လှိုင်မြစ်လယ်တွင် ကျောက်ချရပ်ထားသည့် ငါးဖမ်းစက်လှေတစ်စီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးဒဏ်ရာရ

 657

သန့်ဇင် (NP News) - ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်မြစ်လယ်တွင် ကျောက်ချရပ်ထားသည့် ငါးဖမ်းစက်လှေတစ်စီးတွင် ဂတ်အိုးခေါင်းဖွင့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံက သိရသည်။

မီးလောင်မှုသည် ယမန်နေ့(ဇွန်လ ၁၂ရက်)၊ မွန်းလွဲ ၂နာရီ ၂၀မိနစ်အချိန်ခန့်က လှိုင်မြို့နယ်၊ (၃)ရပ်ကွက်၊ ရွှေဇင်ယော်ဟိန်း ငါးကုမ္ပဏီရှေ့၊ လှိုင်မြစ်လယ်တွင် ကျောက်ချရပ်နားထားသည့် ထူးထက်အောင်(၀၅၄)ငါးဖမ်းစက်လှေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစက်လှေတွင် ဂတ်အိုးခေါင်းဖွင့်ရာမှ မီးလောင်ခဲ့သည့်အတွက် အသက်(၅၁)နှစ်အရွယ် စက်ဆရာဦးကြည်စိုးတွင်(မစိုးရိမ်ရ) မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး စက်လှေပေါ်ရှိ ပစ္စည်းအချို့သည်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ အဆိုပါငါးဖမ်းစက်လှေမီးလောင်မှုကို လှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရေကြောင်းရဲမှတပ်ဖွဲ့ဝင်များ၊ ပိတောက်ချောင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အခြားအသင်းအဖွဲ့က ထွက်မီးငြှိမ်းသတ်ခဲ့ရာ ညနေပိုင်း ၃နာရီ ၂၀မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မီးလောင်ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါငါးဖမ်းစက်လှေ၏ ပဲ့နင်းကို ဗိုလ်တထောင်ရဲစခန်းမှ အမှုဖွင့်အရေးယူရန်စီ စဥ်ဆောင်ရွက်ထားကြောင်း သိရသည်။

zawgyi version
လႈိင္ျမစ္လယ္တြင္ ေက်ာက္ခ်ရပ္ထားသည့္ ငါးဖမ္းစက္ေလွတစ္စီးတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ တစ္ဦးဒဏ္ရာရ

သန႔္ဇင္ (NP News) - ဇြန္ ၁၃

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္၊ လႈိင္ျမစ္လယ္တြင္ ေက်ာက္ခ်ရပ္ထားသည့္ ငါးဖမ္းစက္ေလွတစ္စီးတြင္ ဂတ္အိုးေခါင္းဖြင့္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ရာ တစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးထံက သိရသည္။

မီးေလာင္မႈသည္ ယမန္ေန႔(ဇြန္လ ၁၂ရက္)၊ မြန္းလြဲ ၂နာရီ ၂၀မိနစ္အခ်ိန္ခန႔္က လႈိင္ၿမိဳ႕နယ္၊ (၃)ရပ္ကြက္၊ ေ႐ႊဇင္ေယာ္ဟိန္း ငါးကုမၸဏီေရွ႕၊ လႈိင္ျမစ္လယ္တြင္ ေက်ာက္ခ်ရပ္နားထားသည့္ ထူးထက္ေအာင္(၀၅၄)ငါးဖမ္းစက္ေလွတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါစက္ေလွတြင္ ဂတ္အိုးေခါင္းဖြင့္ရာမွ မီးေလာင္ခဲ့သည့္အတြက္ အသက္(၅၁)ႏွစ္အ႐ြယ္ စက္ဆရာဦးၾကည္စိုးတြင္(မစိုးရိမ္ရ) မီးေလာင္ဒဏ္ရာ ရရွိခဲ့ၿပီး စက္ေလွေပၚရွိ ပစၥည္းအခ်ိဳ႕သည္လည္း ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါငါးဖမ္းစက္ေလွမီးေလာင္မႈကို လႈိင္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕၊ ေရေၾကာင္းရဲမွတပ္ဖြဲ႕ဝင္မ်ား၊ ပိေတာက္ေခ်ာင္းရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အျခားအသင္းအဖြဲ႕က ထြက္မီးျငႇိမ္းသတ္ခဲ့ရာ ညေနပိုင္း ၃နာရီ ၂၀မိနစ္အခ်ိန္တြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မီးေလာင္ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားကို ရန္ကုန္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး အဆိုပါငါးဖမ္းစက္ေလွ၏ ပဲ့နင္းကို ဗိုလ္တေထာင္ရဲစခန္းမွ အမႈဖြင့္အေရးယူရန္စီ စဥ္ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.