဲဗ်။
ေျဖ - မေန႔က(ေမလ ၇ ရက္) ညေနက (၆)နာရီမွ ေရာက္တယ္ဗ်။ မေန႔က မနက္အေစာႀကီး (၇)နာရီ ေလာက္ျပန္ လာတာပါ။
ေမး - ေနာက္တစ္ခုကသြားပို႔တဲ့ ကားသမားေတြကေရာ ျပန္လာတဲ့အခါမွာ သြားတုန္းက အေျခအေနနဲ႔၊ ျပန္လာတဲ့အေျခ အေန။ သြားတုန္းက ကားသမားေတြက စိုးရိမ္စိတ္နဲ႔သြားၾကတယ္။ ေၾကာက္တာေပါ့ဗ်ာ။ အျပန္က်ေတာ့ သူတို႔ေကာင္း ေကာင္းမြန္မြန္ ျပန္လာတယ္။ သူတို႔ သေဘာထားေတြ အခ်င္းခ်င္းၾကားမွာ ဘာေတြေျပာၾကလဲေပါ့ဗ်ာ။ ကားသမား အခ်င္းခ်င္းၾကားမွာ။
ေျဖ - ကားသမားအခ်င္းခ်င္းၾကားမွာ ဒါမ်ိဳးေလး အသြားတုန္းကေတာ့ ေၾကာက္တာေပါ့။ တစ္ဖက္တစ္ လမ္းကျပန္ ၾကည့္ရင္ ျပည္သူေတြကို ေဝေပးေတာ့ ေပ်ာ္တဲ့ကားသမားလည္း ေပ်ာ္တာေပါ့။ ကားသမားေတာ္ေတာ္မ်ားမ်ားရဲ႕ ရင္ထဲမွာ အဲဒါမ်ိဳးေလးေတြေတာ့ ျဖစ္တာေပါ့။ ေစာနက ထမင္းဝ၀ စားရၿပီဆိုတဲ့ အသံနဲ႔တင္ ကြၽန္ေတာ္တို႔ အားရပါ တယ္။ လမ္းမွာ တိုက္ပြဲျဖစ္သမွ်ေတြကို အဲဒီေနရာမွာတင္ ေက်သြားပါတယ္။ ကားသမားေတြကလည္း ေၾကာက္ေတာ့ ေၾကာက္တာေပါ့။ ဒါေပမဲ့လို႔ ျပည္သူေတြရဲ႕ ဒီလို အသံၾကားလိုက္ရေတာ့ ရင္ထဲေတာ့ ေပ်ာ္သြားတာ ေပါ့ေနာ္။ အဲဒီမွာ ဆန္ေတြခ်ၿပီးလို႔ (၄)ရက္အိပ္ရတဲ့ အေနအထားမွာလည္း ၿမိဳ႕နယ္႐ုံးက လူေတြက ကားသမားေတြကို ဆန္၊ ဆီ၊ ဆား အကုန္လုံး ယူေပးထားပါတယ္။ ခ်က္ဖို႔၊ ျပဳတ္ဖို႔ေလ။ ရိကၡာေတြ ဘာေတြေလ။ အဆင္ေျပပါတယ္ဗ်။ ကားသမားေတြက လည္း ဝမ္းသာပါတယ္။
ေမး - ကားသမားေတြကိုေကာ သြားတဲ့အတြက္ ပိုက္ဆံေတြ ဘာေတြေကာ၊ သြားခကုန္သြယ္ခေပးလား အစိုးရက။
ေျဖ - ဆန္အိတ္ေတြကို မေကြးကေန အမ္းကို (၅၀ဝဝ)ေပးပါတယ္ဗ်။ ကားခႏႈန္းထား။ အစိုးရကေနမွ ကြၽန္ေတာ္တို႔ကို အိတ္ (၂၀ဝ)ႏိုင္တဲ့ ကားကို (၁၀)သိန္းေပးတယ္။ အိတ္ (၃၀ဝ)ႏိုင္တဲ့ကားကို (၁၅)သိန္းေပးတယ္။ ဆန္အိတ္သယ္ခ။ တစ္အိတ္ ကို ၅၀ဝ၀ ေပးတယ္။ အုံနာေတြက ဆန္အိတ္သယ္တဲ့ အဖိုးအခကို သူ႔ကားေပၚမွာ ဆန္အိတ္ ၃၀ဝ ပါရင္ (၁၅)သိန္းေပါ့။ ဒ႐ိုင္ဘာနဲ႔ စပါယ္ယာ ခြဲယူလိုက္ၾကဆိုၿပီးေတာ့ အုံနာေတြက အဲဒီလိုေပးတယ္။ မင္းတို႔ သက္စြန႔္ဆံဖ်ား သြားရတာ ဆိုၿပီးေတာ့။
ေမး - ဟုတ္ကဲ့။ စစ္တပ္နဲ႔ အစိုးရကေတာ့ ဆိုလိုတာ က ကားသမားေတြကို အလကားခိုင္းတာေတာ့ မဟုတ္ဘူးေပါ့။ ပိုက္ဆံေတာ့ေပးတယ္။
ေျဖ - အလကားခိုင္းတာမဟုတ္ပါဘူး။ ႏိုင္ငံေရးေကာင္းတုန္းက ဆန္အိတ္ေတြသယ္ရင္ (၄၀ဝဝ)၊ (၅၀ဝဝ)ေပါက္ပါ တယ္၊ ဆန္အိတ္ေတြကိုေလ။ ေပးတာေတာ့ အဲဒီႏႈန္းထားအတိုင္းပဲေပးတာဗ်။ အလကားခိုင္းတာေတာ့ မဟုတ္ပါဘူး။
ေမး - အစ္ကိုလည္း ကိုယ္တိုင္သြားခဲ့တာျဖစ္တဲ့အတြက္ ကိုယ္တိုင္လည္း ဒီခရီးကို သြားရတယ္ဆိုတာ ပြင့္ပြင့္လင္းလင္း ေျပာရရင္ အသက္စြန႔္သြားရသလိုပဲဗ်။ ကြၽန္ေတာ္နားလည္ရတာေတာ့ေလ။ တိုက္ပြဲေတြ ၾကားမွာညပ္ၿပီး ေသသြားႏိုင္ တယ္။ အသက္စြန႔္သြားခဲ့ တဲ့ၾကားက အခုေအာင္ျမင္တယ္၊ ျပန္လာႏိုင္ခဲ့တယ္။ ဆိုေတာ့ ကိုယ့္ကိုယ္ကိုယ္ ဒီအခင္း အက်င္းႀကီးကို ႀကဳံၿပီးေတာ့ ကိုယ္တိုင္လူေတြကို ေျပာခ်င္တာ ဘာရွိမလဲ။
ေျဖ - ကြၽန္ေတာ္က ရခိုင္ျပည္ကို ကားဆြဲေနတာ ႏွစ္ (၂၀) ရွိေနၿပီမို႔ ေအးေအးခ်မ္းခ်မ္းေလး ျဖစ္ေစခ်င္တာေပါ့ဗ်ာ။ ျပည္သူေတြလည္း အရင္တုန္းက ကိုယ္နဲ႔သိခဲ့တဲ့ ျပည္သူေတြ ငတ္ျပတ္ေနတာေတြ ျမင္ ေတာ့ စိတ္မေကာင္းဘူးေပါ့ဗ်ာ။ ကြၽန္ေတာ္က အုံနာတစ္ေယာက္ပါ။ ကိုယ့္ကားနဲ႔ကိုယ္ ေမာင္းၿပီးသြားတာ။ ဒ႐ိုင္ဘာကို အငွားထည့္လိုက္လို႔ ကြၽန္ေတာ္ရပါတယ္။ ဒါေပမဲ့လို႔ တစ္ခ်ိန္တုန္းက ကိုယ္နဲ႔ရင္းႏွီးခဲ့တဲ့လူေတြငတ္ျပတ္ၿပီး ဘယ္လိုေျပာမလဲ စားဖို႔ ေသာက္ဖို႔ မလုံေလာက္တဲ့အခါမွာ သူတို႔အတြက္ စိတ္မေကာင္းလို႔၊ ကိုယ္တိုင္သြားၿပီးေတာ့ ကြၽန္ေတာ္သူတို႔နဲ႔လည္း ေတြ႕ခ်င္လို႔၊ ၿပီးေတာ့ အားေပးစကားေတြလည္း ေျပာခ်င္လို႔ ကြၽန္ေတာ္ကိုယ္တိုင္ေမာင္းၿပီးေတာ့ ကြၽန္ေတာ္ သက္စြန႔္ ဆံဖ်ား သြားလိုက္တာပါ။