သစ်ပင်ကိုစိုက် ရွှေတိုက်ကိုစိုး (ဆောင်းပါး)

 934

ဖြိုးဝေလင်း (ပုသိမ်) (NP News) - မေ ၁၇

သစ်တော၊ သစ်ပင်တို့သည် ကျွန်ုပ်တို့ လူသားများအပေါ် များစွာသောအကျိုးကျေးဇူးများပေး စွမ်းလျက်ရှိသည် မှာ အထင်အရှားဖြစ်ပါသည်။ လူသားတို့၏ အခြေခံလိုအပ်ချက်များဖြစ်သော စားဝတ်နေရေးကို ဖြည့် ဆည်းပေးရုံ သာမက ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကောင်းကျိုးများကိုလည်း တစ်ဖက်တစ်လမ်းမှ ဆောင်ကြဉ်းပေးနေပါသည်။ သစ်ပင်များသည် ကျွန်ုပ်တို့ကမ္ဘာမြေ၏ အဆုတ်များသဖွယ် ဖြစ်ပြီး လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူကာ အလင်းပြန်ခြင်းဖြစ်စဉ်မှတစ်ဆင့် အောက်ဆီဂျင်ကိုထုတ်လွှတ်ခြင်းဖြင့် ကမ္ဘာမြေ၏ ရာသီဥတုပြောင်းလဲမှုကို လျော့ပါး သက်သာအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

လက်ရှိကမ္ဘာ့လေထုထဲတွင် CO2 တန် ချိန် ၃ ထရီလီယံ မက်ထရစ်တန်ခန့်ရှိပြီး ကျွန်ုပ်တို့ လူသားတို့သည် နှစ်စဉ် တန်ချိန် ၄၀ ဘီလျံခန့် ထုတ်လွှတ်လျက်ရှိသည်။ လေထုထဲရှိ CO2 ကို နေ့စဉ် စောင့်ကြည့်လေ့လာနေသော website ဖြစ်သည့် https;//www.co2.earth/ ၏ ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ တစ်ရက်တာအတွင်း ကမ္ဘာ့လေထုထဲ တွင် CO2 ပါဝင်မှုပမာဏသည် ၄၄၇.၄၄ ppm(parts per million) ရှိသည်ဟုဖော်ပြထားသည်။
လူသားတို့အတွက် လေထုထဲတွင် CO2 ပါဝင်မှုအများဆုံး လုံခြုံရေးကန့်သတ်ချက်ဖြစ်သော ၃၅၀ ppm မှာ ၁၉၈၈ ခုနှစ်တွင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့အပူချိန်သည် ၁၀ နှစ် လျှင် ၁.၅ °C မြင့်တက်လာ လျက်ရှိသည်။

ပါရီသဘောတူညီချက်
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ပါရီမြို့ တွင်ကျင်းပခဲ့သော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲ မှုညီလာခံ (United Nations Climate Change Conference - COP 21) တွင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံ၏ ခေါင်းဆောင်များအကြား ပါရီသဘောတူညီ ချက်ကို ချမှတ်နိုင်ခဲ့သည်။
ပါရီသဘောတူညီချက်တွင်-
(က) ကမ္ဘာကြီးအပူချိန်မြင့်မှုကို ၁.၅ °C ထက် မပိုစေရန်အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို သိသိသာသာ လျှော့ချဖို့
(ခ) ဆောင်ရွက်မှုကို ၅ နှစ် တစ်ခါ ပြန်လည်ဆန်းစစ်ဖို့
(ဂ) ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန်အခက်အခဲရှိနေသော ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုဘဏ္ဍာငွေထောက်ပံ့ဖို့
(ဃ) ၂၀၅၀ ပြည့်နှစ်မှာ net zero လို့ခေါ်တဲ့ ကာဗွန်ထုတ်လွှတ်မှု သုညဒါမှမဟုတ် ကမ္ဘာ့အပူချိန် ဆက်လက်မတက်စေဖို့ဟူ၍ ဦးတည်ထားသည်။

သဘာတူညီချက်တွင်ပါဝင်သော နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှုကို လိုက်လျောညီထွေ ဆောင်ရွက်မည့် အစီအမံများနှင့် နိုင်ငံ၏ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချမည့် အစီအစဉ်များကိုဖော်ပြထား သည့် Nationally Deer-mined Contributions (NDCs) ကို တင်ပြရန်လိုအပ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး (NDCs)ကို ၂၀၂၁ ဇူလိုင်လတွင်တင်သွင်းခဲ့ပြီး ရာသီဥတုပြောင်း လဲမှုတုံ့ပြန်ရေးနှင့်ပတ်သက်သည့်ရည်မှန်းချက်များကို ၂၀၃၀ တွင် ရရှိနိုင်ရန် ရည်ရွယ်ထားသည်။

မြန်မာနိုင်ငံသည်အခြားနိုင်ငံများ၏ဘဏ္ဍာ ငွေထောက်ပံ့မှုမပါဘဲ ကာဗွန်ဒိုင်အောက်ဆိုက် ၁၂၁ သန်း မက်ထရစ်တန် ထုတ်လွှတ်မှုနှင့်ညီမျှသော ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချရန်နှင့် အခြားနိုင်ငံများ၏ ဘဏ္ဍာငွေထောက် ပံ့မှုဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ၁၅၈ သန်း မက်ထရစ်တန်ထုတ်လွှတ်မှုနှင့်ညီမျှသော ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန် ရည်မှန်းချက်ထားရှိပြီးဖြစ်ပါသည်။

ကာဗွန်ထုတ်လွှတ်မှု
ပြန်ဆက်ရရင် အစိုးရများနှင့် ပြည်သူများသည် အပူချိန်မြင့်တက်မှုနှင့်အတူ ပျက်စီးယိုယွင်း လာသောဂေဟ စနစ်များကြောင့် ကာဗွန်ထုတ်လွှတ်သည့်လုပ်ငန်းများအပေါ် ဖိအားပေးလာကြသည်။

ထို့ပြင် သက်ဆိုင်ရာအစိုးရတို့ကလည်း ကာဗွန်ထုတ်လွှတ်သည့်လုပ်ငန်းများအပေါ် ကာဗွန် အခွန်များ ကောက်ခံလျက်ရှိရာ နိုင်ငံအများအပြား၊ ကုမ္ပဏီအများအပြားသည် ကာဗွန်ခရက်ဒစ်များ ဝယ်ယူခြင်းဖြင့် မိမိတို့၏ ကာဗွန်ထုတ် လုပ်မှုလုပ်ငန်း ကိုမထိခိုက်ရန် ကြိုးစားလာကြသည်။ အစိုးရထံပေးဆောင်ရသော ကာဗွန်အခွန်သည် ကာဗွန်ခရက်ဒစ် ဈေးနှုန်းထက်များပြားလျက်ရှိရာ ကာဗွန်ခရက်ဒစ် ဝယ်ယူရေးအပေါ် ပိုမိုစိတ်ဝင်စားလာကြသည်။ ဥပမာအားဖြင့် Switzerland နိုင်ငံတွင် ကာဗွန် ၁ တန် ထုတ်လွှတ်မှုအတွက် ဒေါ်လာ ၁၃၀.၈၁ အခွန် အခကျသင့်ပြီး Liechtenstein နိုင်ငံတွင် ကာဗွန် ၁ တန် ထုတ်လွှတ်မှုအတွက် ၁၂၅.၅၆ ဒေါ်လာအခွန် ကျသင့်သည်။ ထို့ပြင် စပိန်ကဲ့သို့ နိုင်ငံမျိုးတွင် ကာ ဗွန်အမျိုးအစားအပေါ်မူတည်၍ ထပ်ဆောင်း ကောက်ခံသည်လည်း ရှိသေးသည်။ Switzerland နိုင်ငံရှိ နာရီများ ထုတ်လုပ်သော Swatch company ပင်လျှင် တစ်နှစ်လျှင် ကာဗွန် ၁.၁ သန်း ထုတ်လွှတ်သည်။

လုပ်ငန်းတစ်ခု၏ ကာဗွန်ထုတ်လွှတ်မှုတိုင်း တာရာတွင် အောက်ပါအချက် ၅ ချက်နှင့် တိုင်းတာသည်။
(က) တိုက်ရိုက်ထုတ်လွှတ်မှု (စက်ရုံရှိကိရိယာများ လည်ပတ်ခြင်း၊ ကုန်ကြမ်း၊ ကုန်ချောသယ်ယူခြင်းတို့ မှထုတ်လွှတ် ခြင်း)
(ခ) မိမိကုန်ထုတ်လုပ်ငန်းအတွက်သုံးစွဲရသည့်စွမ်းအင်များကြောင့် သွယ်ဝိုက်ထုတ်လွှတ်ခြင်း (လျှပ်စစ်၊ အပူ၊ ရေပူ၊ ရေအေးစနစ်များ)
(ဂ) ကုန်ထုတ်လုပ်ငန်းအတွက်မဟုတ်သော်လည်း သယ်ယူပို့ဆောင်ခြင်း၊ သုံးစွဲခြင်း၊ ထိန်းသိမ်းခြင်းများအတွက် သွယ်ဝိုက်ထုတ်လွှတ်ခြင်း
(ဃ) အလုပ်သမားများစက်ရုံသို့လာရာလမ်းတစ် လျှောက် အသုံးပြုရသည့်ယာဉ်များ၏ ကာဗွန်ထုတ် လွှတ်မှု
(င) လုပ်ငန်းတွင် မနခပခူန အသုံးပြုမှုအခြေအနေ
ထို့ပြင် CO2 ကိုသာမက အောက်ပါဓာတ်ငွေ့တို့ကို လည်း ကာဗွန်ထုတ်လွှတ်မှုအဖြစ်ထည့်သွင်းပါသည်။
(က) Methane (CH4)
(ခ) Nitrous oxide (N2O)
(ဂ) Hydrofluorcarbons (HFCs)
(ဃ) Perflurocarbons (PFCs)
(င) Sulfur hexafluoride (SF6)
စက်မှုလုပ်ငန်းများသာမက ကျွန်ုပ်တို့ လူသားတစ်ဦးချင်းစီ၏ နေ့စဉ်လုပ်ငန်းဆောင်တာများမှလည်း ကာဗွန်ထုတ်လွှတ်လျက်ရှိသည်။ အကြမ်း ဖျင်းအားဖြင့် ချက်ပြုတ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လျှပ်စစ်အသုံးပြုခြင်း၊ အညစ် အကြေးစွန့်ပစ်ခြင်း အစရှိသည်တို့ကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် တစ်နေ့လျှင် ၄၀ ဝပ်ရှိသော LED မဟုတ်သော မီးသီးအား ၁၀ နာရီသုံးစွဲပါက တစ်နှစ်လျှင် ၁၄၆၀ဝ၀ ဝပ် သို့မဟုတ် ၁၄၆ ကီလိုဝပ်နာရီ အသုံးပြုရမည်ဖြစ်သည်။ မီးသီး ၏ ၁ ကီလိုဝပ်နာရီတွင် ကာဗွန်ထုတ်လွှတ်မှုသည် ဝ.၅ ကီလိုဂရမ် ထုတ်လွှတ်သည်။ ထို့ကြောင့် တစ်နေ့လျှင် ၄၀ ဝပ်ရှိသော မီးသီးအား ၁၀ နာရီဖြင့် တစ်နှစ် ထွန်းလျှင်ပင် လေထုထဲသို့ CO2 73 ကီလိုဂရမ် ရောက်ရှိသွားမည်ဖြစ်သည်။

ကာဗွန်လျှော့ချမှု
ထို့ကြောင့် ကာဗွန်ထုတ်လွှတ်ရသည့်လုပ် ငန်းများအနေဖြင့် ကာဗွန်အခွန်ပေးဆောင်ရခြင်းကိုလျှော့ချနိုင်ရန် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချခြင်း၊ ကာဗွန်ဖယ်ရှားခြင်း စသည့်နည်းလမ်းနှစ်ခုကိုအသုံး ပြုပါသည်။ ကာဗွန်လျှော့ချ ခြင်းနည်းလမ်းအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်း၊ ကာဗွန်ထုတ်လုပ်သည့်ပစ္စည်းများအသုံးမပြုခြင်း၊ recycle အသုံးပြုခြင်းဖြစ်ပြီး ကာဗွန်ဖယ်ရှားခြင်းနည်းလမ်းအနေဖြင့် ကာဗွန်ဖမ်းယူခြင်း၊ သစ်တောပျိုးထောင်ခြင်းများ ဆောင်ရွက်သည်။

လေထဲမှကာဗွန်ကို တိုက်ရိုက်ဖမ်းယူမှုကို (Direct Air Capture) ဟုခေါ်ပြီး ထိုနည်းစနစ်၏ အလုပ်လုပ်ပုံမှာ လေထုထဲမှ ကာဗွန်များကို အထူးပြုလုပ်ထားသောပန်ကာများပါဝင်သည့် စင်ကြီးများ ဖြင့်ဖမ်းယူကာ CO2 များကို ဆန်ခါနှင့် စစ်ထုတ်သို လှောင်ပြီး ဓာတုဖျော်ရည်နှင့်ရောစပ်၍ မြေအောက် အနက်မီတာ ၈၀ဝ နှင့် မီတာ ၂၀ဝ၀ ကြားသို့ ထိုးသွင်းခြင်းဖြစ်သည်။ နှစ်နှစ်ခန့်ကြာသောအခါ မြေအောက်ရောက်သွားသော CO2 ၉၅ ရာခိုင်နှုန်းသည် ကျောက်သား အဖြစ်ကို ပြောင်းလဲသွားသည်။ ဤနည်းဖြင့် ကာဗွန်ကိုဖမ်းယူသိုလှောင်ခြင်းဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် ငွေကြေး ကုန်ကျမှုများသဖြင့် လက်ရှိအချိန်၌ အမေရိကန်၊ ကနေဒါနှင့် အီးယူနိုင်ငံအချို့တွင်သာ စက်ရုံပေါင်း ၁၈ ရုံရှိသည်။ ထိုစက်ရုံများသည် တစ်နှစ်လျှင် CO2 တန်ချိန် ၁၀ဝဝဝ ခန့် သာစုပ်ယူနိုင်ပါသည်။ ထို့ပြင် အင်ဒို နီးရှားနိုင်ငံသည် ၎င်း နိုင်ငံရှိ ခန်းခြောက်သွားသော သဘာဝဓာတ်ငွေ့ တွင်းဟောင်းများသို့ CO2 ထည့်သွင်းရန် ဖိတ်ခေါ်လျက်ရှိပြီး ၎င်းမှ အကျိုးအမြတ်ရယူလျက်ရှိသည်။

ကာဗွန်ဖယ်ရှားခြင်းအတွက် အကျိုးအရှိဆုံးနှင့် အသင့်တော်ဆုံးနည်းလမ်းများမှာ သစ်ပင်၊ သစ်တောများ ပြုစုပျိုးထောင်ခြင်းဖြစ်သည်။ သစ်မာပင်ဖြစ်ပြီး ပျှမ်းမျှ ပင်စည်လုံးပတ် ၃ ပေရှိတဲ့ သစ်ပင် တစ်ပင်သည် တစ်နှစ်လျှင် CO2 ၄၈ ပေါင်ကို စုပ်ယူ သန့်စင်ပေးနိုင်ပါတယ်။ ထိုပမာဏသည် ကားတစ်စီး မိုင် ၅၀ဝ မောင်းလျှင်ထွက်ရှိတတ်သော CO2 ပမာဏနှင့် ညီမျှသည်။ ကြီးထွားနှုန်းမြန်သော သစ်ပင်ကြီးများသည် ကြီးထွားနှုန်းနှေးသော သစ်ပင်ငယ်များထက် ကာဗွန်စုပ်ယူနိုင်မှုပိုများသည်။ သို့သော် သစ်ပင်အမျိုးအစား၊ တည်နေရာ၊ ကြီးထွားနှုန်း၊ ရေရရှိမှု၊ နေရောင်ခြည်၊ ရာသီဥတု၊ မြေဩဇာတို့ပေါ်မူတည်၍ ၁၅၀ ကီလိုဂရမ်ထိ စုပ်ယူနိုင်ပါသည်။ ဒီရေတောများသည် CO2 အစုပ်ယူနိုင် ဆုံးဖြစ်သည်။ ၁ ဟက်တာ (၂.၄၇၁ ဧက)အတွင်း ပေါက်ရောက်နေသော အရွယ်ရောက်ပြီး သစ်မာပင် (Broadleaf) ၁၀ဝ သည် ပေါက်ရောက်ရာ နေရာဒေသ၊ ရာသီဥတုအပေါ်မူတည်၍ တစ်နှစ်လျှင် CO2 ၄.၅ တန်မှ ၂၀ တန်ကြား စုပ်ယူနိုင်သည်။ ၁ ဧကတွင် ၂၀၈.၇၁၁ ပေ x ၂၀၈.၇၁၁ ပေ ဖြစ်သဖြင့် ၁ ဟက်တာလျှင် အပင် ၁၀ဝ ရရှိရန် တစ်ပင်နှင့်တစ်ပင်ကြား ၅ ပေစီခြား၍ စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံ၏စိုစွတ်ခြောက်သွေ့ သောရာသီဥတုတွင်ပေါက် ရောက်သည့် သစ်မာပင် များသည် ၂၀ တန်နီးပါး စုပ်ယူနိုင်ပါသည်။ သစ်မာပင်ဆိုရာတွင် ကျွန်း၊ ပျဉ်းကတိုး၊ ထင်း ကညင် စသည့်အပင်များသာမက သနပ်ခါး၊ သရက်၊ ပိန္နဲ စသည့်အပင်များလည်းပါဝင်သဖြင့် အသီးထုတ်လုပ်မှုအပြင် ကာဗွန် credit ပါရောင်းချနိုင်သည့် အနေအထားဖြစ်သည်။

ကာဗွန် credit
ကာဗွန် credit ရောင်းချခြင်းကို တရားဝင် ရန်အတွက် အောက်ပါအဆင့်တို့ကို ပြုလုပ်ရပါမည်။
(က) စည်းဘောင်နှင့်ညီအောင်ပြုလုပ်ခြင်း (American Carbon Registry (ACR), Climate Action Reserve (CAR), Clean Development Mechanism (CDM), Verified Carbon Standard (VCS) တို့ထဲမှ တစ်ခုခုနှင့်အညီ မှတ်ပုံ တင်ခြင်း)
(ခ)သက်ဆိုင်ရာအဖွဲ့အစည်းများ (QAS, EPIC sustainability, First environment နှင့် SCS global ကဲ့သို့ကုမ္ပဏီများ) ၏အစစ်အဆေးခံယူခြင်း။ (ကာဗွန် credit မည်မျှရောင်းနိုင်မည်ကိုသတ်မှတ်ခြင်း၊ ကာဗွန်သန့်စင်နိုင်မှု အဆင့်သတ်မှတ် ခြင်း (AAA,AA,A မှ D စသဖြင့်)၊ ထပ်တိုးမှု၊ တည်မြဲမှု၊)
(ဂ) ကာဗွန် Credit လုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်း၊
(ဃ) ကာဗွန် ခမနိငအ ရောင်းချခြင်း၊ (အချိန်ကာလတစ်ခုအပေါ်တွင်သာရောင်းချရမည်။ အပြီးသတ် မရောင်းချရ။ Air Carbon Exchange (ACX) ပလက်ဖောင်းပေါ်တွင်ရောင်းချနိုင်သည်။ Carbon Trade Exchange တွင်လည်း အရောင်း အဝယ်ပြုလုပ်နိုင်သည်။)
(င) မိမိရောင်းချထားသော ကာဗွန် credit အတွက် ပုံမှန်စစ်ဆေးမှုခံယူခြင်းတို့ဖြစ်ပါသည်။

ကာဗွန် credit ရောင်းချရာတွင် နည်းလမ်းနှစ်ခုရှိသည်။ credit မသတ်မှတ်နိုင်မီ ကြိုတင်ရောင်းချခြင်းနှင့် credit သတ်မှတ်ပြီးမှ ရောင်းချခြင်းတို့ဖြစ်ပါသည်။ ကြိုတင်ရောင်းချခြင်းဆိုသည်မှာ ကာဗွန် credit ရောင်းချရန် အလားအလာကောင်းပြီး အရင်းအနှီးမရှိသောနိုင်ငံများတွင် ကားကုမ္ပဏီများ၊ လေကြောင်းလိုင်းကုမ္ပဏီများသည် ရေရှည်အစီ အစဉ်ချမှတ်ကာ ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်။ ၎င်းတို့၏ ကြိုတင်ရင်းနှီးမြှုပ်နှံမှုပါဝင်သဖြင့် credit မှာ အမြတ်နည်းလှသည်။ သို့သော်လည်း ရင်းနှီးမြှုပ် နှံခံရသူနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကြောင့် ရရှိလာ မည့်အကျိုး အမြတ်မှာ မရေတွက်နိုင်အောင်ပင်များလှသည်။ အစိုးရသည် ငွေကြေးတောင့်တင်းပြီး မိမိကိုယ်တိုင်ရင်းနှီးမြှုပ်နှံပြီးမှ ရောင်းချသော ကာဗွန် credit မှာ ဈေးနှုန်းမြင့်မားသည်။ ၃၀-၄-၂၀၂၄ ရက်နေ့ဈေးနှုန်းအရ ကာဗွန် credit အမြင့်ဆုံးဈေးမှာ ၇၀.၅၆ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးမှာ ၁၄.၂၉ ဒေါ်လာ ဖြစ်သည်။ ကာဗွန်ဈေးကွက် ၃၄ ခု ခန့်ရှိပြီး ဈေးကွက် တန်ဖိုးအားလုံးမှာ အမေရိကန်ဒေါ်လာ ၈၅၁ ဘီလျံ ခန့်ရှိသည်။ ၂၀၃၀ ပြည့်နှစ်တွင် ၆ ထရီလျံခန့်ရှိလာ မည်ဖြစ်သည်။ အကြီးဆုံးရောင်းချနေသူများမှာ ကော်စတာရီကာ၊ ကနေဒါ၊ မက်ဆီကို၊ ဘရာဇီး၊ နိုင်ဂျီးရီး ယား၊ တရုတ်၊ အင်ဒိုနီးရှားတို့ဖြစ်ပြီး အများဆုံး ဝယ်ယူနေသည့်နိုင်ငံများမှာ EU နိုင်ငံများဖြစ်သည်။

လိုက်နာမှုရှိသည့်ဈေးကွက်နှင့် လွတ်လပ်သော ကာဗွန်ဈေးကွက်ဟူ၍ နှစ်မျိုးရှိပါသည်။ လိုက်နာမှုရှိသည့် ဈေးကွက်ဆိုသည်မှာ နိုင်ငံတကာအဖွဲ့ အစည်းများမှ ထိန်းချုပ်ထားခြင်းဖြစ်ပြီး လုပ်ငန်းတစ် ခုကိုဝယ်ယူရမည့် ကာဗွန် credit ပမာဏ သတ်မှတ်ပေးထားပြီး ထိုလုပ်ငန်းသည် ဝယ်ယူထားသည့် ကာဗွန် credit ပမာဏထက် လျော့နည်းစွာ ကာဗွန် ထုတ်လွှတ်မှသာ ၎င်းဝယ်ယူထားသော ကာဗွန် credit ကို ပြန်လည်ရောင်းချခွင့်ရှိသည်။ လွတ်လပ် သောကာဗွန် ဈေးကွက်၏အားနည်းချက်မှာ မိမိထံမှ ကာဗွန် credit ဝယ်ယူထားသောလုပ်ငန်းများသည် အခြားသက်သာသည့် ဈေးကွက်များသို့ ရွေ့လျားသွားနိုင်သည်။

ကာဗွန် credit ရောင်းဝယ်ရာတွင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ခေတ်မီကုန်သွယ်ရေး ပလက်ဖောင်းများ လိုအပ်သည်။ ကောင်းကျိုးအနေဖြင့် ကာဗွန် credit ရောင်းချခြင်းကြောင့် ဝင်ငွေတိုးပွားလာနိုင်သည်။ နိုင်ငံအတွင်း သစ်တောများထိန်း သိမ်းပြီးသားဖြစ်သွားမည်။ ဆိုးကျိုးအနေဖြင့် နိုင်ငံအတွင်း အခြားနိုင်ငံပိုင်ဧရိယာများရှိလာသဖြင့် တရားဥပဒေဖြင့်အထူးထိန်းကျောင်းရန်လိုအပ်သည်။ နိုင်ငံတကာအငြင်းပွားမှုများဖြစ်ပွားနိုင်သည်။ ၁၀ စုနှစ် အကြာ တွင် ပြည့်ဖြိုးမြဲစွမ်းအင်အသုံးချမှုပမာဏများပြားလာနိုင်သဖြင့် ကာဗွန် credit ရောင်းချရေး ဝေစုရရှိနိုင်မှုအပေါ် ယှဉ်ပြိုင်မှု မြင့်မားလာမည်။

ရွှေတိုက်အမွေ
ကာဗွန် credit ရောင်းချခြင်းသည် ရာစုနှစ်တစ်ခုစာအတွက်သာ စီးပွားရေးဆိုင်ရာအဆင် ပြေမှုဟုယူဆနိုင် သော်လည်း သစ်ပင်စိုက်ပျိုးခြင်းမှ ရရှိမည့်ကျေးဇူးမှာ ကြီးမားသည်ကို ကျွန်ုပ်တို့အား လုံးအသိပင်ဖြစ်သည်။ ရှေးကဘိုးဘွားတို့ အစဉ်အဆက် စိုက်ပျိုးခဲ့သောသစ်ပင်များသည် လက်ရှိလူသားတို့ကို အကျိုးပြုလျက်ရှိနေသကဲ့သို့ လက်ရှိ လူသားတို့ကလည်း နောင်လာမည့်မျိုးဆက်များအတွက် သစ်ပင်စိုက်ပျိုးခြင်းကို ပြုကြရမည်ဖြစ်သည်။ သုံးမကုန်နိုင်သောရွှေတိုက်ကဲ့သို့ အဖိုးထိုက်သော အမွေကို လက်ဆင့်ကမ်းပေးသွားရမည်ဖြစ်သည်။ ထို့ကြောင့် ယခု အချိန် မိုးကြိုကာလနှင့် မိုးတွင်း ကာလများတွင် တတ်နိုင်သလောက် အရိပ်ရ နှစ်ရှည်အပင်လေးများ စိုက်ပျိုးကြမည် ဆိုလျှင် အနာဂတ် မျိုးဆက်တို့အတွက်ပေးအပ်ရန် ရွှေတိုက်အမွေကောင်း ဖြစ်သဖြင့် ကိုယ်တစ်ကိုယ်စာနိုင်သည့် ဘက်က ပါဝင် စိုက်ပျိုးနိုင်ကြရန် တိုက်တွန်းအပ်ပါသည်။

zawgyi version
သစ္ပင္ကိုစိုက္ ေ႐ႊတိုက္ကိုစိုး (ေဆာင္းပါး)
ၿဖိဳးေဝလင္း (ပုသိမ္) (NP News) - ေမ ၁၇

သစ္ေတာ၊ သစ္ပင္တို႔သည္ ကြၽႏ္ုပ္တို႔ လူသားမ်ားအေပၚ မ်ားစြာေသာအက်ိဳးေက်းဇူးမ်ားေပး စြမ္းလ်က္ရွိသည္ မွာ အထင္အရွားျဖစ္ပါသည္။ လူသားတို႔၏ အေျခခံလိုအပ္ခ်က္မ်ားျဖစ္ေသာ စားဝတ္ေနေရးကို ျဖည့္ ဆည္းေပး႐ုံ သာမက က်န္းမာေရးႏွင့္ လူမႈေရးဆိုင္ရာေကာင္းက်ိဳးမ်ားကိုလည္း တစ္ဖက္တစ္လမ္းမွ ေဆာင္ၾကဥ္းေပးေနပါသည္။ သစ္ပင္မ်ားသည္ ကြၽႏ္ုပ္တို႔ကမာၻေျမ၏ အဆုတ္မ်ားသဖြယ္ ျဖစ္ၿပီး ေလထုထဲမွ ကာဗြန္ဒိုင္ေအာက္ဆိုက္ကို စုပ္ယူကာ အလင္းျပန္ျခင္းျဖစ္စဥ္မွတစ္ဆင့္ ေအာက္ဆီဂ်င္ကိုထုတ္လႊတ္ျခင္းျဖင့္ ကမာၻေျမ၏ ရာသီဥတုေျပာင္းလဲမႈကို ေလ်ာ့ပါး သက္သာေအာင္ ေဆာင္႐ြက္ေပးလ်က္ရွိပါသည္။

လက္ရွိကမာၻ႔ေလထုထဲတြင္ CO2 တန္ ခ်ိန္ ၃ ထရီလီယံ မက္ထရစ္တန္ခန႔္ရွိၿပီး ကြၽႏ္ုပ္တို႔ လူသားတို႔သည္ ႏွစ္စဥ္ တန္ခ်ိန္ ၄၀ ဘီလ်ံခန႔္ ထုတ္လႊတ္လ်က္ရွိသည္။ ေလထုထဲရွိ CO2 ကို ေန႔စဥ္ ေစာင့္ၾကည့္ေလ့လာေနေသာ website ျဖစ္သည့္ https;//www.co2.earth/ ၏ ၂၀၂၄ ခုႏွစ္ ဧၿပီလ ၂၉ ရက္ေန႔ တစ္ရက္တာအတြင္း ကမာၻ႔ေလထုထဲ တြင္ CO2 ပါဝင္မႈပမာဏသည္ ၄၄၇.၄၄ ppm(parts per million) ရွိသည္ဟုေဖာ္ျပထားသည္။
လူသားတို႔အတြက္ ေလထုထဲတြင္ CO2 ပါဝင္မႈအမ်ားဆုံး လုံၿခဳံေရးကန႔္သတ္ခ်က္ျဖစ္ေသာ ၃၅၀ ppm မွာ ၁၉၈၈ ခုႏွစ္တြင္ ေက်ာ္လြန္သြားခဲ့ၿပီျဖစ္သည္။ ထို႔ေၾကာင့္ ကမာၻ႔အပူခ်ိန္သည္ ၁၀ ႏွစ္ လွ်င္ ၁.၅ °C ျမင့္တက္လာ လ်က္ရွိသည္။

ပါရီသေဘာတူညီခ်က္
၂၀၁၅ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္ေန႔ ပါရီၿမိဳ႕ တြင္က်င္းပခဲ့ေသာ ကုလသမဂၢ ရာသီဥတု ေျပာင္းလဲ မႈညီလာခံ (United Nations Climate Change Conference - COP 21) တြင္ ႏိုင္ငံေပါင္း ၁၉၆ ႏိုင္ငံ၏ ေခါင္းေဆာင္မ်ားအၾကား ပါရီသေဘာတူညီ ခ်က္ကို ခ်မွတ္ႏိုင္ခဲ့သည္။
ပါရီသေဘာတူညီခ်က္တြင္-
(က) ကမာၻႀကီးအပူခ်ိန္ျမင့္မႈကို ၁.၅ °C ထက္ မပိုေစရန္အတြက္ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လုပ္မႈကို သိသိသာသာ ေလွ်ာ့ခ်ဖို႔
(ခ) ေဆာင္႐ြက္မႈကို ၅ ႏွစ္ တစ္ခါ ျပန္လည္ဆန္းစစ္ဖို႔
(ဂ) ဖန္လုံအိမ္ဓာတ္ေငြ႕ေလွ်ာ့ခ်ရန္အခက္အခဲရွိေနေသာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြကိုဘ႑ာေငြေထာက္ပံ့ဖို႔
(ဃ) ၂၀၅၀ ျပည့္ႏွစ္မွာ net zero လို႔ေခၚတဲ့ ကာဗြန္ထုတ္လႊတ္မႈ သုညဒါမွမဟုတ္ ကမာၻ႔အပူခ်ိန္ ဆက္လက္မတက္ေစဖို႔ဟူ၍ ဦးတည္ထားသည္။

သဘာတူညီခ်က္တြင္ပါဝင္ေသာ ႏိုင္ငံမ်ားသည္ ရာသီဥတုေျပာင္းလဲမႈ၏သက္ေရာက္မႈကို လိုက္ေလ်ာညီေထြ ေဆာင္႐ြက္မည့္ အစီအမံမ်ားႏွင့္ ႏိုင္ငံ၏ မွန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈေလွ်ာ့ခ်မည့္ အစီအစဥ္မ်ားကိုေဖာ္ျပထား သည့္ Nationally Deer-mined Contributions (NDCs) ကို တင္ျပရန္လိုအပ္သည္။ ျမန္မာႏိုင္ငံ၏ ပထမဆုံး (NDCs)ကို ၂၀၂၁ ဇူလိုင္လတြင္တင္သြင္းခဲ့ၿပီး ရာသီဥတုေျပာင္း လဲမႈတုံ႔ျပန္ေရးႏွင့္ပတ္သက္သည့္ရည္မွန္းခ်က္မ်ားကို ၂၀၃၀ တြင္ ရရွိႏိုင္ရန္ ရည္႐ြယ္ထားသည္။

ျမန္မာႏိုင္ငံသည္အျခားႏိုင္ငံမ်ား၏ဘ႑ာ ေငြေထာက္ပံ့မႈမပါဘဲ ကာဗြန္ဒိုင္ေအာက္ဆိုက္ ၁၂၁ သန္း မက္ထရစ္တန္ ထုတ္လႊတ္မႈႏွင့္ညီမွ်ေသာ ကာဗြန္ထုတ္လႊတ္မႈကိုေလွ်ာ့ခ်ရန္ႏွင့္ အျခားႏိုင္ငံမ်ား၏ ဘ႑ာေငြေထာက္ ပံ့မႈျဖင့္ ကာဗြန္ဒိုင္ေအာက္ဆိုက္ ၁၅၈ သန္း မက္ထရစ္တန္ထုတ္လႊတ္မႈႏွင့္ညီမွ်ေသာ ကာဗြန္ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ရန္ ရည္မွန္းခ်က္ထားရွိၿပီးျဖစ္ပါသည္။

ကာဗြန္ထုတ္လႊတ္မႈ
ျပန္ဆက္ရရင္ အစိုးရမ်ားႏွင့္ ျပည္သူမ်ားသည္ အပူခ်ိန္ျမင့္တက္မႈႏွင့္အတူ ပ်က္စီးယိုယြင္း လာေသာေဂဟ စနစ္မ်ားေၾကာင့္ ကာဗြန္ထုတ္လႊတ္သည့္လုပ္ငန္းမ်ားအေပၚ ဖိအားေပးလာၾကသည္။

ထို႔ျပင္ သက္ဆိုင္ရာအစိုးရတို႔ကလည္း ကာဗြန္ထုတ္လႊတ္သည့္လုပ္ငန္းမ်ားအေပၚ ကာဗြန္ အခြန္မ်ား ေကာက္ခံလ်က္ရွိရာ ႏိုင္ငံအမ်ားအျပား၊ ကုမၸဏီအမ်ားအျပားသည္ ကာဗြန္ခရက္ဒစ္မ်ား ဝယ္ယူျခင္းျဖင့္ မိမိတို႔၏ ကာဗြန္ထုတ္ လုပ္မႈလုပ္ငန္း ကိုမထိခိုက္ရန္ ႀကိဳးစားလာၾကသည္။ အစိုးရထံေပးေဆာင္ရေသာ ကာဗြန္အခြန္သည္ ကာဗြန္ခရက္ဒစ္ ေဈးႏႈန္းထက္မ်ားျပားလ်က္ရွိရာ ကာဗြန္ခရက္ဒစ္ ဝယ္ယူေရးအေပၚ ပိုမိုစိတ္ဝင္စားလာၾကသည္။ ဥပမာအားျဖင့္ Switzerland ႏိုင္ငံတြင္ ကာဗြန္ ၁ တန္ ထုတ္လႊတ္မႈအတြက္ ေဒၚလာ ၁၃၀.၈၁ အခြန္ အခက်သင့္ၿပီး Liechtenstein ႏိုင္ငံတြင္ ကာဗြန္ ၁ တန္ ထုတ္လႊတ္မႈအတြက္ ၁၂၅.၅၆ ေဒၚလာအခြန္ က်သင့္သည္။ ထို႔ျပင္ စပိန္ကဲ့သို႔ ႏိုင္ငံမ်ိဳးတြင္ ကာ ဗြန္အမ်ိဳးအစားအေပၚမူတည္၍ ထပ္ေဆာင္း ေကာက္ခံသည္လည္း ရွိေသးသည္။ Switzerland ႏိုင္ငံရွိ နာရီမ်ား ထုတ္လုပ္ေသာ Swatch company ပင္လွ်င္ တစ္ႏွစ္လွ်င္ ကာဗြန္ ၁.၁ သန္း ထုတ္လႊတ္သည္။

လုပ္ငန္းတစ္ခု၏ ကာဗြန္ထုတ္လႊတ္မႈတိုင္း တာရာတြင္ ေအာက္ပါအခ်က္ ၅ ခ်က္ႏွင့္ တိုင္းတာသည္။
(က) တိုက္႐ိုက္ထုတ္လႊတ္မႈ (စက္႐ုံရွိကိရိယာမ်ား လည္ပတ္ျခင္း၊ ကုန္ၾကမ္း၊ ကုန္ေခ်ာသယ္ယူျခင္းတို႔ မွထုတ္လႊတ္ ျခင္း)
(ခ) မိမိကုန္ထုတ္လုပ္ငန္းအတြက္သုံးစြဲရသည့္စြမ္းအင္မ်ားေၾကာင့္ သြယ္ဝိုက္ထုတ္လႊတ္ျခင္း (လွ်ပ္စစ္၊ အပူ၊ ေရပူ၊ ေရေအးစနစ္မ်ား)
(ဂ) ကုန္ထုတ္လုပ္ငန္းအတြက္မဟုတ္ေသာ္လည္း သယ္ယူပို႔ေဆာင္ျခင္း၊ သုံးစြဲျခင္း၊ ထိန္းသိမ္းျခင္းမ်ားအတြက္ သြယ္ဝိုက္ထုတ္လႊတ္ျခင္း
(ဃ) အလုပ္သမားမ်ားစက္႐ုံသို႔လာရာလမ္းတစ္ ေလွ်ာက္ အသုံးျပဳရသည့္ယာဥ္မ်ား၏ ကာဗြန္ထုတ္ လႊတ္မႈ
(င) လုပ္ငန္းတြင္ မနခပခူန အသုံးျပဳမႈအေျခအေန
ထို႔ျပင္ CO2 ကိုသာမက ေအာက္ပါဓာတ္ေငြ႕တို႔ကို လည္း ကာဗြန္ထုတ္လႊတ္မႈအျဖစ္ထည့္သြင္းပါသည္။
(က) Methane (CH4)
(ခ) Nitrous oxide (N2O)
(ဂ) Hydrofluorcarbons (HFCs)
(ဃ) Perflurocarbons (PFCs)
(င) Sulfur hexafluoride (SF6)
စက္မႈလုပ္ငန္းမ်ားသာမက ကြၽႏ္ုပ္တို႔ လူသားတစ္ဦးခ်င္းစီ၏ ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားမွလည္း ကာဗြန္ထုတ္လႊတ္လ်က္ရွိသည္။ အၾကမ္း ဖ်င္းအားျဖင့္ ခ်က္ျပဳတ္ျခင္း၊ သယ္ယူပို႔ေဆာင္ျခင္း၊ လွ်ပ္စစ္အသုံးျပဳျခင္း၊ အညစ္ အေၾကးစြန႔္ပစ္ျခင္း အစရွိသည္တို႔ေၾကာင့္ ျဖစ္သည္။ ဥပမာအားျဖင့္ တစ္ေန႔လွ်င္ ၄၀ ဝပ္ရွိေသာ LED မဟုတ္ေသာ မီးသီးအား ၁၀ နာရီသုံးစြဲပါက တစ္ႏွစ္လွ်င္ ၁၄၆၀ဝ၀ ဝပ္ သို႔မဟုတ္ ၁၄၆ ကီလိုဝပ္နာရီ အသုံးျပဳရမည္ျဖစ္သည္။ မီးသီး ၏ ၁ ကီလိုဝပ္နာရီတြင္ ကာဗြန္ထုတ္လႊတ္မႈသည္ ဝ.၅ ကီလိုဂရမ္ ထုတ္လႊတ္သည္။ ထို႔ေၾကာင့္ တစ္ေန႔လွ်င္ ၄၀ ဝပ္ရွိေသာ မီးသီးအား ၁၀ နာရီျဖင့္ တစ္ႏွစ္ ထြန္းလွ်င္ပင္ ေလထုထဲသို႔ CO2 73 ကီလိုဂရမ္ ေရာက္ရွိသြားမည္ျဖစ္သည္။

ကာဗြန္ေလွ်ာ့ခ်မႈ
ထို႔ေၾကာင့္ ကာဗြန္ထုတ္လႊတ္ရသည့္လုပ္ ငန္းမ်ားအေနျဖင့္ ကာဗြန္အခြန္ေပးေဆာင္ရျခင္းကိုေလွ်ာ့ခ်ႏိုင္ရန္ ကာဗြန္ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ျခင္း၊ ကာဗြန္ဖယ္ရွားျခင္း စသည့္နည္းလမ္းႏွစ္ခုကိုအသုံး ျပဳပါသည္။ ကာဗြန္ေလွ်ာ့ခ် ျခင္းနည္းလမ္းအေနျဖင့္ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္အသုံးျပဳျခင္း၊ ကာဗြန္ထုတ္လုပ္သည့္ပစၥည္းမ်ားအသုံးမျပဳျခင္း၊ recycle အသုံးျပဳျခင္းျဖစ္ၿပီး ကာဗြန္ဖယ္ရွားျခင္းနည္းလမ္းအေနျဖင့္ ကာဗြန္ဖမ္းယူျခင္း၊ သစ္ေတာပ်ိဳးေထာင္ျခင္းမ်ား ေဆာင္႐ြက္သည္။

ေလထဲမွကာဗြန္ကို တိုက္႐ိုက္ဖမ္းယူမႈကို (Direct Air Capture) ဟုေခၚၿပီး ထိုနည္းစနစ္၏ အလုပ္လုပ္ပုံမွာ ေလထုထဲမွ ကာဗြန္မ်ားကို အထူးျပဳလုပ္ထားေသာပန္ကာမ်ားပါဝင္သည့္ စင္ႀကီးမ်ား ျဖင့္ဖမ္းယူကာ CO2 မ်ားကို ဆန္ခါႏွင့္ စစ္ထုတ္သို ေလွာင္ၿပီး ဓာတုေဖ်ာ္ရည္ႏွင့္ေရာစပ္၍ ေျမေအာက္ အနက္မီတာ ၈၀ဝ ႏွင့္ မီတာ ၂၀ဝ၀ ၾကားသို႔ ထိုးသြင္းျခင္းျဖစ္သည္။ ႏွစ္ႏွစ္ခန႔္ၾကာေသာအခါ ေျမေအာက္ေရာက္သြားေသာ CO2 ၉၅ ရာခိုင္ႏႈန္းသည္ ေက်ာက္သား အျဖစ္ကို ေျပာင္းလဲသြားသည္။ ဤနည္းျဖင့္ ကာဗြန္ကိုဖမ္းယူသိုေလွာင္ျခင္းျဖစ္သည္။ ဤလုပ္ငန္းစဥ္သည္ ေငြေၾကး ကုန္က်မႈမ်ားသျဖင့္ လက္ရွိအခ်ိန္၌ အေမရိကန္၊ ကေနဒါႏွင့္ အီးယူႏိုင္ငံအခ်ိဳ႕တြင္သာ စက္႐ုံေပါင္း ၁၈ ႐ုံရွိသည္။ ထိုစက္႐ုံမ်ားသည္ တစ္ႏွစ္လွ်င္ CO2 တန္ခ်ိန္ ၁၀ဝဝဝ ခန႔္ သာစုပ္ယူႏိုင္ပါသည္။ ထို႔ျပင္ အင္ဒို နီးရွားႏိုင္ငံသည္ ၎ ႏိုင္ငံရွိ ခန္းေျခာက္သြားေသာ သဘာဝဓာတ္ေငြ႕ တြင္းေဟာင္းမ်ားသို႔ CO2 ထည့္သြင္းရန္ ဖိတ္ေခၚလ်က္ရွိၿပီး ၎မွ အက်ိဳးအျမတ္ရယူလ်က္ရွိသည္။

ကာဗြန္ဖယ္ရွားျခင္းအတြက္ အက်ိဳးအရွိဆုံးႏွင့္ အသင့္ေတာ္ဆုံးနည္းလမ္းမ်ားမွာ သစ္ပင္၊ သစ္ေတာမ်ား ျပဳစုပ်ိဳးေထာင္ျခင္းျဖစ္သည္။ သစ္မာပင္ျဖစ္ၿပီး ပွ်မ္းမွ် ပင္စည္လုံးပတ္ ၃ ေပရွိတဲ့ သစ္ပင္ တစ္ပင္သည္ တစ္ႏွစ္လွ်င္ CO2 ၄၈ ေပါင္ကို စုပ္ယူ သန႔္စင္ေပးႏိုင္ပါတယ္။ ထိုပမာဏသည္ ကားတစ္စီး မိုင္ ၅၀ဝ ေမာင္းလွ်င္ထြက္ရွိတတ္ေသာ CO2 ပမာဏႏွင့္ ညီမွ်သည္။ ႀကီးထြားႏႈန္းျမန္ေသာ သစ္ပင္ႀကီးမ်ားသည္ ႀကီးထြားႏႈန္းေႏွးေသာ သစ္ပင္ငယ္မ်ားထက္ ကာဗြန္စုပ္ယူႏိုင္မႈပိုမ်ားသည္။ သို႔ေသာ္ သစ္ပင္အမ်ိဳးအစား၊ တည္ေနရာ၊ ႀကီးထြားႏႈန္း၊ ေရရရွိမႈ၊ ေနေရာင္ျခည္၊ ရာသီဥတု၊ ေျမဩဇာတို႔ေပၚမူတည္၍ ၁၅၀ ကီလိုဂရမ္ထိ စုပ္ယူႏိုင္ပါသည္။ ဒီေရေတာမ်ားသည္ CO2 အစုပ္ယူႏိုင္ ဆုံးျဖစ္သည္။ ၁ ဟက္တာ (၂.၄၇၁ ဧက)အတြင္း ေပါက္ေရာက္ေနေသာ အ႐ြယ္ေရာက္ၿပီး သစ္မာပင္ (Broadleaf) ၁၀ဝ သည္ ေပါက္ေရာက္ရာ ေနရာေဒသ၊ ရာသီဥတုအေပၚမူတည္၍ တစ္ႏွစ္လွ်င္ CO2 ၄.၅ တန္မွ ၂၀ တန္ၾကား စုပ္ယူႏိုင္သည္။ ၁ ဧကတြင္ ၂၀၈.၇၁၁ ေပ x ၂၀၈.၇၁၁ ေပ ျဖစ္သျဖင့္ ၁ ဟက္တာလွ်င္ အပင္ ၁၀ဝ ရရွိရန္ တစ္ပင္ႏွင့္တစ္ပင္ၾကား ၅ ေပစီျခား၍ စိုက္ပ်ိဳးႏိုင္သည္။ ျမန္မာႏိုင္ငံ၏စိုစြတ္ေျခာက္ေသြ႕ ေသာရာသီဥတုတြင္ေပါက္ ေရာက္သည့္ သစ္မာပင္ မ်ားသည္ ၂၀ တန္နီးပါး စုပ္ယူႏိုင္ပါသည္။ သစ္မာပင္ဆိုရာတြင္ ကြၽန္း၊ ပ်ဥ္းကတိုး၊ ထင္း ကညင္ စသည့္အပင္မ်ားသာမက သနပ္ခါး၊ သရက္၊ ပိႏၷဲ စသည့္အပင္မ်ားလည္းပါဝင္သျဖင့္ အသီးထုတ္လုပ္မႈအျပင္ ကာဗြန္ credit ပါေရာင္းခ်ႏိုင္သည့္ အေနအထားျဖစ္သည္။

ကာဗြန္ credit
ကာဗြန္ credit ေရာင္းခ်ျခင္းကို တရားဝင္ ရန္အတြက္ ေအာက္ပါအဆင့္တို႔ကို ျပဳလုပ္ရပါမည္။
(က) စည္းေဘာင္ႏွင့္ညီေအာင္ျပဳလုပ္ျခင္း (American Carbon Registry (ACR), Climate Action Reserve (CAR), Clean Development Mechanism (CDM), Verified Carbon Standard (VCS) တို႔ထဲမွ တစ္ခုခုႏွင့္အညီ မွတ္ပုံ တင္ျခင္း)
(ခ)သက္ဆိုင္ရာအဖြဲ႕အစည္းမ်ား (QAS, EPIC sustainability, First environment ႏွင့္ SCS global ကဲ့သို႔ကုမၸဏီမ်ား) ၏အစစ္အေဆးခံယူျခင္း။ (ကာဗြန္ credit မည္မွ်ေရာင္းႏိုင္မည္ကိုသတ္မွတ္ျခင္း၊ ကာဗြန္သန႔္စင္ႏိုင္မႈ အဆင့္သတ္မွတ္ ျခင္း (AAA,AA,A မွ D စသျဖင့္)၊ ထပ္တိုးမႈ၊ တည္ၿမဲမႈ၊)
(ဂ) ကာဗြန္ Credit လုပ္ပိုင္ခြင့္မွတ္ပုံတင္ျခင္း၊
(ဃ) ကာဗြန္ ခမနိငအ ေရာင္းခ်ျခင္း၊ (အခ်ိန္ကာလတစ္ခုအေပၚတြင္သာေရာင္းခ်ရမည္။ အၿပီးသတ္ မေရာင္းခ်ရ။ Air Carbon Exchange (ACX) ပလက္ေဖာင္းေပၚတြင္ေရာင္းခ်ႏိုင္သည္။ Carbon Trade Exchange တြင္လည္း အေရာင္း အဝယ္ျပဳလုပ္ႏိုင္သည္။)
(င) မိမိေရာင္းခ်ထားေသာ ကာဗြန္ credit အတြက္ ပုံမွန္စစ္ေဆးမႈခံယူျခင္းတို႔ျဖစ္ပါသည္။

ကာဗြန္ credit ေရာင္းခ်ရာတြင္ နည္းလမ္းႏွစ္ခုရွိသည္။ credit မသတ္မွတ္ႏိုင္မီ ႀကိဳတင္ေရာင္းခ်ျခင္းႏွင့္ credit သတ္မွတ္ၿပီးမွ ေရာင္းခ်ျခင္းတို႔ျဖစ္ပါသည္။ ႀကိဳတင္ေရာင္းခ်ျခင္းဆိုသည္မွာ ကာဗြန္ credit ေရာင္းခ်ရန္ အလားအလာေကာင္းၿပီး အရင္းအႏွီးမရွိေသာႏိုင္ငံမ်ားတြင္ ကားကုမၸဏီမ်ား၊ ေလေၾကာင္းလိုင္းကုမၸဏီမ်ားသည္ ေရရွည္အစီ အစဥ္ခ်မွတ္ကာ ရင္းႏွီးျမႇဳပ္ႏွံၾကျခင္းျဖစ္သည္။ ၎တို႔၏ ႀကိဳတင္ရင္းႏွီးျမႇဳပ္ႏွံမႈပါဝင္သျဖင့္ credit မွာ အျမတ္နည္းလွသည္။ သို႔ေသာ္လည္း ရင္းႏွီးျမႇဳပ္ ႏွံခံရသူႏိုင္ငံအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈေၾကာင့္ ရရွိလာ မည့္အက်ိဳး အျမတ္မွာ မေရတြက္ႏိုင္ေအာင္ပင္မ်ားလွသည္။ အစိုးရသည္ ေငြေၾကးေတာင့္တင္းၿပီး မိမိကိုယ္တိုင္ရင္းႏွီးျမႇဳပ္ႏွံၿပီးမွ ေရာင္းခ်ေသာ ကာဗြန္ credit မွာ ေဈးႏႈန္းျမင့္မားသည္။ ၃၀-၄-၂၀၂၄ ရက္ေန႔ေဈးႏႈန္းအရ ကာဗြန္ credit အျမင့္ဆုံးေဈးမွာ ၇၀.၅၆ ေဒၚလာျဖစ္ၿပီး အနိမ့္ဆုံးမွာ ၁၄.၂၉ ေဒၚလာ ျဖစ္သည္။ ကာဗြန္ေဈးကြက္ ၃၄ ခု ခန႔္ရွိၿပီး ေဈးကြက္ တန္ဖိုးအားလုံးမွာ အေမရိကန္ေဒၚလာ ၈၅၁ ဘီလ်ံ ခန႔္ရွိသည္။ ၂၀၃၀ ျပည့္ႏွစ္တြင္ ၆ ထရီလ်ံခန႔္ရွိလာ မည္ျဖစ္သည္။ အႀကီးဆုံးေရာင္းခ်ေနသူမ်ားမွာ ေကာ္စတာရီကာ၊ ကေနဒါ၊ မက္ဆီကို၊ ဘရာဇီး၊ ႏိုင္ဂ်ီးရီး ယား၊ တ႐ုတ္၊ အင္ဒိုနီးရွားတို႔ျဖစ္ၿပီး အမ်ားဆုံး ဝယ္ယူေနသည့္ႏိုင္ငံမ်ားမွာ EU ႏိုင္ငံမ်ားျဖစ္သည္။

လိုက္နာမႈရွိသည့္ေဈးကြက္ႏွင့္ လြတ္လပ္ေသာ ကာဗြန္ေဈးကြက္ဟူ၍ ႏွစ္မ်ိဳးရွိပါသည္။ လိုက္နာမႈရွိသည့္ ေဈးကြက္ဆိုသည္မွာ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ားမွ ထိန္းခ်ဳပ္ထားျခင္းျဖစ္ၿပီး လုပ္ငန္းတစ္ ခုကိုဝယ္ယူရမည့္ ကာဗြန္ credit ပမာဏ သတ္မွတ္ေပးထားၿပီး ထိုလုပ္ငန္းသည္ ဝယ္ယူထားသည့္ ကာဗြန္ credit ပမာဏထက္ ေလ်ာ့နည္းစြာ ကာဗြန္ ထုတ္လႊတ္မွသာ ၎ဝယ္ယူထားေသာ ကာဗြန္ credit ကို ျပန္လည္ေရာင္းခ်ခြင့္ရွိသည္။ လြတ္လပ္ ေသာကာဗြန္ ေဈးကြက္၏အားနည္းခ်က္မွာ မိမိထံမွ ကာဗြန္ credit ဝယ္ယူထားေသာလုပ္ငန္းမ်ားသည္ အျခားသက္သာသည့္ ေဈးကြက္မ်ားသို႔ ေ႐ြ႕လ်ားသြားႏိုင္သည္။

ကာဗြန္ credit ေရာင္းဝယ္ရာတြင္ ဥပေဒ၊ စည္းမ်ဥ္း၊ စည္းကမ္းမ်ား၊ ေခတ္မီကုန္သြယ္ေရး ပလက္ေဖာင္းမ်ား လိုအပ္သည္။ ေကာင္းက်ိဳးအေနျဖင့္ ကာဗြန္ credit ေရာင္းခ်ျခင္းေၾကာင့္ ဝင္ေငြတိုးပြားလာႏိုင္သည္။ ႏိုင္ငံအတြင္း သစ္ေတာမ်ားထိန္း သိမ္းၿပီးသားျဖစ္သြားမည္။ ဆိုးက်ိဳးအေနျဖင့္ ႏိုင္ငံအတြင္း အျခားႏိုင္ငံပိုင္ဧရိယာမ်ားရွိလာသျဖင့္ တရားဥပေဒျဖင့္အထူးထိန္းေက်ာင္းရန္လိုအပ္သည္။ ႏိုင္ငံတကာအျငင္းပြားမႈမ်ားျဖစ္ပြားႏိုင္သည္။ ၁၀ စုႏွစ္ အၾကာ တြင္ ျပည့္ၿဖိဳးၿမဲစြမ္းအင္အသုံးခ်မႈပမာဏမ်ားျပားလာႏိုင္သျဖင့္ ကာဗြန္ credit ေရာင္းခ်ေရး ေဝစုရရွိႏိုင္မႈအေပၚ ယွဥ္ၿပိဳင္မႈ ျမင့္မားလာမည္။

ေ႐ႊတိုက္အေမြ
ကာဗြန္ credit ေရာင္းခ်ျခင္းသည္ ရာစုႏွစ္တစ္ခုစာအတြက္သာ စီးပြားေရးဆိုင္ရာအဆင္ ေျပမႈဟုယူဆႏိုင္ ေသာ္လည္း သစ္ပင္စိုက္ပ်ိဳးျခင္းမွ ရရွိမည့္ေက်းဇူးမွာ ႀကီးမားသည္ကို ကြၽႏ္ုပ္တို႔အား လုံးအသိပင္ျဖစ္သည္။ ေရွးကဘိုးဘြားတို႔ အစဥ္အဆက္ စိုက္ပ်ိဳးခဲ့ေသာသစ္ပင္မ်ားသည္ လက္ရွိလူသားတို႔ကို အက်ိဳးျပဳလ်က္ရွိေနသကဲ့သို႔ လက္ရွိ လူသားတို႔ကလည္း ေနာင္လာမည့္မ်ိဳးဆက္မ်ားအတြက္ သစ္ပင္စိုက္ပ်ိဳးျခင္းကို ျပဳၾကရမည္ျဖစ္သည္။ သုံးမကုန္ႏိုင္ေသာေ႐ႊတိုက္ကဲ့သို႔ အဖိုးထိုက္ေသာ အေမြကို လက္ဆင့္ကမ္းေပးသြားရမည္ျဖစ္သည္။ ထို႔ေၾကာင့္ ယခု အခ်ိန္ မိုးႀကိဳကာလႏွင့္ မိုးတြင္း ကာလမ်ားတြင္ တတ္ႏိုင္သေလာက္ အရိပ္ရ ႏွစ္ရွည္အပင္ေလးမ်ား စိုက္ပ်ိဳးၾကမည္ ဆိုလွ်င္ အနာဂတ္ မ်ိဳးဆက္တို႔အတြက္ေပးအပ္ရန္ ေ႐ႊတိုက္အေမြေကာင္း ျဖစ္သျဖင့္ ကိုယ္တစ္ကိုယ္စာႏိုင္သည့္ ဘက္က ပါဝင္ စိုက္ပ်ိဳးႏိုင္ၾကရန္ တိုက္တြန္းအပ္ပါသည္။

Related news

© 2021. All rights reserved.