ရန်ကုန်မြို့တွင် Light Truck ကားတစ်စီး မောင်းနှင်နေစဉ် ရုတ်တရက်မီးလောင်မှုဖြစ်ပွားကာ ကားတစ်စီးလုံးမီးလောင်ဆုံးရှုံး

5680

သန့်ဇင် (NP News) - ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် Light Truck ကားတစ်စီး မောင်းနှင်နေစဉ် ရုတ်တရက်မီးလောင်မှုဖြစ်ပွားကာ ကားတစ်စီးလုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သွား ရောက် ကူညီခဲ့သည့် ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန် ၁၀ ရက်)၊ မွန်းလွဲ ၁၂နာရီခွဲအချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း နှင့် အုတ်ပုံဆိပ်လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကားကတော့ လမ်းမကြီးပေါ်မှာ မောင်းနေတုန်းမီးထလောင်တာဖြစ်မယ်။ ကျွန်တော်တို့ရောက်တော့ ကားကတစ်စီးလုံးလောင်သွားပြီးနေပြီ”ဟု သွားရောက်ကူညီခဲ့သည့် ဒေသခံလူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ကားမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း Light Truck ကားတစ်စီးလုံးမှာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ “လူထိခိုက်တာတော့မရှိပါဘူး။ ကားမီးလောင်တာတွေက အပူလွန်ပြီးလောင်တာက ရှားပါတယ်။ အဓိက ဝါယာရိန်းနဲ့ ကြိုးတွေပြတ်နေတာတို့၊ လွတ်နေတာတို့ကနေလောင်တာများတော့ အဲဒီအပိုင်းတွေကို ကားသမားတွေအနေနဲ့ သေချာဂရုစိုက်ပြီး မောင်းနှင်စေချင်တယ်” ဟု ၎င်းကအကြံပြုပြောဆိုထားသည်။
ထို့ကြောင့် ၎င်းကားမီးလောင်မှုဖြစ်စဉ်ကို မရမ်းကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့က (၁၀)မိနစ်ခန့်အကြာမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ Light Truck ကားတစ္စီး ေမာင္းႏွင္ေနစဥ္ ႐ုတ္တရက္မီးေလာင္မႈျဖစ္ပြားကာ ကားတစ္စီးလုံးမီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - ဇြန္ ၁၀
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ Light Truck ကားတစ္စီး ေမာင္းႏွင္ေနစဥ္ ႐ုတ္တရက္မီးေလာင္မႈျဖစ္ပြားကာ ကားတစ္စီးလုံးမီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း သြား ေရာက္ ကူညီခဲ့သည့္ ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇြန္ ၁၀ ရက္)၊ မြန္းလြဲ ၁၂နာရီခြဲအခ်ိန္ခန႔္က မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္း ႏွင့္ အုတ္ပုံဆိပ္လမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ကားကေတာ့ လမ္းမႀကီးေပၚမွာ ေမာင္းေနတုန္းမီးထေလာင္တာျဖစ္မယ္။ ကြၽန္ေတာ္တို႔ေရာက္ေတာ့ ကားကတစ္စီးလုံးေလာင္သြားၿပီးေနၿပီ”ဟု သြားေရာက္ကူညီခဲ့သည့္ ေဒသခံလူမႈကူညီေရးအသင္းထံမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ကားမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း Light Truck ကားတစ္စီးလုံးမွာ မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။ “လူထိခိုက္တာေတာ့မရွိပါဘူး။ ကားမီးေလာင္တာေတြက အပူလြန္ၿပီးေလာင္တာက ရွားပါတယ္။ အဓိက ဝါယာရိန္းနဲ႔ ႀကိဳးေတြျပတ္ေနတာတို႔၊ လြတ္ေနတာတို႔ကေနေလာင္တာမ်ားေတာ့ အဲဒီအပိုင္းေတြကို ကားသမားေတြအေနနဲ႔ ေသခ်ာဂ႐ုစိုက္ၿပီး ေမာင္းႏွင္ေစခ်င္တယ္” ဟု ၎ကအႀကံျပဳေျပာဆိုထားသည္။
ထို႔ေၾကာင့္ ၎ကားမီးေလာင္မႈျဖစ္စဥ္ကို မရမ္းကုန္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕က (၁၀)မိနစ္ခန႔္အၾကာမီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။