ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် အစ္စရေးအစိုးရက ကမ်းလှမ်းချက်အသစ်တွေထပ်မံလုပ်ဆောင်

 1244

ဂျန်ဇက် (NP News) - ဇွန် ၁

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးအစိုးရအဖွဲ့ဟာ ဖြစ်ပွားလျက်ရှိနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ဖို့ အဆိုပြုကမ်းလှမ်းချက်အသစ်တွေ ထပ်မံလုပ်ဆောင်လိုက်ကြောင်း ပြောပါတယ်။ အစ္စရေးအစိုးရက အဆိုပြုကမ်းလှမ်းခဲ့တဲ့ ကမ်းလှမ်းချက်အသစ်တွေထဲမှာ သီတင်း ပတ်ခြောက်ပတ်ကြာအပစ်ခတ်ရပ်စဲရေး၊ ပါလက်စတိုင်းအကျဉ်းသားတွေပြန်လွှတ်ပေးရေး၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးကုန်ကား အစီးရေ ၆၀၀ ကို ဂါဇာဒေသထဲကို နေ့စဉ်ဖြတ်သန်းခွင့်ပေးမယ်ဆိုတဲ့အချက်တွေအပြင် ဂါဇာဒေသကနေ အစ္စရေးစစ်သားတွေပြန်လည်ရုတ်သိမ်းမယ်ဆိုတဲ့အချက်တွေ ပါဝင်နေကြောင်းသိရပါတယ်။

ဟားမက်စ်အဖွဲ့အနေနဲ့ ပြန်ပေးဆွဲခံထားရတဲ့ အစ္စရေးနိုင်ငံသားတွေကို အမြန်ဆုံးပြန်လွှတ် ပေးရေးဆိုတဲ့အချက်တွေပါဝင်နေကြောင်း သိရပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်က "အစ္စရေးဟာ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ အဆိုပြုကမ်းလှမ်းထားတယ်။ ဟားမက်စ်လက်နက်ကိုင်အုပ်စုကလည်း အပစ်ခတ်ရပ်စဲရေးလိုလားနေတယ်။ အဲဒီအဆိုပြုကမ်းလှမ်းချက်တွေထဲမှာ အဆင့်သုံးဆင့်ပါဝင်နေတယ်။ ပထမအဆင့်က သီတင်းပတ်ခြောက်ပတ်ကြာ အပစ်ခတ်ရပ်စဲဖို့ဖြစ်တယ်"လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ အစ္စရေးရဲ့အဆိုပြုကမ်းလှမ်းချက်အသစ်တွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတအပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့ကလည်း လက်ခံကြိုဆိုခဲ့ပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ကမ်းလှမ်းချက်တွေလက်ခံပေးဖို့ တောင်းဆိုတိုက်တွန်းနေကြောင်းသိရပါတယ်။ အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ကာတာနဲ့ အီဂျစ်နိုင်ငံတို့ဟာ ဂါဇာစစ်ပွဲအဆုံးသတ်စေဖို့ ကြားဝင်ဆောင်ရွက်ပေးခဲ့ပေမယ့် မျှော်လင့်သလောက်သဘောတူညီမှုမရဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့ကြောင်းသိရပါတယ်။

zawgyi version
ဂါဇာစစ္ပြဲအဆုံးသတ္ရန္အတြက္ အစၥေရးအစိုးရက ကမ္းလွမ္းခ်က္အသစ္ေတြထပ္မံလုပ္ေဆာင္
ဂ်န္ဇက္ (NP News) - ဇြန္ ၁

အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္က အစၥေရးအစိုးရအဖြဲ႕ဟာ ျဖစ္ပြားလ်က္ရွိေနတဲ့ ဂါဇာစစ္ပြဲအဆုံးသတ္ႏိုင္ဖို႔ အဆိုျပဳကမ္းလွမ္းခ်က္အသစ္ေတြ ထပ္မံလုပ္ေဆာင္လိုက္ေၾကာင္း ေျပာပါတယ္။ အစၥေရးအစိုးရက အဆိုျပဳကမ္းလွမ္းခဲ့တဲ့ ကမ္းလွမ္းခ်က္အသစ္ေတြထဲမွာ သီတင္း ပတ္ေျခာက္ပတ္ၾကာအပစ္ခတ္ရပ္စဲေရး၊ ပါလက္စတိုင္းအက်ဥ္းသားေတြျပန္လႊတ္ေပးေရး၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးကုန္ကား အစီးေရ ၆၀၀ ကို ဂါဇာေဒသထဲကို ေန႔စဥ္ျဖတ္သန္းခြင့္ေပးမယ္ဆိုတဲ့အခ်က္ေတြအျပင္ ဂါဇာေဒသကေန အစၥေရးစစ္သားေတြျပန္လည္႐ုတ္သိမ္းမယ္ဆိုတဲ့အခ်က္ေတြ ပါဝင္ေနေၾကာင္းသိရပါတယ္။

ဟားမက္စ္အဖြဲ႕အေနနဲ႔ ျပန္ေပးဆြဲခံထားရတဲ့ အစၥေရးႏိုင္ငံသားေတြကို အျမန္ဆုံးျပန္လႊတ္ ေပးေရးဆိုတဲ့အခ်က္ေတြပါဝင္ေနေၾကာင္း သိရပါတယ္။ သမၼတ ဂ်ိဳးဘိုင္ဒန္က "အစၥေရးဟာ ဂါဇာစစ္ပြဲအဆုံးသတ္ဖို႔ အဆိုျပဳကမ္းလွမ္းထားတယ္။ ဟားမက္စ္လက္နက္ကိုင္အုပ္စုကလည္း အပစ္ခတ္ရပ္စဲေရးလိုလားေနတယ္။ အဲဒီအဆိုျပဳကမ္းလွမ္းခ်က္ေတြထဲမွာ အဆင့္သုံးဆင့္ပါဝင္ေနတယ္။ ပထမအဆင့္က သီတင္းပတ္ေျခာက္ပတ္ၾကာ အပစ္ခတ္ရပ္စဲဖို႔ျဖစ္တယ္"လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ အစၥေရးရဲ႕အဆိုျပဳကမ္းလွမ္းခ်က္အသစ္ေတြနဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတအျပင္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္တို႔ကလည္း လက္ခံႀကိဳဆိုခဲ့ၿပီး ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို ကမ္းလွမ္းခ်က္ေတြလက္ခံေပးဖို႔ ေတာင္းဆိုတိုက္တြန္းေနေၾကာင္းသိရပါတယ္။ အစၥေရးနဲ႔ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္၊ ကာတာနဲ႔ အီဂ်စ္ႏိုင္ငံတို႔ဟာ ဂါဇာစစ္ပြဲအဆုံးသတ္ေစဖို႔ ၾကားဝင္ေဆာင္႐ြက္ေပးခဲ့ေပမယ့္ ေမွ်ာ္လင့္သေလာက္သေဘာတူညီမႈမရဘဲ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.