ထိုင်းဘက်မှ ကုန်များကို တာချီလတ် သို့မဟုတ် ကော့သောင်းမှ ပို့ရန် မြန်မာဘက်က အကြံပြုထား

1088

သုတကျော်( NP News )စက်တင်ဘာ ၄
ထိုင်းနိုင်ငံဘက်မှ တင်ပို့မည့် ကုန်များကို တာချီလတ် သို့မဟုတ် ကော့သောင်းမှ ပို့ရန် မြန်မာနိုင်ငံဘက်မှ အကြံပြုထား သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းဌာန ၏ သတင်းတွင် ထည့်သွင်း ပြောထားသည်။
မြန်မာနိုင်ငံသို့ သွင်းကုန်လိုင်စင်အကောင်အထည်ဖော်မှုကို လွယ်ကူချောမွေ့စေရန်အတွက် ထိုင်းနိုင်ငံ ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က ပြောကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားကို အသုံးပြုရန် စီစဉ်ထားသည့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအား ရနောင်းဆိပ်ကမ်းမှ ကော့သောင်းဆိပ်ကမ်း သို့မဟုတ် မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်ပစ္စည်းများ တင်ပို့ရန် မြန်မာအာဏာပိုင်များက အကြံပြုထားကြောင်း ၎င်းက ဆိုသည်ဟု သတင်းတွင် ရေးသားထားသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ကော့သောင်းမှ တဆင့် ကုန်စည်တင်ပို့နိုင်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်နေပြီး အဆိုပါ လမ်းကြောင်းမှ တဆင့် ထိုင်းနိုင်ငံကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းနိုင်ရန် ဆောင်ရွက်နေသည့် အပြင် ပိုမို အဆင်ပြေ ချော့မွေ့စေရန်လည်း ဆောင်ရွက်နေကြောင်း The Statesman ဂျာနယ် က စုံစမ်း သိရှိရသည်။
“အခုတော့ လုပ်နေကြပါတယ်။ ကော့သောင်းမှာတော့ ဆိပ်ခံတံတားကိုလည်း ငယ်တဲ့ အတွက် အကြီးစား ပြင်ဖို့ လုပ်နေပါတယ်။ ကရိန်းတွေ ဘာတွေလည်း လုပ်နေတယ်” ဟု ကော့သောင်းမြို့ ဆိပ်ကမ်း မှ ပြင်ဆင်နေသော အခြေအနေများနှင့် ပတ်သက်၍ သိရှိသူ တစ်ဦးက ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင်သွင်းသူများအနေဖြင့် ပို့ကုန်မှရရှိငွေ (Export Earning) ရှိပါက သွင်းကုန်လိုင်စင် ခွင့်ပြုပေးမည် ဖြစ်ကာ တင်သွင်းလိုသည့် ကုန်ပစ္စည်းအားလုံး အတွက် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ပြီး ရနောင်းဆိပ်ကမ်းမှ တင်သွင်းမည့်ကုမ္ပဏီများအား သွင်းကုန် လိုင်စင်များ ဦးစားပေး၍ ပိုမိုခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ သင်္ဘော ပိုင်ရှင်များ၊ ကုန်ပစ္စည်းပိုင်ရှင်များမှ သွင်းကုန်လိုင်စင်ယူ၍ တရားဝင်ကုန်သွယ်ရေးဆောင်ရွက်ရန်နှင့် ပုံမှန်အတိုင်း ကော့သောင်းကဲ့သို့ Check Point များတွင် စစ်ဆေးခံရန် လိုအပ်တော့မည် ဖြစ်ကြောင်းလည်း ထွက်ပေါ်နေသော သတင်းများ အရ သိရသည်။
ကုန်သွယ်ရေးမူဝါဒများ ဆွေးနွေးရန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကို ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်းလည်း ဘန်ကောက်ပို့စ် သတင်းဌာန ၏ သတင်းတွင် ဖော်ပြထားသည်။

Zawgyi Version:
ထိုင္းဘက္မွ ကုန္မ်ားကို တာခ်ီလတ္ သို႔မဟုတ္ ေကာ့ေသာင္းမွ ပို႔ရန္ ျမန္မာဘက္က အႀကံျပဳထား
သုတေက်ာ္( NP News )စက္တင္ဘာ ၄
ထိုင္းႏိုင္ငံဘက္မွ တင္ပို႔မည့္ ကုန္မ်ားကို တာခ်ီလတ္ သို႔မဟုတ္ ေကာ့ေသာင္းမွ ပို႔ရန္ ျမန္မာႏိုင္ငံဘက္မွ အႀကံျပဳထား သည္ဟု ထိုင္းႏိုင္ငံ အေျခစိုက္ ဘန္ေကာက္ပို႔စ္ သတင္းဌာန ၏ သတင္းတြင္ ထည့္သြင္း ေျပာထားသည္။
ျမန္မာႏိုင္ငံသို႔ သြင္းကုန္လိုင္စင္အေကာင္အထည္ေဖာ္မႈကို လြယ္ကူေခ်ာေမြ႕ေစရန္အတြက္ ထိုင္းႏိုင္ငံ ၏ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ကိုယ္စားလွယ္မ်ားသည္ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ထိုင္းႏိုင္ငံ ႏိုင္ငံျခားကုန္သြယ္မႈဦးစီးဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ Arada Fuangtong က ေျပာေၾကာင္း အဆိုပါ သတင္းတြင္ ေဖာ္ျပထားသည္။
ထိုင္းႏိုင္ငံ၊ တာ့ခ္ခ႐ိုင္ရွိ ထိုင္း-ျမန္မာ အမွတ္ (၂) ခ်စ္ၾကည္ေရးတံတားကို အသုံးျပဳရန္ စီစဥ္ထားသည့္ ထိုင္းပို႔ကုန္လုပ္ငန္းရွင္မ်ားအား ရေနာင္းဆိပ္ကမ္းမွ ေကာ့ေသာင္းဆိပ္ကမ္း သို႔မဟုတ္ မယ္ဆိုင္-တာခ်ီလိတ္ နယ္စပ္ဂိတ္မွတစ္ဆင့္ ကုန္ပစၥည္းမ်ား တင္ပို႔ရန္ ျမန္မာအာဏာပိုင္မ်ားက အႀကံျပဳထားေၾကာင္း ၎က ဆိုသည္ဟု သတင္းတြင္ ေရးသားထားသည္။
လက္ရွိတြင္လည္း ျမန္မာႏိုင္ငံ အစိုးရ အေနျဖင့္ ေကာ့ေသာင္းမွ တဆင့္ ကုန္စည္တင္ပို႔ႏိုင္ရန္ အတြက္ ႀကိဳးပမ္း ေဆာင္႐ြက္ေနၿပီး အဆိုပါ လမ္းေၾကာင္းမွ တဆင့္ ထိုင္းႏိုင္ငံကုန္ပစၥည္းမ်ား ျမန္မာႏိုင္ငံသို႔ တင္သြင္းႏိုင္ရန္ ေဆာင္႐ြက္ေနသည့္ အျပင္ ပိုမို အဆင္ေျပ ေခ်ာ့ေမြ႕ေစရန္လည္း ေဆာင္႐ြက္ေနေၾကာင္း The Statesman ဂ်ာနယ္ က စုံစမ္း သိရွိရသည္။
“အခုေတာ့ လုပ္ေနၾကပါတယ္။ ေကာ့ေသာင္းမွာေတာ့ ဆိပ္ခံတံတားကိုလည္း ငယ္တဲ့ အတြက္ အႀကီးစား ျပင္ဖို႔ လုပ္ေနပါတယ္။ ကရိန္းေတြ ဘာေတြလည္း လုပ္ေနတယ္” ဟု ေကာ့ေသာင္းၿမိဳ႕ ဆိပ္ကမ္း မွ ျပင္ဆင္ေနေသာ အေျခအေနမ်ားႏွင့္ ပတ္သက္၍ သိရွိသူ တစ္ဦးက ဆိုသည္။
နယ္စပ္ကုန္သြယ္ေရးမွ သြင္းကုန္တင္သြင္းသူမ်ားအေနျဖင့္ ပို႔ကုန္မွရရွိေငြ (Export Earning) ရွိပါက သြင္းကုန္လိုင္စင္ ခြင့္ျပဳေပးမည္ ျဖစ္ကာ တင္သြင္းလိုသည့္ ကုန္ပစၥည္းအားလုံး အတြက္ သြင္းကုန္လိုင္စင္ေလွ်ာက္ထားရန္ လိုအပ္ၿပီး ရေနာင္းဆိပ္ကမ္းမွ တင္သြင္းမည့္ကုမၸဏီမ်ားအား သြင္းကုန္ လိုင္စင္မ်ား ဦးစားေပး၍ ပိုမိုခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း၊ သေဘၤာ ပိုင္ရွင္မ်ား၊ ကုန္ပစၥည္းပိုင္ရွင္မ်ားမွ သြင္းကုန္လိုင္စင္ယူ၍ တရားဝင္ကုန္သြယ္ေရးေဆာင္႐ြက္ရန္ႏွင့္ ပုံမွန္အတိုင္း ေကာ့ေသာင္းကဲ့သို႔ Check Point မ်ားတြင္ စစ္ေဆးခံရန္ လိုအပ္ေတာ့မည္ ျဖစ္ေၾကာင္းလည္း ထြက္ေပၚေနေသာ သတင္းမ်ား အရ သိရသည္။
ကုန္သြယ္ေရးမူဝါဒမ်ား ေဆြးေႏြးရန္ႏွင့္ ႏွစ္ႏိုင္ငံကုန္သြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ရန္ ရည္႐ြယ္၍ ျမန္မာႏိုင္ငံမွ စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးကို ထိုင္းႏိုင္ငံသို႔ လာေရာက္လည္ပတ္ရန္ ဖိတ္ၾကားထားေၾကာင္းလည္း ဘန္ေကာက္ပို႔စ္ သတင္းဌာန ၏ သတင္းတြင္ ေဖာ္ျပထားသည္။