သံမဏိစက်ရုံစီမံကိန်းနှစ်ခုပြီးစီးပါက တစ်နှစ်လျှင် သံတန်ချိန် ငါးသိန်းခန့် ထပ်မံထုတ်လုပ်ပေးနိုင်မည်ဟု စက်မှုဒုဝန်ကြီးပြော

 1280

စော (NP News) - မေ ၃၀

သံမဏိစက်ရုံစီမံကိန်းနှစ်ခုပြီးစီးပါက တစ်နှစ်လျှင် သံတန်ချိန် ငါးသိန်းခန့် ထပ်မံထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးရင်မောင်ညွန့်ကပြောသည်။ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း ပထမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း၌ တစ်နှစ်လျှင် သံနှင့်သံမဏိတန်ချိန် တစ်သန်းခန့်ထုတ်လုပ်လျက်ရှိပြီး ပြည်ပမှသံမဏိတန်ချိန် နှစ်သန်းခန့် တင်သွင်းနေရလျက်ရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံ၏ တစ်နှစ်လျှင် သံနှင့်သံမဏိတန်ချိန် လိုအပ်ချက်မှာ သုံးသန်းခန့်ရှိကြောင်း သိရသည်။
လက်ရှိတွင် စက်မှုဝန်ကြီးဌာနမှ သံမဏိစက်ရုံစီမံကိန်းနှစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိပြီး ၎င်းစီမံကိန်းနှစ်ခုပြီးစီးပါက တစ်နှစ်လျှင် တန်ချိန်ငါးသိန်းခန့်ကို ထပ်မံဖြည့်တင်းထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးကဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနေသော သံများသည် ဈေးနှုန်းကြီးမြင့်လျက်ရှိပြီး အခက်အခဲများလည်းရှိနေကြောင်း သိရသည်။

zawgyi version
သံမဏိစက္႐ုံစီမံကိန္းႏွစ္ခုၿပီးစီးပါက တစ္ႏွစ္လွ်င္ သံတန္ခ်ိန္ ငါးသိန္းခန႔္ ထပ္မံထုတ္လုပ္ေပးႏိုင္မည္ဟု စက္မႈဒုဝန္ႀကီးေျပာ

ေစာ (NP News) - ေမ ၃၀

သံမဏိစက္႐ုံစီမံကိန္းႏွစ္ခုၿပီးစီးပါက တစ္ႏွစ္လွ်င္ သံတန္ခ်ိန္ ငါးသိန္းခန႔္ ထပ္မံထုတ္လုပ္ေပးႏိုင္မည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာန၊ ဒုဝန္ႀကီး ဦးရင္ေမာင္ၫြန႔္ကေျပာသည္။ စက္မႈဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးရင္ေမာင္ၫြန႔္က ယခုရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕ရွိ Chatrium Hotel ၌ က်င္းပသည့္ ျမန္မာႏိုင္ငံ သံႏွင့္သံမဏိအသင္း ပထမအႀကိမ္ေျမာက္ ႏွစ္ပတ္လည္အစည္းအေဝးတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ျပည္တြင္း၌ တစ္ႏွစ္လွ်င္ သံႏွင့္သံမဏိတန္ခ်ိန္ တစ္သန္းခန႔္ထုတ္လုပ္လ်က္ရွိၿပီး ျပည္ပမွသံမဏိတန္ခ်ိန္ ႏွစ္သန္းခန႔္ တင္သြင္းေနရလ်က္ရွိေၾကာင္း သိရသည္။ ျမန္မာ ႏိုင္ငံ၏ တစ္ႏွစ္လွ်င္ သံႏွင့္သံမဏိတန္ခ်ိန္ လိုအပ္ခ်က္မွာ သုံးသန္းခန႔္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ စက္မႈဝန္ႀကီးဌာနမွ သံမဏိစက္႐ုံစီမံကိန္းႏွစ္ခုကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနလ်က္ရွိၿပီး ၎စီမံကိန္းႏွစ္ခုၿပီးစီးပါက တစ္ႏွစ္လွ်င္ တန္ခ်ိန္ငါးသိန္းခန႔္ကို ထပ္မံျဖည့္တင္းထုတ္လုပ္ေပးႏိုင္မည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးကဆိုသည္။

လက္ရွိျမန္မာႏိုင္ငံတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳေနေသာ သံမ်ားသည္ ေဈးႏႈန္းႀကီးျမင့္လ်က္ရွိၿပီး အခက္အခဲမ်ားလည္းရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.