နိုင်ငံကူးလက်မှတ်နှင့် ပတ်သက်၍ လိမ်လည်လှည့်ဖျားနေသူများကို အရေးယူသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက အသိပေး

 6666

ပုံစာ - သံရုံးမှထုတ်ပြန်ထားသည့် facebook အကောင့်များ

စော (NP News) - မေ ၂၈

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖျားနေသူများကို အရေးယူသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (မေလ ၂၈ ရက်)တွင် အသိ ပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာသံရုံးအနေဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ကိစ္စများ၊ C of I ထုတ်ပေးသည့်ကိစ္စနှင့် ထောက်ခံစာများထုတ်ပေးသည့်ကိစ္စတို့ကို ညွှန်ကြားချက်များနှင့်အညီ www.mekl.org တွင် ရက်ချိန်းရယူထားပြီးသူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာသံရုံး၏ facebook တွင် ဖော်ပြထားသော လူမှုကွန်ယက်စာမျက်နှာများသည် မြန်မာသံရုံးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖျားနေသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ သို့ဖြစ်ပါ၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်းကိစ္စများနှင့်ပတ်သက်၍ အခြေအနေမှန်ကို မသိနားမလည်သည့် မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖြားလိုသူများက Facebook နှင့် Tik Tok များ အသုံးပြု၍ သတင်းအမှား၊ မမှန်ကန်သည့် ရေးသား/ပြောကြားချက်များ ဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း မြန်မာသံရုံးကဆိုသည်။

မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေးစာများ၊ နိုင်ငံကူးလက်မှတ်အသစ်လျှောက်ခွင့်ပြုချက်ကျသူများစာရင်းနှင့် C of I ကိစ္စရပ်များကို မြန်မာ နိုင်ငံသားများသိရှိစေရန် သံရုံး၏ Facebook Page “Myanmar Embassy in Kuala Lumpur, Malaysia” နှင့် Website: https://myanmarembassykl.org များတွင် ဖော်ပြပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် မလေးရှားအစိုးရအနေဖြင့် နိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် နိုင်ငံခြားသားများပပျောက်စေရေးရည်ရွယ်လျက် စီမံချက်များ ချမှတ်ပြီး Operasi စစ်ဆေးမှုများကို နိုင်ငံတဝန်း အရှိန်မြှင့်လုပ်ဆောင်နေပါကြောင်း မြန်မာသံရုံးက ဆိုထားသည်။

ထို့ကြောင့် မလေးရှားနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ယခုကာလအတွင်း အသွားအလာများ ဂရုစိုက်ကြရန်နှင့် မဖြစ်မနေ ခရီးသွားလာရပါက နိုင်ငံကူးလက်မှတ်အပါအဝင် လိုအပ်သည့်စာရွက်စာတမ်းများကိုလည်း Operasi စစ်ဆေးမှုများရှိသည့်အခါတွင် တင်ပြနိုင်ရန်အတွက် ကိုယ်နှင့်မကွာဆောင်ထားကြရန် မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ႏိုင္ငံကူးလက္မွတ္ႏွင့္ ပတ္သက္၍ လိမ္လည္လွည့္ဖ်ားေနသူမ်ားကို အေရးယူသြားမည္ျဖစ္ေၾကာင္း မေလးရွားႏိုင္ငံရွိ ျမန္မာသံ႐ုံးက အသိေပး
ေစာ (NP News) - ေမ ၂၈

ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္း၊ အသစ္ေလွ်ာက္ထားျခင္း၊ C of I ေလွ်ာက္ထားျခင္းမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံသားမ်ားအား လိမ္လည္လွည့္ဖ်ားေနသူမ်ားကို အေရးယူသြားမည္ျဖစ္ေၾကာင္း မေလးရွားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယေန႔ (ေမလ ၂၈ ရက္)တြင္ အသိ ေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာသံ႐ုံးအေနျဖင့္ ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ား၏ ႏိုင္ငံကူးလက္မွတ္ကိစၥမ်ား၊ C of I ထုတ္ေပးသည့္ကိစၥႏွင့္ ေထာက္ခံစာမ်ားထုတ္ေပးသည့္ကိစၥတို႔ကို ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ www.mekl.org တြင္ ရက္ခ်ိန္းရယူထားၿပီးသူမ်ားအား ေန႔ခ်င္းၿပီး ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာသံ႐ုံး၏ facebook တြင္ ေဖာ္ျပထားေသာ လူမႈကြန္ယက္စာမ်က္ႏွာမ်ားသည္ ျမန္မာသံ႐ုံးႏွင့္ လုံးဝသက္ဆိုင္ျခင္းမရွိေၾကာင္းႏွင့္ ျမန္မာႏိုင္ငံသားမ်ားအား လိမ္လည္လွည့္ဖ်ားေနသူမ်ားကို ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။ သို႔ျဖစ္ပါ၍ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္း၊ အသစ္ေလွ်ာက္ထားျခင္း၊ C of I ေလွ်ာက္ထားျခင္းကိစၥမ်ားႏွင့္ပတ္သက္၍ အေျခအေနမွန္ကို မသိနားမလည္သည့္ ျမန္မာႏိုင္ငံသားမ်ားကို လိမ္လည္လွည့္ျဖားလိုသူမ်ားက Facebook ႏွင့္ Tik Tok မ်ား အသုံးျပဳ၍ သတင္းအမွား၊ မမွန္ကန္သည့္ ေရးသား/ေျပာၾကားခ်က္မ်ား ျဖန႔္ေဝေနသည္ကို ေတြ႕ရွိရေၾကာင္း ျမန္မာသံ႐ုံးကဆိုသည္။

ျမန္မာသံ႐ုံးမွ ေကာင္စစ္ဝန္ေဆာင္မႈကိစၥရပ္မ်ားႏွင့္ပတ္သက္သည့္ အသိေပးစာမ်ား၊ ႏိုင္ငံကူးလက္မွတ္အသစ္ေလွ်ာက္ခြင့္ျပဳခ်က္က်သူမ်ားစာရင္းႏွင့္ C of I ကိစၥရပ္မ်ားကို ျမန္မာ ႏိုင္ငံသားမ်ားသိရွိေစရန္ သံ႐ုံး၏ Facebook Page “Myanmar Embassy in Kuala Lumpur, Malaysia” ႏွင့္ Website: https://myanmarembassykl.org မ်ားတြင္ ေဖာ္ျပေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။ ထို႔ျပင္ မေလးရွားအစိုးရအေနျဖင့္ ႏိုင္ငံအတြင္း တရားမဝင္ေရာက္ရွိေနသည့္ ႏိုင္ငံျခားသားမ်ားပေပ်ာက္ေစေရးရည္႐ြယ္လ်က္ စီမံခ်က္မ်ား ခ်မွတ္ၿပီး Operasi စစ္ေဆးမႈမ်ားကို ႏိုင္ငံတဝန္း အရွိန္ျမႇင့္လုပ္ေဆာင္ေနပါေၾကာင္း ျမန္မာသံ႐ုံးက ဆိုထားသည္။

ထို႔ေၾကာင့္ မေလးရွားႏိုင္ငံအတြင္း ေရာက္ရွိအလုပ္လုပ္ကိုင္ေနၾကေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ယခုကာလအတြင္း အသြားအလာမ်ား ဂ႐ုစိုက္ၾကရန္ႏွင့္ မျဖစ္မေန ခရီးသြားလာရပါက ႏိုင္ငံကူးလက္မွတ္အပါအဝင္ လိုအပ္သည့္စာ႐ြက္စာတမ္းမ်ားကိုလည္း Operasi စစ္ေဆးမႈမ်ားရွိသည့္အခါတြင္ တင္ျပႏိုင္ရန္အတြက္ ကိုယ္ႏွင့္မကြာေဆာင္ထားၾကရန္ ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.