နိုင်ငံရေးကိုအကြောင်းပြ၍ ဂျပန်နိုင်ငံ၌ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားသည့် မြန်မာနိုင်ငံသားဦးရေများပြားလာသော်လည်း ခိုလှုံခွင့်ရရှိသူနည်းပါး

 1296

Pearl (NP News) - ဇွန် ၁၈

နိုင်ငံရေးမတည်ငြိမ်မှုကိုအကြောင်းပြ၍ ဂျပန်နိုင်ငံ၌ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက် ထားသည့် မြန်မာနိုင်ငံသားဦးရေ ပိုမိုများပြားလာသော်လည်း ခိုလှုံခွင့်ရရှိသူနည်းပါးလာနေပြီဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားဦးရေသည် တစ်နှစ်လျှင် (၂၀ဝဝဝ)နီးပါးရှိပြီး ဘိုးဘွားစောင့်ရှောက်ရေး၊ စားသောက်ဆိုင်ဝန်ဆောင်မှု၊ စိုက်ပျိုး ရေး၊ ဆောက်လုပ်ရေးစသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ ထို့ပြင် ဂျပန်နိုင်ငံသို့ ကျောင်းဗီဇာဖြင့် သွားရောက်ကျောင်းတက်နေသူများလည်း အများအပြားရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းဗီဇာများဖြင့် သွားရောက်နေကြသူအချို့အနေဖြင့် ကျောင်းထုတ်ခံရပြီး ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားခြင်း၊ Training ဗီဇာဖြင့် သွားရောက်လုပ်ကိုင်နေသူ အချို့တို့သည် သတ်မှတ်ကာလမတိုင်ခင်ထွက်ပြေး၍ ဒုက္ခသည်အဖြစ်ခိုလှုံနေထိုင်ခွင့်လျှောက်ထားခြင်းတို့ ပြုလုပ်လာကြကြောင်း သိရသည်။

“ထိုင်းကို သွားသလိုဂျပန်ကို တရားမဝင်မသွားကြဘူး။ ဒါပေမဲ့ ဂျပန်ကို ကျောင်းဗီဇာနဲ့ သွားကြတယ်။ သွားပြီးတော့ ကျောင်းမတတ်ဘဲ အလုပ်လုပ်တော့ ကျောင်းကနေ အထုတ်ခံရတယ်။ အဲဒီမှာ ဒုက္ခသည်တွေ လျှောက်ကြတယ်။ မပေးတော့ မပေးပါဘူး။ အဲဒီလိုပဲ ခိုးနေကြတယ်။ နောက်တစ်ခုက Training ဗီဇာနဲ့သွားကြတယ်။ ပြီးရင် ထွက်ပြေးတယ်။ ဒုက္ခ သည် လျှောက်ကြတယ်။ ဒုက္ခသည် မပေးတော့ ခိုးပြီးနေတယ်။ အကုန်လုံးက တရားဝင်သွား တဲ့လူတွေ ချည်းပါပဲ။ ဟိုရောက်တော့ အလုပ်ပြောင်းချင်တာတို့၊ ရည်းစားရှိတဲ့နေရာကို သွားချင်တာတို့၊ နောက် သူများက ဆွယ်လို့ ပါသွားတာတို့။ အဲဒါမျိုးတွေနဲ့ တရားမဝင်တွေ ဖြစ်ကုန်တာ” ဟု ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက NP News ကို ပြောသည်။

ယင်းကဲ့သို့ ဒုက္ခသည်အဖြစ်ခိုလှုံနေထိုင်ခွင့်များကို ယခင်ကာလများတည်းက လျှောက် ထားကြပြီး အခွန်ရှောင်လိုခြင်း၊ လုပ်ခလစာပိုမိုရရှိလိုခြင်းတို့ကြောင့် လျှောက်ထားခြင်းမျိုးဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်‌ နောက်ပိုင်းတွင် နိုင်ငံတွင်း မတည်မငြိမ်မှုများကို အကြောင်းပြ၍ ဂျပန်နိုင်ငံ၌ ဒုက္ခသည်အဖြစ်နေထိုင်ခွင့် လျှောက်ထားသည့် မြန်မာနိုင်ငံသားများ ပိုမိုများပြားလာခဲ့ကြောင်းလည်း သိရသည်။

“အရင်ကတည်းကတော့ ဒုက္ခသည်လျှောက်တဲ့ လူတွေရှိတယ်။ ရည်ရွယ်ချက်ကတော့ သူတို့နိုင်ငံက အခွန်တွေရှောင်ချင်လို့ပေါ့နော်။ အခုနောက်ပိုင်း ဒုက္ခသည်တွေ လျှောက်တဲ့ မြန်မာနိုင်ငံသားတွေက များလာတာ။ တစ်နှစ်ကို (၄၀ဝ/၅၀ဝ)တွေပါ ဖြစ်လာတာ။ ဒါပေမဲ့ မပေးပါဘူး။ တော်တော်လေးကို တင်းကြပ်ပြီးတော့မှ တစ်နှစ်လုံးမှ (၅)၊(၆)ယောက် လောက်ပဲပေးတာ။ အဓိကက နိုင်ငံရေးပေါ့ဗျာ။ နိုင်ငံရေးအကြောင်းပြပြီး လျှောက်ကြတာ။ ဘာခံယူချက်မှ တော့ မဟုတ်ဘူးပေါ့။ အခွန်ရှောင်ချင်လို့။ အချောင်နေချင်လို့ပေါ့။ သူတို့သတ် မှတ်ချက်မှာတော့ အများကြီးရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဂျပန်နိုင်ငံ၌ ဒုက္ခသည်အဖြစ်ခိုလှုံနေထိုင်ခွင့် လျှောက်ထားသည့် မြန်မာနိုင်ငံသားများဦးရေသည် တစ်နှစ်လျှင် (၅၀ဝ)ဦးဝန်းကျင်ခန့်ရှိပြီး နေထိုင်ခွင့် ရရှိသူသည် တစ်နှစ်လျှင် (၅)ဦးခန့်သာရှိခဲ့ကြောင်း သိရသည်။

မြန်မာလက်ရွေးစင်ဂိုးသမားပြည့်လျှံအောင်သည်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလကကစားခဲ့ သည့် ဂျပန်နှင့်မြန်မာတို့ ၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း "WE NEED JUSTICE" စာသားကို ရေးသား၍ လက်သုံးချောင်ထောင်ဆန္ဒပြခဲ့ပြီးနောက် ဂျပန်နိုင်ငံတွင် ခိုလှုံခွင့်ရရန် ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ရာ (၂)လအကြာတွင် နေထိုင်ခွင့်ရရှိခဲ့ကြောင်းသိရသည်။

zawgyi version
ႏိုင္ငံေရးကိုအေၾကာင္းျပ၍ ဂ်ပန္ႏိုင္ငံ၌ဒုကၡသည္အျဖစ္ ခိုလႈံခြင့္ေလွ်ာက္ထားသည့္ ျမန္မာ ႏိုင္ငံသားဦးေရမ်ားျပားလာေသာ္လည္း ခိုလႈံခြင့္ရရွိသူနည္းပါး
Pearl (NP News) - ဇြန္ ၁၈

ႏိုင္ငံေရးမတည္ၿငိမ္မႈကိုအေၾကာင္းျပ၍ ဂ်ပန္ႏိုင္ငံ၌ ဒုကၡသည္အျဖစ္ ခိုလႈံခြင့္ ေလွ်ာက္ ထားသည့္ ျမန္မာႏိုင္ငံသားဦးေရ ပိုမိုမ်ားျပားလာေသာ္လည္း ခိုလႈံခြင့္ရရွိသူနည္းပါးလာေနၿပီျဖစ္ေၾကာင္း သိရသည္။

ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္သည့္ ျမန္မာႏိုင္ငံသားဦးေရသည္ တစ္ႏွစ္လွ်င္ (၂၀ဝဝဝ)နီးပါးရွိၿပီး ဘိုးဘြားေစာင့္ေရွာက္ေရး၊ စားေသာက္ဆိုင္ဝန္ေဆာင္မႈ၊ စိုက္ပ်ိဳး ေရး၊ ေဆာက္လုပ္ေရးစသည့္ လုပ္ငန္းခြင္မ်ားတြင္ လုပ္ကိုင္လ်က္ရွိေၾကာင္းသိရသည္။ ထို႔ျပင္ ဂ်ပန္ႏိုင္ငံသို႔ ေက်ာင္းဗီဇာျဖင့္ သြားေရာက္ေက်ာင္းတက္ေနသူမ်ားလည္း အမ်ားအျပားရွိေၾကာင္း သိရသည္။

ထိုသို႔ ေက်ာင္းဗီဇာမ်ားျဖင့္ သြားေရာက္ေနၾကသူအခ်ိဳ႕အေနျဖင့္ ေက်ာင္းထုတ္ခံရၿပီး ဒုကၡသည္အျဖစ္ ခိုလႈံခြင့္ေလွ်ာက္ထားျခင္း၊ Training ဗီဇာျဖင့္ သြားေရာက္လုပ္ကိုင္ေနသူ အခ်ိဳ႕တို႔သည္ သတ္မွတ္ကာလမတိုင္ခင္ထြက္ေျပး၍ ဒုကၡသည္အျဖစ္ခိုလႈံေနထိုင္ခြင့္ေလွ်ာက္ထားျခင္းတို႔ ျပဳလုပ္လာၾကေၾကာင္း သိရသည္။

“ထိုင္းကို သြားသလိုဂ်ပန္ကို တရားမဝင္မသြားၾကဘူး။ ဒါေပမဲ့ ဂ်ပန္ကို ေက်ာင္းဗီဇာနဲ႔ သြားၾကတယ္။ သြားၿပီးေတာ့ ေက်ာင္းမတတ္ဘဲ အလုပ္လုပ္ေတာ့ ေက်ာင္းကေန အထုတ္ခံရတယ္။ အဲဒီမွာ ဒုကၡသည္ေတြ ေလွ်ာက္ၾကတယ္။ မေပးေတာ့ မေပးပါဘူး။ အဲဒီလိုပဲ ခိုးေနၾကတယ္။ ေနာက္တစ္ခုက Training ဗီဇာနဲ႔သြားၾကတယ္။ ၿပီးရင္ ထြက္ေျပးတယ္။ ဒုကၡ သည္ ေလွ်ာက္ၾကတယ္။ ဒုကၡသည္ မေပးေတာ့ ခိုးၿပီးေနတယ္။ အကုန္လုံးက တရားဝင္သြား တဲ့လူေတြ ခ်ည္းပါပဲ။ ဟိုေရာက္ေတာ့ အလုပ္ေျပာင္းခ်င္တာတို႔၊ ရည္းစားရွိတဲ့ေနရာကို သြားခ်င္တာတို႔၊ ေနာက္ သူမ်ားက ဆြယ္လို႔ ပါသြားတာတို႔။ အဲဒါမ်ိဳးေတြနဲ႔ တရားမဝင္ေတြ ျဖစ္ကုန္တာ” ဟု ျပည္ပအလုပ္ အကိုင္ရွာေဖြေရး ေအဂ်င္စီလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးက NP News ကို ေျပာသည္။

ယင္းကဲ့သို႔ ဒုကၡသည္အျဖစ္ခိုလႈံေနထိုင္ခြင့္မ်ားကို ယခင္ကာလမ်ားတည္းက ေလွ်ာက္ ထားၾကၿပီး အခြန္ေရွာင္လိုျခင္း၊ လုပ္ခလစာပိုမိုရရွိလိုျခင္းတို႔ေၾကာင့္ ေလွ်ာက္ထားျခင္းမ်ိဳးျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။ ထို႔ျပင္ ၂၀၂၁ ခုႏွစ္‌ ေနာက္ပိုင္းတြင္ ႏိုင္ငံတြင္း မတည္မၿငိမ္မႈမ်ားကို အေၾကာင္းျပ၍ ဂ်ပန္ႏိုင္ငံ၌ ဒုကၡသည္အျဖစ္ေနထိုင္ခြင့္ ေလွ်ာက္ထားသည့္ ျမန္မာႏိုင္ငံသားမ်ား ပိုမိုမ်ားျပားလာခဲ့ေၾကာင္းလည္း သိရသည္။

“အရင္ကတည္းကေတာ့ ဒုကၡသည္ေလွ်ာက္တဲ့ လူေတြရွိတယ္။ ရည္႐ြယ္ခ်က္ကေတာ့ သူတို႔ႏိုင္ငံက အခြန္ေတြေရွာင္ခ်င္လို႔ေပါ့ေနာ္။ အခုေနာက္ပိုင္း ဒုကၡသည္ေတြ ေလွ်ာက္တဲ့ ျမန္မာႏိုင္ငံသားေတြက မ်ားလာတာ။ တစ္ႏွစ္ကို (၄၀ဝ/၅၀ဝ)ေတြပါ ျဖစ္လာတာ။ ဒါေပမဲ့ မေပးပါဘူး။ ေတာ္ေတာ္ေလးကို တင္းၾကပ္ၿပီးေတာ့မွ တစ္ႏွစ္လုံးမွ (၅)၊(၆)ေယာက္ ေလာက္ပဲေပးတာ။ အဓိကက ႏိုင္ငံေရးေပါ့ဗ်ာ။ ႏိုင္ငံေရးအေၾကာင္းျပၿပီး ေလွ်ာက္ၾကတာ။ ဘာခံယူခ်က္မွ ေတာ့ မဟုတ္ဘူးေပါ့။ အခြန္ေရွာင္ခ်င္လို႔။ အေခ်ာင္ေနခ်င္လို႔ေပါ့။ သူတို႔သတ္ မွတ္ခ်က္မွာေတာ့ အမ်ားႀကီးရွိတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ဂ်ပန္ႏိုင္ငံ၌ ဒုကၡသည္အျဖစ္ခိုလႈံေနထိုင္ခြင့္ ေလွ်ာက္ထားသည့္ ျမန္မာႏိုင္ငံသားမ်ားဦးေရသည္ တစ္ႏွစ္လွ်င္ (၅၀ဝ)ဦးဝန္းက်င္ခန႔္ရွိၿပီး ေနထိုင္ခြင့္ ရရွိသူသည္ တစ္ႏွစ္လွ်င္ (၅)ဦးခန႔္သာရွိခဲ့ေၾကာင္း သိရသည္။

ျမန္မာလက္ေ႐ြးစင္ဂိုးသမားျပည့္လွ်ံေအာင္သည္လည္း ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ေမလကကစားခဲ့ သည့္ ဂ်ပန္ႏွင့္ျမန္မာတို႔ ၏ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္အတြင္း "WE NEED JUSTICE" စာသားကို ေရးသား၍ လက္သုံးေခ်ာင္ေထာင္ဆႏၵျပခဲ့ၿပီးေနာက္ ဂ်ပန္ႏိုင္ငံတြင္ ခိုလႈံခြင့္ရရန္ ဒုကၡသည္အျဖစ္ ေလွ်ာက္ထားခဲ့ရာ (၂)လအၾကာတြင္ ေနထိုင္ခြင့္ရရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.